Mantido
သီရိလင်္ကာ ဆေးဝါးများ
9 de Março de 2023
သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း ထိုနိုင်ငံသို့ ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများလှူဒါန်းရန် တောင်းဆိုသည့် Facebook ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ထောက်ခံအတည်ပြုခဲ့သည်။
ဤဆုံးဖြတ်ချက်ကို ဆင်ဟာလာနှင့် တမီလ် ဘာသာတို့ဖြင့်လည်း ရနိုင်သည်။
මෙම තීරණය සිංහල භාෂාවෙන් කියවීමට මෙතන ක්ලික් කරන්න.
இந்த முடிவைத் தமிழில் படிக்க இங்கே கிளிக் செய்யவும்.
အမှု အနှစ်ချုပ်
သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း ထိုနိုင်ငံသို့ ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများလှူဒါန်းရန် တောင်းဆိုသည့် Facebook ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ထောက်ခံအတည်ပြုခဲ့သည်။ သို့ရာတွင် လျှို့ဝှက်ထားရှိ၍ လိုအပ်လျှင်လိုအပ်သလို ပေးသော မူဝါဒကင်းလွတ်ခွင့်များသည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် မကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့ပြီး "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်နှင့်ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာပြီး တစ်သမတ်တည်းရှိစေရန် အကြံပြုချက်များ ပေးခဲ့သည်။ မူဝါဒတစ်ရပ်ကို အတိအကျ ဖတ်ရှုမှုက မူဝါဒ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်သည့် ရလဒ်ကို ဖြစ်ပေါ်စေသောနေရာတွင် ဤခွင့်ပြုချက်သည် အကြောင်းအရာကို ခွင့်ပြုပေးသည်။
အမှု အကြောင်း
ဧပြီလ ၂၀၂၂ တွင် သီရိလင်္ကာနိုင်ငံသို့ ဆေးဝါးများနှင့် ဆေးပစ္စည်းများ လှူဒါန်းရန် လူများအား တောင်းဆိုပြီး ထိုသို့လုပ်ဆောင်နိုင်ရန် လင့်ခ်တစ်ခု ပေးထားသော ထိုနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂတစ်ခု၏ Facebook စာမျက်နှာပေါ်တွင် ရုပ်ပုံတစ်ပုံကို တင်ခဲ့သည်။
ထိုအချိန်တွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံ၏ အရန်ထား နိုင်ငံခြားငွေများကို ကင်းမဲ့သွားစေသည်အထိ ပြင်းထန်သော နိုင်ငံရေးနှင့် ဘဏ္ဍာရေး အကျပ်အတည်းကို ကြုံနေခဲ့ရသည်။ ရလဒ်အနေဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်း ၈၅ ရာခိုင်နှုန်းကို တင်သွင်းရသည့် သီရိလင်္ကာနိုင်ငံတွင် ထိုကဲ့သို့ ဆေးဝါးတင်သွင်းရန် ရန်ပုံငွေမရှိခဲ့ပါ။ ဆေးရုံများတွင် ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်နေကြောင်း ဆရာဝန်များက အစီရင်ခံခဲ့ပြီး မကြာမီ ကျန်းမာရေး ကပ်ဆိုးတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ အကျပ်အတည်းကာလအတွင်း အန္တရာယ်ကို စောင့်ကြည့်ရန် တာဝန်ရှိသော Meta အဖွဲ့များသည် ဤအမှုရှိ အကြောင်းအရာကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများကို တောင်းဆိုသည့် အကြောင်းအရာအား တားမြစ်သော ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ပို့စ်က ချိုးဖောက်ခဲ့သော်လည်း အတိုင်းအတာတစ်ခုထိ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ကျင့်သုံးခဲ့ကြောင်း ကုမ္ပဏီက တွေ့ရှိခဲ့သည်။
“မူဝါဒ၏ ဆိုလိုရင်း” ခွင့်ပြုချက်များသည် မူဝါဒဆိုင်ရာ သဘောတရားနှင့် Meta ၏ စံတန်ဖိုးများက စည်းမျဉ်းများကို အတိအကျဖတ်ရှု အဓိပ္ပာယ်ကောက်ခြင်းနှင့် မတူညီသော ရလဒ်တစ်ခုကို တောင်းဆိုသည့်ကိစ္စရပ်တွင် အကြောင်းအရာကို ခွင့်ပြုသည်။ အတိုင်းအတာတစ်ခုထိ ခွင့်ပြုချက်များသည် ပို့စ်တစ်ခုချင်းစီထက် အကြောင်းအရာ၏ အမျိုးအစားတစ်ခုလုံးအပေါ် သက်ရောက်သည်။ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒအတွက် သဘောတရားတွင် "အန္တရာယ်ကင်းရှင်းရေးကို အားပေးမြှင့်တင်ခြင်း" ပါဝင်သည်။ Meta က ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။
အဓိက တွေ့ရှိချက်များ
ပို့စ်သည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ကြောင်း ကြီးကြပ်ရေးဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် ဤပို့စ်နှင့် အလားတူအကြောင်းအရာများကို ခွင့်ပြုရန် အတိုင်းအတာတစ်ခုအထိ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်တစ်ခုကို ကျင့်သုံးခြင်းသည် သင့်လျော်ခဲ့ပြီး Meta ၏ တန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီခဲ့ကြောင်း ၎င်းက တွေ့ရှိသည်။
လူများ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးက စိုးရိမ်ဖွယ်ဖြစ်နေသော အန္တရာယ်တွင်ရှိနေသည့် သီရိလင်္ကာနိုင်ငံ အကျပ်အတည်း အခြေအနေတွင် ထိုခွင့်ပြုချက်သည် လူမှုစံနှုန်း၏ "အန္တရာယ်ကင်းရှင်းရေးကို အားပေးမြှင့်တင်ခြင်း" ရည်ရွယ်ချက်နှင့် ကျန်းမာရေးဆိုင်ရာ လူ့အခွင့်အရေးကို လက်ကိုင်ပြုခဲ့သည်။ ဆေးဝါးလှူဒါန်းမှုများကို ခွင့်ပြုခြင်းသည် အန္တရာယ်များရှိနိုင်သော်လည်း သီရိလင်္ကာနိုင်ငံရှိ စိုးရိမ်ဖွယ်ရာအဆင့်ဖြစ်သော လိုအပ်ချက်သည် Meta ၏ အရေးယူဆောင်ရွက်ချက်များကို မှန်ကန်ကြောင်း ပြခဲ့သည်။
သို့သော် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်သည် "သီရိလင်္ကာဈေးကွက်အပြင် သီရိလင်္ကာပြင်ပရှိ ဆင်ဟာလာဘာသာဖြင့် တင်ထားသော အကြောင်းအရာများအပေါ်တွင် သက်ရောက်"နိုင်" ကြောင်း Meta က ပြောခဲ့သည်ကို ဘုတ်အဖွဲ့က စိုးရိမ်ပူပန်လျက်ရှိသည်။ Meta သည် ၎င်း၏ ခွင့်ပြုချက်များ သက်ရောက်သည့်နေရာနှင့် ပတ်သက်၍ ရှင်းလင်းအောင်လုပ်သင့်သည်။ အတိုင်းအတာတစ်ခုဖြင့် ခွင့်ပြုချက်များသည် အမှုမဲ့အမှတ်မဲ့ဖြစ်သော ခွဲခြားဆက်ဆံခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ကြောင့် ထိခိုက်စေနိုင်သည့် လူများ၏ မျိုးနွယ်စုနှင့် ဘာသာစကား မတူကွဲပြားမှုအပေါ် သတိထားဆင်ခြင်ကြောင်းလည်း သေချာစေသင့်သည်။ သီရိလင်္ကာနိုင်ငံတွင် ဆင်ဟာလာနှင့် တမီးလ်ဟူ၍ တရားဝင်ဘာသာစကားနှစ်မျိုးရှိပြီး ဒုတိယတစ်ခုကို တမီးလ်နှင့် မူဆလင် လူနည်းစုများက ပြောဆိုကြသည်။
၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် Meta အနေဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို အသုံးပြုသူများ ပိုမိုနားလည်စေရန်နှင့် ၎င်းကို တစ်သမတ်တည်းကျင့်သုံးကြောင်း သေချာစေရန် အရေးယူ ဆောင်ရွက်သင့်ကြောင်းလည်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
အကြောင်းအရာက "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်မှ အကျိုးရရှိသည့်အခါ ၎င်းကို တိုင်ကြားသော အသုံးပြုသူများအား အသိပေးခြင်းမရှိသလို ခြွင်းချက်ရှိကြောင်းကို အသုံးပြုသူများက သိနိုင်သည့် နည်းလမ်းတစ်ခုမျှ မရှိပါ။ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို လူမှုစံနှုန်းများတွင် မဖော်ပြထားသည့်အပြင် Meta သည် ဘုတ်အဖွဲ့၏ အကြံပြုချက်များကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခြွင်းချက်ရှိသည့်အခါ ပွင့်လင်းမြင်သာမှုစင်တာတွင် ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပါ။ Meta ၏ မူဝါဒများအတွက် လျှို့ဝှက်သော၊ လိုအပ်လျှင်လိုအပ်သလိုပေးသော ကင်းလွတ်ခွင့်များသည် Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် မကိုက်ညီပါ။
"မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို ထုတ်ပြန်သည့်အချိန်နှင့် ရပ်ဆိုင်းသည့်အချိန်ကို ထိန်းချုပ်လွှမ်းမိုးရန် ရှင်းလင်းသော သတ်မှတ်စံနှုန်းရှိပုံ မရပါ။ ဆုံးဖြတ်ချက်များကို တစ်သမတ်တည်းချမှတ်ကြောင်း သေချာအောင်လုပ်ရာတွင် ယင်းကဲ့သို့သတ်မှတ်စံနှုန်း၏ အရေးကြီးမှုကို ဘုတ်အဖွဲ့က အသားပေးပြီး ၎င်းတို့ကို အများမြင်ပြုလုပ်ရန် Meta အား အကြံပြုသည်။ Meta က ရည်ရွယ်ချက်တစ်ခုတည်းအတွက် ခွင့်ပြုချက်တစ်ခုကို ပုံမှန်အသုံးပြုလျှင် ၎င်းအနေဖြင့် သက်ဆိုင်ရာမူဝါဒအတွက် သီးခြားခြွင်းချက်တစ်ခုကို လိုအပ်ခြင်းရှိ၊ မရှိ အကဲဖြတ်သင့်ကြောင်းကိုလည်း ၎င်းက တွေ့ရှိသည်။
ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ပို့စ်ကို Facebook ပေါ်တွင် ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေး ဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့်လည်း လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- ခွင့်ပြုချက်ကို အတိုင်းအတာ သတ်မှတ်မည်၊ မသတ်မှတ်မည် ဆုံးဖြတ်ရန် Meta အသုံးပြုသည့် သတ်မှတ်စံနှုန်းအပါအဝင် ၎င်း၏ ပွင့်လင်းမြင်သာမှု စင်တာတွင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်နှင့်ပတ်သက်သော အချက်အလက်ကို ဖြန့်ချိရန်။
- မူဝါဒဆိုင်ရာ သဘောတရားနှင့် Meta ၏ စံတန်ဖိုးများက စည်းမျဉ်းများကို အတိအကျဖတ်ရှု အဓိပ္ပာယ်ကောက်ခြင်းအတွက် ကွဲပြားသောရလဒ်တစ်ခုကို တောင်းဆိုသည့်ကိစ္စရပ်တွင် ခွင့်ပြုချက်များ ပြုလုပ်နိုင်ကြောင်း လူမှုစံနှုန်းတွင် ရှင်းပြရန်။ ယင်းသည် ပွင့်လင်းမြင်သာမှုစင်တာရှိ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက် အချက်အလက်နှင့် ချိတ်ဆက်ဖော်ပြသင့်သည်။
- အသုံးပြုသူများ တိုင်ကြားခဲ့သော အကြောင်းအရာက "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်မှ အကျိုးရရှိသည့်အခါ ၎င်းတို့ကို သတိပေးရန်။
- အရေအတွက်နှင့် သက်ရောက်သော ဒေသများနှင့် ဘာသာစကားများအပါအဝင် ထုတ်ပြန်ထားသော "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုစင်တာတွင် စုပေါင်းထားသော အချက်အလက်ကို အများမြင်အောင် မျှဝေရန်။
* အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုအပေါ် ဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
သီရိလင်္ကာနိုင်ငံတွင် ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများ လှူဒါန်းရန် တောင်းဆိုသည့် Facebook ပေါ်ရှိ ပို့စ်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။ Meta ၏ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်သော်လည်း Meta က ထုတ်ပြန်သည့် အတိုင်းအတာဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကြောင့် အကြောင်းအရာကို Facebook တွင် ခွင့်ပြုပေးခဲ့သည်။ ဤခွင့်ပြုချက်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နှင့် နိုဝင်ဘာလ ၁၀ ရက်အတွင်း သီရိလင်္ကာနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကိုလှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းခဲ့သော အကြောင်းအရာများကို ခွင့်ပြုခဲ့သည်။ ဤခွင့်ပြုချက်သည် သီရိလင်္ကာနိုင်ငံ၏ ပြင်းထန်ပြီး ပိုမိုဆိုးရွားစေသော နိုင်ငံရေး၊ စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းများကို ထည့်သွင်းစဉ်းစားပါက သင့်လျော်ခဲ့သော်လည်း အထူးသဖြင့် အကျပ်အတည်းအချိန်များတွင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ကျင့်သုံးနည်းနှင့်ပတ်သက်၍ အသုံးပြုသူများကို နောက်ထပ်အချက်အလက်များ ပေးရန် Meta အား တိုက်တွန်းသည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
ဧပြီလ ၂၀၂၂ တွင် Facebook အသုံးပြုသူတစ်ဦးသည် သီရိလင်္ကာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကုန်သွယ်ရေးသမဂ္ဂတစ်ခု၏ Facebook စာမျက်နှာပေါ်တွင် ရုပ်ပုံတစ်ပုံ တင်ခဲ့သည်။ ထိုရုပ်ပုံတွင် "လှူဒါန်းရန်" ဟု ဖော်ပြထားသည့် ခလုတ်တစ်ခုနှင့် လူများသည် ယခုပေးထားသောလင့်ခ်ကို နှိပ်၍ သီရိလင်္ကာနိုင်ငံသို့ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ကုန်ပစ္စည်းများကို လှူဒါန်းနိုင်ကြောင်း အင်္ဂလိပ်လို ဖော်ပြထားသည့် စာတန်းတစ်ခု ပါဝင်ပါသည်။ စာတန်းထဲရှိလင့်ခ်သည် သီရိလင်္ကာ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍရှိ အကျပ်အတည်းတစ်ခုကို ဖော်ပြပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ထောက်ပံ့ရန်အတွက် ဆေးကုသမှုဆိုင်ရာဆေးဝါးများ လှူဒါန်းရန် လူများ လိုအပ်နေကြောင်း ရေးသားထားသည့် ကုန်သွယ်ရေးသမဂ္ဂ၏ ပြင်ပဝက်ဘ်ဆိုက်ပေါ်ရှိ စာမျက်နှာတစ်ခုသို့ ဦးတည်ညွှန်းပေးသည်။ ဝက်ဘ်စာမျက်နှာတွင် အောက်ပါတို့ကို ရယူခြင်းအပါအဝင် လှူဒါန်းသူများအတွက် ညွှန်ကြားချက်များလည်း ပေးထားသည်- ၁) လှူဒါန်းသောဆေးဝါးများကို လက်ခံရရှိသူထံမှ စာတစ်စောင်။ ၂) ဆေးဝါးများ၏ အမျိုးအစား၊ အရေအတွက်နှင့် တန်ဖိုးကို သတ်မှတ်ဖော်ပြထားသည့် ကုန်သွယ်ရေးဆိုင်ရာ ငွေတောင်းခံလွှာတစ်စောင်နှင့် ၃) ဆေးဝါးများ၏ အညွှန်းများကို စကန်ဖတ်ထားသော ရုပ်ပုံတစ်ပုံ။ ယင်းပို့စ်ကို အကြိမ်ပေါင်း ၈၀,၀၀၀ ကျော်ကြည့်ရှုခဲ့ပြီး အကြိမ် ၁,၀၀၀ အောက် မျှဝေထားကာ မည်သူကမျှ တိုင်ကြားထားခြင်း မရှိခဲ့ပါ။
အကြောင်းအရာကို ပို့စ်တင်ခဲ့ချိန်တွင် သီရိလင်္ကာနိုင်ငံသည် နိုင်ငံ၏ အရန်ထား နိုင်ငံခြားငွေများကို ကင်းမဲ့သွားစေသည်အထိ ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်း ကာလကို ကြုံနေခဲ့ရသည်။ သီရိလင်္ကာလူမျိုးများစွာသည် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍအတွက် အစိုးရအဖွဲ့ဝင်များအား ဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ဇွန်လ ၂၀၂၂ ခုနှစ်တွင် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် နိုင်ငံ၏ ပြင်းထန်ဆိုးရွားသော အစားအစာပြတ်လပ်မှုများကြောင့် ၎င်းတို့၏ အစားအစာ စားသုံးမှုကို လျှော့ချခဲ့ရကြောင်း ကုလသမဂ္ဂက အစီရင်ခံခဲ့သည်။ သီရိလင်္ကာနိုင်ငံအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ ရှစ်ဆယ့်ငါး ရာခိုင်နှုန်းကို အခြားနိုင်ငံများ၊ အထူးသဖြင့် အိန္ဒိယမှ တင်သွင်းသည်။ ငွေကြေး အကျပ်အတည်းသည် သီရိလင်္ကာနိုင်ငံတွင် ဤဆေးဝါးများကို တင်သွင်းရန် ရန်ပုံငွေများ မရှိတော့ကြောင်း ဆိုလိုခဲ့သည်။ ဧပြီလ ၂၀၂၂ ၌ ဆေးရုံများတွင် ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပြတ်လပ်နေကြောင်း သီရင်လင်္ကာနိုင်ငံတစ်ဝန်းရှိ ဆရာဝန်များက အစီရင်ခံခဲ့ပြီး မကြာမီ ကျန်းမာရေး ကပ်ဆိုးတစ်ခု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ပုံမှန်ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပယ်ဖျက်ခဲ့ပြီး သေဆုံးနှုန်းက အဆမတန် တိုးလာမည်ကို ဆရာဝန်များက ကြောက်ရွံ့ခဲ့သည်။ စက်တင်ဘာလ ၂၀၂၂ တွင် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) သည် ကုလသမဂ္ဂ ဗဟို အရေးပေါ် တုံ့ပြန်ရေး ရန်ပုံငွေ (CERF) ၏ ငွေကြေးအထောက်အပံ့ဖြင့် သီရိလင်္ကာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်ပြီး အလွန်အရေးပါသော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ရယူ၍ ပေးပို့ရန် ကြိုးပမ်းခဲ့သည်။
Meta ၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးအဖွဲ့သည် သီရိလင်္ကာနိုင်ငံရှိ လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းနှင့်ဆက်စပ်၍ အန္တရာယ်စောင့်ကြည့်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်နေစဉ် ဤအမှုတွင် အငြင်းပွားနေသော အကြောင်းအရာကို ခွဲခြားဖော်ထုတ်ခဲ့သည်။ ဤစောင့်ကြည့်ရေး ဦးတည်ဆောင်ရွက်ချက် အမျိုးအစားကို ပုံမှန်အားဖြင့် အဖွဲ့၏ကျွမ်းကျင်သူနှင့် ၎င်း၏ ပလက်ဖောင်းပြင်ပ အခြေအနေများ၏ အကဲဖြတ်ချက်မှ လှုံ့ဆော်သည့် အန္တရာယ်များသော ဖြစ်ရပ်များအတွင်း ဆောင်ရွက်ကြောင်း ကုမ္ပဏီက ဆိုခဲ့သည်။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒအဖွဲ့ကို မဆက်သွယ်မီ အမှုအကြောင်းအရာကို ထပ်ဆောင်းစိစစ်သုံးသပ်ရန်အတွက် နှစ်ကြိမ်အရှိန်မြှင့်တင်ခဲ့သည်။
ဤပို့စ်အပြင် သီရိလင်္ကာနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အခြားအကြောင်းအရာများကို ခွင့်ပြုရန် Meta သည် အချိန်အကန့်အသတ်ရှိသော အတိုင်းအတာတစ်ခုဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ထုတ်ပြန်ခဲ့သည်။ သက်ဆိုင်သော လူမှုစံနှုန်းကို တင်းကျပ်စွာ ကျင့်သုံးမှုကြောင့် ၎င်း၏ သဘောတရားနှင့် ရည်ရွယ်ချက်များနှင့် မကိုက်ညီသော ရလဒ်များ ထွက်ပေါ်လာသည့် အချိန်များတွင် Meta သည် “မူဝါဒ၏ ဆိုလိုရင်း” ခြွင်းချက်ကို ပြုလုပ်လေ့ရှိသည်။ အတိုင်းအတာသတ်မှတ်ထားသော မူဝါဒ ခွင့်ပြုချက်များသည် သီးခြားသတ်မှတ်စံနှုန်းကို ဖြည့်ဆည်းပေးသည့် အကြောင်းအရာအားလုံးအပေါ် သက်ရောက်သည့် ယေဘုယျ ခွင့်ပြုချက်များဖြစ်သည်။ ၎င်းတို့ကို အရှိန်မြှင့်တင်မှုဖြင့် Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များကသာ ထုတ်ပြန်နိုင်သည်။ ထုတ်ပြန်ပြီးသည်နှင့် အတိုင်းအတာ သတ်မှတ်ထားသော မူဝါဒခွင့်ပြုချက်များကို အတိုင်းအတာဖြင့် စိစစ်သုံးသပ်သူများက စည်းကမ်းတင်းကျပ်သည်။ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်တွင် နှစ်ပတ်တာ ကာလကြာ ထုတ်ပြန်ခဲ့သည် (၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်အထိ အကျုံးဝင်သည်)။ အခါအားလျော်စွာ စိစစ်သုံးသပ်၍ အသစ်ပြင်ဆင်ပြီးနောက် ယင်းခွင့်ပြုချက်ကို အကြိမ်များစွာ သက်တမ်းတိုးခဲ့သည်။
ယင်းခွင့်ပြုချက် ပြီးဆုံးသွားသည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်ကတည်းက Meta သည် သီရိလင်္ကာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ ဆေးဝါးများကို လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသည့် မည်သည့်အကြောင်းအရာကိုမဆို ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒပေါ် အခြေခံ၍ စိစစ်သုံးသပ်ပြီး ခွင့်ပြုချက်မပါဘဲ မူဝါဒကို ကျင့်သုံးပြဋ္ဌာန်းသည်။
အမှုတွင် “အန္တရာယ်ကင်းရှင်းရေး”နှင့် “သဘောထားထုတ်ဖော်ခွင့်”တို့၏ ဒွန်တွဲနေသော တန်ဖိုးများကို ချိန်ညှိရခြင်းများ ပါဝင်သောကြောင့် ခက်ခဲမှုရှိကြောင်းနှင့် ကာကွယ်နိုင်သော သေဆုံးမှုများကို ဆေးဝါးများမရှိခြင်းကြောင့် မတားဆီးနိုင်ခဲ့ခြင်း ဖြစ်စေသည့် သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းနှင့် သက်ဆိုင်နေသောကြောင့် အရေးပါကြောင်း ဆိုလျက် Meta က ထိုအမှုကို ဘုတ်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ အကျပ်အတည်း သို့မဟုတ် ပဋိပက္ခဖြစ်သည့် အခြေအနေများအတွင်း ကုမ္ပဏီက ၎င်း၏ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒတွင် ဒေသအလိုက် ယာယီသတ်မှတ်ထားသော “မူဝါဒ၏ ဆိုလိုရင်း” ခွင့်ပြုချက်များ ချမှတ်ပုံကို အကဲဖြတ်ပေးရန် Meta က ဘုတ်အဖွဲ့အား တောင်းဆိုခဲ့သည်။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဘုတ်အဖွဲ့တွင် Meta က သုံးသပ်ရန်အတွက် ပေးပို့ထားသည့် ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်ပိုင်ခွင့်ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ အပိုဒ် ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၁)။ ဘုတ်အဖွဲ့သည် ဆုံးဖြတ်ချက်များကို ၎င်းထံ လွှဲပြောင်းပေးရန် Meta အား တောင်းဆိုနိုင်သည်။
ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အကြောင်းအရာပါသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အား အသုံးချနိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါရှိသော မူဝါဒအကြံပေး ထုတ်ပြန်ချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။ Meta က အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ကတိကဝတ်ပြုလျှင် ဘုတ်အဖွဲ့သည် ၎င်းတို့၏ အကောင်အထည်ဖော်မှုကို စောင့်ကြည့်သည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များနှင့် လမ်းညွှန်ချက်
ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ စံနှုန်းများနှင့် သာဓကများဖြင့် အသိပေးတင်ပြခဲ့သည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ အသက်ဆိုင်ဆုံး ယခင်ဆုံးဖြတ်ချက်များတွင် အောက်ပါတို့ ပါဝင်သည်-
- "အီရန်နိုင်ငံ ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ်" ( ၂၀၂၂-၀၁၃-FB-UA)- ဤအမှုသည် Meta ၏ အခြားပဓာနကျသော မူဝါဒခွင့်ပြုချက်ဖြစ်သည့် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို အကျပ်အတည်းကာလများအတွင်း အသုံးချနိုင်ပုံနှင့် ပတ်သက်ခဲ့သည်။ Meta အနေဖြင့် ပေးအပ်ထားသည် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်များနှင့်ပတ်သက်၍ နောက်ထပ်အချက်အလက်များကို အများပြည်သူထံ ပံ့ပိုးပေးရန်နှင့် ကုမ္ပဏီအနေဖြင့် ၎င်းတို့ကို မိတ်ဆက်ချိန်တွင် ကြေညာပေးရန် ဘုတ်အဖွဲ့က အကြံပြုခဲ့သည်။
- "ကိုလံဘီယာ ဆန္ဒပြပွဲများ" ( ၂၀၂၁-၀၁၀-FB-UA)- ဤအမှုသည် သတင်းဖြစ်လောက်သော အကြောင်းအရာများအတွက် ချမှတ်ပေးထားသော ခွင့်ပြုချက်များနှင့်သက်ဆိုင်ခဲ့သည်။ Meta အနေဖြင့် "ချိုးဖောက်ထားသော အကြောင်းအရာအဖြစ် သုံးသပ်ခဲ့သော်လည်း လူထုအကျိုးစီးပွား ကိစ္စရပ်များအတွက် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုထားသည့် ပို့စ်သည် ပလက်ဖောင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ယင်းအကြောင်းအရာကို တိုင်ကြားထားသည့် အသုံးပြုသူအားလုံးထံ အသိပေးအကြောင်းကြားရန်" ဘုတ်အဖွဲ့က အကြံပြုခဲ့သည်။ ဤသတိပေးချက်သည် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကို ပွင့်လင်းမြင်သာမှု စင်တာ၏ ရှင်းပြချက်နှင့် ဆက်စပ်ဖော်ပြသင့်သည်။"
- “သမ္မတဟောင်း ထရမ့်ကို ဆိုင်းငံ့ခြင်း” ( ၂၀၂၁-၀၀၁-FB-FBR)- ဤအမှုသည် Meta က အကျပ်အတည်းများကို တုံ့ပြန်ပုံနှင့် မူဝါဒခြွင်းချက်များ သတ်မှတ်ပုံနှင့် သက်ဆိုင်ခဲ့သည်။ Meta အနေဖြင့် "၎င်း၏ပုံမှန်စီမံဆောင်ရွက်မှုများက ဖြစ်နိုင်ခြေအန္တရာယ်ကို တားဆီးခြင်း သို့မဟုတ် ရှောင်ရှားခြင်းမပြုနိုင်သော အကျပ်အတည်းကာလ အခြေအနေများ သို့မဟုတ် ဆန်းသစ်သော အခြေအနေများအတွက် ၎င်း၏ တုံ့ပြန်မှုကို ထိန်းချုပ်သည့် မူဝါဒကို ရေးဆွဲပြီး ထုတ်ပြန်ရန်" ဘုတ်အဖွဲ့က အကြံပြုထားသည်။
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ-
ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း
ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆိုင်ရာ လူမှုစံနှုန်းအောက်တွင် Meta သည် "အချို့သော ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို တစ်သီးပုဂ္ဂလများ၊ ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများက ဝယ်ယူရန်၊ ရောင်းချရန်၊ ကံစမ်းမဲဖောက်ရန်၊ လက်ဆောင်ပေးရန်၊ လွှဲပြောင်းရန် သို့မဟုတ် ကုန်သွယ်ရန် ကြိုးပမ်းမှုများကို တားမြစ်သည်။" ၎င်းတွင် “ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခု၌ ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများ၏ ဈေးသက်သာမှု၊ သုံးစွဲနိုင်မှု သို့မဟုတ် ထိရောက်မှုတို့အကြောင်း ဆွေးနွေးသည်မှလွဲ၍ ထိုဆေးဝါးများကို" တောင်းဆိုခြင်းများအပြင် ထိုဆေးဝါးများကို "လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးစားအားထုတ်မှုများ" ပါဝင်သည်။ ဤလူမှုစံနှုန်းအတွက် မူဝါဒဆိုင်ရာ သဘောတရားသည် အန္တရာယ်ဖြစ်နိုင်ခြေရှိသော လှုပ်ရှားဆောင်ရွက်မှုကို ဟန့်တားလျက် အန္တရာယ်ကင်းရှင်းရေးကို အားပေးမြှင့်တင်သည်။ ဤလူမှုစံနှုန်းအောက်တွင် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ" ကို ဆေးညွှန်းစာ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက စီမံပေးရန် လိုအပ်သော ဆေးဝါးများ" အဖြစ် ဖော်ပြထားသည်။
မူဝါဒ၏ ဆိုလိုရင်း ခွင့်ပြုချက်
မူဝါဒဆိုင်ရာ သဘောတရား (လူမှုစံနှုန်းတစ်ရပ်စီကို မိတ်ဆက်သည့် စာသား) နှင့် Meta ၏ စံတန်ဖိုးများက စည်းမျဉ်းများ ("ပို့စ်မတင်ရ" ကဏ္ဍတွင်နှင့် တားမြစ်ထားသော အကြောင်းအရာများစာရင်းတွင် ဖော်ပြထားသော စည်းမျဉ်းများ) ကို အတိအကျဖတ်ရှုခြင်းနှင့် မတူညီသော ရလဒ်တစ်ခုကို တောင်းဆိုသည့်အခါ Meta သည် အကြောင်းအရာအပေါ် "မူဝါဒ၏ အနှစ်သာရ" ခွင့်ပြုချက်ကို ကျင့်သုံးနိုင်သည်။
ဤအမှုတွင် Meta သည် သီရိလင်္ကာနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာများကို ခွင့်ပြုရန် "မူဝါဒ၏ အနှစ်သာရ" ခွင့်ပြုချက်ကို ကျင့်သုံးခဲ့သည်။ စီးပွားရေး အကျပ်အတည်းနှင့် ဆေးဝါးများကို အထူးအတည်လိုအပ်မှုကြောင့် ၎င်းက ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဘုတ်အဖွဲ့အတွက် Meta ၏ ဖြေကြားချက်များတွင် အဆိုပါခွင့်ပြုချက်ကို သီရိလင်္ကာနိုင်ငံ၌ ပို့စ်တင်ထားသော အကြောင်းအရာအပေါ် ကျင့်သုံးကြောင်းနှင့် ၎င်းတို့၏ "ဈေးကွက်လမ်းကြောင်း" ကြောင့် "သီရိလင်္ကာနိုင်ငံပြင်ပတွင် ဆင်ဟာလာဘာသာဖြင့် ပို့စ်တင်ထားသော အကြောင်းအရာများလည်း ပါဝင်နိုင်ကြောင်း" Meta က ဆိုခဲ့သည်။ နိုင်ငံ၏ အခြားတရားဝင် ဘာသာစကားတစ်ခုဖြစ်သည့် တမီးလ်ဘာသာဖြင့် တင်ထားသော အကြောင်းအရာအပေါ် သီရိလင်္ကာနိုင်ငံပြင်ပတွင် အဆိုပါခွင့်ပြုချက်ကို ကျင့်သုံးခဲ့ကြောင်း Meta က ရည်ညွှန်းပြောကြားခြင်း မရှိခဲ့ပါ။
ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို "ပဓာန" အဖြစ် ကုမ္ပဏီက ဖော်ပြသည့် Meta ၏ "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးနှင့် ၎င်း၏ "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးဖြင့်လည်း အသိပေးတင်ပြခဲ့သည်။
၃။ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒကို Meta က ကြေညာခဲ့သည်။
ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်။ အစီရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈) နှင့် က/၇၄/၄၈၆ (၂၀၁၉)။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- ကျန်းမာရေးဆိုင်ရာ အခွင့်အရေး- အပိုဒ်ခွဲ ၁၂၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICESCR)၊ အထွေထွေမှတ်ချက် အမှတ် ၁၄၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ ကော်မတီ (၂၀၀၀)။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
ဘုတ်အဖွဲ့၏ စိစစ်သုံးသပ်မှုအကြောင်း ပို့စ်ရေးသားသူအား အသိပေးခဲ့ပြီး ဘုတ်အဖွဲ့ထံ ရှင်းလင်းချက် ပေးပို့ရန် အခွင့်အရေးတစ်ကြိမ် ပေးခဲ့သည်။ အသုံးပြုသူသည် ရှင်းလင်းချက်ကို တင်သွင်းခြင်း မရှိခဲ့ပါ။
၆။ Meta ၏ တင်ပြချက်များ
Meta က ၎င်း၏ လူမှုစံနှုန်းများသည် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများအား တောင်းဆိုသည့် အကြောင်းအရာကို ခွင့်မပြုသော်လည်း "သီရိလင်္ကာနိုင်ငံရှိ စီးပွားရေး အကျပ်အတည်းတစ်ခုကြောင့် ဖြစ်ပေါ်လာသော ဆေးဘက်ဆိုင်ရာ ဆေးဝါးများလိုအပ်မှုသည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒအောက်တွင် ခွင့်ပြုချက်ပေးရန် အကြောင်းရင်းခိုင်လုံစေခဲ့သည်" ဟု ကုမ္ပဏီက ဆုံးဖြတ်ခဲ့ကြောင်း ဘုတ်အဖွဲ့ကို ရှင်းပြခဲ့သည်။ ဤမူဝါဒ၏ ရည်မှန်းချက်သည် "[အ]န္တရာယ်ကင်းရှင်းရေးကို အားပေးမြှင့်တင်ရန်နှင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသော လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားရန်" ဖြစ်ကြောင်း ဤသဘောတရားတွင် ဖော်ပြထားသည်။ အတိုင်းအတာသတ်မှတ်ထားသော ခွင့်ပြုချက်တစ်ခုကို ထုတ်ပြန်ရန် ဆုံးဖြတ်ချက်သည် Meta အား "အကျပ်အတည်းကာလအတွင်း သီရိလင်္ကာနိုင်ငံသားများ၏ လိုအပ်ချက်များကို ကုမ္ပဏီ၏ ပလက်ဖောင်းများပေါ်တွင် အန္တရာယ်ဖြစ်နိုင်ခြေရှိသော ဆေးဝါးများကို မျှဝေရန်နှင့် လဲလှယ်ရန် လူများအား ခွင့်ပြုခြင်း၏ အန္တရာယ်များနှင့် အကဲဖြတ်ချိန်ဆ" ရန် လိုအပ်စေခဲ့သောကြောင့် ၎င်းသည် "အထူးစိန်ခေါ်မှုရှိခဲ့သည်" ဟုလည်း Meta က ဆိုခဲ့သည်။ သီရိလင်္ကာနိုင်ငံအပါအဝင် နိုင်ငံအများစုတွင် "ထိန်းချုပ်ထားသော ပစ္စည်းများ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို ပြစ်မှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းသတ်မှတ်သည့် တင်းကျပ်သော ဆေးဝါး ဖြန့်ဖြူးခြင်းဆိုင်ရာ ဥပဒေများ" ရှိသည်ဟုလည်း Meta က ဆိုခဲ့သည်။ သို့သော် သီရိလင်္ကာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ဆေးဝါးများ ပြတ်လပ်မှုနှင့်ဆက်စပ်သော အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထိခိုက်နိုင်ခြေများကြောင့် ဤအမှုတွင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ထုတ်ပြန်ရန် ၎င်း၏ ဆုံးဖြတ်ချက်သည် အသုံးပြုသူ အန္တရာယ်ကင်းရှင်းရေးနှင့် အများပြည်သူကျန်းမာရေးကို ကာကွယ်ရေးဖြစ်သည့် တရားဝင်အကျိုးစီးပွားကိုလည်း အကျိုးပြုခဲ့ကြောင်း ကုမ္ပဏီက အခိုင်အမာဆိုသည်။
၎င်း၏ ဆုံးဖြတ်ချက်သည် ၎င်း၏ စံတန်ဖိုးများနှင့်အပြင် အများပြည်သူကျန်းမာရေးကို ကာကွယ်ပေးခြင်းဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေး အခြေခံမူများနှင့်လည်း တစ်သမတ်တည်းဖြစ်ကြောင်း Meta က ယုံကြည်သည်။ Meta သည် ဖော်ပြပါများ အပါအဝင် ဆေးကုသမှုဆိုင်ရာ လှူဒါန်းမှုများအတွက် သတ်မှတ်ပေးသော အခြားခွင့်ပြုချက် ဥပမာများကို ဖော်ပြခဲ့သည်- (က) စီးပွားရေးအကျပ်အတည်းတစ်ခုနှင့် ဆက်စပ်သော စိုးရိမ်ဖွယ်ရာ ဆေးဝါးပြတ်လပ်မှုပေါ် အခြေခံသည့် ၂၀၂၂ ခုနှစ်၊ ကျူးဘားရှိ သုံးလကြာ ခွင့်ပြုချက်တစ်ခု၊ (ခ) စီးပွားရေးအကျပ်အတည်း ကာလအတွင်း စိုးရိမ်ဖွယ်ရာ ဆေးဝါးပြတ်လပ်မှုနှင့် ငွေကြေးမတတ်နိုင်မှုပေါ် အခြေခံသည့် မတတ်နိုင်မှုပေါ်အခြေခံ၍ ၂၀၂၁ ခုနှစ်၊ လက်ဘနွန်ရှိ ကိုးလကြာ ခွင့်ပြုချက်တစ်ခုနှင့် (ဂ) ရုရှားကျူးကျော်မှုကြောင့် ဖြစ်ပွားသော ထောက်ပံ့ရေး အနှောင့်အယှက်များပေါ် အခြေခံသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်ကတည်းက ယူကရိန်းရှိ ဆက်လုပ်ဆောင်နေသော ခွင့်ပြုချက်တစ်ခု။
Meta က ၎င်းသည် "အာဖဂန်နစ္စတန်နိုင်ငံတွင် (၁လ)၊ အင်ဒိုနီးရှားနိုင်ငံတွင် (၁ လ) နှင့် မြန်မာနိုင်ငံတွင် (၅ လ) အသီးသီးဖြင့် ဆေးဘက်ဆိုင်ရာ အဆင့်အရ အောက်ဆီဂျင် လှူဒါန်းသော၊ လှူဒါန်းမှုများကို တောင်းခံသော အကြောင်းအရာများအပြင် အိန္ဒိယနိုင်ငံတွင် (၁ လ) နှင့် နီပေါတွင် (၂ ပတ်) အသီးသီးဖြင့် Remdesivir၊ Fabiflu နှင့် Tocilizumab ကို လှူဒါန်းရန် ကမ်းလှမ်းသော သို့မဟုတ် လှူဒါန်းမှုများကို တောင်းခံသော အကြောင်းအရာများကို ခွင့်ပြု" ကာ COVID-19 နှင့်ဆက်စပ်သော ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များတွင်သာ ကန့်သတ်ထားသော "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များ" ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ဆိုခဲ့သည်။ အခြေအနေတစ်ခုချင်းစီတွင် ကုမ္ပဏီသည် "အကျပ်အတည်းဖြစ်မှုကို စိစစ်အတည်ပြုရန် သီးခြားလွတ်လပ်သော အစီရင်ခံမှု" အပေါ် အမှီပြုခဲ့ကြောင်းကိုလည်း Meta က ဆိုခဲ့သည်။
ဘုတ်အဖွဲ့၏ မေးခွန်းများအပေါ် Meta ၏ တုံ့ပြန်ချက်များတွင် အတိုင်းအတာဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်တစ်ခုကို ထုတ်ပြန်နှင့် ရပ်စဲရန် အသုံးပြုသော သတ်မှတ်စံနှုန်းသည် မူဝါဒ၏ သဘောသဘာဝနှင့် အကျပ်အတည်း၏ အခြေအနေပေါ်တွင်မူတည်၍ ကွဲပြားကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက်များကို ပုံမှန်အားဖြင့် ကုမ္ပဏီတွင်းအဖွဲ့များနှင့် အချို့ကိစ္စများတွင် ပြင်ပကျွမ်းကျင်ပညာရှင်များထံမှ ပါဝင်အကြံပြုချက်ပေါ်တွင် အခြေခံခဲ့ကြောင်း ကုမ္ပဏီက ထပ်လောင်းပြောကြားခဲ့သည်။ ဤအမှုတွင် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို ဆေးဘက်ဆိုင်ရာ ဆေးဝါးများ ပြတ်လပ်မှုများနှင့်ပတ်သက်သည့် "သတင်းပေးပို့ချက်နှင့် စီးပွားရေး လေ့လာဆန်းစစ်ချက်" အပါအဝင် "ကောင်းစွာထင်ရှားစေသော အကျပ်အတည်း" တစ်ခု၏ တည်ရှိမှုက လွှမ်းမိုးခဲ့ကြောင်း Meta က ဆိုခဲ့သည်။ "ဆေးဘက်ဆိုင်ရာ ဆေးဝါးများလိုအပ်မှုကို နာမည်ဂုဏ်သတင်းကြီးသော ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက ရည်ညွှန်းပြောပြထားသည်" ကိုလည်း Meta က ထည့်သွင်းစဉ်းစားခဲ့သည်။
လွန်ခဲ့သောသုံးနှစ်အတွင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သော ခွင့်ပြုချက်များ၏ အနည်းငယ်ကိုသာ အတိုင်းအတာတစ်ခုဖြင့် ကိုင်တွယ်ခဲ့ပြီး ယင်းတို့ထဲမှ ပမာဏအနည်းငယ်သည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒနှင့် ဆက်စပ်ခဲ့ကြောင်းကိုလည်း ဘုတ်အဖွဲ့၏ မေးခွန်းများအတွက် တုံ့ပြန်ချက်တွင် Meta က ဆိုခဲ့သည်။ မူဝါဒခွင့်ပြုချက်များကို "အရှိန်မြှင့်တင်မှုအရ" Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များကသာ စတင်နိုင်သည်။ အတိုင်းအတာသတ်မှတ်ထားသော မူဝါဒ ခွင့်ပြုချက်များသည် ပမာဏအများအပြားဖြင့် စိစစ်သုံးသပ်သူများက ပထမအကြိမ် စိစစ်သုံးသပ်သည့်အခါ သီးခြားသတ်မှတ်စံနှုန်းကို ပြည့်မီသည့် အကြောင်းအရာအားလုံးအပေါ် သက်ရောက်သည့် ယေဘုယျ ခွင့်ပြုချက်များဖြစ်သည်။ အတိုင်းအတာမသတ်မှတ်ထားသော ခွင့်ပြုချက်များသည် ပို့စ်တစ်ခုချင်းစီအတွက် သီးသန့်ဖြစ်သည်။
ဤအမှုတွင် ဘုတ်အဖွဲ့သည် မေးခွန်းကိုးခုကို Meta ထံသို့ စာဖြင့်ရေးသား၍ မေးခဲ့သည်။ မေးခွန်းများသည် သီရိလင်္ကာနိုင်ငံရှိ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်၊ Meta ၏ အကျပ်အတည်း လုပ်ထုံးလုပ်နည်းနှင့် မူဝါဒ၏ ဆိုလိုရင်း ခွင့်ပြုချက်များကို အစပြုခြင်းနှင့် ရပ်စဲခြင်းအတွက် Meta ၏ အထွေထွေ ချဉ်းကပ်နည်းတို့နှင့် ဆက်စပ်ခဲ့သည်။ Meta သည် မေးခွန်းအားလုံးကို အပြည့်အစုံ ဖြေကြားခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤအမှုနှင့် စပ်လျဉ်း၍ အများမြင် မှတ်ချက် သုံးခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များထဲမှ နှစ်ခုကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ပေးပို့ထားပြီး ကျန်တစ်ခုကို လက်တင်အမေရိကနှင့် ကာရေဘီယံမှ ပေးပို့ထားသည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ခြုံငုံပါဝင်ခဲ့သည်- ဆေးဝါးလှူဒါန်းမှုများကို လက်ခံခြင်း၏ အန္တရာယ်များ၊ Meta က ၎င်း၏ ပလက်ဖောင်းများပေါ်တွင် ဆေးဘက်ဆိုင်ရာ ဆေးဝါးလှုဒါန်းခြင်း လှုံ့ဆော်လှုပ်ရှားမှုများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ခွင့်မပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် Meta က ၎င်း၏ မူဝါဒများတွင် ခြွင်းချက်များ ဖန်တီးသည့်အခါ ရှင်းလင်းပြီး လူ့အခွင့်အရေးကို အလေးပေးသော သတ်မှတ်စံနှုန်း လိုအပ်မှု။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
အကျပ်အတည်းအခြေအနေများတွင် ဆေးဘက်ဆိုင်ရာ ဆေးဝါးလှူဒါန်းမှုများအတွက် ခွင့်ပြုချက်များကို ထုတ်ပြန်ရမည်၊ မထုတ်ပြန်ရမည်နှင့်ပတ်သက်၍ Meta ၏ ဆုံးဖြတ်ချက်များတွင် ထိခိုက်ခံရသောနိုင်ငံများ၌ ကျန်းမာရေးနှင့် ကျန်းမာရေးအကျပ်အတည်းများ အကြောင်း အချက်အလက်များအား လူများ၏ လမ်းလှမ်းမီမှုအပေါ် အလွန်ရေးပါသော သက်ရောက်မှုတစ်ခုရှိမည် ဖြစ်သောကြောင့် ဘုတ်အဖွဲ့က ဤအမှုကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဤအမှုသည် "မူဝါဒ၏ အနှစ်သာရ" ခွင့်ပြုချက်များအတွက် Meta ၏ ချဉ်းကပ်နည်းကို အကဲဖြတ်ရန်နှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အကြံပြုချက်များထုတ်ပြန်ရန်အပြင် ၎င်း၏ စည်းမျဉ်းများကို နိုင်ငံအလိုက် သတ်မှတ်ထားသော ကျင့်သုံးမှုများအတွက် ကုမ္ပဏီ၏ ချဉ်းကပ်နည်းကိုလည်း အကဲဖြတ်ရန် ဘုတ်အဖွဲ့ကို ခွင့်ပြုသည်။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် စံတန်ဖိုးများကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤအကြောင်းအရာအား ဖယ်ရှားသင့်၊ မသင့် ဘုတ်အဖွဲ့က စစ်ဆေးခဲ့သည်။ အကြောင်းအရာ ထိန်းချုပ်ရေးအတွက် Meta ၏ ပိုမိုကျယ်ပြန့်သော ချဉ်းကပ်နည်းအတွက် ဤအမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ဘုတ်အဖွဲ့က အကဲဖြတ်ခဲ့သည်။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
ဤအမှုရှိအကြောင်းအရာသည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်း၏ "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို တောင်းဆို" သည့် အကြောင်းအရာကို တားမြစ်ခြင်းအား ချိုးဖောက်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ သို့သော် သီရိလင်္ကာနိုင်ငံတွင် အပူတပြင်းလိုအပ်နေသည့်အချိန်၌ ဤပို့စ်နှင့် အလားတူအကြောင်းအရာများကို Facebook ပေါ်တွင် ဆက်ထားခွင့်ပြုရန် အတိုင်းအတာဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်တစ်ခုကို သင့်လျော်စွာ ထုတ်ပြန်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
