Anulado

အစ္စရေး-ပါလက်စတိုင်း အရေးကိစ္စနှင့်ပတ်သက်သော Washington Post ဆောင်းပါး

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ အချိန်ကာလအလိုက်ဖြစ်ရပ်ကို ဖော်ပြထားသည့် Washington Post ဆောင်းပါးတစ်ခုအတွက် လင့်ခ်ပါသော Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

Tipo de decisão

Resumo

Políticas e tópicos

विषय
Eventos de notícias, Guerra e conflitos, စာနယ်ဇင်းသတင်းပညာ
Padrão da comunidade
Indivíduos e organizações perigosos

Regiões/países

Localização
Israel, Territórios Palestinos, Estados Unidos

Plataforma

Plataforma
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်း တစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ Meta က ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်နေစဉ် အကျဉ်းချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။

အမှုအနှစ်ချုပ်

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ အချိန်ကာလအလိုက်ဖြစ်ရပ်ကို ဖော်ပြထားသည့် Washington Post ဆောင်းပါးတစ်ခုအတွက် လင့်ခ်ပါသော Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် Facebook အသုံးပြုသူတစ်ဦးသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ၏ အချိန်ကာလအလိုက်ဖြစ်ရပ်ကို ဖော်ပြထားသည့် Washington Post ဆောင်းပါးတစ်ခုအတွက် လင့်ခ်ကို တင်ခဲ့သည်။ လင့်ခ်နှင့်အတူ အလိုအလျောက် ပါဝင်ခဲ့သည့် ဆောင်းပါးနမူနာကြည့်ရှုမှုတွင် ဟားမတ်စ်အဖွဲ့ကို ရည်ညွှန်းဖော်ပြထားသည်။ အသုံးပြုသူသည် ပို့စ်နှင့်အတူ စာတန်းတစ်ခုကို ထည့်သွင်းထားခြင်း သို့မဟုတ် နောက်ထပ်ဆက်စပ်အခြေအနေကို ဖော်ပြထားခြင်း မရှိခဲ့ပါ။

ပြင်ပကမ္ဘာတွင် သိသာထင်ရှားသော ထိခိုက်နစ်နာစေမှုနှင့် ဆက်စပ်သည်ဟု ကုမ္ပဏီက ဆုံးဖြတ်ထားသော အဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို ကိုယ်စားပြုမှုနှင့် ယင်းတို့အကြောင်း ပြောဆိုမှုအချို့ကို တားမြစ်သည့် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ ဤ Facebook ပို့စ်ကို ဖယ်ရှားခဲ့သည်။

အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာတွင် ပို့စ်သည် လက်ရှိ အစ္စရေး-ဟားမတ်စ် ပဋိပက္ခအကြောင်း သတင်းအစီရင်ခံရန် ရည်ရွယ်ခဲ့ပြီး ဟားမတ်စ် သို့မဟုတ် အခြားအန္တရာယ်ရှိသော အဖွဲ့အစည်းတစ်ခုခုကို ထောက်ခံအားပေးရန် မရည်ရွယ်ခဲ့ကြောင်း အလေးပေးပြောခဲ့သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက ပို့စ်သည် မူဝါဒအရ ခွင့်ပြုထားသည့် သတင်းအစီရင်ခံခြင်းနှင့်ဆက်စပ်၍ ဟားမတ်စ်ကို ရည်ညွှန်းထားသဖြင့် အကြောင်းအရာသည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို မချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook တွင် ပြန်ထည့်သွင်းလိုက်သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူထံမှ အယူခံလွှာကို ရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သော အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်များကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

