Overturned

အင်ဒိုနီးရှားနိုင်ငံရှိ ဥပဒေစိုးမိုးရေးအဖွဲ့၏ အကျင့်ပျက်ခြစားမှု

အင်ဒိုနီးရှားနိုင်ငံရှိ ရဲအရာရှိများကြားတွင် အကျင့်ပျက်ခြစားမှုကို ဆွေးနွေးသော ဗီဒီယိုတစ်ခု ပါဝင်ခဲ့သည့် Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် အစိုးရများနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုကို သိသိသာသာ အဟန့်အတားဖြစ်နိုင်သည့် နိုင်ငံရေးဆိုင်ရာ တင်စားပြောဆိုမှုများအပေါ် Meta က ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကိုကျင့်သုံးပုံတွင် ရှေ့နောက်မညီညွတ်မှုကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

Type of Decision

Summary

Policies and Topics

Topic
Governments
Community Standard
Violence and incitement

Region/Countries

Location
အင်ဒိုနီးရှား

Platform

Platform
Facebook

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည်။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် ဘုတ်အဖွဲ့က တင်ပြပြီးနောက်တွင် အကြောင်းအရာအစိတ်အပိုင်းတစ်ခုနှင့် ပတ်သက်၍ Meta က ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ကိုယ်တိုင်ဝန်ခံထားသော အမှားများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်များက အတည်ပြုပါသည်။ ၎င်းတို့သည် အများမြင်မှတ်ချက်များကို ထည့်သွင်းမစဉ်းစားသည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ၎င်း၏မူဝါဒကိုလိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် တိုးတက်အောင် လုပ်ဆောင်နိုင်ဖွယ်ရှိသည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။

အမှု အနှစ်ချုပ်

အင်ဒိုနီးရှားနိုင်ငံရှိ ရဲအရာရှိများကြားတွင် အကျင့်ပျက်ခြစားမှုကို ဆွေးနွေးသော ဗီဒီယိုတစ်ခု ပါဝင်ခဲ့သည့် Facebook ပို့စ်ကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဤအမှုသည် အစိုးရများနှင့်ပတ်သက်၍ အွန်လိုင်းတွင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုကို သိသိသာသာ အဟန့်အတားဖြစ်နိုင်သည့် နိုင်ငံရေးဆိုင်ရာ တင်စားပြောဆိုမှုများအပေါ် Meta က ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကိုကျင့်သုံးပုံတွင် ရှေ့နောက်မညီညွတ်မှုကို ဦးစားပေးဖော်ပြသည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏ အစောပိုင်းဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ ဧပြီလတွင် Facebook အသုံးပြုသူတစ်ဦးသည် အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားသော လုပ်ရပ်များကို လူသိရှင်ကြားရှုတ်ချကြောင်း ဘာဟာဆာ အင်ဒိုနီးရှားဘာသာဖြင့် တစ်ကိုယ်တော်မိန့်ခွန်းစကား ပြောကြားထားသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။ အမျိုးသားရဲဌာန၏ ရဲမှူးချုပ်သည် "ညစ်ပတ်ပုပ်ပွနေတဲ့ အမြီးကို မရှင်းနိုင်ရင် ခေါင်းကိုပဲ ဖြတ်ရတော့မှာပေါ့" ဟု ပြောခဲ့ကြောင်း အသုံးပြုသူက ဆိုထားသည်။ လက်အောက်ငယ်သား ဥပဒေစိုးမိုးရေး အရာရှိများ၏ အကျင့်ပျက်ခြစားသော လုပ်ရပ်များကို ရဲတပ်ဖွဲ့ခေါင်းဆောင်များက စောင့်ကြပ်ပြီး ပံ့ပိုးပေးခဲ့ကြသောကြောင့် မရှင်းလင်းနိုင်ခဲ့သော အဆိုပါ ညစ်ပတ်ပုပ်ပွနေသည့် အမြီးများက အမှန်တကယ်တွင် ထိပ်ဆုံးခေါင်များ ဖြစ်လာခဲ့ကြသည်ဟု အသုံးပြုသူက မှတ်ချက်ပြုထားသည်။ ယင်းနောက်ပိုင်းကစပြီး ရာထူးတိုးသွားခဲ့သည့် အမှုတွင်ပါဝင်ပတ်သက်ခဲ့သော လူတချို့ကိုလည်း အသုံးပြုသူက အမည်တပ်ဖော်ပြခဲ့သည်။ ဗီဒီယိုအောက်တွင် "ညစ်ပတ်နေတဲ့တံမြက်စည်းက ညစ်ပတ်နေတဲ့ကြမ်းပြင်ကို ဘယ်လိုသန့်ရှင်းနိုင်မှာလဲ" ဟု ဖော်ပြထားသော စာတန်းရှိခဲ့သည်။