၁။ အကြောင်းအရာ စည်းမျဉ်းများ
Meta ၏ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒတွင် “ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခု၌ ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများ၏ ဈေးသက်သာမှု၊ သုံးစွဲနိုင်မှု သို့မဟုတ် ထိရောက်မှုတို့အကြောင်း ဆွေးနွေးသည်မှလွဲ၍ ထိုဆေးဝါးများကို" "လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးစားအားထုတ်ခြင်း" အပြင် ထိုဆေးဝါးများကို တောင်းဆိုခြင်းကို တားမြစ်သည်။
ဤအမှုရှိအကြောင်းအရာသည် လှူဒါန်းရန် ညှိနှိုင်းဆောင်ရွက်ခြင်း အားထုတ်မှုတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ သို့သော် ၎င်းကိုယ်၌သည် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းမှု' မဟုတ်ပါ။ ယင်းအစား ၎င်းသည် လူများအား ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းစေရန် တိုက်တွန်းသည်။ ထို့ကြောင့် အကြောင်းအရာသည် "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို တောင်းဆိုခြင်း" ဖြစ်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။
"ဈေးသက်သာမှု" သည် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများ၏ ယေဘုယျနှင့် အမှတ်တံဆိပ်အမည်ပါ ပုံစံများ၏ တန်ဖိုးကို နှိုင်းယှဉ်ပြီး သို့မဟုတ် ကာကွယ်ဆေးများ၏ ဈေးနှုန်းကို စာရင်းသွင်းပြီး လျှော့ဈေးများ သို့မဟုတ် ကမ်းလှမ်းချက်များ (ဥပမာ- "၅ ဒေါ်လာ ဈေးလျှော့ထားသည့် ဆေးညွှန်းပေးဆေးဝါး") ကို ဆွေးနွေးခြင်းဖြစ်ကြောင်း အကြောင်းအရာ စိစစ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် နောက်ထပ်ရှင်းပြထားသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုဖြင့် အသုံးပြုနိုင်မှုကို ဆွေးနွေးသော အကြောင်းအရာသည် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းနည်း အကြံပြုချက်များ (ဥပမာ- "သင့်တွင် ဓာတ်မတည့်မှုများကြောင့် အခက်အခဲရှိနေပါက methylprednisolone ဝယ်ရန် ABC ဆေးဆိုင်သို့ သွားပါ) ကို ညွှန်ပြနိုင်သည်။ အကြောင်းအရာအား သီရိလင်္ကာနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာဆေးဝါးများ၏ ဈေးသက်သာမှုနှင့် အသုံးပြုနိုင်မှုကို ထိခိုက်စေခဲ့သည်ဟူသော ဆက်စပ်အခြေအနေဖြင့် ပို့စ်တင်ခဲ့သည်။ သို့သော် အကြောင်းအရာသည် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ဖော်ပြထားသော ဈေးသက်သာမှုနှင့် အသုံးပြုနိုင်မှုအကြောင်း ဆွေးနွေးမှုများ၏ ဥပမာများနှင့် မကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် ၎င်းသည် လူမှုစံနှုန်းကို ချိုးဖောက်ရာရောက်သည်။ ဤဥပမာများသည် Meta ၏ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒ၏ အများကြည့်ရှုနိုင်သော အသုံးအနှုန်းတွင် မပါဝင်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။
Meta ၏ အဆိုအရ သက်ဆိုင်သည့် လူမှုစံနှုန်း၏ မူဝါဒဆိုင်ရာ သဘောတရားနှင့် Meta ၏ စံတန်ဖိုးများက စည်းမျဉ်းများကို တိုက်ရိုက်ဖတ်ရှုခြင်းနှင့် မတူညီသောရလဒ်တစ်ခုကို တောင်းဆိုသည့်အခါ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ထုတ်ပြန်နိုင်သည်။ ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒသည် "အန္တရာယ်ကင်းရှင်းရေးကို အားပေးမြှင့်တင်ရန်နှင့် အန္တရာယ်ဖြစ်နိုင်ဖွယ်ရှိသော လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားရန်" ရည်ရွယ်သည်။ အလားတူပင် "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးအရ Meta သည် လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာကို ဖယ်ရှားပါသည်။
အန္တရာယ်ကင်းရှင်းရေးသည် အကြောင်းအရာကို လိုက်၍ မတူညီသော ထည့်သွင်းစဉ်းစားမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။ သီရိလင်္ကာနိုင်ငံတွင် ဤကာလအတွင်း ဆေးဝါးပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသည့် စိုးရိမ်ဖွယ်ရာ အကျပ်အတည်းတစ်ခု ရှိခဲ့ပြီး ၎င်းသည် ပြင်းထန်သော အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ထိခိုက်နိုင်ခြေကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် ဆေးကုသမှုဆိုင်ရာ လှူဒါန်းမှုများကို ခွင့်ပြုရာတွင်လည်း အထူးသဖြင့် အကျပ်အတည်း ကာလများတွင် ပြင်းထန်သော အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်ပူပန်စရာများ ရှိသည်။ လှူဒါန်းထားသော ဆေးဘက်ဆိုင်ရာဆေးဝါးများသည် သက်တမ်းကုန်သွားနိုင်ကြောင်း၊ မမှန်မကန် သိမ်းဆည်းထားနိုင်ကြောင်း သို့မဟုတ် အကျပ်အတည်းဖြစ်နေပြီးသော နိုင်ငံများအတွက် ငွေကုန်ကြေးကျများသော စိစစ်ခြင်းနှင့် သိမ်းဆည်းခြင်း ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ကြောင်း WHO က သတိပေးသည် (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ ဆေးဝါးလှူဒါန်းမှုများအတွက် လမ်းညွှန်ချက်များ၊ စာမျက်နှာ ၆)။ Meta သည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒအတွက် ခွင့်ပြုချက်များ ထုတ်ပြန်သည့်အခါ ဤအချက်ကိုလည်း မှတ်သားထားသင့်သည်။ ထို့အပြင် Meta ၏ ပလက်ဖောင်းများပေါ်တွင် အန္တရာယ်ဖြစ်နိုင်ခြေရှိသော ဆေးဝါးများကို မျှဝေရန်နှင့် လဲလှယ်ရန် အသုံးပြုသူများအား ခွင့်ပြုခြင်းသည် တရားမဝင်သော သို့မဟုတ် အန္တရာယ်များသော ရည်ရွယ်ချက်များအတွက် ၎င်းတို့ကို အလွဲသုံးစားပြုခြင်းအား ဖြစ်ပေါ်စေနိုင်သည်။
ဤခိုင်လုံသော စိုးရိမ်ပူပန်စရာများ ရှိစေကာမူ သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုကို ထည့်သွင်းစဉ်းစားလျှင် ထိုနိုင်ငံတွင် ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို လှူဒါန်းရန်၊ လက်ဆောင်ပေးရန် သို့မဟုတ် တောင်းဆိုရန် ကြိုးပမ်းသော အကြောင်းအရာများကို ခွင့်ပြုရန် အတိုင်းအတာဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ထုတ်ပြန်ရန် Meta ၏ ဆုံးဖြတ်ချက်သည် လျော်ကန်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပြင်းထန်သော စီးပွားရေးအကျပ်အတည်းဖြစ်သည့် အချိန်တစ်ခုတွင် အထူးတလည် ပိုမိုလိုအပ်မှုကို ဦးစားပေးသင့်သည်။ သို့မှသာ လူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်ကို အနည်းအကျဉ်းမျှ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ မူဝါဒခွင့်ပြုချက်ကို Meta က သင့်လျော်စွာ အကြောင်းကြားခဲ့ပါက ဆေးဝါးဖြန့်ဖြူးရေးတွင် ပါဝင်ပတ်သက်သော ဒေသခံအာဏာပိုင်များနှင့် အဖွဲ့အစည်းများကဲ့သို့ အခြားတာဝန်ရှိသောအဖွဲ့များအနေဖြင့် ဆေးဝါးများကို သိုလှောင်မှုအပြင် ၎င်းတို့အား အလွဲသုံးစားပြုမှုနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို လျော့ပါးအောင်လုပ်နိုင်သည်။
၂။ စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူဆောင်ရွက်ချက်
ဘုတ်အဖွဲ့၏ မေးခွန်းများထဲမှ တစ်ခုကို တုံ့ပြန်သည့်အနေဖြင့် ကုမ္ပဏီတွင်းအဖွဲ့အမျိုးမျိုးသည် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်တစ်ခုကို ပေးအပ်ရန် ဆုံးဖြတ်ရာတွင်နှင့် ယင်းကဲ့သို့ခွင့်ပြုချက်ကို ရပ်စဲရန် ဆုံးဖြတ်ချက်တွင် ပါဝင်နိုင်ကြောင်း Meta က ရှင်းပြခဲ့သည်။ ၎င်းတွင် အန္တရာယ်ကင်းရှင်းရေး၊ လူ့အခွင့်အရေးနှင့် ဒေသအလိုက် ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့များ ပါဝင်သည်။ ခွင့်ပြုချက်တစ်ခုကို အချိန်ကန့်သတ်ထားသည့်အခါ Meta သည် ၎င်းကို အခါအားလျော်စွာ အကဲဖြတ်ပြီး ၎င်းကို သက်တမ်းတိုးမည် သို့မဟုတ် ရပ်စဲမည်ကို ဆုံးဖြတ်သည်။ "Facebook တွင် ဆေးဘက်ဆိုင်ရာဆေးဝါးများ လှူဒါန်းရန် အကန့်အသတ်မရှိ တောင်းဆိုမှုများမှ ဖြစ်နိုင်ခြေရှိသော အနိုင်ကျင့်စော်ကားမှု အန္တရာယ်က ကျန်ရှိနေသော အကျိုးကျေးဇူးများထက် အလေးသာသွားသည့် အတိုင်းအတာအထိ သီရိလင်္ကာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အကျပ်အတည်းက လျော့ပါးသွားခဲ့သည်" ဟု ကုမ္ပဏီ၏ လုပ်ငန်းတွင်းအဖွဲ့များက ဆက်သွယ်ပြောဆိုပြီးနောက် ဤအမှုတွင် ခွင့်ပြုချက်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်တွင် ရပ်စဲခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။ ဘုတ်အဖွဲ့က နောက်ဆက်တွဲမေးခွန်းတစ်ခုကို မေးပြီးနောက် Meta သည် အောက်ပါအတိုင်း ရှင်းပြခဲ့သည်-
အကျပ်အတည်းကို လျော့ပါးစေပုံပေါ်ခဲ့သည့် အရာနှစ်ခု ဖြစ်ပွားခဲ့သည်- (၁) ပြတ်လပ်မှုကို လျော့သွားစေခဲ့သည့် နိုင်ငံပေါင်းစုံ လှူဒါန်းရေး အေဂျင်စီများ၊ NGO များနှင့် အစိုးရများမှ ဆေးဝါးလှူဒါန်းမှုအသစ်များနှင့် (၂) အိမ်စောင့်အစိုးရအသစ်သည် မရှိမဖြစ်လိုအပ်သော ဆေးဝါးများရယူခြင်းအပေါ် အသုံးစရိတ်ကို ပြန်လည်ဦးစားပေးခဲ့သည်။ ဒေသတွင်းဆေးရုံများက ဆေးဘက်ဆိုင်ရာပစ္စည်းများကို ညှိနှိုင်းဆောင်ရွက်မှုအတွက် ဗဟိုဦးစီးစနစ် တည်ထောင်ခြင်းနှင့် နိုင်ငံတကာအေဂျင်စီများနှင့် အိန္ဒိယမှ ချေးငွေသဘောတူညီမှုအသစ် အပါအဝင် အခြားအပြုသဘောဆောင်သော တိုးတက်မှုများကိုလည်း ကျွန်ုပ်တို့ မြင်တွေ့ခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် ဆေးဝါးဝယ်ယူခြင်းသို့ အထူးဦးတည်ခဲ့သည်။
ဘုတ်အဖွဲ၏ မေးခွန်းများမှ အခြားတစ်ခုကို တုံ့ပြန်သည့်အနေဖြင့် Meta သည် အောက်ပါအတိုင်း ရှင်းပြခဲ့သည်-
မူဝါဒခွင့်ပြုချက်ကို သီရိလင်္ကာဈေးကွက်တွင်သာ ကျင့်သုံးခဲ့သည်။ အဆိုပါခွင့်ပြုချက်ကို ယင်းဈေးကွက်ပြင်ပရှိ ပို့စ်များအထိ အကျုံးဝင်စေခြင်း မရှိခဲ့ပါ။ သီရိလင်္ကာဈေးကွက်ဆိုလျှင် သီရိလင်္ကာ၌တင်ထားသည့် အကြောင်းအရာများ ပါဝင်သော်ငြားလည်း ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး လမ်းကြောင်းကြောင့် ၎င်းတွင် သီရိလင်္ကာနိုင်ငံပြင်ပ၌ ဆင်ဟာလာ ဘာသာစကားဖြင့်တင်ထားသော အကြောင်းအရာများလည်း ပါဝင်နိုင်သည်။
ခွင့်ပြုချက်ကို သီရိလင်္ကာနိုင်ငံပြင်ပတွင် အမှန်တကယ်ကျင့်သုံးခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ Meta ၏ မသေချာမှုကို ဘုတ်အဖွဲ့က မှတ်ချက်ပြုပြီး Meta သည် ခွင့်ပြုချက်၏ သက်ရောက်မှုကို ကြိုတင်ခန့်မှန်းရန် ပိုမိုကောင်းမွန်သော လုပ်ပိုင်ခွင့်ရှိကြောင်း သေချာစေရန် ၎င်း၏ စည်းကမ်းထိန်းသိမ်းမှု စနစ်များနှင့် အလေ့အကျင့်များကို စိစစ်သုံးသပ်ရန် ကုမ္ပဏီအား တိုက်တွန်းသည်။ Meta သည် ဤခွင့်ပြုချက် ကျင့်သုံးခြင်းကို သီရိလင်္ကာဈေးကွက်နှင့် ဆင်ဟာလာ ဘာသာစကားတွင် ကန့်သတ်ခဲ့ပုံပေါ်သည်ဟု ဘုတ်အဖွဲ့က နောက်ထပ်မှတ်ချက်ပြုခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် ဆင်ဟာလာနှင့် တမီးလ်ဟူ၍ တရားဝင်ဘာသာစကားနှစ်ခုရှိပြီး ဒုတိယတစ်ခုကို နိုင်ငံအတွင်းနှင့် အခြားနိုင်ငံများသို့ ပြန့်ကျဲထွက်ခွာသွားကာ အခြေချနေထိုင်ကြသောလူမျိုးများ၊ အဓိကအားဖြင့် တမီးလ်နှင့် မွတ်ဆလင် တိုင်းရင်းသား လူနည်းစုများတွင်လည်း အဓိကအားဖြင့် ပြောဆိုသည်။ အတိုင်းအတာတစ်ခုဖြင့် ခွင့်ပြုချက်များသည် အမှုမဲ့အမှတ်မဲ့ဖြစ်သော ခွဲခြားဆက်ဆံခြင်းကို ရှောင်ရှားရန်အတွက် ၎င်းတို့ကြောင့် ထိခိုက်စေနိုင်သည့် လူများ၏ မျိုးနွယ်စုနှင့် ဘာသာစကား မတူကွဲပြားမှုအပေါ် သတိထားဆင်ခြင်သင့်သည်။
၃။ ပွင့်လင်းမြင်သာမှု
Meta သည် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ဆိုင်ရာ အချက်အလက်များကို ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင်အပြင် လူမှုစံနှုန်းများတွင်လည်း ဖြန့်ချိထားခြင်းမရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို ထုတ်ပြန်မည်၊ မထုတ်ပြန်မည်နှင့် ၎င်းတို့ကို အတိုင်းအတာ သတ်မှတ်မည့်အချိန်ကို ဆုံးဖြတ်ရန် Meta အသုံးပြုသည့် သတ်မှတ်စံနှုန်းကို စာမျက်နှာတစ်ခုတွင် ဖော်ပြပေးလျှင် အသုံးပြုသူများအတွက် အကျိုးရှိပါမည်။ ထို့အပြင် Meta သည် ဤခွင့်ပြုချက်မှ အကျိုးရရှိခဲ့သော အကြောင်းအရာများ၏ ဥပမာများကိုလည်း လူသိရှင်ကြား ဖော်ပြပေးသင့်သည်။ နောက်ဆုံးအနေဖြင့် ကုမ္ပဏီသည် ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် အတိုင်းအတာဖြင့် ၎င်းထုတ်ပြန်ခဲ့သည့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အားလုံး၏ စာရင်းနှင့် ၎င်းတို့ကို အဘယ်ကြောင့် ထုတ်ပြန်ရကြောင်းနှင့် ရပ်စဲရကြောင်း ရှင်းလင်းချက်များကို ထည့်သွင်းသင့်သည်။ ပွင့်လင်းမြင်သာမှုစင်တာရှိ ဤစာမျက်နှာတွင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို ထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်အရေအတွက်နှင့် သက်ရောက်ခဲ့သည့် ဒေသများနှင့်/သို့မဟုတ် ဘာသာစကားများအပါအဝင် ၎င်းတို့နှင့်ပတ်သက်သည့် စုပေါင်းထားသော အချက်အလက်များလည်း ပါဝင်သင့်သည်။ ၎င်းသည် ဘုတ်အဖွဲ့ကထုတ်ပြန်သော အကြံပြုချက်များကို တုံ့ပြန်သည့်အနေဖြင့် ကုမ္ပဏီက အရေးယူဆောင်ရွက်ပြီးနောက် ပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး သိသိသာသာ တိုးတက်လာခဲ့သည့် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်အတွက် Meta ၏ လက်ရှိချဉ်းကပ်နည်းနှင့် အလားတူမည်ဖြစ်သည်။ သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်ကဲ့သို့ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်သည် Facebook နှင့် Instagram အသီးသီးရှိ အကြောင်းအရာဆိုင်ရာ မူဝါဒများအားလုံးနှင့်ဆိုင်သည့် ယေဘုယျခြွင်းချက်တစ်ခု ဖြစ်သောကြောင့် ၎င်းသည် အထူးအရေးကြီးသည်။
၈.၂ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
အကြောင်းအရာကို ပလက်ဖောင်းပေါ်တွင် ဆက်လက်ထားရှိခြင်းသည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိရသည်။ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) နှင့်အညီ လူ့အခွင့်အရေးများကို လေးစားရန် Meta က ၎င်းကိုယ်တိုင် သန္နိဋ္ဌာန်ချထားသည်။ ဤသန္နိဋ္ဌာန်တွင် အရပ်သားနှင့် နိုင်ငံရေးအခွင့်အရေးများအပေါ် အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR) ကို လေးစားခြင်း ပါဝင်သည်ဟု ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေးမူဝါဒ၌ တင်ပြထားသည်။
ခွင့်ပြုချက်တစ်ခု ထုတ်ပြန်ရန် Meta ၏ ဆုံးဖြတ်ချက်ကို လူများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနှင့် အသက်ရှင်ရပ်တည်ခွင့်နှင့် ပတ်သက်သော စိုးရိမ်မှုတစ်ခုဖြင့်လည်း လမ်းညွှန်ပေးခဲ့သည်။ ထို့အပြင် ကျန်းမာရေးနှင့်ဆက်စပ်သော အချက်အလက်များကို ရရှိပိုင်ခွင့်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရှုထောင့်တစ်ခုမှကြည့်လျှင် အထူးအရေးကြီးသည်ဟု ဘုတ်အဖွဲ့က မှတ်ချက်ပြုသည် (က/HRC/၄၄/၄၉၊ အပိုဒ် ၆)။ ဆေးဘက်ဆိုင်ရာပစ္စည်းများ ရယူအသုံးပြုခွင့်ကို ကြီးမားစွာ ဟန့်တားခဲ့သော ပြင်းထန်သည့် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကြောင့် ယင်းကဲ့သို့ အခွင့်အရေးများသည် သီရိလင်္ကာနိုင်ငံတွင် ထိခိုက်မှုအန္တရာယ်ရှိခဲ့သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (ICCPR အပိုဒ် ၁၉)
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အတိုင်းအတာမှာ ကျယ်ပြန့်ပါသည်။ ICCPR ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂ တွင် ပြည်သူ့အရေးကိစ္စများနှင့် ပတ်သက်၍ အပါအဝင် ထုတ်ဖော်ပြောဆိုမှုကို ပို၍မြင့်မားသော ကာကွယ်မှုပေးထားသည် (အထွေထွေ မှတ်ချက်အမှတ် ၃၄၊ ပိုဒ်ခွဲ ၁၁)။ ကျန်းမာရေး အကျပ်အတည်းတစ်ခုသည် အရေးကြီးသော ပြည်သူ့အရေးကိစ္စများနှင့် ပတ်သက်သောကြောင့် ထိုအချိန်အတွင်း ထုတ်ဖော်ပြောဆိုမှုသည် အထူးအရေးကြီးနိုင်သည်။ "ခြိမ်းခြောက်မှုများ၊ ခြောက်လှန့်ခြင်းနှင့် ပြစ်ဒဏ်များဖြင့် ဟန့်တားခြင်းမရှိဘဲ လွတ်လပ်စွာ သတင်းအချက်အလက် စီးဆင်းမှုသည် ဘဝနှင့် ကျန်းမာရေးကို ကာကွယ်ပေးပြီး အလွန်အရေးကြီးသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့် အခြားမူဝါဒ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို အထောက်အကူပြု၍ အားပေးမြှင့်တင်သည်" ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက်ကိုယ်စားလှယ်က ဦးစားပေးဖော်ပြခဲ့သည် (က/HRC/၄၄/၄၉)။ ဤအမှုတွင် အကြောင်းအရာသည် ပြင်းထန်သော စီးပွားရေးအကျပ်အတည်းမှ ဖြစ်ပေါ်လာသော သီရိလင်္ကာနိုင်ငံသားများ၏ ကျန်းမာခွင့်နှင့် အသက်ရှင်ရပ်တည်ခွင့်အပေါ် ထိခိုက်နိုင်သည့် အန္တရာယ်များကို လျော့ပါးစေရန် ရည်ရွယ်သည့် အရေးယူဆောင်ရွက်ချက်ကို ညှိနှိုင်းလုပ်ဆောင်သည်။
ပြည်နယ်တစ်ခုက ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ တရားဝင် ရည်ရွယ်ချက်၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည် (အပိုဒ်ခွဲ ၁၉၊ အပိုဒ် ၃၊ ICCPR)။ ဤသတ်မှတ်ချက်များကို "အပိုင်းသုံးပိုင်းခွဲ စမ်းသပ်မှု" အဖြစ် ရည်ညွှန်းလေ့ရှိသည်။ ဘုတ်အဖွဲ့သည် စိစစ်သုံးသပ်နေဆဲ သီးခြားအကြောင်းအရာအလိုက် ဆုံးဖြတ်ချက်နှင့် အကြောင်းအရာထိန်းချုပ်မှုအပေါ် Meta ၏ ပိုမိုကျယ်ပြန့်သော ချဉ်းကပ်မှုနှင့် ပတ်သက်၍ ၎င်းပြောထားသည့်အရာ နှစ်ခုစလုံးနှင့်ဆက်စပ်၍ Meta ၏ ဆန္ဒအလျောက်ပြုလုပ်သည့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို အဓိပ္ပာယ်ကောက်ယူရန် ဤမူဘောင်ကို အသုံးပြုသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြောထားသည့်အတိုင်းပင် “ကုမ္ပဏီများသည် အစိုးရတာဝန်ဝတ္တရားများ မရှိကြသော်လည်း ၎င်းတို့၏ အကျိုးသက်ရောက်မှုသည် ၎င်းတို့အသုံးပြုသူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် ပတ်သက်၍ အလားတူမေးခွန်းများကို ဆန်းစစ်ရန် လိုအပ်သည့် ကိစ္စမျိုးဖြစ်သည်” (က/၇၄/၄၈၆၊ အပိုဒ် ၄၁)။ ဤအမှုတွင် ဘုတ်အဖွဲ့သည် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ လူမှုစံနှုန်းအောက်ရှိ Meta ၏ သက်ဆိုင်ရာစည်းမျဉ်းများနှင့် ၎င်း၏ ဆက်စပ်လွှမ်းခြုံနေသော "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အပေါ် "အပိုင်းသုံးပိုင်းခွဲ၍ စမ်းသပ်မှု"ကို အသုံးချခဲ့သည်။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
