Decisión de casos múltiples

အစ္စရေးရှိ အဓမ္မပြုကျင့်ခံရသည့် နစ်နာသူများအကြောင်း သတင်းအစီရင်ခံချက်များ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေး၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် ဟားမတ်စ် စစ်‌သွေးကြွများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖော်ပြသော Facebook ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။

2 casos incluidos en el paquete

Anulado

FB-YCJP0Q9D

Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

Plataforma
Facebook
Tema
လိင်နှင့် ကျား/မ တန်းတူညီမျှရှိမှု,ရက်စက်ကြမ်းကြုတ်မှု,စစ်ပွဲနှင့် ပဋိပက္ခ
Estándar:
အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
Ubicación
အစ္စရေး,ပါလက်စတိုင်း နယ်မြေများ
Date
Publicado el 4 de abril de 2024
Anulado

FB-JCO2RJI1

Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

Plataforma
Facebook
Tema
လိင်နှင့် ကျား/မ တန်းတူညီမျှရှိမှု,ရက်စက်ကြမ်းကြုတ်မှု,စစ်ပွဲနှင့် ပဋိပက္ခ
Estándar:
အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
Ubicación
အစ္စရေး,အမေရိကန်ပြည်ထောင်စု,ပါလက်စတိုင်း နယ်မြေများ
Date
Publicado el 4 de abril de 2024

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်း တစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ Meta က ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်နေစဉ် အကျဉ်းချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။

အမှုအနှစ်ချုပ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေး၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် ဟားမတ်စ် စစ်‌သွေးကြွများ ကျူးလွန်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဖော်ပြသော Facebook ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် Facebook အသုံးပြုသူတစ်ဦးသည် သီးခြားပို့စ်နှစ်ခုကို တစ်ခုပြီးတစ်ခု အပ်လုဒ်တင်ခဲ့ပြီး အဆိုပါပို့စ်နှစ်ခုတွင် အောက်တိုဘာလ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း ဟားမတ်စ်အဖွဲ့က အစ္စရေးအမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းကို သရုပ်ဖော်သော အမျိုးသမီးတစ်ဦး၏ ဗီဒီယိုကို အသားပေးပြထားသည့် တူညီသော အကြောင်းအရာ ပါဝင်ခဲ့သည်။ စာတန်းတွင် "ထိတ်လန့်ဖွယ်ရာဖြစ်ကြောင်း သတိပေးချက်" တစ်ခုပါရှိပြီး ဗီဒီယိုထဲရှိ စကားပြောသူသည် အသုံးပြုသူများအား အနိဋ္ဌာရုံ မြင်ကွင်းနှင့်ပတ်သက်၍ သတိပေးသည်။ ဗီဒီယိုသည် ဟားမတ်စ်၏ ပြန်ပေးဆွဲမှုကိုခံရသည့် မတူညီသော အမျိုးသမီးနှစ်ဦး၏ ဗီဒီယိုဖိုင်ကို ဆက်လက်ပြသပြီး ကလစ်ဖိုင်တစ်ဖိုင်တွင် ဒဏ်ရာအပြင်းအထန်ရပြီး ကုန်တင်ကားပေါ်တွင် မှောက်လျက်လဲနေသော အမျိုးသမီးတစ်ဦး ပါဝင်ကာ အခြားတစ်ဖိုင်တွင် ယာဉ်တစ်စီး၏ နောက်မှ တရွတ်တိုက်ဆွဲခံရသည့် ဒဏ်ရာရနေသော အမျိုးသမီး ပါဝင်သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးချိန်တွင် ဤရုပ်ပုံများကို တွင်ကျယ်စွာ မျှဝေခဲ့ကြသည်။ ပထမပို့စ်ကို အကြိမ် ၄,၀၀၀ ခန့် မျှဝေခဲ့ပြီး ဒုတိယပို့စ်တွင် မျှဝေမှု ၅၀ အောက် ရှိခဲ့သည်။

Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအား ချိုးဖောက်သည်ဟုဆိုကာ Meta သည် ပို့စ်နှစ်ခုလုံးကို အစက ဖယ်ရှားခဲ့ပါသည်။ တိုက်ခိုက်မှုကို ဝေဖန်ရှုတ်ချရန် သို့မဟုတ် လူအများပိုမိုသတိပြုမိစေရန် မျှဝေထားသော်ငြားလည်း မည်သည့်အခြေအနေတွင်မဆို မည်သူမည်ဝါ ခွဲခြားနိုင်သည့် နစ်နာသူများအပေါ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သည့် အခိုက်အတန့်ကို သရုပ်ဖော်သည့် ကြားခံပြင်ပ ရုပ်ပုံကို ဤမူဝါဒအရ ကုမ္ပဏီက တားမြစ်ထားပါသည်။ ထို့အပြင် "အကူအညီရယူရန် မေတ္တာရပ်ခံမှုအဖြစ် နစ်နာသူတစ်ဦး သို့မဟုတ် နစ်နာသူမိသားစုက အကြောင်းအရာကို မျှဝေထားခြင်း သို့မဟုတ် သတင်းအချက်အလက်ပေးရန်၊ ဝေဖန်ရှုတ်ချရန် သို့မဟုတ် လူအများပိုမိုသတိပြုမိစေရန် ရည်ရွယ်ချက်များအတွက် အကြောင်းအရာကို မျှဝေထားခြင်း မဟုတ်ကြောင်း ထင်ရှားပါက ပြန်ပေးဆွဲခြင်း သို့မဟုတ် အဓမ္မခေါ်ဆောင်ခြင်းကို သရုပ်ဖော်သည့် အကြောင်းအရာ" ကို Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအရလည်း ကုမ္ပဏီက ဖယ်ရှားပါသည်။

အောက်တိုဘာလ ၇ ရက်တွင် ဟားမတ်စ်တိုက်ခိုက်မှု စတင်ဖြစ်ပွားချိန် Meta သည် အထင်အရှားမြင်ရသော နစ်နာသူများအပေါ် တစ်ဦးချင်းတိုက်ခိုက်မှုများမှ အခိုက်အတန့်များကို ပြသသည့် ဗီဒီယိုများအား ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ တင်းကျပ်စွာ စည်းကမ်းထိန်းသိမ်းမှုကို စတင်ခဲ့သည်။ Meta သည် အောက်တိုဘာလ ၁၃ ရက်၌ ၎င်း၏ သတင်းခန်း ပို့စ်တွင် ဤကိုင်တွယ်လုပ်ဆောင်ပုံအကြောင်း ရှင်းပြခဲ့ပြီး ၎င်းသည် "ဟားမတ်စ်၏ ပြန်ပေးဆွဲမှုကို ခံရသောသူများ၏ အန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးရန်အတွက်" ထိုသို့လုပ်ခဲ့ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် ဤအမှုနှစ်ခုရှိ အကြောင်းအရာအစိတ်အပိုင်းနှစ်ခုသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ချိုးဖောက်ခြင်းကြောင့် ဖယ်ရှားခံခဲ့ရသည်။

