Anulado

ရင်သားအား မိမိဖာသာစမ်းသပ်ခြင်း

ရင်သားအား မိမိဖာသာစမ်းသပ်မှု ပြုလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်များပေးသော ဗီဒီယိုတစ်ခု ပါဝင်ခဲ့သည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။

Tipo de decisão

Resumo

Políticas e tópicos

विषय
Liberdade de expressão, Igualdade de gênero e sexo, ကျန်းမာရေး
Padrão da comunidade
အရွယ်ရောက်ပြီး အဖော်အချွတ်နှင့် လိင်မှုကိစ္စများ

Regiões/países

Localização
စပိန်

Plataforma

Plataforma
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက်တွင် Meta က အကြောင်းအရာ အစိတ်အပိုင်းတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များ ပါဝင်ပြီး ဘုတ်အဖွဲ့လုပ်ငန်းစဉ်၏ အကျိုးသက်ရောက်မှုအကြောင်း အများပြည်သူအား အသိပေးသည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပါသည်။ ယင်းတို့တွင် အများမြင်မှတ်ချက်များ ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ် မပါဝင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် ပိုကောင်းအောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။

အမှုအနှစ်ချုပ်

ရင်သားအား မိမိဖာသာစမ်းသပ်မှု ပြုလုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်များပေးသော ဗီဒီယိုတစ်ခု ပါဝင်ခဲ့သည့် Facebook ပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

လွန်ခဲ့သော ကိုးနှစ်ကျော် ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် Facebook အသုံးပြုသူတစ်ဦးသည် စာတန်းတစ်ခုဖြင့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။ စာတန်းတွင် ဗီဒီယိုသည် အမျိုးသမီးများအနေဖြင့် ရင်သားကင်ဆာရှိ၊ မရှိ စစ်ဆေးရန် ရင်သားအား မိမိဖာသာစမ်းသပ်ခြင်းကို လစဉ်ပြုလုပ်သင့်ပုံအကြောင်း လမ်းညွှန်ချက်များပေးထားသည်ဟု ရှင်းပြထားသည်။ သက်ဝင်လှုပ်ရှားသောပုံရိပ်များပါသည့် ဗီဒီယိုတွင် ဖော်ချွတ်ထားသော အမျိုးသမီးရင်သားကို သရုပ်ဖော်ထားပြီး ရင်သားကင်ဆာအကြောင်းနှင့် ဆရာဝန်တစ်ဦးကို မည်သည့်အချိန်တွင် ဆက်သွယ်ရမည့်အကြောင်း အချက်အလက်များ ပေးထားသည်။ ထို့အပြင် ဆရာဝန်၏အကြံဉာဏ်ကို လိုက်နာသင့်သည်ဟုလည်း ဗီဒီယိုတွင် ဖော်ပြထားသည်။ ဤပို့စ်ကို အကြိမ် ၅၀၀ အောက်သာ ကြည့်ရှုခဲ့သည်။

၎င်းကို ပထဆုံးမျှဝေပြီး ကိုးနှစ်အကြာတွင် Meta သည် အခြားအကြောင်းရင်းများထဲမှ "ရင်သားကင်ဆာအကြောင်း အသိပညာပေးခြင်း" ရည်ရွယ်ချက်များမှလွဲ၍ "ဖုံးကာထားခြင်းမရှိသည့် အမျိုးသမီးသားမြတ်များ" ကို သရုပ်ဖော်ပါက "လက်တွေ့ကမ္ဘာမှ ဖော်ချွတ်ထားသော အရွယ်ရောက်ပြီးသူများ၏ ရုပ်ပုံ" ကို တားမြစ်သည့် ၎င်း၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒအရ အဆိုပါပို့စ်ကို ပလက်ဖောင်းမှ ဖယ်ရှားလိုက်သည်။ သို့သော် ယင်းနောက်တွင် အကြောင်းအရာသည် ရင်သားကင်ဆာအကြောင်း အသိပညာပေးခြင်း ခွင့်ပြုချက်ထဲတွင် အကျုံးဝင်ကြောင်း Meta က လက်ခံခဲ့ပြီး အကြောင်းအရာကို Facebook တွင် ပြန်ထည့်သွင်းခဲ့သည်။ ပို့စ်ကို မူလတင်ပြီးချိန်နောက်ပိုင်း ကိုးနှစ်အကြာမှ စည်းကမ်းထိန်းသိမ်းခဲ့ရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရပါ။

အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူမ၏အယူခံလွှာတွင် အကြောင်းအရာကို ကိုးနှစ်ကြာမှ ဖြုတ်ချခြင်းကို အံ့ဩကြောင်း ဖော်ပြခဲ့ပြီး ဗီဒီယိုကို တင်ရသည့်ရည်ရွယ်ချက်မှာ ရင်သားအား မိမိဖာသာစမ်းသပ်မှု ပြုလုပ်ခြင်းနှင့်ပတ်သက်၍ အမျိုးသမီးများကို အသိပညာပေးရန် ဖြစ်ခဲ့ကြောင်း၊ ဤနည်းအားဖြင့် အစောပိုင်းအဆင့် ရောဂါလက္ခဏာများကို ပိုမိုရှာဖွေတွေ့ရှိနိုင်ပြီး နောက်ဆုံးအနေဖြင့် လူ့အသက်များကို ကယ်တင်နိုင်ရန် မျှော်လင့်ခဲ့ကြောင်း ဖော်ပြထားသည်။ "အကယ်၍ ၎င်းတို့က အမျိုးသားရင်သားများ ဖြစ်ခဲ့လျှင် အကြောင်းအထွေအထူး ရှိခဲ့မည်မဟုတ်လောက်ပါ" ဟု အသုံးပြုသူက ဖော်ပြထားသည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော လူပုဂ္ဂိုလ်ထံမှ အယူခံလွှာကို လက်ခံရရှိပြီးနောက်တွင် Meta ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် ပါဝင်ပတ်သက်ခဲ့သော အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်များကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

အမှုသည် ကုမ္ပဏီ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းအရ ခွင့်ပြုထားသည့်အတိုင်း ဆေးကုသမှုဆိုင်ရာနှင့် ကျန်းမာရေး အကြောင်းအရာများအတွက် ခွင့်ပြုချက်များ သက်ရောက်ပြဋ္ဌာန်း၍ စည်းကမ်းထိန်းသိမ်းရာတွင် Meta ၏ တစ်သမတ်တည်းမဖြစ်မှုကို ဦးစားပေးဖော်ပြသည်။ ထိုသို့သော စည်းကမ်းထိန်းသိမ်းမှု တစ်သမတ်တည်းမဖြစ်ခြင်းကြောင့် အမျိုးသမီးများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ကျန်းမာစွာနေထိုင်ခွင့်တို့အပေါ် ထိခိုက်စေပါသည်။ ဤအမှုသည် ဤအခွင့်အရေးနှစ်ရပ်နှင့် အကြောင်းကိစ္စတစ်ခုကို ပိုမိုသတိပြုမိစေခြင်း သို့မဟုတ် အသိပညာပေးခြင်းဆိုင်ရာ သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကြောင်းရင်းများအတွက် ခွင့်ပြုပေးရန် ထိထိရောက်ရောက် အကြောင်းအရာ စိစစ်ခြင်းကို လိုအပ်မှုအကြား ဆက်စပ်မှုကို အလေးပေးထားသည်။

၎င်း၏ ပထမအကြိမ် အမှုဆုံးဖြတ်ချက်များထဲမှ တစ်ခုတွင် ဘုတ်အဖွဲ့သည် အထူးသဖြင့် ဤကိစ္စရပ်နှင့်ပတ်သက်၍ Meta ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ မူဝါဒနှင့်ဆက်စပ်သော အကြံပြုချက်များကို ထုတ်ပြန်ခဲ့သည်။ ဘုတ်အဖွဲ့သည် Meta အား ရင်သားကင်ဆာ ရောဂါလက္ခဏာများကို ပိုမိုသတိပြုမိစေသော ပို့စ်များအား စိစစ်သုံးသပ်ရန်အဖြစ် မှားယွင်း၍ သတိပေးအမှတ်အသားမပြုထားကြောင်း သေချာစေရန်အလို့ငှာ စာတန်းထိုးပါသည့် ရုပ်ပုံများကို အလိုအလျောက်စောင့်ကြည့်စနစ်သုံး ရှာဖွေဖော်ထုတ်သည့် နည်းလမ်းအား တိုးတက်အောင် လုပ်ဆောင်ရန် တိုက်တွန်းထားသည် (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက် နံပါတ် ၁)။ ထို့အပြင် "စည်းကမ်းထိန်းသိမ်းမှု အမှားများကို ပြောင်းလဲဆုံးဖြတ်ပြီး ထိုအမှားများမှ သင်ခန်းစာယူရန်အလို့ငှာ အလိုအလျောက် စောင့်ကြည့်စနစ်သုံး အကြောင်းအရာ ဖယ်ရှားမှု ဆုံးဖြတ်ချက်များ၏ အမျိုးအစားပေါင်းစုံကို ကိုယ်စားပြုသော ကိန်းဂဏန်းအချက်အလက်အရ နမူနာတစ်ခုကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ရန်အတွက် ကုမ္ပဏီတွင်း စာရင်းစစ်ခြင်း လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်ရန်" ဘုတ်အဖွဲ့က Meta အား တိုက်တွန်းခဲ့သည် (ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ် ၊ အကြံပြုချက် နံပါတ် ၅)။ Meta သည် ပထမအကြံပြုချက်ကို အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံခဲ့ပြီး ၎င်းကို လက်တွေ့ပြရန် အချက်အလက်များ ထုတ်ပြန်ခဲ့သည်။ ဒုတိယတစ်ခုအတွက် ကုမ္ပဏီသည် ဤအကြံပြုချက်ကို ၎င်းလုပ်ဆောင်ပြီးသား ဆောင်ရွက်ချက်အဖြစ် ဖော်ပြခဲ့သော်လည်း အကောင်အထည်ဖော်မှုကို လက်တွေ့ပြရန် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။

အထူးသဖြင့် အသုံးပြုသူများ၏ အကြောင်းအရာများကို Facebook ၏ အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ထားကြောင်း တွေ့ရှိသည့်အခါ အလိုအလျောက်စောင့်ကြည့်စနစ်များမှ ချမှတ်သော ဆုံးဖြတ်ချက်များကို ထိုအသုံးပြုသူများက လူကိုယ်တိုင်စိစစ်သူတစ်ဦးထံ အယူခံဝင်နိုင်ကြောင်း သေချာစေရန် ကုမ္ပဏီအား တောင်းဆိုကာ Meta ထံ ပေးပို့သော အသုံးပြုသူ အယူခံလွှာများကို စိစစ်သုံးသပ်သည့် စိစစ်သူများ၏ အရေးပါမှုကိုလည်း ဘုတ်အဖွဲ့က အလေးပေးပြောခဲ့သည် ( ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ်၊ အကြံပြုချက် နံပါတ် ၄)။ Meta သည် လုပ်ဆောင်နိုင်ခြေရှိ၊ မရှိ အကဲဖြတ်ပြီးသည့်နောက် ဤအကြံပြုချက်ကို အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့သည်။

ရင်သားကင်ဆာ၏ အစောပိုင်းရောဂါလက္ခဏာများကို ပိုမိုသတိပြုမိစေရန် သို့မဟုတ် အသုံးပြုသူများအား အသိပညာပေးရန်အတွက် အရွယ်ရောက်ပြီးသူ အဖော်အချွတ်နှင့် လိင်မှုကိစ္စဆိုင်ရာ လူမှုစံနှုန်းရှိ ခွင့်ပြုချက်အရ အကျုံးဝင်သော်လည်း လွဲမှားဖယ်ရှားခံရသော အကြောင်းအရာများအပေါ် မှားယွင်းဆုံးဖြတ်မှုနှုန်းကို လျှော့ချရာတွင် အကူအညီဖြစ်စေရန် ဤအကြံပြုချက်များကို အပြည့်အဝအကောင်အထည်ဖော်ခြင်းကို လိုအပ်ကြောင်း ဘုတ်အဖွဲ့က ထပ်လောင်းပြောကြားသည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့်တစ်ပြိုင်နက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Voltar para Decisões de Casos e Pareceres Consultivos sobre Políticas