أسقط

အာဖဂန်နစ္စတန်ရှိ မိန်းကလေးများ၏ ပညာသင်ကြားခွင့်

အာဖဂန်နစ္စတန်တွင် မိန်းကလေးများကို ပညာသင်ကြားပေးခြင်း၏ အရေးပါမှုကို ဆွေးနွေးသော Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။

نوع القرار

ملخص

السياسات والمواضيع

عنوان
تمييز، المساواة بين الجنسين، ကလေးသူငယ်များ / ကလေးသူငယ်များ၏ ရပိုင်ခွင့်များ
معيار المجتمع
أفراد خطرون ومنظمات خطرة

المناطق/البلدان

موقع
အာဖဂန်နစ္စတန်

منصة

منصة
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်းတစ်ခုအပေါ် ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ကိုယ်တိုင်ဝန်ခံထားသော အမှားများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်တစ်စုက အတည်ပြုထားပါသည်။ ယင်းတို့တွင် အများမြင်မှတ်ချက် ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ် မပါဝင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ပိုကောင်းအောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။

အမှုအနှစ်ချုပ်

အာဖဂန်နစ္စတန်တွင် မိန်းကလေးများကို ပညာသင်ကြားပေးခြင်း၏ အရေးပါမှုကို ဆွေးနွေးသော Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို လိုက်နာစေရန် ၎င်း၏စည်းကမ်းထိန်းသိမ်းမှုတွင် တွေ့ရှိရသည့် အမှားအယွင်းတစ်ခုကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အာဖဂန်နစ္စတန်ရှိ Facebook အသုံးပြုသူတစ်ဦးသည် အာဖဂန်နစ္စတန်တွင် မိန်းကလေးများကို ပညာသင်ကြားပေးခြင်း၏ အရေးပါမှုကို ဖော်ပြထားသော ပါရှတိုဘာသာဖြင့် စာသားကို တင်ခဲ့သည်။ အသုံးပြုသူသည် လူများအား ၎င်းတို့၏စိုးရိမ်ပူပန်မှုများကို ဆက်လက်ထုတ်ဖော်ပြောဆိုရန် တိုက်တွန်းပြီး ဤစိုးရိမ်ပူပန်မှုများကို တာလီဘန်တို့ထံ တင်ပြရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို မှတ်ချက်ပြုခဲ့သည်။ မိန်းကလေးများအတွက် ပညာသင်ကြားခွင့်ကို ဟန့်တားခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်မည်ဟုလည်း အသုံးပြုသူက ဖော်ပြသည်။

တာလီဘန်အပါအဝင် ကုမ္ပဏီက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို "ချီးမွမ်းသည့်"၊ "သိသိသာသာ ထောက်ခံသည့်" သို့မဟုတ် "ကိုယ်စားပြုသည့်" အကြောင်းအရာကို ကုမ္ပဏီအနေဖြင့် ဖယ်ရှားသည့် မူဝါဒဖြစ်သော ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ မူဝါဒကို ကိုးကား၍ Meta သည် အဆိုပါပို့စ်ကို Facebook မှ မူလက ဖယ်ရှားခဲ့သည်။ မူဝါဒသည် အန္တရာယ်ရှိသော အဖွဲ့အစည်းတစ်ခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအကြောင်းကို ကြားနေသဘောဖြင့် ဆွေးနွေးသည့် သို့မဟုတ် ၎င်း၏ လုပ်ရပ်များကို ရှုတ်ချသည့် အကြောင်းအရာများကို ခွင့်ပြုသည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက အကြောင်းအရာသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို မချိုးဖောက်ခဲ့ကြောင်းနှင့် ပို့စ်ကို ဖယ်ရှားမှုသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို ပြန်ထည့်သွင်းပေးခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော လူပုဂ္ဂိုလ်ထံမှ အယူခံလွှာကို လက်ခံရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သော အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်များကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

ဤအမှုသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် Meta ၏ ပလက်ဖောင်းများပေါ်ရှိ နိုင်ငံရေးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံချက်အား အသုံးပြုသူများ၏ မျှဝေနိုင်စွမ်းအပေါ် ဆိုးရွားသော ထိခိုက်မှုရှိစေနိုင်သည့် အမှားများကို ဦးစားပေးဖော်ပြထားသည်။ ဤနေရာတွင် ၎င်းသည် တာလီဘန်တို့ အာဏာသိမ်းပြီးနောက် အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများ၏ ပညာသင်ကြားခွင့်နှင့် ပတ်သက်၍ အထူးဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့ပေသည်။

ယခင်အမှုတစ်ခုတွင် Meta အနေဖြင့် "ကြားနေဆွေးနွေးမှု၊ ရှုတ်ချခြင်းနှင့် သတင်းအစီရင်ခံခြင်းအတွက် ခြွင်းချက်များကို ပိုမိုနားလည်စေရန် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒတွင် သတ်မှတ်စံနှုန်းနှင့် သာဓကဥပမာများကို ထည့်သင့်သည်" ဟု ဘုတ်အဖွဲ့က အကြံပြုခဲ့သည် ( မျှဝေထားသော Al Jazeera ပို့စ် ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၁)။ ဤအကြံပြုချက်ကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ကြောင်း ၎င်း၏ ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ် နောက်ဆုံးရအချက်အလက်တွင် Meta က အစီရင်ခံခဲ့သည်။ ထို့အပြင် Meta အနေဖြင့် "စည်းကမ်းထိန်းသိမ်းမှု အမှားများကို ပြောင်းလဲဆုံးဖြတ်ပြီး ထိုအမှားများမှ သင်ခန်းစာယူရန်အလို့ငှာ အလိုအလျောက် စောင့်ကြည့်စနစ်သုံး အကြောင်းအရာ ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အမျိုးအစားပေါင်းစုံကို ကိုယ်စားပြုသော ကိန်းဂဏန်းအချက်အလက်အရ နမူနာတစ်ခုကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရန်အတွက် ကုမ္ပဏီတွင်း စာရင်းစစ်ခြင်း လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်သင့်သည်" ဟု ဘုတ်အဖွဲ့က အကြံပြုခဲ့သည် (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ် ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၅)။ Meta က ၎င်းသည် ဤအကြံပြုချက်ကို အကောင်အထည်ဖော်နေကြောင်း အစီရင်ခံထားသော်လည်း အကောင်အထည်ဖော်မှုကို လက်တွေ့ပြရန် အချက်အလက်များကို ထုတ်ပြန်ထားခြင်းမရှိပါ။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ထိုသို့သောအမှားမျိုးကို လျှော့ချရန်အတွက် မပြီးပြတ်သေးသော အကြံပြုချက်များကို ပိုမိုမြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်လည်း ဘုတ်အဖွဲ့က Meta အား တိုက်တွန်းသည်။

العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة