Decisión de casos múltiples
ကျား/မ သတ်မှတ်ချက်နှင့် အဖော်အချွတ်
17 de enero de 2023
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ရင်ဘတ်ဗလာဖြင့် လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသော လူများကို သရုပ်ဖော်ထားသည့် Instagram ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ပယ်ချထားသည်။
2 casos incluidos en el paquete
IG-AZHWJWBW
Instagram ပေါ်က လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းအကြောင်း ကိစ္စရပ်
IG-PAVVDAFF
Instagram ပေါ်က လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းအကြောင်း ကိစ္စရပ်
အမှု အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ရင်ဘတ်ဗလာဖြင့် လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသော လူများကို သရုပ်ဖော်ထားသည့် Instagram ပို့စ်နှစ်ခုကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ပယ်ချလိုက်သည်။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများကို အလေးထားသည့် ရှင်းလင်းသော သတ်မှတ်စံနှုန်းဖြင့် ထိန်းချုပ်ထားစေရန် Meta အနေဖြင့် ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းကို ပြောင်းလဲရန်လည်း ၎င်းက အကြံပြုသည်။
အမှု အကြောင်း
ဤဆုံးဖြတ်ချက်တွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ပထမဆုံးအနေဖြင့် အမှုနှစ်ခုကို အတူတကွ လက်ခံစဉ်းစားသည်။ သီးခြားအကြောင်းအရာ အစိတ်အပိုင်းနှစ်ခုထဲမှ တစ်ခုကို ၂၀၂၁ ခုနှစ်၊ အခြားတစ်ခုကို ၂၀၂၂ ခုနှစ်၌ Instagram အကောင့်တစ်ခုတည်းက ပို့စ်တင်ထားသည်။ လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူအဖြစ် ခွဲခြားသတ်မှတ်ထားသော အမေရိကန်ပြည်ထောင်စု အခြေစိုက် စုံတွဲတစ်တွဲက အကောင့်ကို ထိန်းသိမ်းထားသည်။
ပို့စ်နှစ်ခုလုံးတွင် နို့သီးခေါင်းများကို ဖုံးထားသော ရင်ဘတ်ဗလာဖြင့် စုံတွဲ၏ ရုပ်ပုံများ ပါဝင်သည်။ ရုပ်ပုံစာတန်းများတွင် လိင်ပြောင်းထားသူ ကျန်းမာရေး စောင့်ရှောက်မှုအကြောင်း ဆွေးနွေးထားပြီး စုံတွဲထဲမှ တစ်ဦးသည် အပေါ်ပိုင်းခွဲစိတ်မှု (ရင်သားပြားစေရန် လိင်အင်္ဂါပြောင်းခွဲစိတ်မှု) ကို မကြာမီ ခံယူမည်ဖြစ်သောကြောင့် ဆေးရုံစရိတ်ပေးရန်အတွက် ထိုစုံတွဲက ရန်ပုံငွေကောက်ခံနေကြောင်း ဖော်ပြထားသည်။
Meta ၏ အလိုအလျောက်စနစ်များမှ သတိပေးချက်များနှင့် အသုံးပြုသူများထံမှ တိုင်ကြားစာများကို ဆက်တိုက်ရရှိပြီးနောက်တွင် အမျိုးမျိုးသော လူမှုစံနှုန်းများအား ချိုးဖောက်နိုင်ဖွယ် အလားအလာများရှိ၊ မရှိ ပို့စ်များကို အကြိမ်များစွာ စိစစ်သုံးသပ်ခဲ့သည်။ ပို့စ်နှစ်ခုလုံးတွင် ရင်သားများနှင့် ရန်ပုံငွေကောက်ခံခြင်း စာမျက်နှာအတွက် လင့်ခ်ပါရှိသောကြောင့် ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းကို ချိုးဖောက်ပုံပေါ်သည့်အတွက် Meta က ထိုပို့စ်နှစ်ခုလုံးကို နောက်ဆုံးတွင် ဖယ်ရှားခဲ့သည်။
အသုံးပြုသူများသည် Meta ထံ အယူခံဝင်ခဲ့ပြီး ထို့နောက်တွင် ဘုတ်အဖွဲ့ထံ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အမှုများကို လက်ခံပြီးနောက်တွင် Meta က ၎င်းအနေဖြင့် ပို့စ်များကို မှားယွင်းဖယ်ရှားခဲ့ကြောင်း တွေ့ရှိခဲ့ပြီး ထိုပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။
အဓိက တွေ့ရှိချက်များ
ဤပို့စ်များကို ဖယ်ရှားခြင်းသည် Meta ၏ လူမှုစံနှုန်းများ၊ စံတန်ဖိုးများ သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာ တာဝန်များနှင့် ကိုက်ညီမှုမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဤအမှုများသည် Meta ၏ မူဝါများနှင့်ပတ်သက်သော အခြေခံပြဿနာများကိုလည်း ဦးစားပေးဖော်ပြသည်။
လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒအရ အကြောင်းအရာကို ဖယ်ရှားရမည့်အချိန်နှင့်ပတ်သက်၍ စိစစ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်သည် မူဝါဒအတွက် ဖော်ပြထားသော သဘောတရား သို့မဟုတ် အများသူငှာရရှိနိုင်သော လမ်းညွှန်ချက်ထက် များစွာပိုမိုကျယ်ပြန့်သည်။ ယင်းသည် အသုံးပြုသူများနှင့် စိစစ်သူများအတွက် ရှုပ်ထွေးမှုဖြစ်စေပြီး Meta က အသိအမှတ်ပြုထားသည့်အတိုင်း အကြောင်းအရာအား မှားယွင်းဖယ်ရှားခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
အမှုများမှ အနည်းဆုံးတစ်ခုတွင် ပို့စ်အား အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းကို စည်းကမ်းတင်းကျပ်ရန် လေ့ကျင့်ထားသော အလိုအလျောက်စနစ်တစ်ခုမှ လူကိုယ်တိုင် စိစစ်သုံးသပ်မှုအတွက် ပေးပို့ခဲ့သည်။ ဤစံနှုန်းသည် နို့တိုက်ကျွေးခြင်းနှင့် လိင်အင်္ဂါပြောင်း ခွဲစိတ်ကုသမှုကဲ့သို့ သတ်မှတ်ထားသော အခြေအနေများတွင်မှလွဲ၍ အခြားအခြေအနေများတွင် အမျိုးသမီးသားမြတ်များ ပါရှိသော ရုပ်ပုံများကို တားမြစ်သည်။
ဤမူဝါဒသည် ကျား/မလိင်နှစ်မျိုး ခွဲခြားသတ်မှတ်မှုအမြင်နှင့် အမျိုးသားနှင့် အမျိုးသမီး ခန္ဓာကိုယ်များအကြား ကွဲပြားမှုအပေါ် အခြေခံထားသည်။ ထိုကဲ့သို့ ချဉ်းကပ်ပုံချဉ်းကပ်နည်းသည် စည်းမျဉ်းများက ဒွိလိင်၊ ကျား/မလိင် သတ်မှတ်မှုမရှိသူနှင့် လိင်ပြောင်းထားသူများအပေါ် သက်ရောက်ပုံနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်စေပြီး စိစစ်သုံးသပ်သူများအနေဖြင့် အတိုင်းအတာတစ်ခုတွင် အကြောင်းအရာကို သုံးသပ်သည့်အခါ လက်တွေ့မကျသော တစ်သီးပုဂ္ဂလဆန်သည့် လိင်နှင့်ကျား/မဆိုင်ရာ အကဲဖြတ်ချက်များကို အလျင်အမြန် ပြုလုပ်ရစေသည်။
အမျိုးသမီးသားမြတ်များအပေါ် ချမှတ်ထားသည့် စည်းမျဉ်းများအတွက် ကန့်သတ်ချက်များနှင့် ခြွင်းချက်များသည် အထူးသဖြင့် လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မထားသူများအပေါ် သက်ရောက်သောကြောင့် ၎င်းတို့သည် ကျယ်ပြန့်ပြီး ရှုပ်ထွေးသည်။ မူဝါဒခြွင်းချက်များသည် ဆန္ဒပြပွဲများမှ ကလေးမွေးဖွားမှု မြင်ကွင်းများနှင့် အပေါ်ပိုင်းခွဲစိတ်ကုသမှုနှင့် ရင်သားကင်ဆာ အသိပညာပေးအပါအဝင် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး အခြေအနေများအထိ ရှိသည်။ ဤခြွင်းချက်များသည် မကြာခဏဆိုသလို ရှုပ်ထွေးခက်ခဲလွန်း၍ ဉာဏ်မမီနိုင်သည့်အပြင် ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုပုံမှာ ညံ့ဖျင်းလွန်းသည်။ အချို့သောအခြေအနေများတွင် ဥပမာအားဖြင့် စိစစ်သူများသည် ခြွင်းချက်အချို့ သက်ရောက်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် မြင်နိုင်သော အမာရွတ်၏ အတိုင်းအတာနှင့် သဘောသဘာဝကို အကဲဖြတ်ရမည်။ ဤမူဝါဒတွင် ပင်ကိုအားဖြင့် ရှင်းလင်းမှုမရှိခြင်းသည် အသုံးပြုသူများနှင့် စိစစ်သုံးသပ်သူများအတွက် မသေချာမရေရာမှု ဖြစ်စေပြီး လက်တွေ့တွင် အရာမရောက်ခြင်း ဖြစ်စေသည်။
Meta အနေဖြင့် ၎င်း၏ မူဝါဒများက ခွဲခြားဆက်ဆံခံရသော လူများအပေါ် သက်ရောက်ပုံကို အထူးဂရုပြုရမည်ဖြစ်ကြောင်း ဘုတ်အဖွဲ့က အမြဲတမ်း ပြောကြားခဲ့သည် (ဥပမာအတွက် "Wampum ခါးပတ်" နှင့် "အာရဗီစကားလုံးများကို လက်ခံနိုင်သောပုံစံဖြင့် ပြန်လည်ပြင်ဆင်အသုံးပြုခြင်း" ဆုံးဖြတ်ချက်များကို ကြည့်ပါ)။ ဤနေရာတွင် Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်ဆိုင်ရာ မူဝါဒများသည် ၎င်း၏ ပလက်ဖောင်းများပေါ်ရှိ အမျိုးသမီးများ၊ လိင်ပြောင်းထားသူများနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူ၏ ထုတ်ဖော်ပြသမှုအပေါ် ပိုမိုကြီးမားသော အတားအဆီးများကို ဖြစ်ပေါ်စေကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ဥပမာအားဖြင့် ၎င်းတို့တွင် အမျိုးသမီးများက အစဉ်အလာအားဖြင့် ရင်သားဗလာပြရနိုင်သည့်အခြေအနေများတွင် ပြင်းထန်သော သက်ရောက်မှုတစ်ခုရှိပြီး ဤအမှုများက ပြထားသည့်အတိုင်း LGBTQI+ အဖြစ် မည်သူမည်ဝါခွဲခြားဖော်ထုတ်ထားသောသူများအား အချိုးအစားမမျှတစွာ ထိခိုက်နိုင်သည်။ အကြောင်းအရာသည် Meta ၏ မူဝါဒများကို မချိုးဖောက်သော်လည်း Meta ၏ အလိုအလျောက်စနစ်များသည် ၎င်းကို အကြိမ်များစွာ ခွဲခြားဖော်ထုတ်ခဲ့သည်။
Meta သည် ဤစိုးရိမ်ပူပန်မှုအားလုံးကို ဖြေရှင်းပေးသည့် မူဝါဒများကို ရေးဆွဲပြီး အကောင်အထည်ဖော်ရန် ကြိုးပမ်းသင့်သည်။ ၎င်းသည် အသုံးပြုသူအားလုံးအား လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီသောပုံစံဖြင့် ဆက်ဆံကြောင်း သေချာစေသည့် အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒကို ထိန်းချုပ်ရန် ရှင်းလင်းသော သတ်မှတ်စံနှုန်းကို ပြဋ္ဌာန်းခြင်းဖြင့် ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အဖော်အချွတ်ကို စီမံကိုင်တွယ်ရာ၌ ၎င်း၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းကို ပြောင်းလဲသင့်သည်။ ၎င်းသည် အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒက အလိုမတူဘဲ ရုပ်ပုံမျှဝေခြင်းကို ကာကွယ်ပေးခြင်းရှိ၊ မရှိနှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အခြားမူဝါဒများကို ဖြည့်စွက်ဖော်ပြရန် လိုအပ်ခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးသင့်သည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ပို့စ်များကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ပယ်ချသည်။
ဘုတ်အဖွဲ့က Meta အနေဖြင့်လည်း လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- လူအားလုံးကို လိင် သို့မဟုတ် ကျား/မပေါ်အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုဘဲ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် တစ်သမတ်တည်း ကိုက်ညီသော ပုံစံဖြင့် ဆက်ဆံရန်အတွက် ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းကို ထိန်းချုပ်ရာတွင် ရှင်းလင်းပြီး ဘက်မလိုက်သော၊ ရပိုင်ခွင့်များကို အလေးထားသည့် သတ်မှတ်စံနှုန်းကို ပြဋ္ဌာန်းရန်။ Meta သည် ပထမဦးစွာ မတူကွဲပြားသော ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ထိုကဲ့သို့ပြောင်းလဲမှုတစ်ခုအပေါ် ပြည့်စုံသော လူ့အခွင့်အရေး သက်ရောက်မှု အကဲဖြတ်ချက်တစ်ခု ဆောင်ရွက်သင့်ပြီး ခွဲခြားဖော်ထုတ်ထားသော အန္တရာယ်မှန်သမျှကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်တစ်ခု ဖန်တီးသင့်သည်။
- အကြောင်းအရာ ဖယ်ရှားခြင်းကို ဖြစ်ပေါ်စေသည့် သတ်မှတ်စံနှုန်းအပေါ် ၎င်း၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း အများမြင် လူမှုစံနှုန်းတွင် နောက်ထပ် အသေးစိတ်အချက်အလက်များ ပံ့ပိုးပေးရန်။
- မူဝါဒနှင့်ပတ်သက်သော အများသိရှိသည့် စည်းမျဉ်းများကို ပိုမိုတိကျစွာ ထင်ဟပ်စေရန်အလို့ငှာ စိစစ်သူများအတွက် ၎င်း၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းနှင့်ပတ်သက်သော လမ်းညွှန်ချက်ကို ပြင်ဆင်ရန်။ ထိုသို့ပြုလုပ်ခြင်းသည် Meta ဘက်မှ စည်းကမ်းထိန်းသိမ်းမှု အမှားများကို လျှော့ချရာတွင် အကူအညီဖြစ်စေပါမည်။
*အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် Meta က ဖယ်ရှားခဲ့သော Instagram ပို့စ်များနှင့် ပတ်သက်သည့် အမှုနှစ်ခုရှိ Meta ၏ မူလဆုံးဖြတ်ချက်များကို ပယ်ချလိုက်သည်။ အမှုနှစ်ခုလုံးရှိ ၎င်း၏ မူလဆုံးဖြတ်ချက်များသည် မှားယွင်းခဲ့ကြောင်း Meta က အသိအမှတ်ပြုခဲ့သည်။ ဤအမှုများသည် Meta ၏ မူဝါဒများက ၎င်း၏ ပလက်ဖောင်းတွင် အမျိုးသမီးများနှင့် LGBTQI+ အသုံးပြုသူများ၏ ထုတ်ဖော်ပြောဆိုခွင့်များအပေါ် အချိုးကျမျှတမှုမရှိစွာ သက်ရောက်ပုံနှင့် ပတ်သက်၍ အရေးကြီးသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။ Meta အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် တစ်သမတ်တည်းဖြစ်ပြီး လိင် သို့မဟုတ် ကျား/မ ခံယူချက်ပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းကို ရှောင်ကြဉ်သည့် လူအားလုံးအပေါ် တန်းတူရည်တူဆက်ဆံမှုကို သေချာစေကာ ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒအလုံးစုံကို ထိန်းချုပ်ရန် ရှင်းလင်းပြီး ဘက်မလိုက်သော၊ ရပိုင်ခွင့်များကို လေးစားသည့် သတ်မှတ်စံနှုန်းကို ပြဋ္ဌာန်းသင့်ကြောင်း ဘုတ်အဖွဲ့က အကြံပြုသည်။ Meta သည် ပထမဦးစွာ မတူကွဲပြားသော သဘောတရား၊ ပထဝီတည်နေရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု ပါရှိသည့် ယင်းကဲ့သို့သတ်မှတ်စံနှုန်းကို လက်ခံကျင့်သုံးခြင်း၏ သွယ်ဝိုက်သက်ရောက်မှုများကို စိစစ်သုံးသပ်ရန် ပြည့်စုံသော လူ့အခွင့်အရေးသက်ရောက်မှု အကဲဖြတ်ခြင်းကို ဆောင်ရွက်သင့်သည်။ ဤအကဲဖြတ်ချက်က အလားအလာရှိသော အန္တရာယ်မှန်သမျှကို ခွဲခြားဖော်ထုတ်သင့်သည့် အတိုင်းအတာအထိ မူဝါဒအသစ် အကောင်အထည်ဖော်ခြင်းသည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် လျော့ပါးစေသည့် အစီအစဉ်တစ်ခု ပါဝင်သင့်သည်။
Meta သည် ၎င်း၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း အများမြင်မူဝါဒကို ရှင်းလင်းဖော်ပြပြီး ထိုကဲ့သို့ချိုးဖောက်မှုများကို ပိုမိုကောင်းမွန်စွာ ပစ်မှတ်ထားရန်အတွက် ၎င်း၏ ကုမ္ပဏီတွင်း စည်းကမ်းထိန်းသိမ်းမှု လမ်းညွှန်ချက်ကို အကျဉ်းချုံ့ရန် ဘုတ်အဖွဲ့က ထပ်မံအကြံပြုသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
ဤအမှုများသည် ကြီးကြပ်ရေးဘုတ်အဖွဲ့က ဤဆုံးဖြတ်ချက်တွင် အတူတကွ ကိုင်တွယ်ဖြေရှင်းနေသည့် Meta က ချမှတ်သော အကြောင်းအရာ ဆုံးဖြတ်ချက်နှစ်ခုနှင့် သက်ဆိုင်သည်။ စာတန်းများပါသော သီးခြားရုပ်ပုံနှစ်ပုံကို အမေရိကန်အခြေစိုက် စုံတွဲတစ်တွဲမှ ပူးတွဲထိန်းသိမ်းသော အကောင့်တစ်ခုတည်းက Instagram ပေါ်တွင် ပို့စ်တင်ခဲ့သည်။ မိမိကိုယ်ကို လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူအဖြစ် ခွဲခြားသတ်မှတ်ကြောင်း ပို့စ်များနှင့် ဘုတ်အဖွဲ့ထံ တင်ပြချက်များတွင် ဖော်ပြထားသည့် စုံတွဲကို ရုပ်ပုံနှစ်ပုံလုံးတွင် အသားပေးထားသည်။
Meta သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းအရ ပို့စ်နှစ်ခုလုံးကို ဖယ်ရှားခဲ့သည်။ အမှုနှစ်ခုလုံးတွင် Meta ၏ အလိုအလျောက်စနစ်များသည် အကြောင်းအရာကို ချိုးဖောက်နိုင်ခြေရှိသည်ဟု ခွဲခြားဖော်ထုတ်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တင်ခဲ့သော ပထမရုပ်ပုံတွင် လူနှစ်ဦးလုံးသည် ရင်သားဗလာဖြစ်နေပြီး အသားရောင်တိတ်ဖြင့် ၎င်းတို့၏ နို့သီးခေါင်းများကို ဖုံးထားသည်။ ၂၀၂၂ ခုနှစ်တွင် တင်ခဲ့သော ဒုတိယရုပ်ပုံတွင် တစ်ဦးသည် အဝတ်အစားဝတ်ထားပြီး အခြားတစ်ဦးသည် ရင်သားဗလာဖြစ်နေကာ သူ၏ နို့သီးခေါင်းများကို သူ့လက်များဖြင့် ဖုံးထားသည်။ ဤရုပ်ပုံများနှင့်ပူးတွဲပါသော စာတန်းများတွင် ဓာတ်ပုံနှစ်ပုံလုံးရှိ ရင်သားဗလာဖြစ်နေသူသည် ရင်သားပြားစေရန် လိင်အင်္ဂါပြောင်း အပေါ်ပိုင်းခွဲစိတ်မှုကို မကြာမီခံယူမည့်အကြောင်း ဆွေးနွေးထားသည်။ ၎င်းတို့သည် ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်ကို မှတ်တမ်းတင်ရန်နှင့် လိင်ပြောင်းထားသူ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်များအကြောင်း ဆွေးနွေးရန် ၎င်းတို့၏ အစီအစဉ်များကို ဖော်ပြထားသည်။ ၎င်းတို့သည် ခွဲစိတ်ကုသမှု လုပ်ထုံးလုပ်နည်းအတွက် အာမခံဝန်ဆောင်မှုကို ရယူရာတွင် အခက်အခဲရှိခဲ့သောကြောင့် ခွဲစိတ်ခပေးချေရန် ရန်ပုံငွေပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာသည်။
ပထမအမှုတွင် ရုပ်ပုံအား ချိုးဖောက်ထားနိုင်ဖွယ်မရှိဟု ဦးစွာ အလိုအလျောက် အမျိုးအစားသတ်မှတ်ခဲ့သည်။ တိုင်ကြားစာကို စိစစ်သုံးသပ်ခြင်းမပြုဘဲ ပိတ်ခဲ့ပြီး အကြောင်းအရာသည် ကနဦး၌ ပလက်ဖောင်းပေါ်တွင် ဆက်လက်ကျန်ရှိနေခဲ့သည်။ ထို့နောက် အသုံးပြုသူသုံးဦးသည် အကြောင်းအရာကို ညစ်ညမ်းပုံနှင့် မိမိကိုယ်ကို နာကျင်စေမှုအတွက် တိုင်ကြားခဲ့သည်။ ဤတိုင်ကြားစာများအား ပို့စ်ကို ချိုးဖောက်ထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည့် လူကိုယ်တိုင်စိစစ်သူများက စိစစ်သုံးသပ်ခဲ့သည်။ အကြောင်းအရာကို အသုံးပြုသူတစ်ဦးက စတုတ္ထအကြိမ် တိုင်ကြားခဲ့သည့်အခါ ပို့စ်သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းကို ချိုးဖောက်ထားကြောင်း အခြားလူကိုယ်တိုင် စိစစ်သုံးသပ်သူတစ်ဦးက တွေ့ရှိခဲ့ပြီး ၎င်းကို ဖယ်ရှားခဲ့သည်။
ဒုတိယအမှုတွင် ပို့စ်ကို Meta ၏ အလိုအလျောက်စနစ်များမှ နှစ်ကြိမ်ဖော်ထုတ်တွေ့ရှိခဲ့ပြီးနောက် လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် ပေးပို့ခဲ့ပြီး ထိုနေရာတွင် နှစ်ကြိမ်လုံး ချိုးဖောက်ထားခြင်းမရှိဟု တွေ့ရှိခဲ့သည်။ ထို့နောက် အသုံးပြုသူနှစ်ဦးက အကြောင်းအရာကို တိုင်ကြားခဲ့သော်လည်း တိုင်ကြားစာတစ်ခုစီကို လူတစ်ဦးက ကိုယ်တိုင်စိစစ်သုံးသပ်ခြင်းမပြုဘဲ အလိုအလျောက်ပိတ်သိမ်းခဲ့ပြီး အကြောင်းအရာသည် Instagram ပေါ်တွင် ဆက်လက်ရှိနေခဲ့သည်။ နောက်ဆုံးတွင် Meta ၏ အလိုအလျောက်စနစ်များသည် အကြောင်းအရာကို တတိယအကြိမ် ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၎င်းကို လူကိုယ်တိုင် စိစစ်သုံးသပ်ရန်အတွက် ပေးပို့ခဲ့သည်။ နောက်ဆုံးနှစ်ကြိမ်တွင် Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ အလိုအလျောက်စနစ်သုံး စိစစ်ခွဲခြားမှုနည်းပညာသည် အကြောင်းအရာကို မှားနေကြောင်း အမှတ်အသားပြုခဲ့သော်လည်း ဤထပ်ခါတလဲလဲ စိစစ်သုံးသပ်မှုများ ပြုလုပ်ရသည့် အကြောင်းရင်းမှာ မရှင်းလင်းပါ။ ပို့စ်သည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ဤနောက်ဆုံး လူကိုယ်တိုင် စိစစ်သုံးသပ်သူက တွေ့ရှိခဲ့ပြီး ၎င်းကို ဖယ်ရှားခဲ့သည်။
အကောင့်ပိုင်ရှင်များသည် ဖယ်ရှားရန်ဆုံးဖြတ်ချက်နှစ်ခုလုံးကို Meta ထံ အယူခံဝင်ခဲ့ပြီး အမှုနှစ်ခုလုံးတွင် အကြောင်းအရာကို လူကိုယ်တိုင် စိစစ်သုံးသပ်သူများက စိစစ်သုံးသပ်ခဲ့သည်။ သို့သော် ဤစိစစ်သုံးသပ်ချက်များသည် Meta က ပို့စ်များကို ပြန်ထည့်သွင်းခြင်းသို့ မဖြစ်ပေါ်စေခဲ့ပါ။ ထို့နောက် အကောင့်ပိုင်ရှင်များက ဖယ်ရှားရန် ဆုံးဖြတ်ချက် နှစ်ခုစလုံးအတွက် ဘုတ်အဖွဲ့သို့ အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့သည် ၎င်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည့် ဤအမှုနှစ်ခုလုံးကို အတူတကွ လက်ခံစဉ်းစားနေသည်။ ဤသို့ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများမှာ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များရှိ အလားတူပြဿနာများကို ခွဲခြားဖော်ထုတ်နိုင်ခြင်းနှင့် ဤပြဿနာများကို ကိုင်တွယ်စီမံသည့် ဖြေရှင်းချက်များကို ပံ့ပိုးပေးနိုင်ခြင်းတို့ ဖြစ်သည်။
ဘုတ်အဖွဲ့က ဤပို့စ်များကို ရွေးချယ်ပြီး Meta အား အကြောင်းအရာကို ဖယ်ရှားရသည့် ၎င်း၏ ဆုံးဖြတ်ချက်အတွက် ကျိုးကြောင်းပြချက် ပေးခိုင်းပြီးနောက် Meta သည် ဖယ်ရှားမှုများကို "စည်းကမ်းထိန်းသိမ်းမှု အမှားများ" အဖြစ် ခွဲခြားဖော်ထုတ်ခဲ့ပြီး ပို့စ်များကို ပြန်ထည့်သွင်းခဲ့သည်။
ဤအမှုများက အရေးကြီးသော ပြဿနာများကို ကိုယ်စားပြုရသည့် အကြောင်းရင်းများကို လက်ခံစဉ်းစားသည့်အခါ ဘုတ်အဖွဲ့သည် ဤအမှုများတွင် လက်ခံရရှိခဲ့သော အများမြင်မှတ်ချက်များ၏ များပြားသောပမာဏ၊ ၎င်းတို့ထဲမှ အများစုမှာ ဤအမှုများရှိ ပြဿနာများနှင့် အလားတူသည့် စည်းကမ်းထိန်းသိမ်းမှု အမှားများနှင့် ကိစ္စရပ်များကြောင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ရကြောင်း ရှင်းပြခဲ့သည့် လိင်ပြောင်းသူများ၊ ကျား/မလိင် သတ်မှတ်မှုမရှိသူများ သို့မဟုတ် မွေးရာပါအတိုင်း လိင်စိတ်ခံယူသူ အမျိုးသမီးများအဖြစ် ခွဲခြားဖော်ပြထားသူများထံမှ ဖြစ်ခဲ့သည်ကို သက်ဆိုင်ရာ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာအဖြစ် မှတ်ချက်ပြုသည်။
Haimson et al၊ Witt၊ Suzor နှင့် Huggins၊ အယ်လ်ဂိုရီသမ်စနစ် ဘက်လိုက်မှုနှင့် ဖယ်ကြဉ်ခံထားရသော လူမှုအဖွဲ့အစည်းများကို ဆင်ဆာဖြတ်ခြင်းဆိုင်ရာ Salty ၏ အစီရင်ခံစာနှစ်စောင်မှ အများမြင်မှတ်ချက်များတွင် ကိုးကားထားသော ပညာရေးဆိုင်ရာ သုတေသနကိုလည်း သက်ဆိုင်ရာ ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာအဖြစ် ဘုတ်အဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ဤအမှုများတွင် ဆွေးနွေးထားသော လူမှုစံနှုန်းနှစ်ရပ်ရှိ စည်းကမ်းထိန်းသိမ်းမှု အမှားများသည် အမျိုးသမီးများနှင့် LGBTQI+ လူမှုအဖွဲ့အစည်းအပေါ် အချိုးအစားမမျှတစွာ သက်ရောက်ကြောင်း ဤလေ့လာမှုများက တွေ့ရှိခဲ့သည်။ ဤလေ့လာမှုများမှ တစ်ခု၏ တွဲဖက်ရေးသားသူသည် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက် ချမှတ်ထားသော Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့တွင် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အကြောင်းအရာပါသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် တုံ့ပြန်ရမည့် အကြံပြုချက်များ ပါရှိသော မူဝါဒအကြံပေး ထုတ်ပြန်ချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။
ဘုတ်အဖွဲ့က အမှုကို ခွဲခြားဖော်ထုတ်ပြီးနောက် Meta က ၎င်းအမှားတစ်ခုလုပ်ခဲ့ကြောင်း အသိအမှတ်ပြုသည့် ဤတစ်ခုကဲ့သို့ အမှုများကို ဘုတ်အဖွဲ့က ရွေးချယ်သည့်အခါ ဘုတ်အဖွဲ့သည် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။ ဤသို့ပြုလုပ်ခြင်းသည် အမှားကို ဖြစ်ပေါ်စေခဲ့သည့် မူဝါဒသတ်မှတ်ချက်များနှင့် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုနားလည်လာစေရန်နှင့် အခြေခံမူဝါဒများဖြင့် ဘုတ်အဖွဲ့က ဖော်ထုတ်တွေ့ရှိသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ ဘုတ်အဖွဲ့သည် နောင်အမှားများဖြစ်နိုင်ခြေကို လျှော့ချရန်နှင့် အသုံးပြုသူများအား ရှေ့ဆက် ပိုမိုမျှတစွာ ဆက်ဆံနိုင်ရေးအတွက် အကြံပြုချက်များပေးရန်လည်း ရည်ရွယ်သည်။
ဘုတ်အဖွဲ့က အလားတူ ပြဿနာများကို ဖြစ်ပေါ်စေသည့် အမှုများကို ဖော်ထုတ်တွေ့ရှိသည့်အခါ ၎င်းတို့ကို အတူတကွ ဝေဖန်သုံးသပ်ရန် ဆွေးနွေးတိုင်ပင်ရေး အဖွဲ့တစ်ခုထံသို့ တစ်ပြိုင်နက်တည်း တာဝန်ပေးအပ်နိုင်သည်။ မူဝါဒ၏ အစိတ်အပိုင်းတစ်ခုစီနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်ပါမည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များ
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် ၎င်း၏ဆုံးဖြတ်ချက်တွင် အောက်ပါလုပ်ပိုင်ခွင့်များနှင့် စံနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
- "အာရဗီစကားလုံးများကို လက်ခံနိုင်သောပုံစံဖြင့် ပြန်လည်ပြင်ဆင်အသုံးပြုခြင်း" ဆုံးဖြတ်ချက် (၂၀၂၂-၀၀၃-IG-UA)။ ဘုတ်အဖွဲ့သည် မူဝါဒခြွင်းချက်များကို ကျင့်သုံးခြင်း၏ စိန်ခေါ်မှုများနှင့် မူဝါဒရွေးချယ်မှုအချို့၏ အချိုးအစားမမျှတသော သက်ရောက်မှုများကို ဆန်းစစ်လေ့လာခဲ့သည်။
- “Wampum ခါးပတ် ဆုံးဖြတ်ချက်” ( ၂၀၂၁-၀၁၂-FB-UA)။ ဘုတ်အဖွဲ့သည် မူဝါဒခြွင်းချက်များကို ကျင့်သုံးခြင်း၏ စိန်ခေါ်မှုများနှင့် မူဝါဒရွေးချယ်မှုအချို့၏ အချိုးအစားမမျှတသော သက်ရောက်မှုများကို ဆန်းစစ်လေ့လာခဲ့သည်။
- "ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်" ( ၂၀၂၀-၀၀၄-IG-UA)။ ဘုတ်အဖွဲ့သည် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ဆန်းစစ်လေ့လာခဲ့ပြီး Meta အနေဖြင့် ရင်သားကင်ဆာရောဂါအကြောင်း အသိပညာပေးခြင်းဆိုင်ရာ ခြွင်းချက်တစ်ခုရှိ၊ မရှိ ရှင်းလင်းဖော်ပြစေရန် အကြံပြုခဲ့သည်။
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ-
ဤအမှုများတွင် Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် Facebook ၏ လူမှုစံနှုန်းများ ပါဝင်ပတ်သက်နေသည်။ Meta ၏ ပွင့်လင်းမြင်သာမှု စင်တာ၌ "Facebook နှင့် Instagram တို့တွင် အကြောင်းအရာဆိုင်ရာ မူဝါဒချင်း တူညီကြသည်။ ဆိုလိုသည်မှာ အကြောင်းအရာကို Facebook တွင် ချိုးဖောက်သည်ဟု လက်ခံယူဆလျှင် ၎င်းကို Instagram တွင်လည်း ချိုးဖောက်သည်ဟု လက်ခံယူဆသည်" ဟု ဆိုထားသည်။
လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
"လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများ ကမ်းလှမ်းခြင်း" ကို ခွင့်မပြုပါဟု Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များတွင် ဖော်ပြထားသည်။ ထို့နောက် ဤပြဋ္ဌာန်းချက်ကို လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းနှင့် ပတ်သက်သော Facebook ၏ လူမှုစံနှုန်းနှင့် ချိတ်ဆက်ထားသည်။
လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း နှင့်ပတ်သက်သော မူဝါဒ သဘောတရားတွင် Meta က ဖော်ပြထားသည်မှာ- "သို့သော်လည်း အကြောင်းအရာသည် အရွယ်ရောက်ပြီးသူများကြား စီးပွားရေးဆိုင်ရာ လိင်ဝန်ဆောင်မှုပေးခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများအတွက် ညှိနှိုင်းဆောင်ရွက်သည့်အခါ၊ အားပေးသည့်အခါ သို့မဟုတ် စီမံပေးသည့်အခါ ကျွန်ုပ်တို့က ကန့်သတ်မှုများ ချမှတ်ထားပါသည်။ ဤသို့ပြုလုပ်ရသည့် အကြောင်းရင်းမှာ လူကုန်ကူးမှုများ၊ အကျပ်ကိုင်မှုများနှင့် ကာယကံရှင်ဆန္ဒမပါသော လိင်မှုကိစ္စများ ပါဝင်နိုင်သည့် ရောင်းဝယ်မှုများ ဖြစ်မြောက်အောင် လုပ်ဆောင်ခြင်းမှ ကင်းဝေးစေရန် ဖြစ်သည်။ ကျွန်ုပ်တို့ ကမ္ဘာ့လူမှုအသိုင်းအဝိုင်း အတွင်းရှိ ပရိသတ်အချို့သည် လိင်ပိုင်းဆိုင်ရာ အလွန်အကြူးဖော်ပြသည့် အသုံးအနှုန်းများကို မမြင်လိုခြင်းများ ရှိနိုင်ပြီး ထိုအသုံးအနှုန်းများသည် လူများအတွက် ၎င်းတို့၏ သူငယ်ချင်းများ၊ ပို၍ ကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းနှင့် ဆက်သွယ်နိုင်စွမ်းအား အဟန့်အတား ဖြစ်စေနိုင်သောကြောင့် ကျွန်ုပ်တို့က လိင်ပိုင်းဆိုင်ရာ မြှူဆွယ်မှုသို့ ဦးတည်စေနိုင်သည့် အဆိုပါ အသုံးအနှုန်းများကိုလည်း ကန့်သတ်ထားပါသည်။"
Meta သည် အတိအလင်းနှင့် သွယ်ဝိုက်သော မြှူဆွယ်ခြင်းနှစ်မျိုးလုံးကို တားမြစ်ကြောင်း Facebook ၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းတွင် ဖော်ပြထားသည်။ သွယ်ဝိုက်သော မြှူဆွယ်ခြင်းတွင် သတ်မှတ်စံနှုန်းနှစ်ခုရှိသည်။ အကြောင်းအရာက မူဝါဒကို ချိုးဖောက်ရာ မြောက်စေရန် ယင်းစံနှုန်းနှစ်ခုလုံးနှင့် ကိုက်ညီရမည်။ ပထမတစ်ခုသည် "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" ဖြစ်ပြီး ၎င်းသည် "လိင်ပိုင်းဆိုင်ရာ မြှူဆွယ်မှုကို တိုက်ရိုက်မဟုတ်ဘဲဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ (ပုံမှန်အားဖြင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းပေးခြင်းဖြင့်) ကမ်းလှမ်းသော သို့မဟုတ် တောင်းဆိုသော အကြောင်းအရာ" ကို ဆိုလိုသည်။ ဒုတိယ သတ်မှတ်စံနှုန်းသည် "လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းများ" ဖြစ်ပြီး "အောက်ဖော်ပြပါ လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသော အစိတ်အပိုင်းများမှ တစ်ခုကို အသုံးပြုပြီး အထက်ဖော်ပြပါ ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု ပြုလုပ်သော အကြောင်းအရာ" ကို ဆိုလိုသည်။ စာရင်းပြုစုထားသော အစိတ်အပိုင်းများတွင် "ဒေသအလိုက် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှု" နှင့် "ကိုယ်ဟန်အနေအထား" များ ပါဝင်သည်။
အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ
Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များတွင် အသုံးပြုသူများအနေဖြင့် အောက်ပါအတိုင်း ပြုလုပ်သင့်ကြောင်း ဖော်ပြထားသည်- "မတူကွဲပြားသော ပရိသတ်တစ်စုအတွက် သင့်လျော်သော ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပို့စ်တင်သင့်သည်။ အနုပညာ သို့မဟုတ် ဖန်တီးမှု သဘောသဘာဝကို အသားပေးသော အဖော်အချွတ်ပုံများကို လူများက မျှဝေလိုသောအချိန်များ ရှိနိုင်ကို ကျွန်ုပ်တို့ သိနားလည်သော်လည်း အကြောင်းတရားအမျိုးမျိုးကြောင့် အဖော်အချွတ်ပုံများကို Instagram တွင် ကျွန်ုပ်တို့ခွင့်မပြုပါ။ ၎င်းတွင် လိင်ဆက်ဆံခြင်း၊ လိင်အင်္ဂါများနှင့် အဝတ်ဗလာကျင်းနေသော တင်သားများကို အနီးကပ်ပြထားသော ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ဖန်တီးထားသော အကြောင်းအရာအချို့ ပါဝင်ပါသည်။ ၎င်းတွင် အမျိုးသမီး သားမြတ်ဓာတ်ပုံအချို့ ပါဝင်သော်ငြားလည်း နို့တိုက်ခြင်း၊ မီးဖွားခြင်းနှင့် မီးဖွားပြီးနောက်ပိုင်း အချိန်များ၊ ကျန်းမာရေးနှင့်ဆိုင်သော အခြေအနေများ (ဥပမာ- သားမြတ်ဖြတ်ထုတ်ပြီးနောက် ရင်သားကင်ဆာဆိုင်ရာ အသိပညာမျှဝေပေးခြင်း သို့မဟုတ် လိင်အင်္ဂါပြောင်းခွဲစိတ်ခြင်း) သို့မဟုတ် ဆန္ဒပြလုပ်ရပ်တို့နှင့် ဆက်စပ်နေသော အကြောင်းအရာရှိသည့် ဓာတ်ပုံများကို ခွင့်ပြုထားပါသည်။" ဤကဏ္ဍသည် ဤစည်းမျဉ်းများနှင့်ပတ်သက်၍ နောက်ထပ်အသေးစိတ် ဖော်ပြထားသည့် Facebook ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စမူဝါဒနှင့် ချိတ်ဆက်ထားသည်။
အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ လူမှုစံနှုန်း၏ မူဝါဒဆိုင်ရာ သဘောတရား တစ်စိတ်တစ်ပိုင်းအနေဖြင့် Meta က ရှင်းပြထားသည်မှာ- "ကျွန်ုပ်တို့အသိုင်းအဝိုင်းရှိ လူအချို့သည် အဖော်အချွတ် သို့မဟုတ် လိင်မှုကိစ္စကဲ့သို့ အကြောင်းအရာမျိုးကို မမြင်လိုခြင်း ရှိကောင်းရှိနိုင်သောကြောင့် ထိုကဲ့သို့အကြောင်းအရာကို ပြသခြင်းအား ကျွန်ုပ်တို့ ကန့်သတ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် လိင်အသားပေးဖော်ပြသော ဓာတ်ပုံများအား ပုံသေဖယ်ရှားခြင်းဖြင့် ကာယကံရှင်ဆန္ဒမပါသည့် သို့မဟုတ် အသက်မပြည့်သေးသူ၏ အကြောင်းအရာကို မျှဝေခြင်းအား တားဆီးပါသည်။"
Facebook ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ မူဝါဒ တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားသည်- "အောက်ပါတို့ကို ပို့စ်မတင်ရပါ- နို့တိုက်ခြင်း၊ ကလေးမွေးခြင်းနှင့် မွေးဖွားပြီးနောက်ပိုင်းအချိန်များ၊ ဆေးဘက်ဆိုင်ရာ သို့မဟုတ် ကျန်းမာရေးအခြေအနေ (ဥပမာ- သားမြတ်ဖြတ်ထုတ်ပြီးနောက် ရင်သားကင်ဆာ အသိပညာပေးခြင်း သို့မဟုတ် လိင်အင်္ဂါပြောင်းခွဲစိတ်ခြင်း) သို့မဟုတ် ကန့်ကွက်ဆန္ဒပြလုပ်ရပ်နှင့် ဆက်စပ်သည့် အကြောင်းအရာမှလွဲ၍ ဖုံးကာထားခြင်းမရှိသည့် အမျိုးသမီးသားမြတ်များ။" အသုံးပြုသူများသည် "ဆေးဘက်ဆိုင်ရာ သို့မဟုတ် ကျန်းမာရေး အခြေအနေ" တစ်ခု (လိင်အင်္ဂါပြောင်းခွဲစိတ်ခြင်း ပါဝင်သည်) တွင် မျှဝေသည့်အခါ လိင်အင်္ဂါပုံကို တင်နိုင်သော်လည်း အကြောင်းအရာသည် ထိခိုက်လွယ်ကြောင်း လူများကို သတိပေးသည့် စာတန်းတစ်ခုကို အသုံးချပါမည်။ သားမြတ်များနှင့် ဤခြွင်းချက်များနှင့် ပတ်သက်သော ထပ်ဆောင်း ကုမ္ပဏီတွင်း လမ်းညွှန်ချက်ဆိုင်ရာ အချက်အလက်ပေါင်း အနည်းဆုံး ၁၈ ချက်လည်းရှိသည်။
၃။ Meta ၏ စံတန်ဖိုးများ-
Meta ၏ စံတန်ဖိုးများကို Facebook လူမှုစံနှုန်းများ မိတ်ဆက်တွင် အကျဉ်းချုပ်ဖော်ပြထားပြီး "သဘောထား ထုတ်ဖော်ခွင့်" စံနှုန်းကို "ပဓာန" အနေဖြင့် သတ်မှတ်ဖော်ပြထားသည်-
ကျွန်ုပ်တို့လူမှုစံနှုန်းများ၏ ရည်ရွယ်ချက်မှာ လူများအတွက် ထုတ်ဖော်ပြောဆိုခွင့်နှင့် မိမိသဘောထားကို ပြသနိုင်သော နေရာတစ်ခု အမြဲတမ်းဖန်တီးပေးရန် ဖြစ်ပါသည်။ […] အချို့ကိစ္စရပ်များတွင် သဘောမတူညီနိုင်သည့် သို့မဟုတ် ကန့်ကွက်မှုများ ရှိနိုင်သည့်တိုင်အောင် ၎င်းတို့အတွက် အရေးပါသည့် ကိစ္စများအကြောင်း လူထုအား လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိစေလိုပါသည်။
Meta သည် "သဘောထား ထုတ်ဖော်ခွင့်” ကို စံတန်ဖိုးလေးမျိုးနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင်သာ အသုံးချရန် ကန့်သတ်ထားပြီး နှစ်မျိုးမှာ ဤနေရာတွင် ဆက်စပ်သက်ဆိုင်မှုရှိပါသည်-
"အန္တရာယ်ကင်းရှင်းရေး"- ကျွန်ုပ်တို့သည် Facebook အား ဘေးကင်းလုံခြုံသော နေရာတစ်ခု ဖြစ်စေရန် သန္နိဋ္ဌာန် ချထားသည်။ လူများကိုခြိမ်းခြောက်သော ထုတ်ဖော်ပြောဆိုမှုသည် အခြားသူများအား ခြိမ်းခြောက်သည့်၊ ဖယ်ကြဉ်သည့် သို့မဟုတ် နှုတ်ပိတ်စေသည့် အလားအလာရှိပြီး ၎င်းကို Facebook ပေါ်တွင် ခွင့်မပြုပါ။
"ဂုဏ်သိက္ခာ"- လူသားအားလုံးတွင် ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြီး အခြားသူများကို နှောင့်ယှက်တိုက်ခိုက်ခြင်း သို့မဟုတ် သိက္ခာချခြင်း ပြုလုပ်လိမ့်မည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
၄။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ-
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။ ဤအမှုများတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် (ICCPR)။ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ ဆက်သွယ်ရေး ၄၈၈/၁၉၉၂။ ဆုံးဖြတ်ချက် ၃၂/၂ လူ့အခွင့်အရေးကောင်စီ၊ ၂၀၁၆။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အစီရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈) နှင့် က/၇၄/၄၈၆ (၂၀၁၉)။
- အမျိုးသမီးများ၏အခွင့်အရေး- အပိုဒ် ၂ နှင့် အပိုဒ် ၅၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူညီချက် (CEDAW)။
- ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်- အပိုဒ် ၂၊ ပိုဒ်ခွဲ ၁ နှင့် အပိုဒ် ၂၆၊ ICCPR။ Nepomnyashchiy v Russia၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၈ ( CCPR/C/၁၂၃/D/၂၃၁၈/၂၀၁၃)။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဤအမှုများအတွက် အသုံးပြုသူများ၏ တင်ပြချက်များတွင် လိင်အင်္ဂါပြောင်းသူများကို မနှစ်သက်ခြင်းကြောင့် အကြောင်းအရာကို ဖယ်ရှားခဲ့သည်ဟု ၎င်းတို့ယူဆကြောင်း အသုံးပြုသူများက ဖော်ပြထားသည်။ ဤအကြောင်းအရာသည် ပလက်ဖောင်းပေါ်တွင် ရှိနေသင့်သည်ဟု ဘုတ်အဖွဲ့က အတည်ပြုခဲ့ပါက ဆုံးဖြတ်ချက်သည် LGBTQI+ ထုတ်ဖော်ပြောဆိုမှုအတွက် Instagram အား ပိုမိုလှိုက်လှဲစွာကြိုဆိုသည့် နေရာတစ်ခု ဖြစ်စေလိမ့်မည်ဟု ၎င်းတို့က ရေးထားသည်။
၆။ Meta ၏ တင်ပြချက်များ
အကြောင်းအရာ ဖယ်ရှားမှုနှစ်ခုလုံးသည် စည်းကမ်းထိန်းသိမ်းမှု အမှားများဖြစ်ကြောင်းနှင့် မည်သည့်ပို့စ်ကမျှ ၎င်း၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒများကို မချိုးဖောက်ခဲ့ကြောင်း Meta က ၎င်း၏ ဆုံးဖြတ်ချက် သဘောတရားတွင် ရှင်းပြခဲ့သည်။ "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှုသည် ရန်ပုံငွေပွဲတစ်ခုအတွက် အလှူငွေများရရှိရန် သို့မဟုတ် ဝက်ဘ်ဆိုက်တစ်ခုကို ဝင်ရောက်ကြည့်ရှုပြီး တီရှပ်များ ဝယ်ယူစေရန်အတွက်သာ ဖြစ်ပြီး နှစ်ခုလုံးသည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းနှင့် မသက်ဆိုင်ပါ" ဟု Meta က ဆိုသည်။
မည်သည့်ပို့စ်ကမျှ ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ စံနှုန်းကို မချိုးဖောက်ဟုလည်း Meta က ဆိုသည်။ ကုမ္ပဏီတွင်းရှိ "စိစစ်သုံးသပ်သူအတွက် လမ်းညွှန်ချက်သည် ကျား/မလိင် သတ်မှတ်မှုမရှိသူ၊ ကြားနေလိင် သို့မဟုတ် လိင်ပြောင်းထားသူ၏ အဖော်အချွတ်အပေါ် အရေးယူဆောင်ရွက်ပုံကို အထူးဖြေရှင်းသည်" ဟု သဘောတရားတွင် ဖော်ပြထားသည်။ ဤအမှုများရှိ အကြောင်းအရာကို "အကြောင်းအရာ၏ အလုံးစုံသော အဓိကအချက်အလက် (လုပ်ဆောင်နေဆဲ အပေါ်ပိုင်းခွဲစိတ်မှု) နှင့် အသုံးပြုထားသော ဟက်ရှ်တပ်ဂ်များဖြင့် သက်သေပြထားသည့်အတိုင်း ပြည့်စုံရှင်းလင်းသော ကျား/မလိင် သတ်မှတ်မှုမရှိသူ သို့မဟုတ် လိင်ပြောင်းထားသူ အခြေအနေ" တစ်ခုဖြင့် မျှဝေခဲ့သည်။ "ဤအမှုများတွင် သားမြတ်များကို မြင်နိုင်ပြီး မဖုံးထားလျှင်ပင် ၎င်းတို့သည် ကျွန်ုပ်တို့၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒကို ချိုးဖောက်ရာရောက်မည်မဟုတ်ပါ" ဟု Meta က ကောက်ချက်ချခဲ့သည်။ ရုပ်ပုံနှစ်ပုံလုံးတွင် သားမြတ်များကို "အပြည့် ဖုံးကွယ်ထားသည်" ဟုလည်း Meta က အသိအမှတ်ပြုခဲ့သည်။
အကြောင်းအရာကို ဖယ်ရှားပြီးနောက် ကုန်လွန်သွားသော အချိန်ကို ထည့်သွင်းစဉ်းစားပါက Meta သည် ဘုတ်အဖွဲ့အား အကြောင်းအရာကို ချိုးဖောက်နိုင်ခြေရှိသည်အဖြစ် ဖော်ထုတ်တွေ့ရှိခဲ့သည့် အမျိုးမျိုးသော အလိုအလျောက်စနစ်အားလုံးကို စည်းကမ်းတင်းကျပ်ရန် မည်သည့်မူဝါဒ သို့မဟုတ် မူဝါဒများအား စီစဉ်ရေးဆွဲခဲ့ကြောင်း မပြောနိုင်ခဲ့ပါ။ အမှုတစ်ခုတွင် အကြောင်းအရာအား အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ စိစစ်ခွဲခြားမှုနည်းပညာများမှ စိစစ်သုံးသပ်မှုအတွက် နှစ်ကြိမ်စာရင်းသွင်းခဲ့ကြောင်း Meta က ရှင်းပြနိုင်ခဲ့သည်။ အကြောင်းအရာသည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒကို ချိုးဖောက်ခဲ့ကြောင်း စိစစ်သုံးသပ်သူများက ထင်မြင်ခဲ့ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍လည်း Meta သည် မည်သည့်ရှင်းလင်းချက်မျှ မပေးနိုင်ခဲ့ပါ။ "အကြောင်းအရာ စိစစ်သုံးသပ်သူအချို့သည် ကျွန်ုပ်တို့၏ ကုမ္ပဏီတွင်း စိစစ်သုံးသပ်သူ လမ်းညွှန်ချက်၏ နည်းပညာအလွန်အကျွံ အသုံးချမှုပေါ်အခြေခံ၍ သွယ်ဝိုက်သော လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း (မဟုတ်သော်လည်း) ယင်းအဖြစ် အကြောင်းအရာကို မှားယွင်းစွာ ဖယ်ရှားနိုင်ကြောင်း" Meta က သိရှိသည်ဟု သဘောတရားတွင် အသိအမှတ်ပြုထားသည်။
ဘုတ်အဖွဲ့သည် Meta အား မေးခွန်း ၁၈ ခု မေးခဲ့ပြီး Meta က ၎င်းတို့အားလုံးကို ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ဤအမှုများနှင့် ပတ်သက်သည့် အများမြင် မှတ်ချက် ၁၃၀ ခုကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ မှတ်ချက် ကိုးဆယ့်ခုနစ်ခု၊ ဥရောပမှ ၁၉ ခု၊ အာရှပစိဖိတ်နှင့် အိုးရှန်းနီးယားမှ ၁၀ ခု၊ လတ်တင်အမေရိကနှင့် ကာရေဘီယံမှ တစ်ခု၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ တစ်ခု၊ အာဖရိက တောင်ပိုင်းဆာဟာရဒေသမှ တစ်ခုနှင့် အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းမှ တစ်ခု အသီးသီးပေးပို့ခဲ့ကြသည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- လိင်ပြောင်းထားသူများ၊ ကျား/မလိင် သတ်မှတ်မှုမရှိသူများနှင့် အမျိုးသမီး အသုံးပြုသူများထံမှ အကြောင်းအရာကို မှားယွင်းဖယ်ရှားမှုများ၊ ပလက်ဖောင်းပေါ်တွင် ခွင့်ပြုထားသော အဖော်အချွတ်ပုံစံများကို ဆုံးဖြတ်ရန် ကျား/မ အခြေပြု ကွဲပြားမှုများ၏ မမျှတမှုနှင့် မညီမျှမှု၊ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်ကိစ္စ၊ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းများအောက်တွင် ခွင့်ပြုထားသော အကြောင်းအရာများနှင့် ပတ်သက်၍ ရှုပ်ထွေးမှုနှင့် LGBTQI+ အခွင့်အရေးများ ခြိမ်းခြောက်ခံနေရသော လူမှုအဖွဲ့အစည်းများတွင် ထုတ်ဖော်ပြောဆိုမှုအတွက် လူမှုကွန်ရက်၏ အရေးပါမှု။
ဤအမှုများအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။ မှတ်ချက်ပေးသူမှတစ်ပါး အခြားပုဂ္ဂိုလ်များနှင့်ပတ်သက်သည့် ကိုယ်ရေးကိုယ်တာအရ မည်သူမည်ဝါခွဲခြားဖော်ထုတ်နိုင်သော အချက်အလက်များပါရှိသောကြောင့် ပေးပို့ထားသော မှတ်ချက်များစွာကို မထည့်သွင်းထားပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
ဘုတ်အဖွဲ့အနေဖြင့် ဤပို့စ်များကို ပြန်လည်ထည့်သွင်းသင့်၊ မသင့် အကဲဖြတ်ရန် ရှုထောင့် သုံးခုမှ မေးခွန်းထုတ်ကြည့်ရှုခဲ့သည်- Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ ကုမ္ပဏီ၏ စံတန်ဖိုးများနှင့် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ။
ဖယ်ကြဉ်ခံထားရသော အုပ်စုများဟု ခွဲခြားသတ်မှတ်ခံထားရသော လူများ တင်ထားသည့် ချိုးဖောက်မထားသော အကြောင်းအရာကို ဖယ်ရှားခြင်းသည် ၎င်းတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသောကြောင့် ဘုတ်အဖွဲ့သည် ဤအမှုများကို ရွေးချယ်ခဲ့သည်။ Instagram သည် လူမှုအဖွဲ့အစည်း တည်ဆောက်ရန် ဤအုပ်စုများအတွက် အရေးကြီးသော ဆွေးနွေးရာရပ်ဝန်းတစ်ခု ဖြစ်နိုင်သောကြောင့် ၎င်းသည် အထူးသဖြင့်အရေးပါသည်။ ဤအမှုများသည် စည်းကမ်းထိန်းသိမ်းမှုအမှားများက အချို့သောအုပ်စုများအပေါ် အချိုးအစားမမျှတသော သက်ရောက်မှုတစ်ခုရှိနိုင်ပုံကို လက်တွေ့ပြပြီး ပြင်ဆင်သင့်သည့် မူဝါဒနှင့် စည်းကမ်းထိန်းသိမ်းမှုရှိ ပိုမိုကျယ်ပြန့်သော ပြဿနာများကို ညွှန်ပြနိုင်သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
ဤပို့စ်များသည် Meta အကြောင်းအရာဆိုင်ရာ မူဝါဒ တစ်ခုကိုမျှ မချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များသည် Instagram တွင် သက်ရောက်သော်လည်း Meta က "Facebook နှင့် Instagram တို့တွင် အကြောင်းအရာဆိုင်ရာ မူဝါဒချင်း တူညီကြသည်။ အကြောင်းအရာကို Facebook တွင် ချိုးဖောက်သည်ဟု လက်ခံယူဆပါက ၎င်းကို Instagram တွင်လည်း ချိုးဖောက်သည်ဟု လက်ခံယူဆသည်" ဟု ဖော်ပြထားသည်။ Facebook လူမှုစံနှုန်းများတွင် ပို၍အသေးစိတ် ပြဋ္ဌာန်းထားပြီး ၎င်းတို့ကို လမ်းညွှန်ချက်များတွင် ချိတ်ဆက်ဖော်ပြထားသည်။
က။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
သွယ်ဝိုက်သော လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းဖြစ်ရန် အစိတ်အပိုင်းနှစ်ရပ် လိုအပ်သည်ဟု လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းတွင် ဖော်ပြထားသည်-
- သွယ်ဝိုက်သော ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှုတစ်ခု ပါရှိသော အကြောင်းအရာနှင့်
- လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းများ။
သွယ်ဝိုက်သော ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု။
သွယ်ဝိုက်သော ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှုကို "လိင်ပိုင်းဆိုင်ရာ မြှူဆွယ်မှုအား တိုက်ရိုက်မဟုတ်ဘဲဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ (ပုံမှန်အားဖြင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းပေးခြင်းဖြင့်) ကမ်းလှမ်းသော သို့မဟုတ် တောင်းဆိုသော အကြောင်းအရာ" အဖြစ် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စိစစ်သုံးသပ်သူများအတွက် ထပ်ဆောင်း ကုမ္ပဏီတွင်း လမ်းညွှန်ချက်ပေးသည့် Meta ၏ "သိထားသော မေးခွန်းများ" တွင် သွယ်ဝိုက်သော ကမ်းလှမ်းမှုတစ်ခုအဖြစ် ဖယ်ရှားခံရသော ဆက်သွယ်ရန်အချက်အလက် စာရင်းတွင် လူမှုကွန်ရက် ပရိုဖိုင်လင့်ခ်များနှင့် "စာရင်းပေးသွင်းမှုအခြေပြု ဝက်ဘ်ဆိုက်များ (ဥပမာအားဖြင့် OnlyFans.com သို့မဟုတ် Patreon.com) အတွက် လင့်ခ်များ" ပါဝင်သည်။ ဤအမှုများတွင် အကြောင်းအရာသည် အသုံးပြုသူများက ခွဲစိတ်ခပေးရန် ရန်ပုံငွေပွဲ ဦးစီးကျင်းပနေခဲ့သော ပလက်ဖောင်းတစ်ခုအတွက် လင့်ခ်ပေးထားသည်။ "သွယ်ဝိုက်သော ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" ကို အဓိပ္ပာယ်ဖွင့်ဆိုသော Meta ၏ ကုမ္ပဏီတွင်း သတ်မှတ်စံနှုန်းသည် အလွန်ကျယ်ပြန့်သောကြောင့် ဤလင့်ခ်သည် ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှုက လိင်ကိစ္စတစ်စုံတစ်ရာအတွက် ဖြစ်ရမည်ဟု ညွှန်ပြသည့် အများမြင်စံနှုန်းကို မချိုးဖောက်သော်လည်း Meta ၏ စိစစ်သုံးသပ်သူ လမ်းညွှန်ချက်အရ "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" တစ်ခုအဖြစ် နည်းစနစ်ပိုင်းအရ သတ်မှတ်ချက်ပြည့်မီသည်။
လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းများ။
လူမှုစံနှုန်းတွင် ကိုယ်ဟန်အနေအထားများ ပါဝင်သည့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းများ၏ စာရင်းတစ်ခုကို ဖော်ပြထားသည်။ သိထားသော မေးခွန်းများတွင် "ဒစ်ဂျစ်တယ်နည်းဖြင့်ဖြစ်စေ၊ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ သို့မဟုတ် အရာဝတ္ထုများဖြင့်ဖြစ်စေ ဖုံးအုပ်ထားသည့် ဤအဝတ်မပါသော အမျိုးသမီးရင်သားများ" အပါအဝင် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားများအဖြစ် Meta က ပြည့်စုံအသေးစိတ်ကျစွာ ခွဲခြားထားသည်များ၏ စာရင်းကို ဖော်ပြထားသည်။ ရုပ်ပုံနှစ်ပုံလုံးတွင် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ (လက်များ) သို့မဟုတ် အရာဝတ္ထုများ (တိပ်) ဖြင့် ဖုံးအုပ်ထားသော ရင်သားများ ပါရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဤအမှုများတွင် ဓာတ်ပုံပါပုဂ္ဂိုလ်များသည် လိင်ပြောင်းထားသူ သို့မဟုတ် ကျား/မလိင် သတ်မှတ်မှုမရှိသူအဖြစ် ခွဲခြားဖော်ပြထားကြောင်း ပို့စ်များရှိ အကြောင်းအရာက ရှင်းလင်းစေသည်။ ဆိုလိုသည်မှာ အမျိုးသမီးများအဖြစ် ခွဲခြားသတ်မှတ်မထားသူများနှင့် သက်ဆိုင်သည့် ရင်သားများကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ အကြောင်းအရာသည် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်ခြင်းမဟုတ်ကြောင်းလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ၎င်းပေါ်အခြေခံ၍ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒအပေါ် ချိုးဖောက်မှုဖြစ်စေရန် လိုအပ်သော ဒုတိယ အစိတ်အပိုင်းဖြစ်သည့် လိင်ပိုင်းဆိုင်ရာ ကိုယ်ဟန်အနေအထား (ဖုံးအုပ်ထားသော အမျိုးသမီးရင်သား ပါဝင်သည့်) ကဲ့သို့ လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းတစ်ခုနှင့် မကိုက်ညီခဲ့ပါ။
ဒုတိယ အစိတ်အပိုင်းနှင့် မကိုက်ညီခဲ့သောကြောင့် ပို့စ်များသည် ဤစံနှုန်းကို မချိုးဖောက်ခဲ့ပါ။ (ကမ်းလှမ်းမှု/တောင်းဆိုမှုသည် လိင်မှုကိစ္စ တစ်စုံတစ်ရာအတွက် ဖြစ်ရမည်ဟု ညွှန်ပြသော) ပထမအစိတ်အပိုင်း၏ အများမြင်ပုံစံကို အသုံးချရာတွင်လည်း ဤရုပ်ပုံများသည် လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မဖြစ်ကြောင်း ညွှန်ပြသည်။
ခ။ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ
အသုံးပြုသူများသည် "နို့တိုက်ခြင်း၊ ကလေးမွေးခြင်းနှင့် မွေးဖွားပြီးနောက်ပိုင်းအချိန်များ၊ ဆေးဘက်ဆိုင်ရာ သို့မဟုတ် ကျန်းမာရေးအခြေအနေ (ဥပမာ- သားမြတ်ဖြတ်ထုတ်ပြီးနောက် ရင်သားကင်ဆာ အသိပညာပေးခြင်း သို့မဟုတ် လိင်အင်္ဂါပြောင်းခွဲစိတ်ခြင်း) သို့မဟုတ် ကန့်ကွက်ဆန္ဒပြပွဲ၏ လုပ်ရပ်ဆိုင်ရာ ဆက်စပ်အကြောင်းအရာမှလွဲ၍ "ဖုံးကာထားခြင်းမရှိသည့် အမျိုးသမီးသားမြတ်များ" ပုံများကို ပို့စ်မတင်သင့်ကြောင်း အရွယ်ရောက်ပြီး အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းတွင် ဖော်ပြထားသည်။ "ရင်သား၏ အရွယ်အစား သို့မဟုတ် ပုံသဏ္ဌာန်က မည်သို့ပင်ရှိစေ အမျိုးသမီးမှ အမျိုးသားအဖြစ် လုံးဝလိင်ပြောင်းထားသူ၊ ကျား/မလိင် သတ်မှတ်မှုမရှိသူ သို့မဟုတ် ကြားနေလိင် အခြေအနေတစ်ခု (ဥပမာ- အသုံးပြုသူတစ်ဦးက ထိုကဲ့သို့ ကျား/မ ခံယူချက်ကို ပြသည်) တွင် မျှဝေသည့်အခါ သားမြတ်ပုံ" ကို စိစစ်သုံးသပ်သူများအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း Meta ၏ သိထားသော မေးခွန်းများတွင် ထပ်မံဖော်ပြထားသည်။ ဤအမှုများရှိ မည်သည့်ရုပ်ပုံမျှသည် ဤလူမှုစံနှုန်းကို မချိုးဖောက်ပါ။
ပထမအမှုတွင် မည်သည့်ရုပ်ပုံမျှသည် ဖုံးအုပ်မထားသော သားမြတ်များကို အသားပေးဖော်ပြထားခြင်းမရှိပါ။ ရုပ်ပုံနှစ်ပုံလုံးရှိ ပုဂ္ဂိုလ်များသည် ၎င်းတို့၏ သားမြတ်များကို ၎င်းတို့၏ လက်များ သို့မဟုတ် တိပ်ဖြင့် ဖုံးအုပ်ထားသည်။ ဒုတိယအမှုတွင် သားမြတ်များကို ဖုံးအုပ်မထားသော်လည်း ပုံပါပုဂ္ဂိုလ်များက ကျား/မလိင် သတ်မှတ်မှုမရှိသူအဖြစ် ခွဲခြားဖော်ပြထားကြောင်း ရှင်းလင်းစေခဲ့သည့် ပူးတွဲပါစာသားနှင့်အတူ ပုံများကို မျှဝေခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ထို့ကြောင့် ဤမူဝါဒကို မချိုးဖောက်ပါ။
၈.၂ Meta ၏ စံတန်ဖိုးများအား လေးစားလိုက်နာခြင်း
ဤပို့စ်များကို ဖယ်ရှားရန် မူလဆုံးဖြတ်ချက်သည် Meta ၏ "သဘောထားထုတ်ဖော်ခွင့်" နှင့် "ဂုဏ်သိက္ခာ" ဆိုင်ရာ စံတန်ဖိုးများနှင့် မကိုက်ညီခဲ့ကြောင်း၊ "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးကို ဖြည့်ဆည်းပေးခဲ့ခြင်းမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ခွဲခြားဆက်ဆံခြင်းကို ရင်ဆိုင်ရသော အုပ်စုများကို အချိုးအစားမမျှတစွာ ထိခိုက်စေသည့် စည်းကမ်းထိန်းသိမ်းမှု အမှားများသည် "သဘောထားထုတ်ဖော်ခွင့်" နှင့် "ဂုဏ်သိက္ခာ" အပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေသည်။ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ ငြင်းခုံမှုများတွင် အထူးသဖြင့် ကာယကံရှင်ဆန္ဒမပါဘဲ ရုပ်ပုံမျှဝေခြင်း၊ လိင်ကုန်ကူးမှုနှင့် ကလေးသူငယ်အပေါ် အနိုင်ကျင့်စော်ကားမှုနှင့် ဆက်စပ်သော "အန္တရာယ်ကင်းရှင်းရေး" အကြောင်းကို ဆွေးနွေးထားသော်လည်း ဤဖယ်ရှားမှုများသည် "အန္တရာယ်ကင်းရှင်းရေး" ကို မတိုးမြှင့်စေခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
၈.၃ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
ICCPR ၏ အပိုဒ် ၁၉ သည် စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု လူများ မြင်နိုင်သည့် လူ့အခွင့်အရေးများအကြောင်း ဆွေးနွေးမှုနှင့် ထုတ်ဖော်ပြောဆိုမှု အပါအဝင် ထုတ်ဖော်ပြောဆိုမှုကို ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ်ပေးသည် ( အထွေထွေ မှတ်ချက် ၃၄၊ အပိုဒ်ခွဲ ၁၁)။ "လိင်" သို့မဟုတ် "အခြားအခြေအနေ" နှင့် စပ်လျဉ်း၍ ခွဲခြားခြင်းမရှိဘဲ လူတိုင်းအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပေးအပ်မည်ဖြစ်ကြောင်း အာမခံထားသည် (ICCPR၊ အပိုဒ် ၂၊ ပိုဒ်ခွဲ ၁)။ ခွဲခြားဆက်ဆံခြင်းအပေါ် တားမြစ်ချက်တွင် ကျား/မခံယူချက်ပေါ် အရင်းပြု၍ ခွဲခြားဆက်ဆံခြင်း ပါဝင်ကြောင်း Nepomnyashchiy v Russia ( CCPR/C/၁၂၃/D/၂၃၁၈/၂၀၁၃) ကဲ့သို့ အမှုများတွင် လူ့အခွင့်အရေးကော်မတီက အတည်ပြုခဲ့သည်။
အကြောင်းအရာသည် အရေးကြီးသော လူမှုရေးကိစ္စရပ်များနှင့် သက်ဆိုင်သည်။ အသုံးပြုသူများအတွက် Instagram သည် ဆက်သွယ်မှုများ ပြုလုပ်ရန်နှင့် ကူညီပံ့ပိုးမှု ရှာရန် ဟစ်တိုင်တစ်ခု ပေးစွမ်းလျက် ၎င်းတို့၏ ကျား/မ ထုတ်ဖော်ပြောဆိုမှုကို ဆွေးနွေးပြီး ကိုယ်စားပြုရန် ရပ်ဝန်းတစ်ခုကို ပံ့ပိုးပေးသည်။ ပို့စ်နှစ်ခုလုံးတွင် လူတစ်ဦးက အပေါ်ပိုင်းခွဲစိတ်မှုကို ခံယူမည်ဟု ရှင်းပြထားပြီး ခွဲစိတ်မှုကုန်ကျစရိတ်များကို ကာမိစေရန် ရန်ပုံငွေပွဲတစ်ခု မျှဝေမည်ဟု ရှင်းပြထားသောကြောင့် အကြောင်းအရာသည် အသုံးပြုသူများ၏ လိင်အင်္ဂါပြောင်းခွဲစိတ်မှုအား ဆက်လက်လုပ်ဆောင်နိုင်စွမ်းကို တိုက်ရိုက်သက်ရောက်မှုရှိနိုင်သည်။
အပိုဒ် ၁၉ တွင် ပြည်နယ်က ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ ရည်ရွယ်ချက် တရားဝင်မှု၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည် (ICCPR၊ အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃)။ UNGP များ၏ မူဘောင်ပေါ်တွင် အမှီပြုလျက် လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် လူမှုကွန်ရက် ကုမ္ပဏီများအား ၎င်းတို့၏ အကြောင်းအရာ စည်းမျဉ်းများကို အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR ၏ သတ်မှတ်ချက်များ (က/HRC/၃၈/၃၅၊ အပိုဒ်ခွဲ ၄၅ နှင့် ၇၀) နှင့်အညီ လမ်းညွှန်ဆောင်ရွက်ရန် တိုက်တွန်းထားသည်။ ဘုတ်အဖွဲ့သည် Meta ၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှုကို ဆန်းစစ်လေ့လာရန် ဤမူဘောင်ကို လက်ခံကျင့်သုံးခဲ့သည်။
ဤအမှုတွင် Meta သည် ဤစံနှုန်းများနှင့် ကိုက်ညီသော မူဝါဒများကို ဖန်တီးပြီး စည်းကမ်းတင်းကျပ်ရန် ၎င်း၏ တာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒအရ အကြောင်းအရာကို ဖယ်ရှားရန် အသုံးချသော ကုမ္ပဏီတွင်း သတ်မှတ်စံနှုန်းသည် Meta ကိုယ်တိုင်က အသိအမှတ်ပြုထားသော စည်းကမ်းတင်းကျပ်မှုလွန်ကဲခြင်း အကျိုးဆက်များနှင့်အတူ မူဝါဒအတွက် ဖော်ပြထားသော သဘောတရားထက် ပို၍ ကျယ်ပြန့်သည်။ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ လူမှုစံနှုန်းသည် အမျိုးသမီးများနှင့် LGBTQI+ အသုံးပြုသူများအပေါ် အချိုးအစားမမျှတစွာ သက်ရောက်ပြီး အတိုင်းအတာတစ်ခုဖြင့် အကြောင်းအရာ စိစစ်ခြင်းတွင် ပါဝင်ပတ်သက်သည့်အခါ လက်တွေ့မကျသော လိင်နှင့် ကျား/မဆိုင်ရာ တစ်သီးပုဂ္ဂလ မှန်းဆထင်မြင်ချက်များပေါ် အမှီပြုသည်။ ဘုတ်အဖွဲ့သည် ဤအားနည်းချက်များကို လေ့လာဆန်းစစ်ပြီး ဤပြဿနာများကို ဖြေရှင်းရန် ပြည့်စုံသောလုပ်ငန်းစဉ်တစ်ခု စတင်ရန် Meta ကို အကြံပြုသည်။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်သော စည်းမျဉ်းများသည် ရှင်းလင်းပြီး နားလည်ရလွယ်ရမည်။ သို့မှသာ ၎င်းတို့ကို စည်းကမ်းတင်းကျပ်သူနှင့် အသုံးပြုသူ နှစ်ဖက်လုံးက ခွင့်ပြုထားသည့်အရာများကို သိရှိပါမည်။ ဤအမှုများတွင် ထည့်သွင်းစဉ်းစားထားသော လူမှုစံနှုန်းနှစ်ရပ်လုံးသည် ထိုစံချိန်စံညွှန်းကို မပြည့်မီပါ။
က။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းတွင် စိစစ်သုံးသပ်သူများအား ပေးထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များ၌ ကျယ်ပြန့်သော သတ်မှတ်စံနှုန်းပါရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိရသည်။ သေချာစီမံရေးသားထားခြင်း မရှိသော ဤလမ်းညွှန်ချက်သည် စိစစ်သုံးသပ်သူများက စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်းနှင့် အသုံးပြုသူများအတွက် ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ သွယ်ဝိုက်သော လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းအတွက် သတ်မှတ်စံနှုန်းနှင့် ပြည့်မီသော်လည်း "လိင်ကိစ္စကို မြှူဆွယ်ရန် ရည်ရွယ်ချက်မရှိ" ခဲ့ကြောင်း ထင်ရှားသည့် အမှုများတွင် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ကျင့်သုံးခြင်းသည် "စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း" Meta က ဘုတ်အဖွဲ့ကို ရှင်းပြခဲ့သောကြောင့် ဤပြဿနာကို အသိအမှတ်ပြုခဲ့သည်။
ဤမူဝါဒ၏ အစိတ်အပိုင်း နှစ်ရပ်လုံးတွင် ရှုပ်ထွေးမှုဖြစ်စေခဲ့သည်။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်း၏ 'ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု' အပိုင်းနှင့်စပ်လျဉ်း၍ အများသူငှာရရှိနိုင်သော စည်းမျဉ်းများသည် မြှူဆွယ်သောသူအတွက် "ထိတွေ့ဆက်သွယ်မှုနည်းလမ်း" တစ်ခုကို ရည်ညွှန်းသည်။ သို့သော် စိစစ်သူများအတွက် လမ်းညွှန်ချက်ဖြစ်သည့် သိထားသောမေးခွန်းများတွင် သွယ်ဝိုက်သော 'ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု' တစ်ခုအတွက် "ထိတွေ့ဆက်သွယ်မှုနည်းလမ်း" တစ်ခုတွင် လူမှုကွန်ရက် ပရိုဖိုင်လင့်ခ်များ သို့မဟုတ် Patreon ကဲ့သို့ ကြားခံပြင်ပ စာရင်းပေးသွင်းမှုအခြေခံ ဝက်ဘ်ဆိုက်များအတွက် လင့်ခ်များ ပါဝင်ကြောင်း ဖော်ပြထားသည်။ အခြားလူမှုကွန်ရက် ပရိုဖိုင်၊ ကြားခံပြင်ပ ငွေပေးချေမှု ပလက်ဖောင်းတစ်ခုအတွက် လင့်ခ် သို့မဟုတ် ရန်ပုံငွေကောက်ခံသော လင့်ခ် (Patreon သို့မဟုတ် GoFundMe ကဲ့သို့) သည် ၎င်းတို့၏ ပို့စ်အား မြှူဆွယ်ခြင်းအဖြစ် သဘောထားသည်ဟု ဆိုလိုနိုင်ကြောင်း အသုံးပြုသူများအတွက် မရှင်းလင်းစေပါ။ ဤရှုပ်ထွေးမှုသည် ထိုကဲ့သို့ ကြားခံပြင်ပ လင့်ခ်များပါဝင်သော အကြောင်းအရာကို ဖယ်ရှားရသည့်အကြောင်းရင်း သို့မဟုတ် မိမိတို့၏ အကောင့် တားမြစ်ခံရသည့်အကြောင်းရင်းကို နားမလည်ခဲ့သောလူများထံမှ ဘုတ်အဖွဲ့ လက်ခံရရှိခဲ့သော အများမြင်မှတ်ချက်များစွာတွင် ထင်ဟပ်စေသည်။
လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းတစ်ခု လိုအပ်သည့် ဒုတိယသတ်မှတ်စံနှုန်းသည် ကျယ်ပြန့်ပြီး မရေရာစေသည့်အပြင် Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒနှင့်လည်း တစ်သမတ်တည်း ကိုက်ညီမှုမရှိပါ။ အများမြင် လူမှုစံနှုန်းတွင် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်းအဖြစ် "လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြသော ကိုယ်ဟန်အနေအထားများ" ကို ထည့်သွင်းဖော်ပြထားသည်။ ထို့နောက် သိထားသောမေးခွန်းများတွင် အပေါ်ပိုင်းဗလာဖြစ်ခြင်းနှင့် ရင်သားများကို လက်များ သို့မဟုတ် အရာဝတ္ထုများဖြင့် ဖုံးအုပ်ထားခြင်း ပါဝင်သော "လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားများ" ၏ အသေးစိတ်စာရင်းကို ဖော်ပြထားသည်။ အသုံးပြုသူများသည် ဖုံးအုပ်ထားသော ရင်သားများပါသည့် မည်သည့်ရုပ်ပုံကိုမဆို လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားတစ်ခုအဖြစ် ယူဆကြောင်းကို ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပါ။ အရွယ်ရောက်ပြီးသူ အဖော်အချွတ် မူဝါဒတွင် သားမြတ်များကို ဖုံးအုပ်ထားသည့် အပေါ်ပိုင်းဗလာဓာတ်ပုံများကို ခွင့်ပြုသည်ဟူသော အချက်က ဤရှုပ်ထွေးမှုကို ပိုဆိုးစေသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ မူဝါဒတစ်ရပ်အရ လိင်အသားပေးမှုအဖြစ် ယူဆသော အကြောင်းအရာကို အခြားမူဝါဒအရ လိင်အသားပေးမှုအဖြစ် မယူဆပါ။
အသုံးပြုသူ၏ မသေချာ မရေရာမှုအပြင် စိစစ်သုံးသပ်သူများက ဤအကြောင်းအရာနှင့်ပတ်သက်၍ မတူညီသောရလဒ်များကို ကြိမ်ဖန်များစွာ ဆုံးဖြတ်ခဲ့သည့်အချက်ကြောင့် မည်သည့်အကြောင်းအရာများအား လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းအဖြစ် ယူဆသင့်သည်နှင့်ပတ်သက်၍ စိစစ်သူများအတွက် ရှင်းလင်းမှုမရှိခြင်းကို ညွှန်ပြသည်။
Meta က အသိအမှတ်ပြုထားသည့်အတိုင်း သွယ်ဝိုက်သော မြှူဆွယ်ခြင်းဆိုင်ရာ အစိတ်အပိုင်းနှစ်ရပ်နှင့် ပတ်သက်သော ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်အား အသုံးချမှုသည် လိင်ပိုင်းဆိုင်ရာ လုပ်ရပ်များကို တောင်းဆိုခြင်းမရှိသော အကြောင်းအရာအား ဖယ်ရှားခြင်းဖြစ်သည်။ ရေရှည်တွင် ဤမူဝါဒ၏ အတိုင်းအတာကို ပြင်ဆင်ခြင်းဖြင့် မှားယွင်းဖယ်ရှားမှုများကို အကောင်းဆုံး ဖြေရှင်းနိုင်ခြေရှိမည်ဖြစ်သည်။ သို့သော် ရေတိုတွင် သတ်မှတ်စံနှုန်းသည် အများသူငှာ ရနိုင်သော စည်းမျဉ်းများကို ထင်ဟပ်စေပြီး "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" နှင့် "လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်း" အကြား ပိုမိုရှင်းလင်းသော ချိတ်ဆက်မှုတစ်ခုကို လိုအပ်ကြောင်း သေချာစေရန် Meta အနေဖြင့် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များကို ပြင်ဆင်ရန် ဘုတ်အဖွဲ့က အကြံပြုသည်။ Meta သည် အသုံးပြုသူများအား လိင်ပိုင်းဆိုင်ရာ "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" နှင့် ညီမျှသည့်အရာများနှင့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားများနှင့် ညီမျှသည့်အရာများ၏ နောက်ထပ်ရှင်းလင်းချက်ကိုလည်း အများသူငှာရရှိနိုင်သော လူမှုစံနှုန်းများတွင် ပံ့ပိုးသင့်သည်။
ခ။ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ
အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ စံနှုန်းသည် အကောင်အထည်ဖော်ရန် ခက်ခဲပြီး ညံ့ဖျင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသော ခြွင်းချက်များပါရှိသည့် လိင်နှင့် ကျား/မ ကွဲပြားမှုများအပေါ် အခြေခံထားသည်။ မူဝါဒပါ စည်းမျဉ်းအချို့သည် ခွင့်ပြုထားသည့်အရာများကို မသိသော အသုံးပြုသူများအတွက် ရှုပ်ထွေးစေပါမည်။ ၎င်းသည် မလွှဲမရှောင်သာ မပြည့်စုံသော အချက်အလက်များပေါ် အခြေခံ၍ တစ်သီးပုဂ္ဂလဆန်သော အကဲဖြတ်ချက်များ ပြုလုပ်ရပြီး မြောက်မြားစွာသော အကြောင်းရင်းများ၊ ချန်လှပ်ထားမှုများနှင့် ယူဆချက်များဖြင့် စည်းမျဉ်းတစ်ရပ်ကို လျင်မြန်စွာကျင့်သုံးရသော စိစစ်သူများအတွက်လည်း ရှုပ်ထွေးမှုဖြစ်ပေါ်စေသည်။
ကျား/မအစား ခန္ဓာကိုယ်အစိတ်အပိုင်း အတိအကျကို အလေးပေးသော အသုံးအနှုန်းကို အသုံးပြုသော်လည်း (အသုံးပြုသူများအား ၎င်းတို့၏ ပရိုဖိုင်တွင် ကျား/မသတ်မှတ်ချက် များစွာမှ ရွေးချယ်ခွင့် ပြုထားသော်လည်း) Meta စည်းမျဉ်းအများစုသည် ဒွိလိင်၊ လိင်ပြောင်းထားသူ သို့မဟုတ် ကျား/မလိင် သတ်မှတ်မှုမရှိသူများကို သရုပ်ဖော်သော အကြောင်းအရာအား မည်သို့ကိုင်တွယ်ကြောင်း မရှင်းပြထားပါ။ ဥပမာအားဖြင့် မူဝါဒသည် "အမျိုးသားနှင့် အမျိုးသမီး လိင်အင်္ဂါ"၊ "အမျိုးသမီးရင်သားများ" နှင့် "အမျိုးသမီးသားမြတ်များ" ကို ရည်ညွှန်းသော်လည်း ဤဖော်ပြချက်များသည် ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် မကိုက်ညီနိုင်သော ခန္ဓာကိုယ်များနှင့် သတ်မှတ်ချက်များရှိသူများအပေါ် မည်သို့သက်ရောက်ကြောင်း မရှင်းလင်းပါ။ လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူ မြောက်မြားစွာသည် မိမိတို့၏ အကြောင်းအရာကို မိမိတို့၏ ကျား/မ သတ်မှတ်ချက်၊ မွေးဖွားချိန်တွင် မိမိတို့အား သတ်မှတ်ခဲ့သောလိင် သို့မဟုတ် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင် ရှုထောင့်များအရ အကဲဖြတ်ပြီး အမျိုးအစားခွဲခြားခြင်းရှိ၊ မရှိ အသုံးပြုသူများက မသိကြောင်း ဖော်ပြသော အများမြင်မှတ်ချက်များကို ဘုတ်အဖွဲ့သို့ တင်ပြခဲ့သည်။
လက်ရှိစည်းမျဉ်းများအရ လူကိုယ်တိုင် စိစစ်သုံးသပ်သူများအနေဖြင့် ဤမူဝါဒသည် "အမျိုးသမီး သားမြတ်များ" နှင့် သက်ဆိုင်သောကြောင့် အသုံးပြုသူတစ်ဦး၏ လိင်အပြင် သရုပ်ဖော်ခံထားရသော ပုဂ္ဂိုလ်သည် ကျား/မလိင် သတ်မှတ်မှုမရှိသူ၊ ကြားနေလိင်၊ လိင်ပြောင်းထားသူ ဖြစ်မဖြစ်ပေါ် အခြေခံသော သို့မဟုတ် လိင်အင်္ဂါပြောင်းလဲ ခွဲစိတ်မှု အခြေအနေတစ်ခုတွင် ပို့စ်တင်ခြင်း ခြွင်းချက်များရှိသောကြောင့် ၎င်း၏ ကျား/မသတ်မှတ်ချက်ကိုပါ အလျင်အမြန်အကဲဖြတ်ရန် လိုအပ်သည်။ လိင်နှင့် ကျား/မ ခံယူချက်များသည် အခြေအနေဆိုင်ရာ သဲလွန်စများနှင့် ပုံပန်းသွင်ပြင်ကို အဓိပ္ပာယ်ကောက်ရန် လိုအပ်ပြီး နှစ်မျိုးလုံးသည် အမှားများဖြစ်စေသည့် တစ်သီးပုဂ္ဂလဆန်သော ဆုံးဖြတ်ချက်များဖြစ်သည်။
ဤချဉ်းကပ်ပုံချဉ်းကပ်နည်းသည် မရေရာသော အခြေအနေများတွင် အမျိုးသမီး (အမျိုးသားနှင့် ဆန့်ကျင်သော) အဖော်အချွတ်နှင့် ပတ်သက်သော ပိုမိုကန့်သတ်သည့် မူဝါဒများကို ကျင့်သုံးစေသည့် Meta ၏ "ပုံသေအမျိုးသမီး နိယာမ" ကြောင့် ထပ်မံ၍ ခက်ခဲရှုပ်ထွေးစေသည်။ ရှင်းလင်းသော အကြောင်းအရာမရှိ၍ ပုံပါပုဂ္ဂိုလ်သည် "အမျိုးသမီး သို့မဟုတ် အမျိုးသားမှ အမျိုးသမီး လိင်ပြောင်းထားသူအဖြစ် ပြသသည့် အကြောင်းအရာ ရှိပါက အမျိုးသမီး အဖော်အချွတ်ဟု ပုံသေမှတ်ယူပြီး သက်ဆိုင်ရာ မူဝါဒကို ကျင့်သုံး" ကြောင်း သိထားသော မေးခွန်းများတွင် ဖော်ပြထားသည်။
အမျိုးသမီးအဖြစ် ယူဆရသော သားမြတ်များအပေါ် ချမှတ်ထားသည့် စည်းမျဉ်းများအတွက် ကန့်သတ်ချက်များနှင့် ခြွင်းချက်များ အရေအတွက်သည် ကျယ်ပြန့်ပြီး ရှုပ်ထွေးစေသည်။ ခြွင်းချက်များတွင် ကန့်ကွက်ဆန္ဒပြမှုမှသည် ကလေးမွေးဖွားမှု မြင်ကွင်းများနှင့် သားမြတ်ဖြတ်ထုတ်ပြီးနောက် ရုပ်ပုံများနှင့် ရင်သားကင်ဆာ အသိပညာပေးအပါအဝင် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး အခြေအနေများအထိ အမျိုးမျိုး ပါဝင်သည်။ ခြွင်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုလေ့မရှိပါ သို့မဟုတ် ညံ့ဖျင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ခြွင်းချက်စာရင်းသည်လည်း အချိန်ကြာလာသည်နှင့်အမျှ သိသိသာသာ တိုးလာပြီး စကားအသုံးအနှုန်း ပြောင်းလဲဖြစ်ပေါ်လာသည်နှင့်အမျှ ဆက်လက်တိုးလာမည်ဟု မျှော်လင့်ရသည်။ အမျိုးသမီးများ၏ ရင်သားများနှင့်ပတ်သက်လာလျှင် Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒသည် ထိုကဲ့သို့သရုပ်ဖော်မှုများမှာ လိင်အသားပေး ရုပ်ပုံများဖြစ်ကြောင်း ပုံသေယူဆသည်။ သို့သော်လည်း မူဝါဒရှိ အသိအမှတ်ပြုထားသော အခြေအနေများစွာအောက်တွင် အမျိုးသမီးများ၏ ရင်သားပုံများသည် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်ခြင်းမဟုတ်ကြောင်း ခြွင်းချက်များ၏ ထပ်တိုးစာရင်းတွင် ဖော်ပြထားသည်။
ခြွင်းချက်တစ်ခုချင်းစီထဲတွင်ပင် မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာသည်။ ဥပမာအားဖြင့် လိင်အင်္ဂါပြောင်း ခွဲစိတ်မှု ခြွင်းချက်သည် လိင်ပြောင်းထားသူများနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသော အသုံးပြုသူများအတွက် အထူးအရေးကြီးသော်လည်း Meta သည် ၎င်း၏ အများသူငှာရနိုင်သော စည်းမျဉ်းများတွင် လိင်အင်္ဂါပြောင်း ခွဲစိတ်မှု ခြွင်းချက်ဆိုင်ရာ ၎င်း၏အတိုင်းအတာ ရှင်းလင်းချက်ကို မပေးထားပါ။ ထို့အတွက်ကြောင့် ခြွင်းချက်အရ ခွင့်ပြုထားသော အကြောင်းအရာများတွင် မခွဲစိတ်မီဓာတ်ပုံများ (မခွဲခင်နှင့် ခွဲပြီး ရုပ်ပုံတစ်ခု ဖန်တီးရန်) နှင့် ရင်သားကြီးစေရန် ခွဲစိတ်မှုခံယူထားသော လိင်ပြောင်းအမျိုးသမီးများ၏ ရုပ်ပုံများ ပါဝင်နိုင်ခြင်းရှိ၊ မရှိ နှင့်ပတ်သက်၍ ရှုပ်ထွေးမှုကို ဖော်ပြသော အများမြင်မှတ်ချက်များစွာကို ဖြစ်ပေါ်စေခဲ့သည်။ ဤခြွင်းချက်သည် အများသူငှာရနိုင်သော လမ်းညွှန်ချက်မှ သွယ်ဝိုက်၍ အဓိပ္ပာယ်ကောက်ယူနိုင်သည်ထက် ပိုမိုကျဉ်းမြောင်းကြောင်း ကုမ္ပဏီတွင်း လမ်းညွှန်ချက်များနှင့် သိထားသော မေးခွန်းများက ရှင်းလင်းစေသည်။
Meta ၏ မူဝါဒများသည် Meta မှ ၎င်း၏ လိင်အင်္ဂါပြောင်း ခွဲစိတ်မှု ခြွင်းချက်ကို ရှင်းလင်းရန် ကြိုးပမ်းသည့်အခါ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေကာ အမျိုးသားနှင့် အမျိုးသမီးအကြား ကျား/မလိင်နှစ်မျိုး ခြားနားချက်များပေါ် အခြေခံထားသည်။ Meta ၏ ဘုတ်အဖွဲ့အတွက် တုံ့ပြန်ချက်များတွင် လိင်အင်္ဂါပြောင်း ခွဲစိတ်မှု ခြွင်းချက်ဆိုသည်မှာ "အကြောင်းအရာကို အမျိုးသမီးမှ အမျိုးသားအဖြစ် လုံးဝလိင်ပြောင်းထားသူ၊ ကျား/မလိင် သတ်မှတ်မှုမရှိသူ သို့မဟုတ် ကြားနေလိင် အခြေအနေတစ်ခုဖြင့် မျှဝေသည့်အခါ တစ်ဦးချင်းစီမှ သူ၏ ရင်သားများကို ဖယ်ရှားရန် အပေါ်ပိုင်းခွဲစိတ်မှု မခံယူမီ ဖုံးအုပ်မထားသော အမျိုးသမီးသားမြတ်များ" ကို ခွင့်ပြုခြင်းအား ဆိုလိုကြောင်း Meta က ရှင်းပြထားသည်။ "သားမြတ်ပေါ်တွင် အမာရွတ်မရှိလျှင် ရင်သားကြီးစေရန် ခွဲစိတ်မှု (အပေါ်ပိုင်းခွဲစိတ်မှု) ခံယူထားသော အမျိုးသားမှ အမျိုးသမီးအဖြစ် လိင်ပြောင်းထားသည့် အမျိုးသမီးများ၏ သားမြတ်များကို တားမြစ်ထားသည်" ဟု စည်းမျဉ်းများတွင် ထပ်မံဖော်ပြထားသည်။
ခွဲစိတ်အမာရွတ်နှင့် သားမြတ်များအပေါ် သတ်မှတ်ထားသည့် ကုမ္ပဏီတွင်း လမ်းညွှန်များသည် ပို၍ပင် ခက်ခဲရှုပ်ထွေးသည်။ သားမြတ်ဖြတ်ထုတ်ခြင်းဆိုင်ရာ စည်းမျဉ်းများသည် ဥပမာအားဖြင့် "သားမြတ်ကို အခြားတစ်ရှူးမှ ပြန်လည်တည်ဆောက်ခြင်း သို့မဟုတ် ဆေးရိုက်ပုံဖော်ခြင်း သို့မဟုတ် တက်တူးထိုးခြင်း ဖြစ်ရပ်များ" နှင့် "အဝတ်ဗလာဖြင့် အမျိုးသမီးသားမြတ်၏ အခြားတစ်ဖက်ကို၏ မြင်ရလျှင်ပင် ခွဲစိတ်၍ဖယ်ရှားထားသော အနည်းဆုံးရင်သားတစ်ဖက်ရှိသည့် ဖြစ်ရပ်များ" ကို ခွင့်ပြုသည်။ ပို၍ပင် နားလည်ရ ရှုပ်ထွေးစေသည်မှာ စည်းမျဉ်းများတွင် "သားမြတ်ဖြတ်ထုတ်ခြင်းအတွက် အမာရွတ်တွင် ဖယ်ရှားလိုက်သော ရင်သားတစ်ရှူး ရှိခဲ့ဖူးသောနေရာကို သရုပ်ဖော်ခြင်းပါဝင်သည်။ အမှန်တကယ် ခွဲစိတ်အမာရွတ်ကို မြင်နိုင်ရန် မလိုအပ်ပါ" ဟု ဖော်ပြထားခြင်းဖြစ်သည်။
စိစစ်သုံးသပ်သူများသည် အမျိုးသမီးသားမြတ်ဆိုင်ရာ စည်းမျဉ်းများအား ကျင့်သုံးသင့်၊ မသင့် ဆုံးဖြတ်ရန် သရုပ်ဖော်ခံထားရသော ပုဂ္ဂိုလ်၏ လိင်အလိုက် လက္ခဏာများနှင့် ထို့နောက်တွင် ခြွင်းချက်အချို့ သက်ရောက်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် ထိုပုဂ္ဂိုလ်၏ ကျား/မကို အလျင်အမြန်အကဲဖြတ်ပြီးနောက် အခြားခြွင်းချက်များ သက်ရောက်နိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် အကြောင်းအရာတွင် ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းတစ်ခု၏ ရှေ့ပြေး သို့မဟုတ် နောက်ဆက်တွဲကို သရုပ်ဖော်ထားခြင်းရှိ၊ မရှိ၊ မည်သည့်ခွဲစိတ်မှုလုပ်ထုံးလုပ်နည်းကို သရုပ်ဖော်ထားကြောင်းနှင့် မြင်နိုင်သော အမာရွတ်၏ အတိုင်းအတာနှင့် သဘောသဘာဝတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် စည်းမျဉ်းများကို ကျင့်သုံးရာတွင် ရုန်းကန်ရနိုင်ဖွယ်ရှိသည်။ အလားတူ အမျိုးသမီး သားမြတ်ပုံကို မွေးရာပါအတိုင်း လိင်စိတ်ခံယူသူ အမျိုးသမီးတစ်ဦးက ပို့စ်တင်ပါက တားမြစ်မည်ဖြစ်သော်လည်း ကျား/မ သတ်မှတ်မှုမရှိသူအဖြစ် မိမိကိုယ်ကို ခွဲခြားဖော်ပြထားသော လူတစ်ဦးက ပို့စ်တင်ပါက ခွင့်ပြုပါမည်။ ဤနေရာတွင် မစစ်ဆေးခဲ့သော်လည်း အကဲဖြတ်ပြီး ထပ်ဆောင်းကုမ္ပဏီတွင်း သတ်မှတ်စံနှုန်း ပါဝင်ရမည်ဟု ယူဆနိုင်ဖွယ်ရှိသည့် ကန့်ကွက်ဆန္ဒပြခြင်း၊ ကလေးမွေးဖွားခြင်း၊ ကလေးမွေးဖွားပြီးနောက်နှင့် မိခင်နို့တိုက်ကျွေးခြင်း အခြေအနေများပေါ်မူတည်၍ သားမြတ်နှင့်ဆက်စပ်သော နောက်ထပ်ခြွင်းချက်များကိုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
ကျား/မ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ကလေးမွေးဖွားခြင်းနှင့် ကလေးအုပ်ထိန်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သော ထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားလျင် လက်ရှိရှုပ်ထွေးနေသော ခြွင်းချက်အစုစုသည် ဤအမှုမှ သက်သေပြထားသည့်အတိုင်း အသုံးပြုသူများအတွက် အလွန်အမင်း မသေချာမရေရာမှု ဖြစ်စေပြီး စည်းမျဉ်းများအား လွဲမှားစွာကျင့်သုံးနိုင်ဖွယ် အလားအလာရှိသည်။ ဤအမှုတွင် အသုံးပြုသူများနှင့် စိစစ်သူများအတွက် ပင်ကိုအားဖြင့် ရှင်းလင်းမှုမရှိခြင်းသည် စံနှုန်းကို ကောင်းစွာအသုံးမချနိုင်ခြင်း ဖြစ်စေသည်။ အောက်တွင် ထပ်မံဆွေးနွေးထားသည့်အတိုင်း Meta အနေဖြင့် လူအားလုံးကို လိင် သို့မဟုတ် ကျား/မ သတ်မှတ်ချက်ပေါ် အခြေခံ၍ ခွဲခြားခြင်းမရှိဘဲ တန်းတူဆက်ဆံကြောင်း သေချာစေသည့် အရွယ်ရောက်ပြီးသူ အဖော်အချွတ်ဆိုင်ရာ ချဉ်းကပ်ပုံချဉ်းကပ်နည်းတစ်ခုကို လက်ခံကျင့်သုံးသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။
၂။ တရားဝင် ရည်ရွယ်ချက်
ICCPR အပိုဒ် ၁၉ တွင် ပြည်နယ်များသည် ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သောအခါတွင် ၎င်းတို့သည် ဖော်ပြပါ တရားဝင်သော ရည်ရွယ်ချက်များကို ထိုက်သင့်အားလျော်စွာ ဖြည့်စွမ်းပေးခြင်းဖြင့်သာ ထိုကဲ့သို့လုပ်ဆောင်နိုင်သည်- “အခြားသူများ၏ အခွင့်အရေးများ သို့မဟုတ် ဂုဏ်သတင်းများကို လေးစားခြင်း . . . [နှင့်] နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများပြည်သူ စည်းကမ်းလိုက်နာမှု (အများပြည်သူ စည်းကမ်းရှိမှု) သို့မဟုတ် ပြည်သူ့ကျန်းမာရေးနှင့် ကိုယ်ကျင့်တရားများကို အကာအကွယ်ပေးခြင်း။” ဤဆုံးဖြတ်ချက်သည် အဆိုပါစံနှုန်းများနှင့်စပ်လျဉ်း၍ ၎င်း၏ မူဝါဒများတွင် စကားအသုံးအနှုန်း ကန့်သတ်ခြင်းအတွက် Meta ၏ သဘောတရားများကို စစ်ဆေးသည်။
က။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
