एकाधिक मामले का निर्णय

ဩစတြေးလျ ဌာနေတိုင်းရင်းသားများကို ဦးတည်သည့် ရေးသားပြောဆိုချက်များ

သြစတြေးလျ ဌာနေတိုင်းရင်းသားလူစုအား ဦးတည်သည့် မှတ်ချက်စကားဖြင့် သတင်းဆောင်းပါးများကို တုံ့ပြန်လျက် အခြားအသုံးပြုသူတစ်ဦးက မျှဝေထားသော Facebook ပို့စ်နှစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်များအပေါ် အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။

2 इस बंडल में केस शामिल हैं

पलट जाना

FB-CRZUPEP1

Facebook ပေါ်က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

प्लैटफ़ॉर्म
Facebook
विषय
ခွဲခြားဆက်ဆံခြင်း,ပစ်ပယ်ခံ လူမှုအဖွဲ့အစည်းများ,လူမျိုးနှင့် တိုင်းရင်းသား မျိုးနွယ်စု
मानक
မုန်းတီးရေး လုပ်ဆောင်မှု
जगह
ဩစတြေးလျ
Date
पर प्रकाशित 1 अगस्त 2024
पलट जाना

FB-XJP78ARB

Facebook ပေါ်က အမုန်းစကားနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

प्लैटफ़ॉर्म
Facebook
विषय
ခွဲခြားဆက်ဆံခြင်း,ပစ်ပယ်ခံ လူမှုအဖွဲ့အစည်းများ,လူမျိုးနှင့် တိုင်းရင်းသား မျိုးနွယ်စု
मानक
မုန်းတီးရေး လုပ်ဆောင်မှု
जगह
ဩစတြေးလျ
Date
पर प्रकाशित 1 अगस्त 2024

အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက် Meta က အကြောင်းအရာတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ဤပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှု ရှိစေရုံသာမက တစ်ဖက်တွင်လည်း Meta ၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များအား ရှာဖွေဖော်ထုတ်ပေးသည်။

အနှစ်ချုပ်

သြစတြေးလျ ဌာနေတိုင်းရင်းသားလူစုအား ဦးတည်သည့် မှတ်ချက်စကားဖြင့် သတင်းဆောင်းပါးများကို တုံ့ပြန်လျက် အသုံးပြုသူတစ်ဦးတည်းက မျှဝေထားသော Facebook ပို့စ်နှစ်ခုလုံးကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်များအပေါ် အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်နှစ်ခုလုံးကို ဖယ်ရှားခဲ့သည်။

အမှုများအကြောင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအကြားတွင် ဩစတြေးလျလူမျိုး အသုံးပြုသူတစ်ဦးသည် ဩစတြေးလျ ဌာနေတိုင်းရင်းသားလူမျိုးများအကြောင်း Facebook ပို့စ်နှစ်ခုကို မျှဝေခဲ့သည်။ ပထမပို့စ်တွင် ဆစ်ဒနီမြို့၏ ဆင်ခြေဖုံးရပ်ကွက်များမှ တစ်ခုရှိ ပန်းခြံတစ်ခြံတွင် မြေဝယ်ရန် ဌာနေတိုင်းရင်းသားမြေယာကောင်စီ၏ ကြိုးပမ်းမှုကို အသေးစိတ်ဖော်ပြထားသည့် ဆောင်းပါးတစ်ပုဒ်၏ လင့်ခ်တစ်ခု ပါဝင်သည်။ ပို့စ်၏ စာတန်းတွင် ဌာနေတိုင်းရင်းသားများအား “bugger off to the desert where they actually belong” (သူတို့ရဲ့ နေရာအမှန်ဖြစ်တဲ့ သဲကန္တာရကို ထွက်သွားကြ) ဟု ပြောဆိုထားသည်။ ဒုတိယပို့စ်သည် ဩစတြေးလျ အရှေ့မြောက်ပိုင်းတွင် ရဲများက တရားခံလူတစ်စုအား ကားဖြင့်လိုက်လံဖမ်းဆီးခြင်းအကြောင်း ဆောင်းပါးတစ်ပုဒ်ကို မျှဝေထားသည်။ ပို့စ်၏ စာတန်းတွင် "Aboriginal ratbags" (အော့ကြောလန် ရှေးတိုင်းရင်းသားလူမျိုးများ) ကို “100 strokes of the cane” (ကြိမ်ဒဏ် အချက် ၁၀၀) နှင့်အတူ ထောင်ဒဏ်ချမှတ်ရန် တိုက်တွန်းတောင်းဆိုထားသည်။

Meta ၏ အမုန်းစကား မူဝါဒသည် လူမျိုးနှင့် လူမျိုးစုပေါ်အခြေခံ၍ လူများအား ခွဲခြားခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်းကို အားပေးသည့် သို့မဟုတ် ထောက်ခံသည့် ရေးသားပြောဆိုချက်များကို တားမြစ်သည်။ Meta သည် အထူးသဖြင့် "အချို့သောလူအုပ်စုများကို နှင်ထုတ်ရန်" အတိအလင်း တိုက်တွန်းတောင်းဆိုသည့် အကြောင်းအရာနှင့် "(ပြင်ပနှင့် အွန်လိုင်းရှိ) နေရာများသို့ ဝင်ရောက်ခွင့်မပေးခြင်း" ကို အားပေးထောက်ခံသည့် အကြောင်းအရာကို တားမြစ်သည်။ မူဝါဒသည် လူတစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်(များ)ပေါ်အခြေခံ၍ ရည်ရွယ်ပြောဆိုသည့် "စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာများ" အပါအဝင် "ဦးတည်၍ ဆဲဆိုမှု" နှင့် "သိမ်ငယ်နိမ့်ကျကြောင်း ခြုံငုံကောက်ချက်ချမှုများ" ကိုလည်း တားမြစ်သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် အကြောင်းအရာနှစ်ခုစလုံးသည် ၎င်း၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခဲ့ကြောင်းနှင့် အကြောင်းအရာနှစ်ခုစလုံးကို ခွင့်ပြုပေးရန် မူလဆုံးဖြတ်ချက်များသည် မှားယွင်းခဲ့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook မှ ဖယ်ရှားခဲ့သည်။

ပို့စ်သည် ဩစတြေးလျ ဌာနေတိုင်းရင်းသားများကို ပန်းခြံမြေမှ နှင်ထုတ်ရန် တိုက်တွန်းတောင်းဆိုကြောင်းနှင့် ၎င်းတို့ကို ရည်ညွှန်းရာတွင် “bugger off” (ထွက်သွားကြ) ဟူသော စကားစုသည် ကာကွယ်ပေးထားသော အုပ်စုတစ်စု၏ အဖွဲ့ဝင်များအပေါ် ဦးတည်၍ ဆဲဆိုသည့် ဥပမာတစ်ခုဖြစ်ကြောင်း Meta က ဘုတ်အဖွဲ့အား ရှင်းပြခဲ့သည်။ ထို့အပြင် “ratbag” (အော့ကြောလန်) ဟူသော အသုံးအနှုန်းသည် နိမ့်ကျပြီး ဩစတြေးလျ အင်္ဂလိပ်ဘာသာစကားတွင် “stupid person” (ငတုံး) ဟူသော အဓိပ္ပာယ် အပါအဝင် အပျက်သဘောဆောင်သည့် အဓိပ္ပာယ်များ ရှိသောကြောင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များရှိသော အုပ်စုတစ်စု၏ အဖွဲ့ဝင်များအား စိတ်ပိုင်းဆိုင်ရာ နိမ့်ကျသည်ဟု ရည်ညွှန်းသော ဖော်ပြချက်များကို Meta ၏ အမုန်းစကားအရ တားမြစ်မှုကိုလည်း ချိုးဖောက်သည်ဟု Meta က အသိအမှတ်ပြုခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အသုံးပြုသူများက အကြောင်းအရာကို တိုင်ကြားခဲ့ပြီးနောက်ပိုင်းတွင်ပင် ၎င်းကို ဆက်လက်ခွင့်ပြုပေးခဲ့သောကြောင့် အဆိုပါအသုံးပြုသူများထံမှ နောက်ဆက်တွဲ အယူခံလွှာများကို ရရှိပြီးချိန် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုများကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook၊ Instagram နှင့် Threads အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှုများ၏ အရေးပါမှု

