أسقط

ဂါဇာပြည်သူများအား လူသားအဖြစ်မှ နှိမ့်ချသည့် မှတ်ချက်များ

ဂါဇာဒေသခံများကို "ရိုင်းစိုင်းကြမ်းကြုတ်သောလူစု" နှင့် ခိုင်းနှိုင်းကာ ဟားမတ်စ်အဖွဲ့သည် အဆိုပါဒေသခံများမှ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာဆိုသော Facebook ပို့စ်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး ပို့စ်ကို ဖယ်ရှားခဲ့သည်။

نوع القرار

ملخص

السياسات والمواضيع

عنوان
حرب وصراع، ပစ်ပယ်ခံ လူမှုအဖွဲ့အစည်းများ، လူမျိုးနှင့် တိုင်းရင်းသား မျိုးနွယ်စု
معيار المجتمع
မုန်းတီးရေး လုပ်ဆောင်မှု

المناطق/البلدان

موقع
ပါလက်စတိုင်း နယ်မြေများ، အစ္စရေး

منصة

منصة
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာအစိတ်အပိုင်းတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုး မရှိပါ။ အနှစ်ချုပ် ဆုံးဖြတ်ချက်များသည် စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် Meta ဘက်က လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်လျက် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ယင်းပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာစွာ ဖော်ပြပေးသည်။

အနှစ်ချုပ်

ဂါဇာဒေသခံများကို "ရိုင်းစိုင်းကြမ်းကြုတ်သောလူစု" နှင့် ခိုင်းနှိုင်းကာ ဟားမတ်စ်အဖွဲ့သည် အဆိုပါဒေသခံများမှ ဖွဲ့စည်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့၏ "အတွင်းစိတ်ဆန္ဒများ" မှာ ရိုင်းစိုင်းကြမ်းကြုတ်သော အသွင်ဆောင်နေကြောင်း အခိုင်အမာဆိုသည့် Facebook ပို့စ်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး ပို့စ်ကို ဖယ်ရှားခဲ့သည်။

အမှုအကြောင်း

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အသုံးပြုသူတစ်ဦးသည် စာသားအသားပေးဖော်ပြထားသည့် ရုပ်ပုံတစ်ပုံကို Facebook ပေါ်တွင် ပြန်တင်ခဲ့သည်။ ၎င်းတွင် အမည်မဖော်ထားသော အမျိုးသားတစ်ဦး၏ ရုပ်ပုံနှင့်အတူ ဂါဇာဒေသရှိ "ပြည်သူလူထု" သည် ဟားမတ်စ်အဖွဲ့၏အကြမ်းဖက်မှုခံရသည့် "နစ်နာသူ" မဟုတ်ဘဲ "ရိုင်းစိုင်းကြမ်းကြုတ်သောလူတစ်စု၏ အတွင်းစိတ်ဆန္ဒ" ကို "အမှန်စင်စစ်ထင်ဟပ်စေသည့် ပြယုဂ်" တစ်ခုအဖြစ် ပေါ်ပေါက်လာသည့် စစ်သွေးကြွအဖွဲ့ဖြစ်သည်ဟူသော အမြင်ကို ဖော်ပြထားသည်။ ပြန်တင်ထားသော ရုပ်ပုံတွင် "အမှန်တရား" ဟူသော စကားလုံးများပါဝင်သည့် ထောက်ခံအားပေးသော စာတန်းတစ်ခု ပါရှိခဲ့သည်။ ဤပို့စ်ကို အကြိမ် ၅၀၀ အောက် ကြည့်ရှုခဲ့ကြသည်။

Meta ၏ အမုန်းစကား မူဝါဒအရ Meta သည် လူတစ်ဦး သို့မဟုတ် လူတစ်စုကို ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ ပစ်မှတ်ထားသည့်၊ အတိအကျဆိုရသော် "လူသားများထက် နိမ့်ကျကြောင်း၊ ယုတ်ညံ့ကြောင်း" ခိုင်းနှိုင်းချက်များဖြင့် ရည်ညွှန်းဖော်ပြသည့်၊ "လူရိုင်းများ" ကို ဥပမာအဖြစ် ထည့်သွင်းထားသည့် အကြောင်းအရာကို တားမြစ်ပါသည်။ ဤအကြောင်းအရာတွင် "ဂါဇာပြည်သူလူထု" ဟူသော ရည်ညွှန်းချက်သည် ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများကို သွယ်ဝိုက်၍ ရည်ညွှန်းခြင်းဖြစ်သောကြောင့် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များဖြစ်သည့် လူမျိုးစုနှင့် နိုင်ငံသားဖြစ်မှုကို ပစ်မှတ်ထားသည်။

အသုံးပြုသူက ဘုတ်အဖွဲ့ထံ ဤအမှုကို အယူခံဝင်သည့် ဖော်ပြချက်တစ်ခုတွင် ပို့စ်သည် ဂါဇာပြည်သူများအပေါ် ခြုံငုံ၍ကောက်ချက်ချခြင်းဖြင့် "လူသားအဖြစ်မှ နှိမ့်ချပြောဆိုသောစကား ဖြစ်ခဲ့သည်" ဟု မှတ်ချက်ပြုခဲ့သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် အကြောင်းအရာသည် Meta ၏ အမုန်းစကား မူဝါဒကို ချိုးဖောက်ခဲ့ကြောင်းနှင့် အကြောင်းအရာကို ခွင့်ပြုပေးရန် ၎င်း၏မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook မှ ဖယ်ရှားလိုက်သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

ဆက်လက်ထားရှိခွင့်ပြုခဲ့သော အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူမှ အယူခံဝင်ပြီးနောက် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သော အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏အရေးပါမှု

ဤအမှုသည် အထူးသဖြင့် လူများအား ၎င်းတို့၏ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များပေါ်အခြေခံ၍ တိုက်ခိုက်သည့် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး Meta က ၎င်း၏ အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှုတွင် အမှားအယွင်းများရှိကြောင်း ဦးစားပေးဖော်ပြသည်။ စိစစ်ရာတွင် အမှားအယွင်းများရှိခြင်းသည် လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေဆဲ အချိန်ကာလများတွင် အထူးအန္တရာယ်ရှိသည်။ ထို့ကြောင့် ပိုမိုခိုင်မာသော အကြောင်းအရာ စိစစ်သည့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ထားရှိခဲ့သင့်သည်။

အလားတူပင် Knin ကာတွန်း အမှုတွင်လည်း နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ချက်ဖြစ်သော လူမျိုးစုပေါ် ပစ်မှတ်ထားသည့်အနေဖြင့် လူမျိုးစုတစ်စုကို အတိအလင်း အမည်တပ်မပြောဘဲ ကြွက်များအဖြစ် ရည်ညွှန်းထားသော အမုန်းစကား ပါဝင်ခဲ့သည်။ သို့သော် Knin ကာတွန်းအမှုတွင် လူမျိုးစုတစ်စုကို အမှတ်သညာဖြင့် သရုပ်ဖော်မှုဟု ကောက်ချက်ချရန်အတွက် သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေကို ဆက်စပ်စဉ်းစားရန် လိုအပ်ခဲ့ပြီး ဤအမှုရှိ အကြောင်းအရာမှာမူ ဒေသခံတစ်ရပ်လုံးအား လူသားအဖြစ်မှ နှိမ့်ချသော မှတ်ချက်များနှင့် တိုက်ရိုက်ပိုမိုဆက်နွှယ်သဖြင့် လူများကို နှိမ့်ချဆက်ဆံခြင်းမှ ကာကွယ်ထားသော အချက်များဖြင့် ရည်ညွှန်းမှုအဖြစ် ကျိုးကြောင်းသင့်စွာ နားလည်ထားသင့်သည်။

Knin ကာတွန်း ဆုံးဖြတ်ချက်တွင် Meta အနေဖြင့် "ရည်ညွှန်းချက်ကို ကျိုးကြောင်းသင့်စွာ နားလည်သည့်အခါ နှိမ့်ချခွဲခြားဆက်ဆံမှ ကာကွယ်ပေးထားသည့် အဖွဲ့များအား သွယ်ဝိုက်ရည်ညွှန်းချက်များကိုပင် မူဝါဒအရ တားမြစ်ထားကြောင်း ရှင်းပြလျက် အမုန်းစကား လူမှုစံနှုန်းနှင့် စိစစ်သုံးသပ်သူများကို ပေးအပ်သည့် လမ်းညွှန်ချက်ကို ရှင်းလင်းဖော်ပြသင့်သည်" ဟု ဘုတ်အဖွဲ့က အကြံပြုခဲ့သည် (Knin ကာတွန်း ဆုံးဖြတ်ချက်၊ အကြံပြုချက် နံပါတ် ၁)။ ၎င်းကို Meta က တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ပြီးကြောင်း အစီရင်ခံခဲ့သည်။ "သွယ်ဝိုက်ရည်ညွှန်းသော အမုန်းစကားကို အကြောင်းအရာများစွာ စိစစ်သုံးသပ်သူများက ကျွမ်းကျင်သူစိစစ်သုံးသပ်ရန်အတွက် တင်ပြထားပြီး အသုံးပြုသူ၏ ရည်ရွယ်ချက်ကို Meta က ကျိုးကြောင်းသင့်စွာ နားလည်နိုင်ခဲ့လျှင် အဆိုပါ အမုန်းစကားကို ဖယ်ရှားမည်ဟု ရှင်းပြထားသော သုံးနှုန်းဖော်ပြချက်ကို လူမှုစံနှုန်းများနှင့် စိစစ်သုံးသပ်သူများအတွက် မူဝါဒလမ်းညွှန်တွင် ထည့်သွင်းခဲ့သည်" ဟု ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် Meta က အစီရင်ခံခဲ့ပါသည်။ ပြင်ဆင်ချက်များကို အမုန်းစကား လူမှုစံနှုန်းတွင် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ လူမှုစံနှုန်းများဆိုင်ရာ အထွေထွေမိတ်ဆက်တွင်သာ ပြုလုပ်ခဲ့သဖြင့် ဤအကြံပြုချက်ကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်ထားပြီးအဖြစ် ဘုတ်အဖွဲ့က ယူဆသည်။

ဤအကြံပြုချက်ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် Meta ၏ အမုန်းစကား မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှုအမှားအယွင်းများ၏ အရေအတွက်ကို လျော့နည်းစေမည်ဟု ဘုတ်အဖွဲ့က ယုံကြည်ပါသည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة