Anulado
မြန်မာဘော့
11 de agosto de 2021
မြန်မာဘာသာဖြင့် ရေးတင်ထားသော ပို့စ်တစ်ခုကို အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ ဖယ်ရှားရန် Facebook ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်ပါသည်။
အမှု အနှစ်ချုပ်
အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ မြန်မာဘာသာဖြင့် ပို့စ်တစ်ခုကို ဖယ်ရှားရန် Facebook ၏ ဆုံးဖြတ်ချက်အား ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ဖျက်လိုက်ပါသည်။ ယင်းပို့စ်သည် တရုတ်လူမျိုးများကို ပစ်မှတ်ထားခြင်းမဟုတ်ဘဲ တရုတ်ပြည်နယ်ကို ပစ်မှတ်ထားကြောင်းဘုတ်အဖွဲ့မှ တွေ့ရှိခဲ့သည်။ အထူးသဖြင့် ၎င်းသည် မြန်မာပြည်ရှိ တရုတ်အစိုးရ၏ အခန်းကဏ္ဍအပေါ် နိုင်ငံရေး ဆွေးနွေးမှု၏ အစိတ်အပိုင်းတစ်ခုအနေနှင့် ဟောင်ကောင်ရှိ တရုတ်အစိုးရ၏ မူဝါဒကို ရည်ညွှန်းသည့်အနေနှင့် ရင့်သီးသောအသုံးအနှုန်းကို အသုံးပြုထားသည်။
အမှု အကြောင်း
၂၀၂၁ ခုနှစ် ဧပြီလ တွင် မြန်မာပြည်၌ရှိနေခဲ့သော Facebook အသုံးပြုသူတစ်ဦးက ၎င်း၏ တိုင်းမ်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့် ပို့စ်တင်ခဲ့သည်။ ယင်းပို့စ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အား ငွေကြေးထောက်ပံ့မှုကို ကန့်သတ်ရန် နည်းလမ်းများအကြောင်း ဆွေးနွေးထားသည်။ ၎င်းမှ အခွန်ဝင်ငွေစုစုပေါင်းကို အာဏာသိမ်းမှု ဆန့်ကျင်သော ဥပဒေလွှတ်တော် အမတ်များ အဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အားပေးအပ်ရန် တင်ပြထားသည်။ ယင်းပို့စ်မှာ ကြည့်ရှုသူသန်းဝက်ခန့်ရှိခဲ့ပြီး ၎င်းကို Facebook အသုံးပြုသူ တစ်ဦးမျှ မတိုင်ကြားခဲ့ပါ။
ယင်းအသုံးပြုသူ၏ ပို့စ်မှ ချိုးဖောက်ထားသည်ဟု ထင်ရသော အပိုင်းကို Facebook က “ဟောင်ကောင် လူမျိုးတွေ သူတို့ကို တရုတ်တွေနှိပ်စက်ခဲ့လို့၊ သူတို့ ဘဏ်လုပ်ငန်းတွေကို ယူကေ ကိုပြောင်းခဲ့တယ်၊ ခုတော့ သူတို့ (တရုတ်) တွေသူတို့ကို ထိလို့မရတော့ဘူး။) ဟုဘာသာပြန်ခဲ့ပါသည်။” Facebook သည် ယင်းပို့စ်အား ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ ဖယ်ရှားခဲ့သည်။ ဤသည်မှာ လူတစ်ဦး သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ဖွဲ့ကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် အမျိုးသားဇာတိ တို့အပေါ်အခြေခံ၍ “ စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် ရင့်သီးသော စကားလုံးများ သို့မဟုတ် စကားအသုံးအနှုန်းများ” ဖြင့် ပစ်မှတ်ထားသော အကြောင်းအရာများကို ဟန့်တားခြင်းဖြစ်သည်။
၎င်းမှာ Facebook စည်းမျဉ်းများကို ချိုးဖောက်ကြောင်း ယင်းပို့စ်ကို စစ်ဆေးခဲ့သော အကြောင်းအရာ စိစစ်သုံးသပ်သူ လေးဦးစလုံးက သဘောတူခဲ့သည်။ ဘုတ်အဖွဲ့အား ၎င်းတို့၏အယူခံဝင်သည့်အနေဖြင့် အသုံးပြုသူမ“ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရကို တားဆီး” ရန် ယင်းအကြောင်းအရာကို ပို့စ်တင်ခဲ့သည်ဟု ဆိုသည်။
အဓိက တွေ့ရှိချက်များ
ဤအမှု၌ အမုန်းစကားဆိုင်ရာ မူဝါဒများကို ပြဌာန်းသည့်အခါအခြေအနေကိုထည့်သွင်းစဉ်းစားခြင်းအရေးပါမှုနှင့် နိုင်ငံရေးစကားများကို အကာအကွယ်ပေးခြင်းအရေးပါမှုကို ဦးစားပေးဖော်ပြထားသည်။ ဤသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့် နိုင်ငံအတွင်း ဆက်သွယ်ရေးကြားခံအနေနှင့် Facebook ၏ အဓိက အခန်းကဏ္ဍ တို့ကြောင့် မြန်မာနိုင်ငံနှင့် အထူးသက်ဆိုင်သည်။
ယင်းပို့စ်တွင် Facebook က “fucking Chinese” (သို့မဟုတ် “sout ta-yote”)ဟု ဘာသာပြန်ထားခဲ့သည့် မြန်မာစကားအသုံးအနှုန်းဖြစ်သော “$တရုတ်” ကိုအသုံးပြုထားသည်။ Facebook အဆိုအရ “ta-yote” (တရုတ်) ဟူသည့် စကားလုံးသည် ဓလေ့ထုံးတမ်းအရနှင့် ဘာသာစကားအရ တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူ နှစ်မျိုးစလုံးအဖြစ် အမည်ထပ်တူကျမှုများရှိကြောင်း/အဓိပွါယ်များ ထပ်နေကြောင်း သိရှိထားသည်။” ဤစကားလုံး သဘာဝအရ အသုံးပြုသူမှ “တရုတ် နိုင်ငံ/အစိုးရကို ရည်ညွှန်းသည့် စကားလုံးကို ရှင်းရှင်းလင်းလင်း ညွှန်းထားခြင်း) မရှိသော အချက်ကြောင့် “အသုံးပြုသူမှ အနည်းဆုံး တရုတ်ပြည်သူများကို ရည်ညွှန်းထားသည်” ဟု ချမှတ်လိုက်ကြောင်း Facebook မှ တင်ပြခဲ့သည်။ ထို့ကြောင့် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ Facebook မှ ဤပို့စ်ကို ဖယ်ရှားခဲ့သည်။
မြန်မာဘာသားစကားတွင် ပြည်နယ် နှင့် ထိုပြည်နယ်မှ လူမျိုးတို့ကို ရည်ညွှန်းရာတွင် တူညီသော စကားလုံးကို အသုံးပြုသောကြောင့် ရည်ရွယ်သော အဓိပ္ပါယ်ကို နားလည်ရန် အခြေအနေမှာ အဓိကကျနေသည်။ ပါဝင်သောအချက်အလက်အများစုကြောင့် အသုံးပြုသူမှာ တရုတ်ပြည်သူများကို ပစ်မှတ်ထားခြင်းမဟုတ်ပဲ တရုတ်ပြည်နယ်ကို ပစ်မှတ်ထားကြောင်း ဘုတ်အဖွဲ့မှလက်ခံယုံကြည်ခဲ့သည်။
Facebook ၏စည်းမျဉ်းများ ချိုးဖောက်သည် ထင်ရသော ယင်းပို့စ် အစိတ်အပိုင်းတစ်ခုမှာ ဟောင်ကောင်ရှိ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒများကို “ညှင်းပန်းနှိပ်စက်ခြင်း” သို့မဟုတ် “ဖိစီးနှိပ်ကွပ်မှု”ဟုရည်ညွှန်းထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးစီ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၏ လုပ်ဆောင်မှုများကို ရည်ညွှန်းထားခြင်းမဟုတ်ပါ။ ဤအမှုတွင် “ta-yote” (တရုတ်) ဟူသည့် စကားလုံးမှာ ပြည်နယ်ကို ရည်ညွှန်းထားခြင်းဖြစ်ကြောင်း ဘုတ်အဖွဲ့၏ ဘာသာပြန်ဆိုသူ နှစ်ဦးစလုံးမှ ထောက်ပြခဲ့သည်။ ဤရည်ညွှန်းချက်တွင် အဓိပ္ပါယ်နှစ်ခွထွက်နိုင်ချေ ရှိမရှိ မေးမြန်းခဲ့ရာတွင် ဘာသာပြန်ဆိုသူများမှ သံသယမရှိကြောင်း ပြသခဲ့သည်။ ယင်းပို့စ်တွင် မြန်မာအစိုးရနှင့် တရုတ်သံရုံးတို့မှ အချင်းချင်း အမည်တပ်ပြောဆိုရာတွင် အသုံးပြုလေ့ရှိသော စကားလုံးများပါဝင်နေကြောင်းကိုလည်း ဘုတ်အဖွဲ့၏ ဘာသာပြန်ဆိုသူများမှ တင်ပြခဲ့သည်။ ဖြည့်စွက်ချက်အနေနှင့်၊ ယင်းပို့စ်ကို လူပေါင်းသန်းဝက်ခန့် ကြည့်ရှုမှုများ ရရှိခဲ့ပြီး လူဦးရေ ၆,၀၀၀ ကျော်မှ မျှဝေခဲ့သော်လည်း ၎င်းကို Facebook အသုံးပြုသူတစ်ဦးမျှ မတိုင်ကြားခဲ့ပါ။ အများမြင်မှတ်ချက်များမှလည်း ယင်းပို့စ်၏ စကားအသွားအလာ အလုံးစုံကို နိုင်ငံရေး ဆွေးနွေးမှုတစ်ခု အဖြစ် ဖော်ပြထားသည်။
