Multiple Case Decision

ထိုင်းဓားစာခံများလွှတ်ပေးရေး စေ့စပ်ညှိနှိုင်းပေးသူ၏ အင်တာဗျူး

ဘုတ်အဖွဲ့သည် ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားသည့် ဓားစာခံများလွတ်မြောက်စေရေး ဆောင်ရွက်ခဲ့သည့် ထိုင်းဓားစာခံစေ့စပ်ညှိနှိုင်းရေးမှူး၏အတွေ့အကြုံကို ဖော်ပြထားသော Sky News ဗီဒီယိုအင်တာဗျူးနှင့် ထပ်တူညီလုနီးပါး အပိုင်းများပါရှိသော Facebook ပို့စ်နှစ်ခုကို စိစစ်သုံးသပ်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်တစ်ခုစီကို ပြန်ထည့်သွင်းခဲ့သည်။

2 cases included in this bundle

Overturned

FB-XO941WWQ

Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

Platform
Facebook
Topic
သတင်း ပွဲအစီအစဉ်များ,ရက်စက်ကြမ်းကြုတ်မှု,စစ်ပွဲနှင့် ပဋိပက္ခ
Standard
အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
Location
အစ္စရေး,ပါလက်စတိုင်း နယ်မြေများ,ထိုင်း
Date
Published on April 18, 2024
Overturned

FB-U3Y5VV2E

Facebook ပေါ်က အန္တရာယ်ရှိသော လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ အမှုကိစ္စ

Platform
Facebook
Topic
သတင်း ပွဲအစီအစဉ်များ,ရက်စက်ကြမ်းကြုတ်မှု,စစ်ပွဲနှင့် ပဋိပက္ခ
Standard
အန္တရာယ်ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ
Location
အစ္စရေး,ပါလက်စတိုင်း နယ်မြေများ,ထိုင်း
Date
Published on April 18, 2024

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်း တစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ အနှစ်ချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ဤပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှု ရှိစေရုံမက တစ်ဖက်တွင်လည်း Meta ၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များအား ရှာဖွေဖော်ထုတ်ပေးသည်။

အနှစ်ချုပ်

ဘုတ်အဖွဲ့သည် ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားသည့် ဓားစာခံများလွတ်မြောက်စေရေး ဆောင်ရွက်ခဲ့သည့် ထိုင်းဓားစာခံစေ့စပ်ညှိနှိုင်းရေးမှူး၏အတွေ့အကြုံကို ဖော်ပြထားသော Sky News ဗီဒီယိုအင်တာဗျူးနှင့် ထပ်တူညီလုနီးပါး အပိုင်းများပါရှိသော Facebook ပို့စ်နှစ်ခုကို စိစစ်သုံးသပ်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလ ဆုံးဖြတ်ချက်များကို ပြောင်းလဲပြီး ပို့စ်တစ်ခုစီကို ပြန်ထည့်သွင်းခဲ့သည်။

အမှုများအကြောင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အသုံးပြုသူနှစ်ဦးသည် ၎င်းတို့၏ ပို့စ်များကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များကို အယူခံဝင်ခဲ့သည်။ ပို့စ်တစ်ခုချင်းစီတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ Sky News မှ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးနှင့် ထပ်တူညီလုနီးပါး ကလစ်ဖိုင်များ ပါရှိသည်။ ဤဗီဒီယိုတွင် အစ္စရေး၌ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့၏ ဓားစာခံအဖြစ် ခေါ်ဆောင်သွားခံရသည့် ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေးအတွက် အလွတ်သဘော ညှိနှိုင်းရေးမှူးအဖွဲ့ကို ဦးဆောင်ပြီးကူညီခဲ့သူ ထိုင်းနိုင်ငံမှ ညှိနှိုင်းရေးမှူးတစ်ဦးကို ဖော်ပြထားသည်။