Meta က ၎င်းသည် ပလက်ဖောင်းပြင်ပတွင် ဖြစ်ပေါ်နိုင်သော "လူကုန်ကူးမှု၊ အကျပ်ကိုင်မှုနှင့် ကာယကံရှင်ဆန္ဒ မပါသော လိင်မှုကိစ္စများ ပါဝင်နိုင်သည့် အရောင်းအဝယ်များ" ကို ဖြစ်မြောက်အောင် ပံ့ပိုးကူညီရန် Facebook သို့မဟုတ် Instagram ကို အသုံးပြုခြင်းမှ အသုံးပြုသူများကို တားမြစ်ရန် ရည်ရွယ်ကြောင်း ၎င်း၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒတွင် ရှင်းပြထားသည်။ ၎င်းသည် တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်တစ်ခုဖြစ်သည့် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၏ ဥပမာတစ်ခုဖြစ်သည်။
ခ။ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ
Meta သည် ကာယကံရှင်ဆန္ဒ မပါသော အကြောင်းအရာ၏ ပျံ့နှံ့မှုကို တားဆီးခြင်း၊ လူပုဂ္ဂိုလ်၏ အသက်ပြည့်၊ မပြည့် မသေချာ၍ အရွယ်မရောက်သေးသူများကို ကာကွယ်ပေးခြင်းနှင့် "ကျွန်ုပ်တို့ လူမှုအဖွဲ့အစည်းရှိ လူအချို့က ဤအကြောင်းအရာမျိုးကို မမြင်လိုခြင်း ရှိနိုင်သည်" ဟူသော အချက်တို့ အပါအဝင် ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒ၏ သီးခြားရှုထောင့်များအတွက် သဘောတရားများစွာကို ပံ့ပိုးပေးခဲ့သည်။ Meta သည် ၎င်း၏ အဖော်အချွတ်ဆိုင်ရာ အထွေထွေစည်းမျဉ်းများ၏ ရှင်းလင်းချက်တစ်ခုကိုလည်း ဘုတ်အဖွဲ့ထံ ပေးခဲ့သည်။ "ကျွန်ုပ်တို့၏ မူဝါဒကို မူကြမ်းရေးသားရာတွင် Meta သည် (၁) ရုပ်ပုံ၏ သီးသန့် သို့မဟုတ် ထိခိုက်လွယ်သော သဘောသဘာဝ၊ (၂) အဖော်အချွတ်ရုပ်ပုံများကို ရိုက်ကူးခြင်းနှင့် မျှဝေခြင်းတွင် သဘောတူညီချက်ပေးထားခြင်းရှိမရှိ၊ (၃) လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၏ အန္တရာယ်နှင့် (၄) ထိုကဲ့သို့ရုပ်ပုံများကို ထုတ်ဖော်ခြင်းက အထူးသဖြင့် အဆိုပါရုပ်ပုံများမှာ ယဉ်ကျေးမှုအရ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော နိုင်ငံများတွင် ပလက်ဖောင်းပြင်ပ ထိပါးနှောင့်ယှက်ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်းရှိမရှိတို့ကို ထည့်သွင်းစဉ်းစားခဲ့သည်" ဟု ၎င်းက ဆိုသည်။
ဤရည်မှန်းချက်များမှ အများစုသည် အခြားသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးခြင်းနှင့် ကိုက်ညီသည်။ သို့သော် "လူမှုအဖွဲ့အစည်း၏ ထိခိုက်လွယ်မှု" ကို ကာကွယ်ပေးခြင်းဆိုင်ရာ Meta ၏ သဘောတရားအတွက် နောက်ထပ် ရှင်းလင်းချက်ပေးသင့်သည်။ ဤသဘောတရားတွင် "အများပြည်သူ ကျင့်ဝတ်များ"၏ ဥပဒေနှင့် ညီညွတ်သော ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန် အလားအလာရှိသည်။ သို့ဆိုစေကာမူ "အများပြည်သူ ကျင့်ဝတ်များ" ကို ကာကွယ်ပေးခြင်း ရည်ရွယ်ချက်ကို တစ်ခါတစ်ရံ အစိုးရပြောရေးဆိုခွင့် စည်းကမ်းထိန်းသိမ်းသူများက လူ့အခွင့်အရေးများ၊ အထူးသဖြင့် လူနည်းစုအဖွဲ့ဝင်များနှင့် အားနည်းသော အုပ်စုများ၏ အခွင့်အရေးများကို ချိုးဖောက်ရန် မလျော်ကန်စွာ တောင်းဆိုခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ "ကျင့်ဝတ်များ အယူအဆသည် လူမှုရေး၊ အတွေးအမြင်နှင့် ဘာသာရေး ဓလေ့ထုံးစံများစွာမှ ဆင်းသက်လာကြောင်း၊ အကျိုးဆက်အနေဖြင့်... ကျင့်ဝတ်များကို ကာကွယ်ပေးခြင်း ရည်ရွယ်ချက်အတွက် ကန့်သတ်ချက်များသည် ဓလေ့ထုံးစံတစ်ခုတည်းမှ သီးသန့်ဆင်းသက်လာခြင်း မဟုတ်သော အခြေခံသဘောတရားများအပေါ် အရင်းခံရမည်" ဟု လူ့အခွင့်အရေးကော်မတီက သတိပေးထားသည် (လူ့အခွင့်အရေးကော်မတီ၊ အထွေထွေမှတ်ချက် ၃၄)။
အများပြည်သူ ကျင့်ဝတ်များသည် ပြည်နယ်များအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ၏ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်တစ်ခု ဖြစ်နိုင်ပြီး အများသိရှိနိုင်သော အဖော်အချွတ်ဆိုင်ရာ ကန့်သတ်ချက်များသည် တစ်ကမ္ဘာလုံးတွင် ရှိသော်လည်း Meta သည် ဤအမှု၏ သီးသန့်အကြောင်းအရာတွင် "လူမှုအဖွဲ့အစည်း၏ ထိခိုက်လွယ်မှုများ" မှ လွဲ၍ အခြားရည်ရွယ်ချက်များကို အလေးပေးသည်။ "၎င်း၏ အဖော်အချွတ် မူဝါဒသည် အများပြည်သူကျင့်ဝတ်များကို ကာကွယ်ပေးမှုနှင့် တစ်သမတ်တည်းဖြစ်သော်လည်း အဖော်အချွတ်နှင့်ပတ်သက်သော ကျင့်ဝတ်စံနှုန်းများသည် ယဉ်ကျေးမှုအသီးသီးတွင် အလွန်ကျယ်ပြန့်စွာ ကွဲပြားပြီး အတိုင်းအတာတစ်ခုဖြင့် အကောင်အထည်ဖော်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဤရည်ရွယ်ချက်ပေါ် မူလအားဖြင့် အခြေမခံပါ" ဟု Meta က ဆိုခဲ့သည်။ ဥပမာအားဖြင့် လူမှုအဖွဲ့အစည်းများနှင့် ကမ္ဘာ့အစိတ်အပိုင်းများစွာတွင် လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူတို့၏ ဖုံးကွယ်မထားသော ရင်သားများကို သရုပ်ဖော်မှုများအား လူမှုအဖွဲ့အစည်း ထိခိုက်လွယ်မှုများကို ကျော်လွှားရန် ကောင်းစွာ လက်ခံစဉ်းစားနိုင်သည်။ သို့ရာတွင် Meta သည် ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုကို မကန့်သတ်ပါ။ ထို့အပြင် ဘုတ်အဖွဲ့သည် Meta ၏ မူဝါဒများကြောင့် အမျိုးသမီးများ၊ လိင်ပြောင်းထားသူနှင့် ကျား/မလိင် သတ်မှတ်မှုမရှိသူများ တွေ့ကြုံထားရသော ထုတ်ဖော်ပြောဆိုမှုအပေါ် သိထားပြီး ထပ်တလဲလဲပေါ်ပေါက်နေသည့် အချိုးအစားမမျှတသော ဝန်ထုပ်ဝန်ပိုးနှင့်ပတ်သက်၍ စိုးရိမ်နေသည် (အောက်တွင်ကြည့်ပါ)။ ဤအကြောင်းရင်းများကြောင့် ဘုတ်အဖွဲ့သည် "လူမှုအဖွဲ့အစည်း ထိခိုက်လွယ်မှုများ" ထက် ကျော်လွန်သော အခြားရည်ရွယ်ချက်များကို အာရုံစိုက်သောကြောင့် Meta အနေဖြင့် ၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို ဆန်းစစ်ရာတွင် တိုးတက်လာခဲ့သည်။
Meta က ၎င်း၏ အဖော်အချွတ် မူဝါဒအတွက် ပေးထားသော အကြောင်းပြချက်များမှ တချို့သည် အများသမီးရင်သားများ၏ လိင်ပိုင်းဆိုင်ရာ အရိတ်အမြွက်ပြ ဆွဲဆောင်သော သဘောသဘာဝကို အခြေခံအဖြစ် ပုံသေယူဆချက်တစ်ခုကို ထင်ဟပ်စေကြောင်း မှတ်ချက်ပြုသင့်သည်။ ဘုတ်အဖွဲ့သည် အလားတူနှိုင်းယှဉ်နိုင်သော ရုပ်ပုံများအား လိင်အသားပေး ဖော်ပြမှုအဖြစ် မွေးရာပါအတိုင်း လိင်စိတ်ခံယူသူ အမျိုးသားများအပေါ် မှတ်ယူမှုမရှိချိန်တွင် အမျိုးသမီးများ၊ လိင်ပြောင်းထားသူများနှင့် ကျား/မ သတ်မှတ်မှုမရှိသူများ၏ ခန္ဓာကိုယ်များအား လိင်အသားပေးမှုအဖြစ် မှတ်ယူခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သော အသုံးပြုသူများစွာထံမှ အများမြင်မှတ်ချက်များကို လက်ခံရရှိခဲ့သည်။ (ဥပမာ- InternetLab မှ ပေးပို့သော အများမြင်မှတ်ချက် ၁၀၆၂၄ ကို ကြည့်ပါ)။
ဘုတ်အဖွဲ့သည် ၎င်း၏ ပုံမှန်အမှု ကမ်းလင့်ထောက်ကူခြင်း လုပ်ငန်းစဉ်များမှတစ်ဆင့် ဤအမှုတွင် အများမြင်မှတ်ချက်များစွာ လက်ခံရရှိခဲ့သည်။ အဖွဲ့တစ်ဖွဲ့က Meta ၏ အသုံးပြုသူ အခြေခံနှင့် အဓိကသက်ဆိုင်သူများထံ တာဝန်ခံမှု အတိုင်းအတာကို ပေးအပ်ရန် ကတိကဝတ်ပြုခဲ့သောကြောင့် ဘုတ်အဖွဲ့သည် မှတ်ချက်များကို ၎င်း၏ ဝေဖန်သုံးသပ်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလေးအနက်ထား၍ ထည့်သွင်းစဉ်းစားသည်။ အမှုအားလုံးကဲ့သို့ပင် ဤမှတ်ချက်များသည် ကမ္ဘာလုံးဆိုင်ရာ ထင်မြင်ယူဆချက်ကို ကိုယ်စားမပြုနိုင်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ ဘုတ်အဖွဲ့သည် မှတ်ချက်များမှတစ်ဆင့် မျှဝေသော အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုကို အသိအမှတ်ပြုပြီး ဤလုပ်ငန်းစဉ်တွင် လောလောဆယ်မပါဝင်နိုင်သော လူမှုအဖွဲ့အစည်းများသို့ ၎င်း၏ ကမ်းလင့်ထောက်ကူနိုင်စွမ်းအား ပိုမိုကျယ်ပြန့်စေရန် အဆင့်များကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
နောက်ဆုံးအနေဖြင့် Meta သည် ကျား/မဆိုင်ရာ သက်ရောက်မှုများရှိနိုင်သည့် အချို့သော အန္တရာယ်များကို ကာကွယ်ခြင်း၏ အရေးပါမှုကို တရားဝင်ထည့်သွင်းနိုင်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်မှ မှတ်ချက်ပြုထားသည့်အတိုင်း "အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ပျံ့နှံ့နေသည့် စနစ်အရ ခန္ဓာကိုယ်ဖွဲ့စည်းပုံဆိုင်ရာ ခွဲခြားဆက်ဆံမှုနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုတို့ ပိုမိုများပြားလာသော ပတ်ဝန်းကျင်တွင် အင်တာနက်ကို အသုံးပြုလျက်ရှိသည်ကို အသိအမှတ်ပြုရန် အရေးကြီးသည်" (ကHRC/၃၈/၄၇)။ ထို့အပြင် "ကာယကံရှင်ဆန္ဒ မပါဘဲ အတွင်းကျကျရုပ်ပုံများအား ဒစ်ဂျစ်တယ်နည်းအားဖြင့် ဖြန့်ဖြူးခြင်းခံရသူများ၏ ၉၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်" ဟု စစ်တမ်းများက ပြသည်။ (က/HRC/၃၈/၄၇)။ Meta သည် အဖော်အချွတ် ကန့်သတ်ချက်များအား စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်းနှင့် စည်းကမ်းထိန်းသိမ်းမှု မလုံလောက်ခြင်းတွင် ကျား/မဆိုင်ရာ အန္တရာယ်များကို ကန့်သတ်ရန် ကြိုးစားသင့်သည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
မူဘောင်ရေးဆွဲ၍ စည်းကမ်းတင်းကျပ်ထားသည့်အတိုင်း Meta ၏ မူဝါဒများသည် အကြောင်းအရာများကို လိုအပ်သည်ထက်ပို၍ ထိန်းချုပ်ကန့်သတ်သည်ကို ဘုတ်အဖွဲ့က တွေ့ရှိသည်။ မည်သည့်မူဝါဒမျှသည် ၎င်းတို့ ဖြေရှင်းရန် ကြိုးစားနေသော ပြဿနာများနှင့် အချိုးကျမျှတမှု မရှိပါ။
က။ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း
လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒ၏ သွယ်ဝိုက်သော "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" နှင့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားများအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ကျယ်ပြန့်လွန်းပြီး လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းနှင့်မသက်ဆိုင်သော အကြောင်းအရာများ၏ သိသာသောပမာဏကို ထိန်းချုပ်ကန့်သတ်ရန် ဦးတည်စေသည်။ "အကြောင်းအရာ စိစစ်သုံးသပ်သူအချို့သည် [၎င်း၏] ကုမ္ပဏီတွင်း စိစစ်သုံးသပ်သူ လမ်းညွှန်ချက်၏ နည်းပညာအလွန်အကျွံ အသုံးချမှုပေါ်အခြေခံ၍ သွယ်ဝိုက်သော လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း (မဟုတ်သော်လည်း) ယင်းအဖြစ် အကြောင်းအရာကို မှားယွင်းဖယ်ရှားနိုင်ကြောင်း သိရှိသည်" ဟု ဆိုကာ Meta ကိုယ်တိုင်က မှားယွင်းသော စည်းကမ်းထိန်းသိမ်းမှုဖြစ်နိုင်ခြေကိုအသိအမှတ်ပြုသည်။ Meta ဆက်ပြောခဲ့သည်မှာ-
လက်ရှိတွင် ကျွန်ုပ်တို့၏ သိထားသောမေးခွန်းများပေါ် အခြေခံ၍ ကျွန်ုပ်တို့သည် လူမှုရေး သို့မဟုတ် ဒစ်ဂျစ်တယ် အထောက်အထားများ၏ ဆက်သွယ်ရန်အချက်အလက်များကို မျှဝေခြင်း၊ ရည်ညွှန်းခြင်း သို့မဟုတ် ပံ့ပိုးပေးခြင်းအား လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းအတွက် သွယ်ဝိုက်သော ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှုတစ်ခုဟု ယူဆသည်။ […] သို့သော် ဤလမ်းညွှန်ချက်ကို အသုံးချခြင်းသည် ဥပမာအားဖြင့် မော်ဒယ်တစ်ဦးသည် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သောပုံစံဖြင့် ပို့စ်ပေးနေသည်ဟု စိစစ်သုံးသပ်သူမှ သတိမူမိပြီး ("လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်း" သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသည်) ဓာတ်ပုံဆရာအား ဓာတ်ပုံအတွက် ၎င်းကို ခရက်ဒစ်ပေးရန် အမည်ကတ်တွဲသည့် ("ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" သတ်မှတ်စံနှုန်းနှင့် ကိုက်ညီသည်) ကိစ္စရပ်များတွင် စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ လိင်ကိစ္စအတွက် မြှူဆွယ်ရန် ရည်ရွယ်ချက်မရှိသောကြောင့် ဤအကြောင်းအရာမျိုးသည် ချိုးဖောက်ခြင်းမဟုတ်သော်လည်း ၎င်းသည် အခြားနည်းအားဖြင့် အထက်ဖော်ပြပါ သတ်မှတ်စံနှုန်းနှစ်ခုနှင့် ကိုက်ညီသောကြောင့် ၎င်းကို (မူဝါဒနှင့် ဆန့်ကျင်လျက်) ဖယ်ရှားနိုင်သေးသည်။
ဒစ်ဂျစ်တယ်ရပ်ဝန်းရှိ အသိပညာဗဟုသုတအကြောင်း ဆွေးနွေးသော အစီရင်ခံစာ တစ်ခုတွင် အထင်မှား၍ စည်းကမ်းထိန်းသိမ်းမှုလွန်ကဲခြင်း ဖြစ်နိုင်ခြေကို ယူနက်စကိုက ဖော်ပြခဲ့သည်။ "ကြမ်းတမ်းညစ်ညမ်းသည့် ရုပ်ပုံများကို မျှဝေခြင်းနှင့်သက်ဆိုင်သော တင်းကြပ်သည့် စည်းမျဉ်းများဆိုသည်မှာ အချို့ကိစ္စရပ်များတွင် ခန္ဓာကိုယ် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုများအကြောင်း လေ့လာမှုကို ထောက်ပံ့ရန် အွန်လိုင်းတွင် ဖြန့်ချိထားသော ပညာရေးဆိုင်ရာ သင်ထောက်ကူပစ္စည်းများကို စိစစ်သူများက မသင့်လျော်သော ကြမ်းတမ်းညစ်ညမ်းသည့် အကြောင်းအရာအဖြစ် အထင်မှားပြီး ထိုသို့ အထင်မှားခံရသည့်အတွက်ကြောင့် ယေဘုယျ ဝက်ဘ်ပလက်ဖောင်းများမှ ဖယ်ရှားခံရသည်" ဟု ဆိုလိုသည်။ ၎င်းလက်ခံရရှိခဲ့သော အများမြင်မှတ်ချက်များစွာသည် ဤစံနှုန်းအရ မှားယွင်းသော ဖယ်ရှားခံရမှုများကို ဆွေးနွေးကြောင်းလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဥပမာအားဖြင့် ACON (ဩစတြေးလျရှိ HIV ပညာပေး NGO တစ်ခု) က HIV ကာကွယ်တားဆီးခြင်း သတင်းစကားကို လိင်ပိုင်းဆိုင်ရာ ပွင့်လင်းမှုရှိသော နည်းလမ်းဖြင့် အားပေးမြှင့်တင်သော အကြောင်းအရာနှင့် ပညာပေးအလုပ်ရုံဆွေးနွေးပွဲများကို ကြော်ငြာသော အကြောင်းအရာအား လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်းကြောင့် ဖယ်ရှားခဲ့သည်ဟု ရေးထားသည်။ ယင်းအတွက်ကြောင့် ထို NGO သည် ၎င်းတို့၏ ရည်ရွယ်ထားသော လူမှုအဖွဲ့အစည်းများသို့ ပျံ့နှံ့ရောက်ရှိရန် အကောင်းဆုံး စကားအသုံးအနှုန်းကို ရွေးချယ်ရမည့်အစား Meta ဖယ်ရှားမှုများကို ရှောင်ရှားရန် ၎င်းတို့အကြောင်းအရာ၏ စကားအသုံးအနှုန်းကို ရွေးချယ်ခဲ့ရသည် (အများမြင်မှတ်ချက် ၁၀၅၅၀)။ သူမအင်တာဗျူးခဲ့သော လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း ဆယ့်နှစ်ခုအနက် ကိုးခုသည် ဤနယ်ပယ်ရှိ Meta ၏ စိစစ်မှုကြောင့် အပျက်သဘောဆောင်သော ထိခိုက်မှုရှိခဲ့ကြောင်း အစီရင်ခံသည်ကို တွေ့ရှိခဲ့သည့် သုတေသီတစ်ဦးဖြစ်သော Joanna Williams မှ ၎င်းကို ထပ်လောင်းပြောကြားခဲ့သည် (အများမြင်မှတ်ချက် ၁၀၆၁၃)။
ခ။ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ
အထက်တွင်ဖော်ပြထားသည့်အတိုင်း လိင်နှင့် ကျား/မ သတ်မှတ်ချက်အပေါ် Meta ၏ သဘောထားကို အခြေခံ၍ စည်းကမ်းတင်းကျပ်နိုင်ပြီး အတိုင်းအတာပြောင်းနိုင်သော စည်းမျဉ်းများကို ချမှတ်ရာတွင် စိန်ခေါ်မှုများအပြင် Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်ဆိုင်ရာ မူဝါဒများသည် အချို့သော အကြောင်းအရာနှင့် ထုတ်ဖော်ပြောဆိုမှု အမျိုးအစားအပေါ် အချိုးအစားမမျှတသော ကန့်သတ်ချက်များ ဖြစ်ပေါ်စေကြောင်းကိုလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ကန့်သတ်မှုနည်းသော စီမံချက်များက ဖော်ပြထားသော မူဝါဒလျာထားချက်များကို ပြည့်မြောက်စေသည့်အခါ မူဝါဒများသည် အကြောင်းအရာဖယ်ရှားခြင်းကို ပြဋ္ဌာန်းသည်။
Meta သည် ဖယ်ရှားခြင်းအပြင် အသက် ၁၈ နှစ်အထက် အသုံးပြုသူများကိုသာ အကြောင်းအရာ ကြည့်ရှုခွင့်ပြုရန် သတိပေးချက် မျက်နှာပြင်များ အသုံးချခြင်းနှင့် အကြောင်းအရာကို အသက်ကန့်သတ်ခြင်းအပါအဝင် အခြားကွဲပြားသော စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက် အမျိုးမျိုးကို အသုံးပြုထားပြီးဖြစ်သည်။ ထို့အပြင် ၎င်းသည် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်၏ အနုပညာဆိုင်ရာ သရုပ်ဖော်မှုများအတွက်အပါအဝင် ၎င်း၏ အရွယ်ရောက်ပြီး အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာလုပ်ဆောင်ချက် မူဝါဒအတွင်း ထိုကဲ့သို့စီမံချက်များကို အသုံးချထားပြီးဖြစ်သည်။ Meta သည် သရုပ်ဖော်သည့် ခန္ဓာကိုယ်၏ ကျား/မသည် မည်သို့ရှိသည်ဖြစ်စေ အဖော်အချွတ်အကြောင်းအရာသည် အမှတ်တကယ် လိင်အသားပေးထားခြင်း ရှိသည့်အခါနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ကျသော အကြောင်းအရာအလိုက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် အလိုအလျောက်နှင့် လူကိုယ်တိုင် စိစစ်သူများကိုလည်း ချိတ်ဆက်ဆောင်ရွက်စေလိုသည်။ Meta သည် အသုံးပြုသူထိန်းချုပ်နိုင်စွမ်းအား ပိုမိုကျင့်သုံးနိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် အဖော်အချွတ်အကြောင်းအရာကို မကြည့်လိုသော အသုံးပြုသူများအား ထိုအကြောင်းအရာ၏ မြင်နိုင်မှုကို ကန့်သတ်ရန် ကျယ်ပြန့်သော မူဝါဒ ကြားဝင်ဆောင်ရွက်မှုအမျိုးမျိုးကို ထပ်မံအသုံးချနိုင်သည်။ Meta တွင် ခိုင်မာအောင်လုပ်နိုင်သော အဖော်အချွတ် မူဝါဒမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းနေသော ပြဿနာများနှင့်ပတ်သက်၍ (လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း မူဝါဒနှင့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်စော်ကားမှုနှင့် အဖော်အချွတ် မူဝါဒများကဲ့သို့) သီးသန့်မူဝါဒများစွာလည်း ရှိသည်။
Meta ၏ စည်းကမ်းထိန်းသိမ်းမှု ကျင့်ထုံးများသည် ချိုးဖောက်ထားခြင်းမရှိသော အကြောင်းအရာများကို မှားယွင်း၍ သို့မဟုတ် အထင်မှား၍ အကြိမ်ရေများစွာ ဖယ်ရှားခြင်းကို ဖြစ်ပေါ်စေသည်ဟု သိရကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ အယူခံဝင်ခဲ့ခြင်းကြောင့် အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စအရ ဖယ်ရှားခံရမှုများ၏ ၂၁ % သည် အကြောင်းအရာ ပြန်ထည့်သွင်းခြင်းကို ဖြစ်စေခဲ့ကြောင်း Meta ၏ Instagram အတွက် နောက်ဆုံးထုတ်ပြန်သော လူမှုစံနှုန်း စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အစီရင်ခံစာ (ဧပြီ-ဇွန် ၂၀၂၂) တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဘုတ်အဖွဲ့သည် အရွယ်ရောက်ပြီးသူ အဖော်အချွတ် မူဝါဒအရ အကြောင်းအရာကို အထင်မှား၍ ဖယ်ရှားခြင်းနှင့်ပတ်သက်သော အများမြင်မှတ်ချက်များစွာကိုလည်း လက်ခံရရှိခဲ့သည်။
ခွဲခြားဆက်ဆံမှု မပြုရေး
အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒနှင့်ဆက်စပ်သော Meta ၏ မူဝါဒများနှင့် စည်းကမ်းထိန်းသိမ်းမှုသည် အထူးသဖြင့် အမျိုးသမီးများနှင့် LGBTQI+ လူများအတွက် အချိုးအစားမမျှတသော သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ကြောင်း သက်သေအထောက်အထားရှိသည်။ ဤသက်ရောက်မှုများသည် မူဝါဒနှင့် စည်းကမ်းထိန်းသိမ်းမှု နှစ်မျိုးလုံးတွင် ထင်ဟပ်ပြီး အဖွဲ့များက မိမိကိုယ်ကို ထုတ်ဖော်ပြောဆိုနိုင်သော နည်းလမ်းများကို ကန့်သတ်ပြီး မလိုမုန်းထားမှုကို ခုခံကာ လူမှုအဖွဲ့အစည်းတွင် ၎င်းတို့၏ မြင်နိုင်စွမ်းကို မြှင့်တင်သည်။
ဤအမှုသည် လိင်ပြောင်းထားသူများနှင့် ကျား/မ သတ်မှတ်မှုမရှိသူ အသုံးပြုသူများနှင့် သက်ဆိုင်ခဲ့သော်လည်း ဤအမှုရှိ စည်းကမ်းထိန်းသိမ်းမှု အမှားများသည် အထူးသဖြင့် Meta က အဖော်အချွတ် အကြောင်းအရာများတွင် 'အမျိုးသမီးများအတွက် ပုံသေ' ချဉ်းကပ်ပုံချဉ်းကပ်နည်းတစ်ခုကို လက်ခံကျင့်သုံးသောကြောင့် အမျိုးသမီးများအပေါ်လည်း သက်ရောက်သည့် အခြေခံမူဝါဒတစ်ရပ်မှ အရင်းခံသည်။ ထို့ကြောင့် ဤကဏ္ဍသည် Meta ၏ မူဝါဒများက LGBTQI+ လူများသာမက အမျိုးသမီးများအပေါ်လည်း သက်ရောက်ပုံကို ထည့်သွင်းစဉ်းစားသည်။ ဤအမှုရှိ ပမာဏများပြားသော အများပြည်သူထံမှ ပေးပို့ချက်များသည် ဤမူဝါဒများတွင် ရှိနိုင်သော သက်ရောက်မှု၏ သာဓကများစွာကို ပေးခဲ့သည်။
"လိင်" သို့မဟုတ် "အခြားအခြေအနေ" နှင့် စပ်လျဉ်း၍ ခွဲခြားခြင်းမရှိဘဲ လူတိုင်းအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံထားသည် (အပိုဒ် ၂၊ ပိုဒ်ခွဲ ၁၊ ICCPR)။ ၎င်းတွင် လိင်စိတ်တိမ်းညွတ်မှုနှင့် ကျား/မ ခံယူချက်တို့ ပါဝင်သည် ( Toonen v. ဩစတြေးလျ (၁၉၉၄)။ က/HRC/၁၉/၄၁၊ အပိုဒ် ၇)။ "ကျိုးကြောင်းသင့်ပြီး ဘက်မလိုက်သော သတ်မှတ်စံနှုန်းပေါ်တွင် အခြေခံပြီး ပဋိညာဉ်အရ တရားဝင်သော ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဆောင်ရွက်သရွေ့ ပဋိညာဉ်၏ ပိုဒ်ခွဲ ၂၆ တွင် ဖော်ပြထားသော အကြောင်းပြချက်များပေါ် အရင်းခံ၍ ခွဲခြားမှုမှန်သမျှသည် ခွဲခြားဆက်ဆံခြင်းနှင့် မညီမျှပါ" ဟု လူ့အခွင့်အရေးကော်မတီ၏ ဥပဒေအတတ်ပညာရှင်က မှတ်ချက်ပြုသည်။ Nepomnyashchiy v Russia၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၈၊ ပိုဒ်ခွဲ ၇.၅ (CCPR/C/၁၂၃/D/၂၃၁၈/၂၀၁၃)။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူညီချက် (CEDAW) သည် "အမျိုးသားများနှင့် အမျိုးသမီးများ၏ တန်းတူညီမျှမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အရပ်ဘက် သို့မဟုတ် အခြားနယ်ပယ်တစ်ခုခုတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များပေါ် အခြေခံ၍ အမျိုးသမီးများ၏ အသိအမှတ်ပြုခံရမှု၊ ပျော်ရွှင်မှု သို့မဟုတ် အသုံးချမှုကို ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်း သက်ရောက်မှု သို့မဟုတ် ရည်ရွယ်ချက်ရှိသော လိင်ပေါ်အခြေခံ၍ပြုလုပ်သော ခွဲခြားမှု၊ ချန်လှပ်မှု သို့မဟုတ် ကန့်သတ်မှုမှန်သမျှ" ကို တားမြစ်သည် (CEDAW၊ ပိုဒ်ခွဲ ၁)။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများသည် ကာယကံရှင်ဆန္ဒပါသော အရွယ်ရောက်ပြီးသူ အဖော်အချွတ်ကို ခွင့်ပြုခြင်း သို့မဟုတ် တားမြစ်ခြင်းဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သွယ်ဝိုက်ပတ်သက်မှုများနှင့် ၎င်း၏ ခွဲခြားဆက်ဆံနိုင်ခြေရှိသော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
"စီးပွားရေးလုပ်ငန်းများသည် ခုခံနိုင်စွမ်းအားနည်းနိုင်ခြေ သို့မဟုတ် ဖယ်ကြဉ်ခံရနိုင်ခြေ မြင့်မားနိုင်သည့် အုပ်စုများ သို့မဟုတ် လူဦးရေများမှ လူတစ်ဦးချင်းပေါ် သီးခြားလူ့အခွင့်အရေး သက်ရောက်မှုမှန်သမျှကို အထူးဂရုပြုသင့်သည်" ဟု ကုလသမဂ္ဂမှ လမ်းညွှန်ထားသော အခြေခံမူများတွင် ဖော်ပြထားသည် (UNGP များ၊ အခြေခံမူ ၁၈ နှင့် ၂၀)။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးသတင်းထောက် ကိုယ်စားလှယ်သည် နည်းပညာကုမ္ပဏီများအား "သမိုင်းကြောင်းအရ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းခံရနိုင်ခြေရှိသော လူမှုအဖွဲ့အစည်းများ၏ အလေးထားစရာများကို တက်ကြွစွာရှာဖွေပြီး ထည့်သွင်းစဉ်းစား" ရန် တိုက်တွန်းသည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၈)။ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အလုပ်အကိုင် အဖွဲ့သည်လည်း နည်းပညာကုမ္ပဏီများအနေဖြင့် "လူလုပ်အသိဉာဏ်တုနှင့် အလိုအလျောက် စောင့်ကြည့်စနစ်သည် အမျိုးသမီးများ၏ လူ့အခွင့်အရေးများအပေါ် အချိုးအစားမမျှတသော ပြင်းထန်သည့်သက်ရောက်မှုများ မရှိကြောင်း" သေချာစေရမည်ဟု အကြံပြုထားသည် ( ကျား/မ တိုင်းတာမှု လက်စွဲစာအုပ်)။
ခွဲခြားဆက်ဆံခံရသူများအတွက် ထုတ်ဖော်ပြောဆိုနိုင်သည့် နေရာအပိုင်းအခြားတစ်ခုအဖြစ် လူမှုကွန်ရက် ပလက်ဖောင်းများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပါက Meta အနေဖြင့် ဤအုပ်စုများ၏၊ ၎င်းတို့အကြောင်း သို့မဟုတ် ၎င်းတို့၏ အဖွဲ့ဝင်များကို သရုပ်ဖော်သော အကြောင်းအရာများကို မှားယွင်းဖယ်ရှားခြင်း၏ ဖြစ်နိုင်ခြေကို အထူးသတိထားရမည်ဟု ဘုတ်အဖွဲ့က ၎င်း၏ မျှော်လင့်ချက်ကို အဆက်မပြတ် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုသည်။ ဌာနေတိုင်းရင်းသားပုဂ္ဂိုလ်များထံမှ အနုပညာအသုံးအနှုန်းများနှင့် ပတ်သက်၍ "Wampum ခါးပတ်" ဆုံးဖြတ်ချက် ( ၂၀၂၁-၀၁၂-FB-UA) တွင် ဘုတ်အဖွဲ့က မှတ်ချက်ပြုထားသည့်အတိုင်း Meta က Facebook ၏ အမုန်းစကားမူဝါဒကို ကျင့်သုံးပုံအား အားလုံးခြုံ၍ အကဲဖြတ်ခြင်းမှာ မလုံလောက်ပါ - သီးခြားအဖွဲ့များအပေါ် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရမည်။ အလားတူပင် "အာရဗီစကားလုံးများကို လက်ခံနိုင်သောပုံစံဖြင့် ပြန်လည်ပြင်ဆင်အသုံးပြုခြင်း" အမှုတွင် ဖိနှိပ်ခံရသော လူနည်းစုအုပ်စုများမှ အသုံးပြုသူများ၏ ပြောဆိုမှုကို စိစစ်မှုလွန်ကဲခြင်းသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်" ဟု ဘုတ်အဖွဲ့က အတည်ပြုခဲ့ပြီး Meta ၏ မူဝါဒများ (ဤအမှုတွင် အမုန်းစကားဆိုင်ရာ မူဝါဒ) ပါ ခြွင်းချက်များကို အဖယ်ကြဉ်ခံအုပ်စုများ၏ ထုတ်ဖော်ပြောဆိုမှုအပေါ် ကျင့်သုံးခဲ့ပုံနှင့်ပတ်သက်၍ စိုးရိမ်မှုကို ပြသခဲ့သည် ( ၂၀၂၂-၀၀၃-IG-UA)။
Meta ၏ ရွေးချယ်မှုများမှ ဖြစ်ပေါ်လာသည့် အကျိုးဆက်များသည် ၎င်း၏ ပလက်ဖောင်းများပေါ်တွင် အမျိုးသမီးများ၊ လိင်ပြောင်းထားသူများနှင့် ကျား/မ သတ်မှတ်မှုမရှိသူများအတွက် ကွဲပြားခြားနားသော ထုတ်ဖော်ပြောဆိုမှု အခွင့်အရေးများကို ရရှိစေသည်။ Meta ၏ လက်ရှိ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒသည် အမျိုးသမီး ရင်သားများနှင့် သားမြတ်များကို ပင်ကိုအားဖြင့် လိင်အသားပေးသည်ဟု သဘောထားသောကြောင့် ၎င်းတို့သည် ခွဲစိတ်ထားခြင်း သို့မဟုတ် ခွဲစိတ်မှုပြုမည်ဖြစ်ခြင်း သို့မဟုတ် မိခင်နို့တိုက်ကျွေးခြင်း မဟုတ်လျှင် တားမြစ်ခံရမည်။ ဆင်ဆာဖြတ်တောက်ခြင်းသည် အချို့သောအုပ်စုများအပေါ် အချိုးအစားမမျှတစွာ မသက်ရောက်ကြောင်း သေချာစေရန် အဆင့်များကို လုပ်ဆောင်ရမည့်အစား Meta ၏ မူဝါဒသည် ဤအုပ်စုများအပေါ် ထိုကဲ့သို့သက်ရောက်မှုများကို ခိုင်မာစွာအမြစ်တွယ်နေပြီး ဆက်လက်တည်တံ့စေသည်။
မူဝါဒ၏ အတိုင်းအတာပြင်ပတွင် ကျရောက်သော်လည်း အကြောင်းအရာကို အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ စိစစ်ခွဲခြားမှုနည်းပညာများမှ အကြိမ်များစွာ ဖော်ထုတ်တွေ့ရှိခဲ့သောကြောင့် ဤအမှုများသည် LGBTQI+ အဖြစ် ခွဲခြားသတ်မှတ်ထားသော လူများအတွက် Meta ၏ မူဝါဒ ရွေးချယ်မှုများ၏ အချိုးအစားမမျှတသော သက်ရောက်မှုကို ဦးစားပေးဖော်ပြသည်။ ဤအမှုများသည် ပိုမိုကျယ်ပြန့်သော ပြဿနာများ၏ ပြယုဒ်ဖြစ်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။ ဥပမာအားဖြင့် ပုံမှန်အားဖြင့် အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာများကြောင့် အကြောင်းအရာ ဖယ်ရှားခံရခြင်းနှင့် အကောင့် အဖျက်ခံရခြင်း ပမာဏမြင့်မားကြောင်း လိင်ပြောင်းထားသူများက အစီရင်ခံသည်ကို Haimson et al. လေ့လာမှုက တွေ့ရှိခဲ့သည်။
Meta ၏ မူဝါဒရွေးချယ်မှုများဖြင့် စည်းကမ်းတင်းကျပ်မှုသည်း အမျိုးသမီးများအပေါ် အချိုးအစားမမျှတသော သက်ရောက်မှုတစ်ခုရှိသည်။ Instagram မှ ဖယ်ရှားခံရသော အမျိုးသမီး ခန္ဓာကိုယ်ပုံများ၏ ၂၂ % အထိသည် သိသာထင်ရှားသော မှားယွင်းဆုံးဖြတ်မှုများ ဖြစ်ခဲ့ကြောင်း Witt၊ Suzor နှင့် Higgins တို့၏ လေ့လာမှုမှ တွေ့ရှိခဲ့သည်။ အမျိုးသမီးများ၏ ခန္ဓာကိုယ်များအပေါ် ခွဲခြားသောသက်ရောက်မှုကို အများမြင်မှတ်ချက်များတွင်လည်း မှတ်ချက်ပြုခဲ့သည် (ဥပမာ- ဒေါက်တာ Zahra Stardust ၏ အများမြင်မှတ်ချက် ၁၀၆၁၆ ကို ကြည့်ပါ)။
အဖော်အချွတ်အပေါ် ဤပုံသေရပ်တည်ယူဆချက်သည် အမျိုးသမီးများက ဓလေ့ထုံးစံအရ ရင်သားဗလာကျင်းနေရနိုင်သော အခြေအနေများတွင်လည်း ပြင်းထန်သော သက်ရောက်မှုတစ်ခုရှိသည်။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးမြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အထူးသတင်းထောက် ကိုယ်စားလှယ်က "အဖော်အချွတ်ကို အသားပေးဖော်ပြသော အကြောင်းအရာကို အကဲဖြတ်သည့်အခါ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားရန်အတွက် ပိုမိုကောင်းမွန်သော အညွှန်းလက္ခဏာများ ဖန်တီး" ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ဌာနေတိုင်းရင်းသားအုပ်စုများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ကုမ္ပဏီများကို တိုက်တွန်းခဲ့သည် (ပိုဒ်ခွဲ ၅၄၊ က/HRC/၃၈/၃၅)။
ဤမူဝါဒနှင့် ဆက်စပ်သော ခွဲခြားဆက်ဆံမှုမရှိရေး စိုးရိမ်စရာများအပြင် ဤအမှုများသည် စည်းကမ်းထိန်းသိမ်းမှုနှင့် ဆိုင်သော ခွဲခြားဆက်ဆံမှုမရှိရေး စိုးရိမ်စရာများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ အသုံးပြုသူများက အခြားအသုံးပြုသူများအား ဝန်လေးစေရန် သို့မဟုတ် အရှက်ခွဲရန်အတွက် ချိုးဖောက်ခြင်းမရှိသော အကြောင်းအရာကို တိုင်ကြားသည့်ကိစ္စရပ်တွင် အဖယ်ကြဉ်ခံအုပ်စုများအဖြစ် ခွဲခြားသတ်မှတ်ထားသော အသုံးပြုသူများထံမှ အကြောင်းအရာများသည် ထပ်ခါတလဲလဲဖြစ်သော သို့မဟုတ် မလိုလားသော တိုင်ကြားခြင်းကို ခံရနိုင်ခြေ ပိုများကြောင်း Meta အနေဖြင့် သတိရှိသင့်သည်။ ဤပြဿနာများသည် အများမြင် မှတ်ချက်များစွာကြောင့်လည်း ပေါ်ပေါက်ခဲ့သည် (ဥပမာ- GLAAD ၏ အများမြင်မှတ်ချက် ၁၀၅၉၆ နှင့် လူ့အခွင့်အရေး ကမ်ပိန်းဖောင်ဒေးရှင်း၏ အများမြင်မှတ်ချက် ၁၀၆၂၈ ကို ကြည့်ပါ)။