သမိုင်းကြောင်းအရ ခွဲခြားဆက်ဆံခံရပြီး ဆက်လက်၍လည်း ခွဲခြားဆက်ဆံခံနေရသည့် လူအုပ်စုများကို ဦးတည်သည့် အမုန်းစကားကို ကိုင်တွယ်ဖြေရှင်းခြင်း၏ အထူးအရေးပါပုံကို ဘုတ်အဖွဲ့က ထပ်တလဲလဲ အလေးပေးပြောကြားခဲ့သည် ( တောင်အာဖရိကလူမျိုးများအပေါ် စွပ်စွဲပြောဆိုချက်များနှင့် လိင်ပြောင်းထားသူများကို ရည်ရွယ်တိုက်ခိုက်သည့် ပိုလန်ဘာသာဖြင့် ရေးသားထားသောပို့စ် ဆုံးဖြတ်ချက်များ)။ Meta ၏ စည်းကမ်းထိန်းသိမ်းမှု ဆောင်ရွက်ချက်များသည် မူလပထမဆုံးအခြေချနေထိုင်သော တိုင်းရင်းသားလူမျိုးများအပေါ် အချိုးမညီမျှစွာ ထိခိုက်စေနိုင်သည်ကို ဘုတ်အဖွဲ့က အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ Wampum ခါးပတ် ဆုံးဖြတ်ချက်တွင် အမှားများသည် ရှောင်လွှဲ၍မရနိုင်သော်လည်း "အမှားအမျိုးအစားများနှင့် ထိုအမှားများကို ခေါင်းခံရသည့် လူများ သို့မဟုတ် လူမှုအဖွဲ့အစည်းများကို ထောက်ဆ၍ ဖြေရှင်းသည့်နည်းလမ်းပုံစံ ရွေးချယ်မှုများကို အစဉ်အမြဲ အကဲဖြတ်ပြီး ဆန်းစစ်နေရမည်" ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ထိုအမှုတွင် Meta အနေဖြင့် အမုန်းစကားကို စည်းကမ်းထိန်းသိမ်းရာတွင် တိကျမှန်ကန်မှုအပေါ် ယေဘုယျအားဖြင့် စောင့်ကြည့်ရုံသာမက "မှားယွင်းသော ဆုံးဖြတ်ချက်များက လူ့အခွင့်အရေးအပေါ် အလွန်သိသိသာသာ သက်ရောက်မှုရှိသည့် အကြောင်းအရာ အမျိုးအစားအခွဲများ" အတွက် စည်းကမ်းထိန်းသိမ်းမှုအမှားများကို အထူးသတိထား၍ စောင့်ကြည့်ရန် အရေးပါမှုကို ဘုတ်အဖွဲ့က အလေးပေးပြောခဲ့သည်။ ထို့အတွက်ကြောင့် "Meta အနေဖြင့် ၎င်း၏စနစ်များက တရားမျှတစွာ လုပ်ဆောင်လျက်ရှိကြောင်းနှင့် ယခင်ကဖြစ်ပွားခဲ့သော၊ ဆက်လက်ဖြစ်ပွားနေသော ဖိနှိပ်မှုများကို ပိုမိုဆိုးရွားစေခြင်းမရှိကြောင်း သေချာစေရန်အတွက် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်အကဲဖြတ်မှုကို ဆောင်ရွက်ထားကြောင်း လက်တွေ့ပြရန် တာဝန်ရှိသည်" ဟု ဘုတ်အဖွဲ့က ရှင်းပြခဲ့သည်။

ဖယ်ကြဉ်ထားရန် တိုက်တွန်းတောင်းဆိုမှုများနှင့်ပတ်သက်၍ "အွန်လိုင်းပေါ်တွင် ပြောဆိုသည့်စကားသည် ခြိမ်းခြောက်ခံရခြင်း၊ ဖယ်ကြဉ်ခံရခြင်းနှင့် နှုတ်ပိတ်ခံရခြင်း အန္တရာယ်များအပြင် လူတို့၏ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနှင့် အသက်ရှင်ရပ်တည်ခွင့်ကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြရန် Meta ၏ 'အန္တရာယ်ကင်းရှင်းရေး' စံတန်ဖိုးကို ပြင်ဆင်ရေးသားသင့်သည်" ဟု ဘုတ်အဖွဲ့က Meta အား အကြံပြုခဲ့သည် (ရာယာကိုဘိုရှိ စွပ်စွဲထားသော ရာဇဝတ်မှုများ၊ အကြံပြုချက် နံပါတ် ၁)။ ဤအကြံပြုချက်အား အကောင်အထည်ဖော်မှုကို ထုတ်ပြန်ထားသော အချက်အလက်များဖြင့် အထင်အရှားပြထားသည်။

ဆုံးဖြတ်ချက်
အကြောင်းအရာကို ခွင့်ပြုပေးရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုများကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားများကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

मामले के निर्णयों और नीति सलाहकार राय पर लौटें