ကလစ်ဖိုင်ထဲတွင် အင်တာဗျူးခံရသူသည် ညှိနှိုင်းမှုများ၌ သူ့အပိုင်းကို ဖော်ပြထားသည်။ ဟားမတ်စ်အဖွဲ့သည် အစ္စလာမ်ဥပဒေကို လိုက်နာသောကြောင့် ထိုင်းဓားစာခံများနှင့် ဓားစာခံအားလုံးသည် "ကောင်းစွာဂရုစိုက်မှု" ကို ခံခဲ့ရကြောင်းနှင့် ဟားမတ်စ်တို့သည် ထိုင်းအကျဉ်းသားများ၏ လွတ်မြောက်မှုအတွက် မည်သည့်သတ်မှတ်ချက်မျှ မသတ်မှတ်ခဲ့ကြောင်း သူယုံကြည်သည်ဟု ပြောသည်။

ပါလက်စတိုင်းပြည်သူများကို စာနာနားလည်သည့် ညှိနှိုင်းရေးမှူးသည် သိမ်းပိုက်ခံထားရသောနယ်မြေများတွင် ပါလက်စတိုင်းလူမျိုးများအပေါ် အစ္စရေးတို့၏ နှိပ်စက်မှုအဖြစ် သူ သရုပ်ဖော်ထားသည့် ဆယ်စုနှစ်များကို သာဓကအထောက်အထား ပြထားသည်။ ဟားမတ်စ်အဖွဲ့သည် "စစ်သားများကို ပစ်မှတ်ထား" ခဲ့ခြင်းဖြစ်ကြောင်း သူက အခိုင်အမာဆိုထားသည့်အပြင် ဟားမတ်စ်အဖွဲ့သည် "ပါလက်စတိုင်းလူမျိုးများကို ကူညီရန်" နှင့် "ပါလက်စတိုင်းလူမျိုးများအပေါ် အစ္စရေးတို့၏ ဆက်ဆံမှုအား ကမ္ဘာက အာရုံစိုက်လာစေရန်" ဓားစာခံများကို ခေါ်ဆောင်သွားရာတွင် တရားမျှတမှုရှိခဲ့ကြောင်း အခိုင်အမာ အတည်ပြုထားသည်။

ဘုတ်အဖွဲ့ထံ အယူခံများတွင်၊ အသုံးပြုသူနှစ်ဦးလုံးက ၎င်းတို့သည် ထိုင်းညှိနှိုင်းရေးမှူး၏ ပြောဆိုချက်များကို အာရုံစိုက်မိစေရန် ဗီဒီယိုကိုတင်ခဲ့ကြောင်း၊ သို့သော် အကြောင်းရင်းများမှာ ကွဲပြားကြောင်း ဆိုခဲ့သည်။ အသုံးပြုသူတစ်ဦးက ၎င်း၏ရည်ရွယ်ချက်မှာ "အနောက်တိုင်း ဝါဒဖြန့်ချိရေးအဖွဲ့" ၏ ဘုံသဘောထားများနှင့်ဆန့်ကျင်လျက် "ဟားမတ်စ်အဖွဲ့အပေါ် ပို၍မျှတသောသဘောဖြင့် ပြသသည့်" အင်တာဗျူးတစ်ခုကို ဦးစားပေးဖော်ပြရန် ဖြစ်ကြောင်း ပြောခဲ့သည်။ အသုံးပြုသူက ညှိနှိုင်းရေးမှူးသည် ဇာတ်လမ်းမှ သွေဖည်ပြောဆိုနေကြောင်း စာတန်းတွင် ဖော်ပြထားသည့်အပြင် အကြောင်းအရာသည် သီးခြားနိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းဖော်ပြခဲ့သောကြောင့် ၎င်း၏ပို့စ်သည် ယခင်က စိစစ်ဖြတ်တောက်ခံခဲ့ရကြောင်း ထပ်မံရှင်းပြထားသည်။ ဒုတိယပို့စ်တွင် စာတန်း သို့မဟုတ် နောက်ထပ်ရှင်းလင်းချက်မပါဘဲ ဗီဒီယိုကို တင်ခဲ့သည့် အသုံးပြုသူက ၎င်းသည် ဟားမတ်စ်အဖွဲ့ကို ထောက်ခံ၍ "လိမ်ညာပြီး ကြိုးကိုင်ခြယ်လှယ်သည့် ပူးပေါင်းဆောင်ရွက်သူများကို ဝေဖန်" နေခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အစပိုင်းတွင် Meta သည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒကို ကိုးကား၍ ပို့စ်များကို Facebook မှ ဖယ်ရှားခဲ့သည်။ ယင်းမူဝါဒအရ ကုမ္ပဏီသည် ၎င်းက အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား "အမွှမ်းတင်ခြင်း" (ယခင်က "ချီးမွမ်းခြင်း")၊ "ထောက်ခံခြင်း" သို့မဟုတ် "ကိုယ်စားပြုခြင်း" ကို တားမြစ်သည်။ သို့ရာတွင် "လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးဖလှယ်ခြင်းအခြေအနေတွင် သတ်မှတ်ထားသည့် အန္တရာယ်ရှိအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ရည်ညွှန်းပြောဆိုချက်များ ပါဝင်သည့် အကြောင်းအရာများကို အသုံးပြုသူများအနေဖြင့် မျှဝေနိုင်သည်။ ၎င်းတွင် အန္တရာယ်ရှိအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုဖြစ်စေ၊ ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကိုဖြစ်စေ သတင်းအစီရင်ခံသော၊ ကြားနေသဘောဖြင့် ဆွေးနွေးသော သို့မဟုတ် ဝေဖန်ရှုတ်ချသော အကြောင်းအရာများ ပါဝင်သည်။" ဟု မူဝါဒအရ လက်ခံထားပါသည်။