ယင်းပို့စ်မှာ လူများကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် အမျိုးသားဇာတိ တို့အပေါ်အခြေခံ၍ ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ပဲ ပြည်နယ်တစ်ခုကို ရည်ရွယ်ထားသောကြောင့် ၎င်းသည် Facebook ၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်မှုမရှိကြောင်း ဘုတ်အဖွဲ့မှ တွေ့ရှိခဲ့သည်။
ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် အကြောင်းအရာကို ဖယ်ရှားရန် Facebook ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ပို့စ်ကို ပြန်လည်ထားရှိပေးရန် သတ်မှတ်လိုက်သည်။
မူဝါဒဆိုင်ရာ အကြံပြုထုတ်ပြန်ချက်တစ်ခုတွင် ဘုတ်အဖွဲ့မှ အကြံပြုထားသည်မှာ Facebook အနေဖြင့် -
- ၎င်း၏ အတွင်းပိုင်း တည်ဆောက်ခြင်းစံနှုန်းများကို အကြောင်းအရာ စိစစ်သူများ အကြောင်းအရာ စိစစ်သုံးသပ်သည့် ဘာသာစကားတွင် ရနိုင်စေရန် သေချာအောင်လုပ်ရမည်။ ဦးစားပေးရန် လိုအပ်လာလျှင်၊ Facebook ကလူ့အခွင့်အရေးအတွက် အန္တရာယ်ပိုများသော အခြေအနေများအပေါ် ဦးစွာ အလေးပေးဆောင်ရွက်သင့်သည်။
*အမှုအကျဉ်းချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ပံ့ပိုးပေးထားပြီး ဥပဒေအရဆုံးဖြတ်ထားသော တန်ဖိုးမျိုးမရှိပါ။
အမှုဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းအရ အကြောင်းအရာကို ဖယ်ရှားရန် Facebook ၏ ဆုံးဖြတ်ချက်အား ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ဖျက်လိုက်ပါသည်။ ယင်းပို့စ်မှာ အမုန်းစကားမဟုတ်ခဲ့ကြောင်း ဘုတ်အဖွဲ့မှ တွေ့ရှိခဲ့သည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်
၂၀၂၁ ခုနှစ် ဧပြီလ တွင် မြန်မာပြည်၌ရှိနေခဲ့သော Facebook အသုံးပြုသူတစ်ဦးက ၎င်း၏ တိုင်းမ်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့် ပို့စ်တင်ခဲ့သည်။ ယင်းပို့စ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အား ငွေကြေးထောက်ပံ့မှုကို ကန့်သတ်ရန် နည်းလမ်းများအကြောင်း ဆွေးနွေးထားသည်။ ၎င်းမှ အခွန်ဝင်ငွေစုစုပေါင်းကို အာဏာသိမ်းမှု ဆန့်ကျင်သော ဥပဒေလွှတ်တော် အမတ်များ အဖွဲ့ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အားပေးအပ်ရန် တင်ပြထားသည်။ ယင်းပို့စ်မှာ ကြည့်ရှုမှု ၅၀၀,၀၀၀ ခန့်ရှိခဲ့ပြီး တုံ့ပြန်မှု ၆,၀၀၀ ကျော်ရရှိခဲ့သည်နှင့်အတူ ၎င်းကို အကြိမ်ပေါင်း ၆,၀၀၀ ကျော်မျှဝေခဲ့ကြသည်။ ယင်းပို့စ်ကို Facebook အသုံးပြုသူ တစ်ဦးမျှ မတိုင်ကြားခဲ့ပါ။