တရားဝင်အခြေခံမူသည် ထုတ်ဖော်ပြောဆိုချက်များကို ရှင်းရှင်းလင်းလင်းနှင့် နားလည်ရလွယ်အောင် ကန့်သတ်ထားရန် ပြည်နယ်များက အသုံးပြုသော စည်းမျဉ်းများကို လိုအပ်သည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၂၅)။ တိကျစွာဖော်ပြထားမှု မရှိခြင်းသည် စည်းမျဉ်းများအား ပုဂ္ဂိုလ်ရေးအရ အဓိပ္ပာယ်ကောက်ယူမှုများနှင့် ၎င်းတို့ထင်ရာအတိုင်း စည်းကမ်းထိန်းသိမ်းမှုများ ဖြစ်လာစေနိုင်သည်။ လူတစ်ဦးစီအနေဖြင့် ၎င်းတို့၏ထုတ်ဖော်ပြောဆိုမှု ကန့်သတ်ခံရပါက မည်သို့မည်ပုံ ကန့်သတ်ခံရနိုင်ကြောင်း ဆုံးဖြတ်နိုင်သည့် လုံလောက်သော အချက်အလက်များ ရှိထားရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့၏ အပြုအမူကို သင့်လျော်သလို ထိန်းညှိနိုင်မည်ဖြစ်သည်။ အကြောင်းအရာ စိစစ်ခြင်းနှင့် ICCPR အပိုဒ် ၁၉ ၏ ဥပဒေနှင့်လျော်ညီမှု စံနှုန်းများကို ဖော်ပြထားသော ၂၀၁၈ အစီရင်ခံစာတစ်ခုတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်သည် အွန်လိုင်းစကားကို ထိန်းချုပ်သည့် စည်းမျဉ်းများတွင် "ရှင်းလင်းမှုနှင့် တိကျမှု" လိုအပ်ကြောင်း ထောက်ပြခဲ့သည် (က/HRC/၃၈/၃၅၊ အပိုဒ် ၄၆)။ Facebook အတွက် Meta ၏ အကြောင်းအရာ စည်းမျဉ်းများနှင့် ဆက်စပ်၍ အသုံးပြုသူများသည် မည်သည်ကို ခွင့်ပြုထားပြီး မည်သည်ကို တားမြစ်ထားသည်ကို နားလည်နိုင်သင့်သည်။ "ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို တောင်းဆိုသည့်" အကြောင်းအရာများအား Meta ၏ တားမြစ်မှုသည် အသုံးပြုသူများအတွက် နားလည်နိုင်သော်လည်း "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို ထိန်းချုပ်သော စည်းမျဉ်းများအပါအဝင် ၎င်းအတွက် ခြွင်းချက်များသည် အသုံးပြုသူများအတွက် လုံလုံလောက်လောက် မရှင်းလင်းသည့်အပြင် နားလည်လွယ်မှုလည်းမရှိကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချခဲ့သည်။ စည်းမျဉ်းများအပေါ် ကန့်သတ်ချက်များသည် ရှင်းလင်းရမည့်အပြင် အဆိုပါကန့်သတ်ချက်များအတွက် မည်သည့်ခြွင်းချက်မဆိုသည်လည်း အသုံးပြုသူများက ၎င်းတို့ပို့စ်တင်နိုင်သည်များနှင့် ပို့စ်မတင်နိုင်သည်များကို နားလည်ရန် အလုံအလောက် ရှင်းလင်းမှုရှိသင့်သည်။ သို့သော် ဖွင့်ဟပြောဆိုမှုကို ပိုမိုခွင့်ပြုသည့် ခွင့်ပြုချက်တစ်ခုကို မှန်ကန်စွာ ရှင်းလင်းပြောကြားရန် ပျက်ကွက်ခြင်းသည် ဥပဒေနှင့်လျော်ညီမှု စံနှုန်းကို မပြည့်မီစေသော်လည်း ထိုခွင့်ပြုချက်ကို ကျင့်သုံးခဲ့သည့် သီရိလင်္ကာနိုင်ငံရှိ အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ယင်းပျက်ကွက်မှုသည် ဤအမှုတွင် ၎င်းကို ကျင့်သုံးခြင်းအား မလျော့ပါးစေပါ။
ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒ၏ အများကြည့်ရှုနိုင်သော ဘာသာစကားတွင် Meta သည် "ဆေးဘက်ဆိုင်ရာ အခြေအနေတစ်ခုတွင် ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများ၏ ဈေးသက်သာမှု၊ သုံးစွဲနိုင်မှု သို့မဟုတ် ထိရောက်မှု" ကို ဆွေးနွေးသော အကြောင်းအရာကို ခွင့်ပြုရန် ခြွင်းချက်ကို အဓိပ္ပာယ်ကောက်ပုံနှင့်ပတ်သက်၍ လုံလောက်သော အချက်အလက်များကို မပေးထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ အကြောင်းအရာစိစစ်သူများအတွက် Meta ၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ယင်းနှင့်စပ်လျဉ်း၍ ဥပမာများ ပေးထားသည်။ အသုံးပြုသူများသည် စည်းမျဉ်းများအား မချိုးဖောက်ဘဲ ပို့စ်တင်ခွင့်ပြုထားသည်များကို နားလည်ရန် လိုအပ်သောကြောင့် ဤခြွင်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိခြင်းကို ဘုတ်အဖွဲ့က စိုးရိမ်ပူပန်သည်။ Meta သည် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များနှင့် ကိုက်ညီသော ဥပမာများကို ပေးခြင်းဖြင့် ကုမ္ပဏီက ၎င်း၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို အဓိပ္ပာယ်ကောက်ယူပုံနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော လမ်းညွှန်ချက်ကို အသုံးပြုသူများအား ပေးသင့်သည်။
"မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို လူမှုစံနှုန်းများရှိ မည်သည့်နေရာတွင်မျှ ရည်ညွှန်းဖော်ပြထားခြင်း မရှိကြောင်းကိုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ကုမ္ပဏီသည် အချို့သောဒေသများ သို့မဟုတ် နိုင်ငံများတွင် ၎င်း၏ စည်းမျဉ်းများအတွက် အတိုင်းအတာဖြင့် ကာလတို "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များအား ရံဖန်ရံခါ စတင်ကျင့်သုံးကြောင်းကို Facebook လူမှုစံနှုန်းများတွင် မရှင်းပြထားပါ။ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ရှိကြောင်း အများမြင်ရှင်းလင်းဖော်ပြချက် မရှိသောကြောင့် အသုံးပြုသူများသည် ၎င်းနှင့်ပတ်သက်၍ဖြစ်စေ၊ လူမှုစံနှုန်းအားလုံးတွင် ၎င်းအား ကျင့်သုံးမှုကိုဖြစ်စေ သိရှိနိုင်ရန် လောလောဆယ်တွင် နည်းလမ်းမရှိပါ။ Meta ၏ မူဝါဒများအတွက် လျှို့ဝှက်သော၊ လိုအပ်လျှင်လိုအပ်သလိုပေးသော ကင်းလွတ်ခွင့်များသည် ဥပဒေနှင့်လျော်ညီမှု စံနှုန်းနှင့် မကိုက်ညီပါ။ ဘုတ်အဖွဲ့၏ မေးခွန်းများအတွက် ၎င်း၏တုံ့ပြန်ချက်များထဲမှ တစ်ခုတွင် သီရိလင်္ကာနိုင်ငံ၌ အကျပ်အတည်းစတင်ခဲ့ချိန်တွင် ကုမ္ပဏီသည် ၎င်း၏ အကျပ်အတည်း မူဝါဒ လုပ်ထုံးလုပ်နည်းကို စတင်မဖြန့်ချိရသေးသော်လည်း နောင်လာမည့် အကျပ်အတည်းအတွက် "အငြင်းပွားမှုရှိသော အချိန်များတွင် ဆေးဘက်ဆိုင်ရာ ဆေးဝါးများကို တောင်းခံသော၊ လှူဒါန်းသော သို့မဟုတ် လက်ဆောင်ပေးသော အကြောင်းအရာအတွက် ခွင့်ပြုချက်သည် လုပ်ထုံးလုပ်နည်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် မှတ်တမ်းတင်ထားသော မူဝါဒထိန်းချုပ်မှုကိရိယာများ […] မှ တစ်ခုဖြစ်သည်" ဟု Meta က ရှင်းပြခဲ့သည်။ သို့သော် ဘုတ်အဖွဲ့က Meta နှင့် ၎င်း၏ အပြန်အလှန် စကားပြောခြင်းတွင် ယင်းကဲ့သို့ ခြွင်းချက်များကို ကျင့်သုံးခြင်းအတွက် ရှင်းလင်းသော သတ်မှတ်စံနှုန်းနှင့် လုပ်ထုံးလုပ်နည်းများ (ဥပမာ- ဒေသခံအာဏာပိုင်များ၊ ပြင်ပကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခြင်း) ကင်းမဲ့မှုကို မှတ်ချက်ပြုသည်။ ခွင့်ပြုချက်များ ကျင့်သုံးခြင်းကို ၎င်းတို့အား ထုတ်ပြန်ရန်နှင့် ရပ်စဲရန် တစ်သမတ်တည်းဖြစ်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေသည့် သမာသမတ်ကျသော သတ်မှတ်စံနှုန်းဖြင့် လမ်းညွှန်ကြောင်း သေချာစေခြင်း၏ အရေးကြီးမှုကို ဘုတ်အဖွဲ့က အလေးပေးပြောကြားသည်။ ထို့ကြောင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ဆိုင်ရာ အချက်အလက်များနှင့် ကုမ္ပဏီက ၎င်းကို ကျင့်သုံးရန် အသုံးပြုသည့် သတ်မှတ်စံနှုန်းကို လူမှုစံနှုန်းအားလုံးတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားရန် ဘုတ်အဖွဲ့က Meta ကို တိုက်တွန်းသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အကြောင်းအရာပမာဏ အများအပြားကို စိစစ်သည့်အခါ သိသာထင်ရှားသော မတရားမှုများကို တားဆီးရန် ကျင့်သုံးနိုင်သည့် "အားလုံးခြုံငုံပါဝင်သော" ခွင့်ပြုချက်တစ်ခု ရှိထားရန် လိုအပ်သည်ကို ဘုတ်အဖွဲ့က လက်ခံသည်။ သို့သော် ယင်းကဲ့သို့ ခွင့်ပြုချက်တစ်ခုကို ပေးအပ်ရန် အကြောင်းရင်းခိုင်လုံသည့်အခါ အကဲဖြတ်ရန်သုံးသော သတ်မှတ်စံနှုန်းကို လူသိရှင်ကြား ဖော်ပြသင့်သည်။ ထို့ပြင် Meta က အကျပ်အတည်းအချိန်များတွင် ဆေးကုသမှုဆိုင်ရာ လှူဒါန်းမှုများအတွက် ရံဖန်ရံခါ ပြုလုပ်ထားသကဲ့သို့ ယင်းကဲ့သို့ခွင့်ပြုချက်တစ်ခုကို နည်းလမ်းတစ်ခုတည်းဖြင့် ထပ်ခါတလဲလဲ အသုံးပြုသည့်နေရာတွင် ကုမ္ပဏီအနေဖြင့် သက်ဆိုင်ရာမူဝါဒအတွက် ခြွင်းချက်တစ်ခုအဖြစ် ၎င်းကို အထူးသတ်မှတ်သင့်၊ မသင့် ဂရုတစိုက်အကဲဖြတ်သင့်သည်။
နောက်ဆုံးအနေဖြင့် အသုံးပြုသူများ တိုင်ကြားသော အကြောင်းအရာက "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်မှ အကျိုးရှိသည့်အချိန်တွင် ထိုအကြောင်းကို အသုံးပြုသူများအား အသိမပေးပါ။ ကုမ္ပဏီသည် "အတိုင်းအတာဖြင့် မူဝါဒခွင့်ပြုချက်များအကြောင်း အသုံးပြုသူများအား တိုက်ရိုက်အသိမပေးပါ" ဟု ဘုတ်အဖွဲ့အတွက် ၎င်း၏ ဖြေကြားချက်များတွင် Meta က အတည်ပြုခဲ့သည်။ ၎င်း၏ ကိုလံဘီယာ ဆန္ဒပြပွဲများ" ဆုံးဖြတ်ချက် (၂၀၂၁-၀၁၀-UA) တွင် ဘုတ်အဖွဲ့က Meta အနေဖြင့် အကြောင်းအရာသည် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်မှ အကျိုးရရှိခဲ့သောကြောင့် ၎င်းကို ကုမ္ပဏီ၏ ပလက်ဖောင်းများပေါ်တွင် ခွင့်ပြုပေးသည့်အခါ ထိုအကြောင်းအရာကို ချိုးဖောက်ထားသည်အဖြစ် တိုင်ကြားခဲ့သော အသုံးပြုသူများအား အသိပေးရန် အကြံပြုခဲ့သည်။ Meta သည် ဤအကြံပြုချက်ကို အကောင်အထည်ဖော်မည်၊ မဖော်မည်ကို အကဲဖြတ်နေဆဲဖြစ်သည်။ အလားတူပင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်မှ အကျိုးရရှိသော အကြောင်းအရာနှင့် ပတ်သက်၍ ထိုအကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူများအား အသိပေးခြင်းသည် ယင်းကဲ့သို့ခွင့်ပြုချက်တွင် မည်သည်တို့ပါဝင်ကြောင်းနှင့် မူဝါဒတစ်ရပ်ကို ချိုးဖောက်ပုံရသည့် အကြောင်းအရာက အဘယ်ကြောင့် ပလက်ဖောင်းပေါ်တွင် ရရှိနိုင်သေးကြောင်း အသုံးပြုသူများ ပိုမိုနားလည်စေပါလိမ့်မည်။