ဤအမှုသည် Meta က ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒ၊ အထူးသဖြင့် ကုမ္ပဏီက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းများနှင့်ပတ်သက်၍ သတင်းအစီရင်ခံခြင်းအား စည်းကမ်းထိန်းသိမ်းမှု လွန်ကဲသည့် ဖြစ်ရပ်ကို ဦးစားပေးဖော်ပြသည်။ ၎င်းသည် ထပ်တလဲလဲဖြစ်ပွားနေသော ပြဿနာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်တွင် တစ်ဖက်က အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော အဖွဲ့အစည်း ဖြစ်နေသည့် လက်ရှိ အစ္စရေး-ဟားမတ်စ် ပဋိပက္ခအခြေအနေအတွင်း ယင်းပြဿနာမျိုး အဖြစ်များသည်။ ဘုတ်အဖွဲ့သည် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်ရှိ သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်နှင့်ပတ်သက်သော အကြံပြုချက်များစွာကို ထုတ်ပြန်ခဲ့သည်။ ဤအရေးကြီးသော ခွင့်ပြုချက်ကို ကျင့်သုံးရာတွင် ဆက်တိုက်အမှားများရှိနေခြင်းသည် အသုံးပြုသူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အများပြည်သူ၏ သတင်းအချက်အလက် ရယူခွင့်ကို သိသိသာသာ ကန့်သတ်နိုင်ပြီး ပြည်သူလူထုအကြား ဆွေးနွေးဖလှယ်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

Meta အနေဖြင့် "စည်းကမ်းထိန်းသိမ်းမှု အမှားများကို ဖြစ်စေသည့် စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအောက်တွင် သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်ကို အသုံးပြု၍ စည်းကမ်းထိန်းသိမ်းရာတွင် စိစစ်သုံးသပ်သူများ၏ တိကျမှုကို အကဲဖြတ်သင့်သည်" ဟု ဘုတ်အဖွဲ့က ယခင်ဆုံးဖြတ်ချက်တစ်ခုတွင် အကြံပြုခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၅)။ Meta က ၎င်းလုပ်ဆောင်ပြီးသား ဆောင်ရွက်ချက်တစ်ခုအဖြစ် အကောင်အထည်ဖော်ပြီးကြောင်း အစီရင်ခံခဲ့သော်လည်း ယင်းကိုလက်တွေ့ပြရန် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပါ။ Meta အနေဖြင့် "ကြားနေသဘောဆွေးနွေးမှု၊ ဝေဖန်ရှုတ်ချခြင်းနှင့် သတင်းအစီရင်ခံခြင်းအတွက် ခြွင်းချက်များကို ပိုမိုနားလည်စေရန် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒတွင် သတ်မှတ်စံနှုန်းနှင့် သာဓကဥပမာများကို ထည့်သင့်သည်" ဟုလည်း ဘုတ်အဖွဲ့က အကြံပြုခဲ့သည် ( မျှဝေထားသော Al Jazeera ပို့စ်၊ အကြံပြုချက် နံပါတ် ၁)။ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ထားကြောင်း အချက်အလက်များ ထုတ်ပြန်၍ အထင်အရှားပြခဲ့သည်။ ထို့အပြင် Meta အနေဖြင့် "အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို 'ချီးကျူးခြင်း' နှင့် 'ထောက်ခံခြင်း' ဆိုင်ရာ စည်းမျဉ်းများကို သက်ရောက်ပြဋ္ဌာန်း၍ စည်းကမ်းထိန်းသိမ်းရာတွင် မှားယွင်းမှုနှုန်းများနှင့်ပတ်သက်၍ ပိုမိုပြည့်စုံသော အချက်အလက်များကို ထည့်သွင်းသင့်သည်" ဟု ဘုတ်အဖွဲ့က အကြံပြုခဲ့သည် ( အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားခြင်း၊ အကြံပြုချက် နံပါတ် ၁၂)။ Meta သည် ဖြစ်နိုင်ခြေရှိ၊ မရှိ အကဲဖြတ်မှု ပြုလုပ်ပြီးနောက်တွင် ဤအကြံပြုချက်ကို အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက် ရက်စွဲပါ ၎င်း၏ မူဝါဒပြင်ဆင်ချက်အရ Meta သည် ယခုအခါ ၎င်း၏ လူမှုစံနှုန်းတွင် "ချီးကျူးခြင်း" အစား "အမွှမ်းတင်ခြင်း" ဟူသော ဝေါဟာရကို အသုံးပြုသည်။

ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းအရေအတွက်ကို လျော့နည်းစေနိုင်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Voltar para Decisões de Casos e Pareceres Consultivos sobre Políticas