ဘုတ်အဖွဲ့က ဤအမှုများကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ပို့စ်များတွင် "အန္တရာယ်ရှိအဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို အမွှမ်းတင်သည့်၊ ထောက်ခံသည့် သို့မဟုတ် ကိုယ်စားပြုသည့် စာတန်းများ မပါဝင်" ဟု ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ဗီဒီယိုကို "Sky News နှင့် အခြားသတင်းဌာနများက Facebook တွင် မျှဝေထားပြီးဖြစ်သည် … [ထို့ကြောင့်] ၎င်းသည် သတင်းအစီရင်ခံခြင်းအတွက် ဖယ်ထုတ်ထားမှု အတိုင်းအတာအောက်တွင် အကျုံးဝင်သည်။" Meta သည် ပို့စ်နှစ်ခုလုံးကို ပြန်ထည့်သွင်းခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။

အမှုများ၏ ထင်ရှားမှု

ဤအမှုများသည် ဘုတ်အဖွဲ့၏ ယခင်ဆုံးဖြတ်ချက်များတွင် ဦးစားပေးဖော်ပြခဲ့သည့်အတိုင်း ကုမ္ပဏီ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်းအားအမြဲတစေ လွန်ကဲစွာစည်းကမ်းထိန်းသိမ်းမှုဖြစ်နေခြင်းကို အလေးပေးဖော်ပြလျက်ရှိသည်။ ဤမူဝါဒကိုကျင့်သုံးရာတွင် ဆက်တိုက်မှားယွင်းမှုများ ရှိနေခြင်းသည် ကြားနေသဘောဖြင့် မှတ်ချက်ပြုခြင်း၊ သတင်းအစီရင်ခံခြင်းနှင့် ဝေဖန်ရှုတ်ချသည့်ပို့စ်များအား အသုံးပြုသူများ၏ ဝင်ရောက်ကြည့်ရှုခွင့်ကို လျော့နည်းစေပြီး ယင်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နစ်နာစေသည်။

ယခင်ဆုံးဖြတ်ချက်တစ်ခုတွင် ဘုတ်အဖွဲ့က Meta အား "၎င်း၏ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်း အမှားနှုန်းများနှင့်ပတ်သက်၍ ပိုမိုပြည့်စုံသော အချက်အလက် ထည့်သွင်းရန်" တိုက်တွန်းခဲ့သည် (အိုကလန်ကို သီးခြားခွဲ၍ ထိန်းသိမ်းထားမှု ၊ အကြံပြုချက်နံပါတ် ၁၂)။ ကုမ္ပဏီက ဖြစ်နိုင်ခြေ အကဲဖြတ်ချက်ကို ပြုလုပ်ပြီးနောက် ၎င်းကို အကောင်အထည်ဖော်ရန် ငြင်းခဲ့သည်။