၂။ တရားဝင် ရည်ရွယ်ချက်
ICCPR အပိုဒ် ၁၉ တွင် ပြည်နယ်များသည် ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သောအခါတွင် ၎င်းတို့သည် ဖော်ပြပါ တရားဝင်သော ရည်ရွယ်ချက်များကို ထိုက်သင့်အားလျော်စွာ ဖြည့်စွမ်းပေးခြင်းဖြင့်သာ ထိုကဲ့သို့လုပ်ဆောင်နိုင်သည်- “အခြားသူများ၏ အခွင့်အရေးများ သို့မဟုတ် ဂုဏ်သတင်းများကို လေးစားခြင်း . . . [နှင့်] နိုင်ငံတော်လုံခြုံရေး သို့မဟုတ် အများပြည်သူ စည်းကမ်းလိုက်နာမှု (အများပြည်သူ စည်းကမ်းရှိမှု) သို့မဟုတ် ပြည်သူ့ကျန်းမာရေး သို့မဟုတ် ကိုယ်ကျင့်တရားများကို အကာအကွယ်ပေးခြင်း။”
ဆေးကုသမှုဆိုင်ရာ ဆေးဝါးများကို "လှူဒါန်းရန် သို့မဟုတ် လက်ဆောင်ပေးရန် ကြိုးပမ်းမှုများ" နှင့် "တောင်းဆိုမှုများ" အပေါ် Meta ၏ အထွေထွေတားမြစ်ချက်သည် တရားဝင်ရည်မှန်းချက် အားလုံးဖြစ်သည့် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူ့ကျန်းမာရေး (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃၊ ICCPR) နှင့် အခြားသူများ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး (အပိုဒ် ၁၂၊ ICESCR) နှင့် အသက်ရှင်ရပ်တည်ပိုင်ခွင့် (အပိုဒ် ၆၊ ICESCR) တို့ကို ကာကွယ်ရန် ကြိုးပမ်းသည်။ "ဤအကြောင်းအရာသည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးထံမှ ဆေးစာ သို့မဟုတ် ညွှန်ကြားချက် မရှိသော အသုံးပြုသူများထံသို့ ထိန်းချုပ်ထားသောအရာများကို တရားမဝင်လွှဲပြောင်းခြင်း သို့မဟုတ် ဆေးကုသမှုနှင့်ဆိုင်သော ဆေးဝါးများကို ကုန်သွယ်ခြင်းအား လွယ်ကူချောမွေ့စေနိုင်သည်" ဟု ၎င်း၏ ဆုံးဖြတ်ချက် သဘောတရားတွင် Meta က ဖော်ပြခဲ့သည်။ ယင်းသည် "အန္တရာယ်ကင်းရှင်းရေးကို အားပေးရန်နှင့် အန္တရာယ်ဖြစ်နိုင်ခြေရှိသော လှုပ်ရှားဆောင်ရွက်မှုများကို ဟန့်တားရန်" ရေးဆွဲဖန်တီးထားကြောင်း ညွှန်ပြသည့် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒ၏ နိဒါန်းရှိ Meta ၏ သဘောတရားနှင့် ကိုက်ညီသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
လိုအပ်မှုနှင့် အချိုးကျမျှတမှု အခြေခံမူတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည်။ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည့် ဆောင်ရွက်ချက်များအနက် စွက်ဖက်မှု အနည်းဆုံး ဆောင်ရွက်ချက်လည်း ဖြစ်ရမည့်[အပြင်] အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။
သီရိလင်္ကာနိုင်ငံသားများ၏ ကျန်းမာခွင့်နှင့် အသက်ရှင်ခွင့်ကို အန္တရာယ်ဖြစ်စေသော ၎င်းတို့၏ ဆေးဝါးများ ရယူအသုံးပြုနိုင်စွမ်းကို ဟန့်တားခဲ့သည့် သီရိလင်္ကာနိုင်ငံရှိ ပြင်းထန်သော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို ထည့်သွင်းစဉ်းစားလျှင် ဤအမှုတွင် ကန့်သတ်ထုတ်ကုန်နှင့် ဝန်ဆောင်မှုများဆိုင်ရာ မူဝါဒကို ကျင့်သုံးခြင်းသည် ပြောဆိုမှုအပေါ် အချိုးကျမျှတသော ကန့်သတ်မှုဖြစ်ခဲ့မည် မဟုတ်ပါ။ သို့သော် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်တစ်ခုကို ထုတ်ပြန်ရန် Meta ၏ ဆုံးဖြတ်ချက်သည် ဤအကျပ်အတည်းကာလအတွင်း သီရိလင်္ကာနိုင်ငံသားများ၏ အသက်ရှင်ခွင့်နှင့် ကျန်းမာခွင့်ကို ကာကွယ်ပေးခဲ့သည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ပို့စ်ကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေး ဘုတ်အဖွဲ့က မူလအတိုင်း လက်ခံဆုံးဖြတ်သည်။
၁၀။ မူဝါဒဆိုင်ရာ အကြံပေး ဖော်ပြချက်
က။ အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ အသုံးပြုသူများအတွက် ပိုမိုရှင်းလင်းစေရန် Meta အနေဖြင့် လူမှုစံနှုန်းများ၏ ဆိုက်ရောက် စာမျက်နှာတွင် ၎င်း၏ သဘောတရားနှင့် Meta ၏ စံတန်ဖိုးများက စည်းမျဉ်းများကို အတိအကျဖတ်ရှုခြင်းနှင့် မတူညီသောရလဒ်တစ်ခုကို တောင်းဆိုသည့်အခါ လူမှုစံနှုန်းများအတွက် ခွင့်ပြုချက်များကို သတ်မှတ်နိုင်ကြောင်း သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်တွင် ကုမ္ပဏီက ပြုလုပ်သည့် တူညီသောနည်းလမ်းဖြင့် ရှင်းပြသင့်သည်။ ကုမ္ပဏီသည် "မူဝါဒ၏ ဆိုလိုရင်း" ခွင်ပြုချက်အကြောင်း အချက်အလက်များကို ပေးထားသည့် ပွင့်လင်းမြင်သာမှုစင်တာ စာမျက်နှာအတွက် လင့်ခ်တစ်ခုကိုလည်း ထည့်သွင်းပေးသင့်သည်။ လူမှုစံနှုန်းထဲတွင် ရှင်းလင်းဖော်ပြချက်တစ်ခုကို ထည့်သွင်းသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ခ။ စည်းကမ်းထိန်းသိမ်းမှု
၂။ တိုင်ကြားထားသော အကြောင်းအရာသည် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကြောင့် အကျိုးရှိသည့်အခါမျိုးတွင် အသုံးပြုသူများအတွက် သေချာရေရာမှုရှိစေရန် Meta က ဆက်သွယ်အသိပေးသင့်သည်။ "ကိုလံဘီယာ ဆန္ဒပြပွဲများ" အမှု (၂၀၂၁-၀၁၀-FB-UA) ရှိ ဘုတ်အဖွဲ့၏ အကြံပြုချက်အတွက် Meta ၏ တုံ့ပြန်ချက်တွင် ဆိုခဲ့သည့်အတိုင်း ၎င်း၏ အသုံးပြုသူ အသိပေးချက် စနစ်များကို စစ်ဆေးရန် ၎င်း၏ လတ်တလော လုပ်ဆောင်မှုအရ Meta အနေဖြင့် ချိုးဖောက်ထားသည်အဖြစ် အကဲဖြတ်ခဲ့သော်လည်း "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်ကို ပို့စ်အပေါ် ကျင့်သုံးခဲ့သောကြောင့် ပလက်ဖောင်းပေါ်တွင် ခွင့်ပြုခဲ့သော အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူအားလုံးကို အသိပေးသင့်သည်။ ထိုအသိပေးချက်တွင် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အကြောင်း အချက်အလက်များကို ဖော်ပြထားသည့် ပွင့်လင်းမြင်သာမှုစင်တာ စာမျက်နှာအတွက် လင့်ခ်တစ်ခု ပါဝင်သင့်သည်။ Meta က ဤအကြံပြုချက်တွင် ဖော်ပြထားသော အသိပေးချက် လုပ်ထုံးလုပ်နည်းကို မိတ်ဆက်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ဂ။ ပွင့်လင်းမြင်သာမှု
၃။ "အီရန် ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ်" အမှု (၂၀၂၂-၀၁၃-FB-UA) ရှိ ဘုတ်အဖွဲ့၏ အကြံပြုချက် ငါးနှင့် ခြောက်တို့နှင့်အညီ Meta အနေဖြင့် သတင်းဖြစ်လောက်သော အကြောင်းအရာအဖြစ် ခွင့်ပြုချက်နှင့်ပတ်သက်၍ ၎င်းဖြန့်ချိထားသော အချက်အလက်များနှင့်အလားတူ "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အကြောင်း အချက်အလက်များကို ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ဖြန့်ချိသင့်ကြောင်း ဘုတ်အဖွဲ့က သတ်မှတ်သည်။ ပွင့်လင်းမြင်သာမှုစင်တာတွင် Meta သည်- (၁) "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များသည် အတိုင်းအတာဖြင့်လား၊ အကျဉ်းချုံ့ထားသည်လားကို ရှင်းပြသင့်သည်၊ (၂) ဤခွင့်ပြုချက်မှ အကျိုးရရှိခဲ့သည့် အကြောင်းအရာများ၏ ဥပမာများကို လူသိရှင်ကြားပြုလုပ်သင့်သည်၊ (၃) "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို အတိုင်းအတာသတ်မှတ်မည့်အချိန်ကို ဆုံးဖြတ်ရန် Meta အသုံးပြုသည့် သတ်မှတ်စံနှုန်းကို ဖော်ပြသင့်သည်၊ (၄) လွန်ခဲ့သောသုံးနှစ်အတွင်း Meta က အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့သော "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အားလုံး၏ စာရင်းနှင့် ၎င်းတို့တစ်ခုစီကို ထုတ်ပြန်နှင့် ရပ်စဲရန် Meta က အဘယ်ကြောင့် ဆုံးဖြတ်ခဲ့ကြောင်း ရှင်းလင်းဖော်ပြချက်များကို ထည့်သွင်းသင့်သည်။ Meta သည် ခွင့်ပြုချက်အသစ်များ ထုတ်ပြန်သည်နှင့်အမျှ ဤစာရင်းကို အပ်ဒိတ်လုပ်သင့်သည်။ Meta က ဤအချက်အလက်ကို ပွင့်လင်းမြင်သာမှုစင်တာတွင် အများရရှိနိုင်အောင် ပြုလုပ်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၄။ "အီရန် ကန့်ကွက်ဆန္ဒပြခြင်း ဆောင်ပုဒ်" အမှု (၂၀၂၂-၀၁၃-FB-UA) ရှိ ဘုတ်အဖွဲ့၏ အကြံပြုချက် ငါးနှင့် ခြောက်တို့နှင့်အညီ Meta အနေဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်များကို ထုတ်ပြန်ခဲ့သည့် ဖြစ်ရပ်အရေအတွက်နှင့် သက်ရောက်သော ဒေသများနှင့်/သို့မဟုတ် ဘာသာစကားများအပါအဝင် ထုတ်ပြန်ထားသော ယင်းခွင့်ပြုချက်များအကြောင်း စုပေါင်းထားသော အချက်အလက်ကို ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် လူသိရှင်ကြားမျှဝေသင့်သည်ဟု ဘုတ်အဖွဲ့က သတ်မှတ်ဖော်ပြထားသည်။ Meta အနေဖြင့် "မူဝါဒ၏ ဆိုလိုရင်း" ခွင့်ပြုချက်အသစ်များကို ထုတ်ပြန်သည်နှင့်အမျှ ဤအချက်အလက်ကို အပ်ဒိတ်လုပ်သင့်သည်။ Meta က ဤအချက်အလက်ကို ပွင့်လင်းမြင်သာမှုစင်တာတွင် အများရရှိနိုင်အောင် ပြုလုပ်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက် အလားအလာများအပေါ် အခမဲ့ရင်းမြစ်သုံး သုတေသနတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Memetica သည်လည်း လေ့လာဆန်းစစ်ချက်ကို ပံ့ပိုးခဲ့သည်။
Voltar para Decisões de Casos e Pareceres Consultivos sobre Políticas