အမျိုးသားရဲမှူးချုပ်သည် အကျင့်ပျက်ခြစားမှုကို မညှာကြောင်းနှင့် အဆင့်နိမ့်အရာရှိများကြားတွင် အကျင့်ပျက်ခြစားမှုကို သူအမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်း မပြုနိုင်ပါက အဆင့်မြင့်ရာထူးကြီးပိုင်း အရာရှိများကို အရေးယူဆောင်ရွက်မည်ဟု သွယ်ဝိုက်ညွှန်းဆိုနေကြောင်း အဓိပ္ပာယ်သက်ရောက်ရန် သူ၏ ခိုင်းနှိုင်းပြောဆိုချက်ကို ဘုတ်အဖွဲ့က နားလည်သည်။ အဆင့်နိမ့်ဘဝကတည်းက အကျင့်ပျက်ခြစားသော အရာရှိများက ရာထူးအဆင့်ဆင့်တက်ပြီး အကျင့်ပျက်ခြစားသော အာဏာပိုင်အရာရှိများ ဖြစ်လာခဲ့ကြောင်း ရိုးတိုးရိုးတိပ်ပြောသော "ညစ်ပတ်တဲ့အမြီးတွေက ထိပ်ဆုံးခေါင်တွေ ဖြစ်လာတယ်" ဟူသော အသုံးပြုသူ၏ မှတ်ချက်များကို အထေ့အငေါ့စကားအဖြစ် ဘုတ်အဖွဲ့က မှတ်ယူသည်။ "ညစ်ပတ်တဲ့ တံမြက်စည်း" ကို ရည်ညွှန်းခဲ့သော စာတန်းအတူပါရှိသောကြောင့် အကျင့်ပျက်ခြစားမှုသည် အင်ဒိုနီးရှားတွင် ဖြစ်ပွားလေ့ရှိသည်ဟု အသုံးပြုသူက ယုံကြည်ခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ယူသည်။

Meta သည် "လူများကို ပစ်မှတ်ထားကာ သေဆုံးမှု (နှင့် အခြားဆိုးရွားပြင်းထန်မှု မြင့်မားသည့် အကြမ်းဖက်မှုပုံစံများ) ကို ဖြစ်စေနိုင်ခဲ့သည့် ခြိမ်းခြာက်မှုများ" ပါရှိသော အကြောင်းအရာကို ကုမ္ပဏီက ဖယ်ရှားရာတွင် ကျင့်သုံးသည့် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို ကိုးကားကာ ပို့စ်ကို Facebook မှ မူလက ဖယ်ရှားခဲ့သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက ၎င်း၏ ဖယ်ရှားမှုသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းခဲ့သည်။ သီးခြားလူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုကို ပစ်မှတ်ထားခြင်းအစား အသုံးပြုသူသည် အကျင့်ပျက်ခြစားမှု၏ ပျံ့နှံ့လျက်ရှိသော သဘောသဘာဝနှင့် ရဲတပ်ဖွဲ့ခေါင်းဆောင်များနှင့် လက်အောက်ငယ်သားများအကြား ဆက်ဆံရေးကို သတိပြုမိအောင် တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီက ဘုတ်အဖွဲ့ကို ပြောပြခဲ့သည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒကို ချိုးဖောက်ခြင်းဖြစ်စေရန် လိုအပ်သော အကြမ်းဖက်ရန်ရည်ရွယ်ပစ်မှတ်ထားမှု မရှိခဲ့ကြောင်း ကုမ္ပဏီက ကောက်ချက်ချခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်သည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်သည်။

အမှု၏ အရေးပါမှု

ဤအမှုသည် Meta က နိုင်ငံရေးဆိုင်ရာ တင်စားပြောဆိုမှုများအပေါ် ၎င်း၏ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ကျင့်သုံးပုံတွင် ရှေ့နောက်မညီညွတ်မှုကို ဦးစားပေးဖော်ပြသည်။ ယင်းကဲ့သို့ ရှေ့နောက်မညီညွတ်မှုသည် အစိုးရများအား ဝေဖန်ရှုတ်ချမှုကို သိသိသာသာ အဟန့်အတား ဖြစ်စေနိုင်သည်။ အမှုသည် အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ ပြောဆိုမှုကို ကာကွယ်ရန် အထေ့အငေါ့၊ သရော်စာ သို့မဟုတ် လေတစ်လုံးမိုးတစ်လုံး ဟိန်းလွန်းသော ပြောဆိုရေးသားချက်ကို သိရှိထားခြင်းဖြင့် ဆက်စပ်အကြောင်းအရာကို သတိထားဆန်းစစ်သော စိစစ်သုံးသပ်ရေး စနစ်များကို ရေးဆွဲခြင်း၏ အရေးပါမှုကို မီးမောင်းထိုးပြသည်။ ထို့ကြောင့် ၎င်း၏ အမှုဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့သည် Meta အား ၎င်း၏ သက်ဆိုင်ရာ ဆက်စပ်အခြေအနေအလိုက် အကြောင်းအရာကို အကဲဖြတ်ခြင်းအတွက် သင့်လျော်သော လုပ်ထုံးလုပ်နည်းများ ထားရှိရန် တိုက်တွန်းထားသည် (ခလုတ်နှစ်ခု သရော်စာပုံ၊ အကြံပြုချက် နံပါတ် ၃)။ Meta သည် ဤအကြံပြုချက်ကို အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည်။ ဘာဟာဆာ အင်ဒိုနီးရှားဘာသာဖြင့် အကြောင်းအရာကို အကဲဖြတ်ရသော ဤအမှုတွင် ၎င်း၏ပြီးမြောက်သော အကောင်အထည်ဖော်မှုသည် Meta ၏ "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးက အထူးအရေးကြီးသည့်နေရာတွင် အစိုးရများက ၎င်းတို့၏အာဏာကို အသုံးချပုံအကြောင်း အသုံးပြုသူများက ဆွေးနွေးသည့်အခါ အကြောင်းအရာ စိစစ်ခြင်း၏ မှားယွင်းမှုနှုန်းကို လျှော့ချရန် အထောက်အကူပြုနိုင်သည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို ကုမ္ပဏီ သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

Return to Case Decisions and Policy Advisory Opinions