ထို့အပြင် လူကိုယ်တိုင် စိစစ်သုံးသပ်သူများအား ပိုမိုကောင်းမွန်သော လမ်းညွှန်ချက်ပေးနိုင်ရန်အတွက် "အထူးသဖြင့် ကြားနေသဘောဆွေးနွေးခြင်းနှင့် သတင်းအစီရင်ခံခြင်းနှင့်ပတ်သက်သော ခြွင်းချက်များကို ပိုမိုနားလည်စေရန် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ လူမှုစံနှုန်း မူဝါဒတွင် သတ်မှတ်စံနှုန်းနှင့် သာဓကဥပမာများ" ထည့်သွင်းရန်လည်း ဘုတ်အဖွဲ့က အကြံပြုခဲ့သည် ( မျှဝေထားသော အယ်လ် ဂျားဇီးရား ပို့စ် အကြံပြုချက် နံပါတ် ၁)။ ဤအကြံပြုချက်သည် ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်၏ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဖြစ်သည့် အက်စ် အယ်လ်ဒင်း အာကာဆမ်တပ်ဖွဲ့၏ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုနှင့်ပတ်သက်သည့် သတင်းပို့စ်တစ်ခုအား ဖယ်ရှားခြင်းနှင့် သက်ဆိုင်ခဲ့သောကြောင့် ၎င်းသည် အထူးဆက်စပ်သက်ဆိုင်မှုရှိသည်။ "စည်းကမ်းထိန်းသိမ်းမှုအမှားများကို ဖြစ်စေသည့် စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် … သတင်းအစီရင်ခံခြင်း ခွင့်ပြုချက်ကို အသုံးပြု၍ စည်းကမ်းထိန်းသိမ်းရာတွင် စိစစ်သုံးသပ်သူများ၏ တိကျမှန်ကန်မှုကို အကဲဖြတ်ရန်" လည်း ဘုတ်အဖွဲ့က Meta ကို အကြံပေးခဲ့သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၅)။ Meta သည် အကြံပြုချက်နှစ်ခုလုံးကို အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံတင်ပြခဲ့သော်လည်း သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ရည်ညွှန်းဖော်ပြခြင်း၊ အကြံပြုချက်နံပါတ် ၅ အတွက် အကောင်အထည်ဖော်မှုကို လက်တွေ့ပြရန် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။

ဘုတ်အဖွဲ့သည် ဗီဒီယိုအရှည်များကို ပိုမိုတိကျစွာ စိစစ်သုံးသပ်နိုင်စေသည့် "ထုတ်ကုန်နှင့်/သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လမ်းညွှန်ချက် အပြောင်းအလဲများ" ကို လက်ခံကျင့်သုံးရန်အတွက် ကုမ္ပဏီအား ပန်ကြားကာ ဗီဒီယိုများပါသော ပို့စ်များကို စိစစ်ခြင်းအတွက် မွမ်းမံပြင်ဆင်မှုများကို အကြံပြုခဲ့သည်” ( ကမ္ဘောဒီယား ဝန်ကြီးချုပ်၊ အကြံပြုချက် နံပါတ် ၅)။ တုံ့ပြန်ဖြေကြားသည့်အနေဖြင့် Meta က ၎င်း၏ ၂၀၂၃ ခုနှစ် တတိယသုံးလပတ်အတွက် ကြီးကြပ်ရေးဘုတ်အဖွဲ့ဆိုင်ရာ သုံးလတစ်ကြိမ် နောက်ဆုံးရအချက်အလက်တွင် ၎င်းသည် "ကျွန်ုပ်တို့၏ ဗီဒီယိုအရှည် စိစစ်သုံးသပ်မှု လုပ်ငန်းစဉ်များအတွက် မွမ်းမံပြင်ဆင်မှုအသစ်များ၊ အတိုင်းအတာ မက်ထရစ် ဖန်တီးမှုနှင့် အကဲဖြတ်မှုတို့ကို ဆက်လက်လုပ်ဆောင်သွားမည်" ဟု ဖော်ပြခဲ့သည်

ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် Meta ၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားအယွင်းအရေအတွက်ကို လျော့နည်းစေနိုင်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်ပါသည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က ဤအမှုများကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားများကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Return to Case Decisions and Policy Advisory Opinions