पलट जाना

အီသီယိုးပီးယားရှိ ဟိုတယ်

အီသီယိုးပီးယားနိုင်ငံ အမ်ဟာရာဒေသရှိ ဟိုတယ်တစ်လုံးကို မီးရှို့ပစ်ရန် လှုံ့ဆော်ခဲ့သည့် Facebook ပို့စ်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူထုမငြိမ်မသက်ဖြစ်မှု ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနှင့် စပ်လျဉ်း၍ Meta အနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် ပြုလုပ်ခဲ့သည့် အမှားအယွင်းကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ဖယ်ရှားခဲ့သည်။

निर्णय का प्रकार

सारांश

नीतियां और विषय

विषय
हिंसा, युद्ध और मतभेद
सामुदायिक मानक
हिंसा और उकसावा

क्षेत्र/देश

जगह
इथियोपिया

प्लैटफ़ॉर्म

प्लैटफ़ॉर्म
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် ဘုတ်အဖွဲ့က တင်ပြပြီးနောက်တွင် အကြောင်းအရာအစိတ်အပိုင်းတစ်ခုနှင့် ပတ်သက်၍ Meta က ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ကိုယ်တိုင်ဝန်ခံထားသော အမှားများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်များက အတည်ပြုပါသည်။ ၎င်းတို့သည် အများမြင်မှတ်ချက်များကို ထည့်သွင်းမစဉ်းစားသည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကိုလိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် တိုးတက်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။

အမှု အနှစ်ချုပ်

အီသီယိုးပီးယားနိုင်ငံ အမ်ဟာရာဒေသရှိ ဟိုတယ်တစ်လုံးကို မီးရှို့ပစ်ရန် လှုံ့ဆော်ခဲ့သည့် Facebook ပို့စ်တစ်ခုကို ခွင့်ပြုပေးရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူထုမငြိမ်မသက်ဖြစ်မှု ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနှင့် စပ်လျဉ်း၍ Meta အနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် ပြုလုပ်ခဲ့သည့် အမှားအယွင်းကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ဖယ်ရှားခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် Facebook အသုံးပြုသူတစ်ဦးသည် အီသီယိုးပီးယားနိုင်ငံ၊ အမ်ဟာရာ ဒေသရှိ ဟိုတယ်တစ်လုံးကို မီးရှို့ပစ်ရန် လှုံ့ဆော်ခဲ့သော ပုံတစ်ပုံနှင့် စာတန်းကိုတင်ခဲ့သည်။ ဟိုတယ်ကို အီသီယိုးပီးယား အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီးတစ်ဦးက ပိုင်ခဲ့ကြောင်း အသုံးပြုသူက အခိုင်အမာပြောခဲ့သည်။ ပို့စ်တွင် ဟိုတယ်၏ ဓာတ်ပုံ၊ ၎င်း၏ လိပ်စာနှင့် ဗိုလ်ချုပ်၏ အမည်တို့လည်း ပါဝင်ခဲ့သည်။

ဒေသဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ဖျက်သိမ်းရန် အစိုးရ၏ အစီအစဉ်ကို ဆန့်ကျင်သည့် ရက်အတော်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားနေချိန် အမ်ဟာရာဒေသ၌ နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်တက်လာသည့် ကာလတစ်ခုအတွင်း အသုံးပြုသူက ဤအကြောင်းအရာကို တင်ခဲ့သည်။

Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒအရ ကုမ္ပဏီသည် ဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုကို လှုံ့ဆော်သည့် အကြောင်းအရာကို ဖယ်ရှားသည်။ အကြောင်းအရာကို တိုင်ကြားခဲ့သည့် အသုံးပြုသူက ဘုတ်အဖွဲ့ထံ သူ၏အယူခံလွှာတွင် ဖော်ပြထားသည်အရ ပို့စ်သည် အကြမ်းဖက်မှုကို လှုံ့ဆော်သဖြင့် Meta ၏ လူမှုစံနှုန်းများကို ချိုးဖောက်ကြောင်း ဆိုထားသည်။

ကနဦးတွင် Meta သည် ထိုအကြောင်းအရာကို Facebook တွင် ဆက်လက်ထားရှိခွင့်ပြုခဲ့သည်။ ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့သည့်အခါ ပို့စ်သည် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့ကြောင်းနှင့် အကြောင်းအရာကို ခွင့်ပြုပေးရန် ၎င်း၏ မူလဆုံးဖြတ်ချက်သည် မှားယွင်းခဲ့ကြောင်း ၎င်းက ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကုမ္ပဏီသည် အကြောင်းအရာကို Facebook မှ ဖယ်ရှားလိုက်သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်သည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။

အမှု၏ အရေးပါမှု

ဤအမှုသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူထုမငြိမ်မသက်ဖြစ်မှု ကြုံတွေ့နေရသော နိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းနှင့် စပ်လျဉ်း၍ Meta အနေဖြင့် ၎င်း၏မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းရာတွင် ပြုလုပ်ခဲ့သည့် အမှားအယွင်းကို ဦးစားပေးဖော်ပြသည်။ ထိုသို့သော အကြမ်းဖက်မှုကို လှုံ့ဆော်မှုများသည် များမကြာမီကာလအတွင်း အကြမ်းဖက်မှုဖြစ်နိုင်ခြေကို မြင့်တက်စေပြီး မြေပြင်ပေါ်ရှိ အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်။ ထို့ကြောင့် ဘုတ်အဖွဲ့သည် Meta အား "ပဋိပက္ခဖြစ်ပွားနေသည့် ကာလအတောအတွင်း အကြောင်းအရာကို ထိရောက်စွာ စိစစ်သုံးသပ်ပြီး တုံ့ပြန်ရန် လိုအပ်သော ကျွမ်းကျင်မှု၊ စွမ်းရည်နှင့် ပေါင်းစပ်ညှိနှိုင်းမှုတို့ကို ပံ့ပိုးပေးသည့် ရေရှည်တည်တံ့သော ကုမ္ပဏီတွင်း ယန္တရားတစ်ခုကို သတ်မှတ်ဖော်ဆောင်ရန် ဖြစ်နိုင်ခြေကို အကဲဖြတ်ပါ" ဟု အကြံပြုခဲ့သည် ( တီဂရေး ဆက်သွယ်ရေးကိစ္စရပ်များဆိုင်ရာ အစိုးရဌာန၊ အကြံပြုချက် နံပါတ် ၂)။ Meta သည် မကြာမီဖြစ်အံ့ဆဲဆဲနှင့် သိသိသာသာ ပေါ်ထွက်လာသော အရေးအခင်းကာလများတစ်လျှောက် သီးသန့်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကြီးကြပ်မှုပေးအပ်ရန် အရေးအခင်းကာလ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တစ်ခုကို စတင်ဖွဲ့စည်းလျက်ရှိပါသည်။ Meta က ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ အသုံးပြုသူများအား ပိုမိုမျှတစွာ ဆက်ဆံကြောင်း သေချာစေရန် ဘုတ်အဖွဲ့သည် ရှိပြီးသားမူဝါဒများနှင့်အတူ ယန္တရားအသစ်ကို အကောင်အထည်ဖော်ခြင်းအား ဆက်လက်ဆောင်ရွက်ပါမည်။

အီသီယိုးပီးယားတွင် အကြမ်းဖက်မှုဖြစ်နိုင်ခြေကို မြင့်တက်လာစေသည့် အမုန်းစကားနှင့် အတည်မပြုနိုင်သော ကောလာဟလများကို ပျံ့နှံ့စေရန်အတွက် Facebook နှင့် Instagram ကို အသုံးပြုကြပုံအပေါ် လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ ထိုက်သင့်သော ကြိုတင်အကဲဖြတ်ဆန်းစစ်မှုကို လုပ်ဆောင်စေရန် Meta အနေဖြင့် တာဝန်ပေးပြီး အစီရင်စာအပြည့်အစုံကို ထုတ်ဝေပေးရန်လည်း ဘုတ်အဖွဲ့က အကြံပြုထားပါသည် ( ရာယာကိုဘိုရှိ စွပ်စွဲခံရသော ရာဇဝတ်မှုများ၊ အကြံပြုချက် နံပါတ် ၃)။ Meta သည် ဤအကြံပြုချက်ကို ၎င်းလုပ်ဆောင်ပြီးသား ဆောင်ရွက်ချက်အဖြစ် ဖော်ပြခဲ့သော်လည်း အကောင်အထည်ဖော်မှုကို လက်တွေ့ပြရန် အချက်အလက်များကို ထုတ်ဝေခဲ့ခြင်းမရှိပါ။

ဆုံးဖြတ်ချက်
အကြောင်းအရာကို ဆက်လက်ထားရှိခွင့်ပြုရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

मामले के निर्णयों और नीति सलाहकार राय पर लौटें