ဤဆုံးဖြတ်ချက်ချမှတ်ပြီးနောက် သတင်းဌာနများစွာသည် ဆက်စပ်သော ဗီဒီယိုဖိုင်ကို စတင်ထုတ်လွှင့်ခဲ့ပြီး အသုံးပြုသူများသည်လည်း တိုက်ခိုက်မှုများကို လူအများပိုမိုသတိပြုမိစေရန်နှင့် ဝေဖန်ရှုတ်ချရန် အလားတူအကြောင်းအရာများကို စတင်၍ ပို့စ်တင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် အောက်တိုဘာလ ၂၀ ရက်တွင် သို့မဟုတ် ထိုရက်ဝန်းကျင်တွင် Meta သည် ရက်စက်ကြမ်းကြုတ်မှုများကို လူအများပိုမိုသတိပြုမိစေသည့် အခြေအနေအတွင်းသာ သို့မဟုတ် ဝေဖန်ရှုတ်ချရန်အတွက်သာ အသုံးပြုသူများအား ဤဗီဒီယိုဖိုင်ကို မျှဝေခွင့်ပြုရန် ၎င်း၏မူဝါဒများကို ပြင်ဆင်ခဲ့ပြီး ဗီဒီယိုဖိုင်သည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း အသုံးပြုသူများကို အသိပေးရန်အတွက် သတိပေးချက် မျက်နှာပြင်တစ်ခု အသုံးပြုခဲ့သည်။ Meta သည် အောက်တိုဘာလ ၁၃ ရက်မှ ၎င်း၏ မူရင်းသတင်းခန်းပို့စ်အတွက် ဒီဇင်ဘာလ ၅ ရက်နေ့အပ်ဒိတ်တွင် ၎င်း၏မူဝါဒနှင့်ပတ်သက်သော ဤပြောင်းလဲမှုကို ထုတ်ပြန်ခဲ့သည် (ထပ်ဆောင်းအချက်အလက်နှင့် နောက်ခံအချက်အလက်အတွက် အစ္စရေးမှ ပြန်ပေးဆွဲခံရသော ဓားစာခံများကို ကြည့်ပါ)။

Meta သည် မူလက ဤအမှုနှစ်ခုရှိ အကြောင်းအရာအစိတ်အပိုင်း နှစ်ရပ်လုံးကို Facebook မှ ဖယ်ရှားခဲ့သည်။ အသုံးပြုသူသည် Meta ၏ ဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ပြင်ဆင်ထားသော ခွင့်ပြုချက်ကို ထည့်သွင်းစဉ်းစားလျက်် အဆိုပါပို့စ်များက ၎င်း၏ မူဝါဒများကို မချိုးဖောက်တော့ကြောင်း ဆုံးဖြတ်ခဲ့ပြီး ပို့စ်နှစ်ခုလုံးကို ပြန်ထည့်သွင်းခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူထံမှ အယူခံလွှာများကို ရရှိပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုများကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

ဤအမှုနှစ်ခုလုံးသည် အမြဲတစေ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသည့် အန္တရာယ်များသော ပဋိပက္ခအခြေအနေတစ်ခုအတွင်း အကြောင်းအရာများကို စည်းကမ်းထိန်းသိမ်းရန် Meta ၏ လုပ်ဆောင်နိုင်စွမ်းတွင် အခက်အခဲများရှိနေသည်ကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က ၎င်း၏ အမြန်ချမှတ်ဆောင်ရွက်ခဲ့သော ဆုံးဖြတ်ချက်ဖြစ်သည့် အစ္စရေးမှ ပြန်ပေးဆွဲခံရသော ဓားစာခံများအမှုတွင် တွေ့ရှိခဲ့သည့်အတိုင်း ဓားစာခံများကို သရုပ်ဖော်သော အကြောင်းအရာကို တားမြစ်သည့် Meta ၏ ကနဦးမူဝါဒသည် အဆိုပါဓားစာခံများ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးထားပြီး ဓားစာခံများကို အများသူငှာ၏ စူးစမ်းမှုမခံရကြောင်း သေချာစေရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ခြွင်းချက်အခြေအနေများတွင် လက်ခံရမည်ဖြစ်သော အများပြည်သူအကျိုးစီးပွား သို့မဟုတ် ဓားစာခံများ၏ အရေးကြီးသော အကျိုးစီးပွားအရ ထိုသို့ထုတ်ဖော်ရန် လိုအပ်သည့်အခါ ယာယီကန့်သတ်ထားသော ခြွင်းချက်များကို အသုံးချရန် ကျိုးကြောင်းခိုင်လုံမှုရှိနိုင်သည်ဟုလည်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ ဆက်စပ်အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ဤအကြောင်းအရာအမျိုးအစားကို "စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု အမှတ်အသားပြုထားသည့်" သတိပေးချက် မျက်နှာပြင်ဖြင့် ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခြင်းသည် Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီသည်။ ၎င်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် နောင်တာဝန်ခံမှုအတွက် စွပ်စွဲထားသော ချိုးဖောက်မှုများကို မှတ်တမ်းမှတ်ရာ ထိန်းသိမ်းထားခြင်းအပြင် လူများပိုမိုသိရှိစေရန် အသိပေးခြင်း ဆောင်ရွက်ချက်နှင့်လည်း လျော်ကန်သင့်မြတ်မှုရှိပါမည်။ အဆိုပါအမှုတွင် Meta သည် ဤခြွင်းချက်ကျင့်သုံးခြင်းကို အသုံးပြုသူအားလုံးထံ မိတ်ဆက်ပေးရန် အချိန်ကြာလွန်းခဲ့ကြောင်းနှင့် ပဋိပက္ခအခြေအနေအတွင်း အကြောင်းအရာ စိစစ်ခြင်းအတွက် ကုမ္ပဏီ၏ လျင်မြန်စွာ ပြောင်းလဲနေသော ကိုင်တွယ်လုပ်ဆောင်ပုံနှင့်အတူ ပွင့်လင်းမြင်သာမှုမရှိခြင်းက ဒွန်တွဲနေခဲ့ကြောင်းလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။