စိစစ်သုံးသပ်မှုများစွာကို ဖြစ်ပေါ်စေသော တိုင်ကြားချက် အမြောက်အမြားသည် မှားယွင်းဖယ်ရှားမှု ဖြစ်နိုင်ခြေကို တိုးစေနိုင်ကြောင်း ဤအမှုများက ဦးစားပေးဖော်ပြခဲ့သည်။ အမှန်တကယ်ပင် ဤအမှုတွင် အသုံးပြုသူ အစီရင်ခံစာ အများစုသည် အကြောင်းအရာကို ချိုးဖောက်ခြင်းမရှိဟု တွေ့ရှိခဲ့သည့် လူကိုယ်တိုင် စိစစ်သုံးသပ်မှုများကို ဖြစ်ပေါ်စေခဲ့သော်လည်း စိစစ်သုံးသပ်သူများက ၎င်းကို ချိုးဖောက်ထားသည်ဟု မှား၍ဆုံးဖြတ်ခဲ့ပြီး ၎င်းကို ဖယ်ရှားခဲ့သည်အထိ အကြောင်းအရာကို ဆက်လက်တိုင်ကြားခဲ့သည်။
Meta သည် ဤစိုးရိမ်ပူပန်မှုအားလုံးကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်မည့် မူဝါဒများကို ရေးဆွဲပြီး အကောင်အထည်ဖော်ရန် စူးစမ်းသင့်သည်။ ၎င်းတို့တွင် လိင် သို့မဟုတ် ကျား/မ သတ်မှတ်ချက်ပေါ်အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကျင့်သုံးသည့် အဖော်အချွတ်နှင့်ပတ်သက်သည့် ပိုမိုတစ်သမတ်တည်းဖြစ်သော မူဝါဒများ ပါဝင်နိုင်သည်။ ထိုကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်းတို့က ခွဲခြားဆက်ဆံသော သတ်မှတ်စံနှုန်းပေါ် အမှီပြုခြင်းကို ရှောင်ရှားနေသရွေ့ ၎င်းတို့တွင် မည်သည့်အကြောင်းအရာက လိင်ပိုင်းဆိုင်ရာဖြစ်ကြောင်း ပို၍ဆက်စပ်မှုရှိသော ဆုံးဖြတ်ချက်များလည်း ပါဝင်နိုင်သည်။
Meta တွင် ၎င်း၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း မူဝါဒတွင် သဘောမတူဘဲ အတွင်းကျကျပုံရိပ်မျှဝေခြင်းကို ကိုင်တွယ်ဖြေရှင်းရန် သီးသန့်မူဝါဒတစ်ရပ်ရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ၎င်းသည် ကုမ္ပဏီမှ ဦးစားပေး စည်းကမ်းထိန်းသိမ်းမှုအတွက် နေရာအပိုင်းအခြားတစ်ခု ဖြစ်ခဲ့သည် (ဥပမာအားဖြင့် သဘောမတူဘဲ ရုပ်ပုံများကို ထပ်ခါတလဲလဲ ပို့စ်တင်ခြင်းကို ရပ်တန့်ရန် ၎င်းတို့၏ အလိုအလျောက် ရှာဖွေဖော်ထုတ်ခြင်း နည်းပညာ၏ မိတ်ဆက်ကို ကြည့်ပါ)။ Meta က ပလက်ဖောင်းပေါ်တွင် အဖော်အချွတ် စီမံခန့်ခွဲခြင်းအတွက် ၎င်း၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းအား ပြောင်းလဲရန် လက်ခံစဉ်းစားသည့်အခါ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒက သဘောမတူဘဲ ရုပ်ပုံမျှဝေခြင်းကို ဆန့်ကျင်သည့် အတိုင်းအတာနှင့် အရွယ်ရောက်ပြီးသူအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း သို့မဟုတ် ၎င်း၏ စည်းကမ်းထိန်းသိမ်းမှုရှိ အပြောင်းအလဲများကို ၎င်းတို့၏ ထိရောက်မှုကို အားဖြည့်ပေးရန်အတွက် လိုအပ်နိုင်ခြင်းရှိ၊ မရှိ နားလည်ရန် အနီးကပ်စစ်ဆေးသင့်သည်။
Meta တွင် ၎င်း၏ ပလက်ဖောင်းပေါ်ရှိ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ညစ်ညမ်းပုံ အကြောင်းအရာများကို ကန့်သတ်ရာတွင် တရားဝင်အကျိုးစီးပွားတစ်ခု ရှိနိုင်ကြောင်းကိုလည်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ သို့သော် သက်ဆိုင်ရာ လုပ်ငန်းရည်ရွယ်ချက်များသည် အသုံးပြုသူအားလုံးကို ခွဲခြားခြင်းမပြုဘဲ ဆက်ဆံသည့် ချဉ်းကပ်ပုံချဉ်းကပ်နည်းများဖြင့် ဖြည့်ဆည်းနိုင်ပြီး ထိုကဲ့သို့ ဖြည့်ဆည်းသင့်ကြောင်း ဘုတ်အဖွဲ့က ယူဆသည်။
Meta အနေဖြင့် လိင် သို့မဟုတ် ကျား/မ ခြားနားချက်များပေါ် အခြေမခံသည့် အရွယ်ရောက်ပြီးသူ အဖော်အချွတ် မူဝါဒတစ်ရပ်ကို လက်ခံကျင့်သုံးခြင်းဖြင့် ၎င်း၏ လက်ရှိမူဝါဒများ၏ ခွဲခြားဆက်ဆံသော သက်ရောက်မှုကို လျှော့ချရန် ကြိုးစားသင့်ကြောင်း ဘုတ်အဖွဲ့ဝင်အချို့က ယူဆသည်။ ကျား/မဆိုင်ရာ ပုံသေကားကျ သတ်မှတ်ချက်များကို ဖယ်ထုတ်ခြင်းနှင့် ပတ်သက်သော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူညီချက် (CEDAW) ပြဋ္ဌာန်းချက်များ (ဥပမာအားဖြင့် အပိုဒ် ၅ နှင့် ၁၀ ကို ကြည့်ပါ) နှင့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေးမူဝါဒရှိ CEDAW အတွက် Meta ၏ ရှင်းလင်းပြတ်သားသော ကတိကဝတ်ကို ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ အဖော်အချွတ် မူဝါဒ၏ ဆက်စပ်အခြေအနေတွင် ဤနိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့် ခွဲခြားဆက်ဆံမှုမရှိရေးအတွက် Meta ၏ ကိုယ်ပိုင်ကတိကဝတ်သည် ပုံသေကားကျဖြစ်သော ခြားနားချက်များအား ဖယ်ထုတ်ခြင်းကို ထောက်ခံကြောင်း ၎င်းတို့က ကောက်ချက်ချခဲ့သည်။ လိင် သို့မဟုတ် ကျား/မ ခြားနားချက်များပေါ် အခြေမခံသော မူဝါဒတစ်ရပ်သို့ ကူးပြောင်းခြင်းသည် ၎င်း၏ ကော်ပိုရိတ် စံတန်ဖိုးများနှင့် ကတိကဝတ်များကို ထည့်သွင်းစဉ်းစားပါက လုပ်ငန်းတစ်ခုအနေဖြင့် ၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို ထိန်းသိမ်းရန် Meta အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်ဟု ဤအဖွဲ့ဝင်အုပ်စုက ကောက်ချက်ချခဲ့သည်။ ခွဲခြားဆက်ဆံမှုပုံစံများစွာသည် ပျံ့နှံ့လျက်ရှိသော လူမှုအစဉ်အလာဖြစ်ခဲ့ သို့မဟုတ် ဆက်လက်ဖြစ်မည်ဖြစ်သောကြောင့် စံနှုန်းများနှင့် မူဝါဒများသည် ခွဲခြားဆက်ဆံသော သက်ရောက်မှုများရှိသည့် သဘောတူညီချက်များကို ကိုင်တွယ်ဖြေရှင်းရန် ပြောင်းလဲဖြစ်ပေါ်သင့်ကြောင်း ဤအဖွဲ့ဝင်များက မှတ်ချက်ပြုသည်။
ဤကိစ္စရပ်များနှင့်ပတ်သက်၍ ဘုတ်အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုအချို့ ရှိခဲ့သည်။ Meta သည် ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ရန် လိင် သို့မဟုတ် ကျား/မအပေါ် အမှီမပြုသင့်ကြောင်း အခြေခံမူကို အဖွဲ့ဝင်အချို့က သဘောတူခဲ့သော်လည်း လိင်နှင့် ကျား/မအပေါ် အလေးထားသည့် အဖော်အချွတ်ဆိုင်ရာ မူဝါဒမရှိလျှင် သဘောမတူဘဲ အတွင်းကျကျပုံရိပ်မျှဝေခြင်းနှင့် အခြားအလားအလာရှိသော အန္တရာယ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် Meta ၏ လုပ်နိုင်စွမ်းကို လုံးဝယုံကြည်မှု ကင်းမဲ့ခဲ့ကြသည်။ ခွဲခြားဆက်ဆံမှုမရှိရေးနှင့် သက်ဆိုင်သော လူ့အခွင့်အရေး အခြေခံမူများသည် "ကျိုးကြောင်းသင့်ပြီး ဘက်မလိုက်သော သတ်မှတ်စံနှုန်းပေါ်အခြေခံ၍ ပဋိညာဉ်အောက်တွင် တရားဝင်သော ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဆောင်ရွက်နေ" သရွေ့ နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များကြောင့် ခွဲခြားမှုများကို ခွင့်ပြုသောကြောင့် (Nepomnyashchiy v Russia၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၈၊ ပိုဒ်ခွဲ ၇.၅ (CCPR/C/၁၂၃/D/၂၃၁၈/၂၀၁၃))။ လိင်နှင့် ကြားနေလိင် အဖော်အချွတ်ဆိုင်ရာ မူဝါဒသည် မလိုအပ်ဘဲ အခြားအန္တရာယ်များကို ဖြစ်ပေါ်စေနိုင် သို့မဟုတ် ပိုမိုဆိုးဝါးစေနိုင်ကြောင်း ဘုတ်အဖွဲ့၏ အခြားအဖွဲ့ဝင်များက ယူဆသည်။
ပြည်နယ်များနှင့်သက်ဆိုင်သော နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများအောက်တွင် နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များကြောင့် ခွဲခြားမှုများကို ကျိုးကြောင်းသင့်ပြီး ဘက်မလိုက်သော သတ်မှတ်စံနှုန်းပေါ်အခြေခံကာ ၎င်းတို့တွင် တရားဝင်ရည်ရွယ်ချက်တစ်ခု ရှိသည့်အခါ ပြုလုပ်နိုင်ကြောင်း လိင်နှင့် ကြားနေလိင် အရွယ်ရောက်ပြီးသူ အဖော်အချွတ်ဆိုင်ရာ မူဝါဒကို ထောက်ခံသည့် ဘုတ်အဖွဲ့ဝင်များက အသိအမှတ်ပြုသည်။ Meta ၏ အဖော်အချွတ် မူဝါဒအတွင်း ကွဲပြားမှုများသည် ထိုစံနှုန်းကို ပြည့်မီကြောင်း ၎င်းတို့က မယုံကြည်ပါ။ လုပ်ငန်းတစ်ခုအနေဖြင့် Meta သည် ကုမ္ပဏီ၏ လိင်နှင့် ကျား/မဆိုင်ရာ ခံယူချက်ပေါ် အခြေခံ၍ အွန်လိုင်းထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်သည့် ချဉ်းကပ်ပုံချဉ်းကပ်နည်းတစ်ခုနှင့် တစ်သမတ်တည်း ကိုက်ညီမှုမရှိသော လူ့အခွင့်ရေး ကတိကဝတ်များကို ပြုလုပ်ထားကြောင်း ၎င်းတို့က ထပ်မံမှတ်ချက်ပြုသည်။
အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စ လူမှုစံနှုန်းသည် အမျိုးသမီးများနှင့် LGBTQI+ အသုံးပြုသူများအပေါ် အချိုးအစားမမျှတစွာ သက်ရောက်ပြီး အတိုင်းအတာတစ်ခုဖြင့် အကြောင်းအရာ စိစစ်ခြင်းတွင် ပါဝင်ပတ်သက်သည့်အခါ လက်တွေ့မကျသော လိင်နှင့် ကျား/မဆိုင်ရာ တစ်သီးပုဂ္ဂလ မှန်းဆထင်မြင်ချက်များပေါ် အမှီပြုသည်။ စေ့စေ့စပ်စပ်ကြည့်ပါက စည်းမျဉ်းများနှင့် ၎င်းတို့၏ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ ရှုပ်ထွေးမှုနှင့် Meta ၏ လက်ရှိ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒ၏ အချိုးအစားမမျှတ၍ ခွဲခြားဆက်ဆံသော သက်ရောက်မှုကို ထည့်သွင်းစဉ်းစားပါက Meta အနေဖြင့် လိင် သို့မဟုတ် ကျား/မ သတ်မှတ်ချက်ပေါ်အခြေခံ၍ ခွဲခြားဆက်ဆံမှုမရှိဘဲအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် တစ်သမတ်တည်းနှင့် ကိုက်ညီစွာ လူတိုင်းကို ဆက်ဆံကြောင်း သေချာစေကာ ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ် မူဝါဒ၏ အလုံးစုံကို ထိန်းချုပ်ရန် ရှင်းလင်းပြီး ဘက်လိုက်မှုမရှိသော၊ အခွင့်အရေးများကို လေးစားသော သတ်မှတ်စံနှုန်းကို ပြဋ္ဌာန်းရန် ဘုတ်အဖွဲ့က အကြံပြုသည်။ Meta သည် ပထမဦးစွာ မတူကွဲပြားသော သဘောတရား၊ ပထဝီတည်နေရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု ပါရှိသည့် ယင်းကဲ့သို့သတ်မှတ်စံနှုန်းကို လက်ခံကျင့်သုံးခြင်း၏ သွယ်ဝိုက်သက်ရောက်မှုများကို စိစစ်သုံးသပ်ရန် ပြည့်စုံသော လူ့အခွင့်အရေးသက်ရောက်မှု အကဲဖြတ်ခြင်းကို ဆောင်ရွက်သင့်သည်။ ဤအကဲဖြတ်ချက်က အလားအလာရှိသော အန္တရာယ်မှန်သမျှကို ခွဲခြားဖော်ထုတ်သင့်သည့် အတိုင်းအတာအထိ မူဝါဒအသစ် အကောင်အထည်ဖော်ခြင်းသည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် လျော့ပါးစေသည့် အစီအစဉ်တစ်ခု ပါဝင်သင့်သည်။ ဘုတ်အဖွဲ့သည် ဤဆုံးဖြတ်ချက်ကို ထုတ်ပြန်သည့်ရက်မှ ခြောက်လအတွင်း အကဲဖြတ်ချက်နှင့် အစီအစဉ်ဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို တောင်းဆိုသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် ပို့စ်နှစ်ခုလုံးကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်များကို ပယ်ချလိုက်ပြီး ထိုပို့စ်များကို ပြန်ထည့်သွင်းပေးရန် လိုအပ်ကြောင်း ဆုံးဖြတ်သည်။
၁၀။ မူဝါဒဆိုင်ရာ အကြံပေး ဖော်ပြချက်
အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ အသုံးပြုသူအားလုံးကို မျှတစွာ ဆက်ဆံပြီး စိစစ်သူများနှင့် အများပြည်သူအား အဖော်အချွတ်ဆိုင်ရာ လက်တွေ့ကျင့်သုံးနိုင်သော စံနှုန်းတစ်ခုကို ပံ့ပိုးပေးရန်အတွက် Meta အနေဖြင့် လိင် သို့မဟုတ် ကျား/မ ခံယူချက်ပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် တစ်သမတ်တည်း ကိုက်ညီစွာဖြင့် လူအားလုံးအပေါ် တန်းတူရည်တူဆက်ဆံမှုကို သေချာစေကာ ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒအလုံးစုံကို ထိန်းချုပ်ရန် ရှင်းလင်းပြီး ဘက်မလိုက်သော၊ ရပိုင်ခွင့်များကို လေးစားသည့် သတ်မှတ်စံနှုန်းကို ပြဋ္ဌာန်းသင့်သည်။ Meta သည် ပထမဦးစွာ မတူကွဲပြားသော သဘောတရား၊ ပထဝီတည်နေရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေအသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု ပါရှိသည့် ယင်းကဲ့သို့သတ်မှတ်စံနှုန်းကို လက်ခံကျင့်သုံးခြင်း၏ သွယ်ဝိုက်သက်ရောက်မှုများကို စိစစ်သုံးသပ်ရန် ပြည့်စုံသော လူ့အခွင့်အရေးသက်ရောက်မှု အကဲဖြတ်ခြင်းကို ဆောင်ရွက်သင့်သည်။ ဤအကဲဖြတ်ချက်က အလားအလာရှိသော အန္တရာယ်မှန်သမျှကို ခွဲခြားဖော်ထုတ်သင့်သည့် အတိုင်းအတာအထိ မူဝါဒအသစ် အကောင်အထည်ဖော်ခြင်းသည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် လျော့ပါးစေသည့် အစီအစဉ်တစ်ခု ပါဝင်သင့်သည်။
၂။ အသုံးပြုသူများ ပိုမိုရှင်းလင်းစေရန်အတွက် Meta သည် အသုံးပြုသူများအား လိင်ပိုင်းဆိုင်ရာ "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" နှင့် ညီမျှသည့်အရာများ (ကြားခံပြင်ပ ဝက်ဘ်ဆိုက်များအတွက် လင့်ခ်များအပါအဝင်) နှင့် လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော ကိုယ်ဟန်အနေအထားများနှင့် ညီမျှသည့်အရာများ၏ နောက်ထပ်ရှင်းလင်းချက်ကိုလည်း အများသူငှာရရှိနိုင်သော လူမှုစံနှုန်းများတွင် ပံ့ပိုးသင့်သည်။ ဥပမာများနှင့်အတူ ဤစည်းမျဉ်းများ၏ ရှင်းလင်းချက်ကို လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း လူမှုစံနှုန်းတွင် ထည့်သွင်းသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
စည်းကမ်းထိန်းသိမ်းမှု
၃။ Meta ၏ လိင်ပိုင်းဆိုင်ရာ မြှူဆွယ်ခြင်း မူဝါဒအတွက် ၎င်း၏ ကုမ္ပဏီတွင်း သတ်မှတ်စံနှုန်းသည် အများသူငှာ ရရှိနိုင်သော မူဝါဒက ညွှန်ပြသည်ထက် ပို၍ အကြောင်းအရာဖယ်ရှားခြင်းကို မဖြစ်ပေါ်စေရန်နှင့် ယင်းကြောင့် လိင်အသားပေးခြင်းမရှိသော အကြောင်းအရာကို မှား၍မဖယ်ရှားကြောင်း အာမခံရန်အတွက် Meta အနေဖြင့် သတ်မှတ်စံနှုန်းသည် အများဆိုင်စည်းမျဉ်းများကို ထင်ဟပ်စေပြီး "ကမ်းလှမ်းမှု သို့မဟုတ် တောင်းဆိုမှု" နှင့် "လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြ ဆွဲဆောင်သော အစိတ်အပိုင်း" အကြား ပိုမိုရှင်းလင်းသော ချိတ်ဆက်မှုတစ်ခု လိုအပ်ကြောင်း သေချာစေရန် ၎င်း၏ ကုမ္ပဏီတွင်း စိစစ်သုံးသပ်သူ လမ်းညွှန်ချက်ကို ပြင်ဆင်သင့်သည်။ Meta က ဤပြင်ဆင်ထားသော သတ်မှတ်စံနှုန်းကို ထင်ဟပ်စေသည့် ၎င်း၏ ပြင်ဆင်ထားသော ကုမ္ပဏီတွင်း လမ်းညွှန်ချက်များကို ဘုတ်အဖွဲ့အား ပံ့ပိုးပေးသည့်အခါ ၎င်းကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားသည့် ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းတစ်ခုနှင့် တိုက်ကြီး ခြောက်တိုက်မှ လူမှုသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော် ပါဝင်သော အဖွဲ့တစ်ဖွဲ့အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃၂၀၀ ကျော်တို့သည် လူမှု နိုင်ငံရေးနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်စပ်အကြောင်းအရာများအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်အဆင့်အမြင်များကို ပံ့ပိုးပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။
Volver a Decisiones de casos y opiniones consultivas sobre políticas