ယခင်က ဘုတ်အဖွဲ့သည် ဤအမှုနှင့်သက်ဆိုင်သည့် အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။ Meta သည် "၎င်း၏ပလက်ဖောင်းများကို အသုံးပြုသူများအား အချို့သော ထုတ်ဖော်ပြောဆိုမှုကို ခွင့်ပြုသည့် မူဝါဒပြောင်းလဲမှုများအကြောင်း အသိပေးရန်အတွက် ခြွင်းချက်များ၏ ကြာချိန်နှင့် ခြွင်းချက်များ၏ သက်တမ်းကုန်ဆုံးကြောင်း အသိပေးချက်" ကို ရှင်းလင်းစွာ မှတ်ချက်ပြုလျက် ၎င်း၏လူမှုစံနှုန်းများတွင် ခြွင်းချက်များအကြောင်း ထုတ်ပြန်ကြေညာပေးသင့်သည်ဟု ဘုတ်အဖွဲ့က အကြံပြုခဲ့သည် (အီရန်ဆန္ဒပြကြွေးကြော်သံ၊ အကြံပြုချက် နံပါတ် ၅)။ Meta က ဤအကြံပြုချက်ကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ထားကြောင်း အချက်အလက်များ ထုတ်ပြန်၍ အထင်အရှား သက်သေပြခဲ့သည်။ နောင်တာဝန်ခံမှုရှိစေရန်အလို့ငှာ Meta သည် ဖြစ်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အထောက်အထားကို ထိန်းသိမ်းထားသင့်သည်ဟုလည်း ဘုတ်အဖွဲ့အနေဖြင့် ယခင်က အကြံပြုခဲ့ဖူးပါသည် ( ဆူဒန် အနိဋ္ဌာရုံမြင်ကွင်း ဗီဒီယို၊ အကြံပြုချက် နံပါတ် ၁ နှင့် အာမေးနီးယန်း စစ်သုံ့ပန်း ဗီဒီယို၊ အကြံပြုချက် နံပါတ် ၁)။ Meta သည် ဤအကြံပြုချက်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့ပြီး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ Meta အနေဖြင့် လူ့အခွင့်အရေးနှင့်သက်ဆိုင်သော အကြောင်းအရာကို ၎င်း၏ပလက်ဖောင်းများတွင် တိကျစွာ စည်းကမ်းထိန်းသိမ်းကြောင်း သေချာစေရန်အလို့ငှာ ဤအကြံပြုချက်များအတိုင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ဘုတ်အဖွဲ့က အလေးပေးပြောသည်။

ဆုံးဖြတ်ချက်

အကြောင်းအရာအစိတ်အပိုင်းနှစ်ခုကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုနှစ်ခုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားများကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Volver a Decisiones de casos y opiniones consultivas sobre políticas