ယင်းအသုံးပြုသူ၏ ပို့စ်မှ ချိုးဖောက်ထားသည်ဟု ထင်ရသော အပိုင်းကို Facebook က “ဟောင်ကောင် လူမျိုးတွေ သူတို့ကို တရုတ်တွေနှိပ်စက်ခဲ့လို့၊ သူတို့ ဘဏ်လုပ်ငန်းတွေကို ယူကေ ကိုပြောင်းခဲ့တယ်၊ ခုတော့ သူတို့ (တရုတ်) တွေသူတို့ကို ထိလို့မရတော့ဘူး။) ဟုဘာသာပြန်ခဲ့ပါသည်။” Facebook သည် ယင်းပို့စ်အား တင်ခဲ့သည့်နေ့တွင်ပင် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်း အရ “အဆင့် ၂” အမုန်းစကား အဖြစ် ဖယ်ရှားခဲ့သည်။ ဤသည်မှာ လူတစ်ဦး သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ဖွဲ့ကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် အမျိုးသားဇာတိ တို့အပေါ်အခြေခံ၍ “ စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် ရင့်သီးသော စကားလုံးများ သို့မဟုတ် စကားအသုံးအနှုန်းများ” ဖြင့် ပစ်မှတ်ထားသော အကြောင်းအရာများကို ဟန့်တားခြင်းဖြစ်သည်။
Facebook အဆိုအရ ယင်းပို့စ်၏ ပြန်လည်မျှဝေမှု တစ်ခုကို “နမူနာ တစ်စိတ်တစ်ပိုင်း အဖြစ် အလိုအလျောက် ရွေးချယ်ခဲ့ပြီး စိစစ်ခွဲခြားမှုနည်းပညာ လေ့ကျင့်ရေးအတွက် အသုံးပြုရန်အတွက် လူကိုယ်တိုင် စိစစ်သုံးသပ်သူတစ်ဦးထံ ပို့ပေးခဲ့သည်။” ဤသည်တွင် အကြောင်းအရာက Facebook မူဝါဒများကို ချိုးဖောက်ခြင်းရှိမရှိ ခန့်မှန်းရန် ၎င်း၏ အလိုအလျောက် ရှာဖွေတွေ့ရှိမှု နှင့် စည်းကမ်းထိန်းသိမ်းမှု စီမံဆောင်ရွက်ချက်များကို လေ့ကျင့်ပေးဖို့ ချိုးဖောက်ထားသော၊ နှင့် ချိုးဖောက်မှုမရှိသော အကြောင်းအရာ ဥပမာများ၏ အချက်အလက်အစုများကို Facebook မှ ဖန်တီးခြင်းတို့ ပါဝင်သည်။ စိစစ်သုံးသပ်သူက မျှဝေထားသော ပို့စ်သည် အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကိုချိုးဖောက်သည်ဟု ချမှတ်ခဲ့သည်။ စီမံဆောင်ရွက်ချက်၏ ရည်ရွယ်ချက်မှာ စိစစ်ခွဲခြားမှုနည်းပညာ ကိုလေ့ကျင့်ပေးရန် စာစုအုပ်စုများ ဖန်တီးဖို့ဖြစ်သော်လည်း မျှဝေထားသော ပို့စ်ကိုတွေ့ရှိခဲ့သည်နှင့် တစ်ပြိုင်နက် ထိုပို့စ်ကို ဖျက်လိုက်သည်။
မျှဝေထားသောပို့စ်သည် Facebook စည်းမျဉ်းများကို ချိုးဖောက်ထားခဲ့သည်ကို တွေ့ရှိခဲ့သောကြောင့် စိစစ်သုံးသပ်ရန်အတွက် “စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူဆောင်ရွက်သော ဘော့” တစ်ခုက မူပိုင်ပို့စ်ကို အလိုအလျောက် ဖော်ထုတ်ခဲ့သည်။ “စီမံခန့်ခွဲမှုဆိုင်ရာ အရေးယူဆောင်ရွက်သော ဘော့” သည် အကြောင်းအရာ အကဲဖြတ်မှု တစ်စုံတစ်ရာမလုပ်သော အတွင်းပိုင်း Facebook အကောင့်တစ်ခု ဖြစ်သော်လည်း “လူကိုယ်တိုင် သို့မဟုတ် အလိုအလျောက် စောင့်ကြည့်စနစ်မှ ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ စည်းကမ်းထိမ်းသိန်းမှု စနစ် တစ်လျှောက် လုပ်ဆောင်ချက် မျိုးစုံ” ကို လုပ်ဆောင်သည်။ ထို့နောက်တွင် မူရင်းပို့စ်ကို လူကိုယ်တိုင် စိစစ်သုံးသပ်သူနှစ်ဦးမှ စိစစ်ခဲ့ပြီး နှစ်ဦးစလုံးက ၎င်းသည် “အဆင့် ၂” အမုန်းစကား ဖြစ်ကြောင်း ချမှတ်ခဲ့သည်။ အကြောင်းအရာကို ဖယ်ရှားခဲ့သည်။ အသုံးပြုသူမှ ဖယ်ရှားခဲ့ခြင်းကို Facebook သို့ အယူခံဝင်ခဲ့သည့် အချိန်တွင် စတုတ္ထမြောက် စိစစ်သုံးသပ်သူက ဖယ်ရှားမှုကို အတည်ပြုထားခဲ့သည်။ Facebook အဆိုအရ “ဤအမှုမှ အကြောင်းအရာ စိစစ်သုံးသပ်သူများ အားလုံးမှာ Facebook မှ မြန်မာဘာသာ အကြောင်းအရာ စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်။” ထို့နောက်တွင် အသုံးပြုသူမှ အယူခံဝင်ရန် ကြီးကြပ်ရေးဘုတ်အဖွဲ့ သို့ ပေးပို့ခဲ့သည်။
၃။ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ပို့စ် ဖယ်ရှားခံခဲ့ရသော အသုံးပြုသူထံမှ အယူခံအပေါ် ချမှတ်ထားသော Facebook ၏ ဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည်။ (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁)။ ထိုဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့မှ အတည်ပြုရန် သို့မဟုတ် ပြောင်းလဲဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်ရှိသည်။ (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ ပုဒ်မ ၅)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များသည် တရားဝင် နောက်ဆုံး အတည်ပြုချက်များဖြစ်ပြီး အကြံပြုချက်များနှင့်တကွ မူဝါဒ အကြံပေး အဆိုပြုချက်များပါဝင်နိုင်သည်။ ဤအကြံပြုချက်များမှာ တရားဝင် နောက်ဆုံး အတည်ပြုချက်မဟုတ်သော်လည်း Facebook က ၎င်းတို့အတွက် တုံ့ပြန်ချက်ပေးရမည်။ (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ ပုဒ်မ ၄)။ ဘုတ်အဖွဲ့သည် အငြင်းပွားမှုများကို ပွင်းလင်းမြင်သာခြင်းနှင့်တကွ မူအရ ဖြေရှင်းပေးသည့် မှီခိုမှုကင်းသော မကျေနပ်ချက်ဆိုင်ရာယန္တရား တစ်ခုဖြစ်သည်
၄။ သက်ဆိုင်ရာ စံနှုန်းများ
ဘုတ်အဖွဲ့သည် ၎င်း၏ဆုံးဖြတ်ချက်တွင် အောက်ပါစံနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ကြသည် -
၁။ Facebook ၏လူမှုစံနှုန်းများ
အမုန်းစကားကို “ကာကွယ်ထားသော ပင်ကိုဝိသေသလက္ခဏာများဟု ကျွန်ုပ်တို့ခေါ်ဆိုကြသော — လူမျိုး၊ မျိုးနွယ်စု၊ အမျိုးသားဇာတိ၊ ဘာသာရေးနှီးနွှယ်မှု၊ လိင်စိတ်တိမ်းညွတ်မှု၊ ဇာတ်ခွဲခြားမှု၊ လိင်၊ ကျား/မ၊ ကျား/မ ခံယူမှု၊ ပြင်းထန်သော ရောဂါ သို့မဟုတ် မသန်မစွမ်းဖြစ်မှု စသည်တို့အပေါ်အခြေခံ၍ လူများကိုတိုက်ရိုက်တိုက်ခိုက်မှု”ဟူ၍ Facebook ၏ လူမှုစံနှုန်းက အဓိပ္ပါယ်သတ်မှတ်ထားသည်။ “အဆင့် ၂” အောက်မှ၊ “စောက်၊ ဖာသည်မ၊ မအေလိုး စသည်တို့ နှင့် အခြား ပါဝင်သော စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် ရင့်သီးသော စကားလုံးများ သို့မဟုတ် စကားအသုံးအနှုန်းများ” ကဲ့သို့ သတ်မှတ်ထားသော ဆဲရေးတိုင်းထွာမှု အပါအဝင် တားမြစ်ထားသော အကြောင်းအရာ။
ခ။ Facebook ၏ စံတန်ဖိုးများ
Facebook စံတန်ဖိုးများကို လူမှုစံနှုန်းများ၏ နိဒါန်းတွင် အကျဉ်းချုပ်ဖော်ပြထားပါသည်။ “သဘောထား ထုတ်ဖော်ခွင့်” ၏ စံတန်ဖိုးကို “ပဓာန” အနေဖြင့် ဖော်ပြထားပါသည်-
ကျွန်ုပ်တို့လူမှုစံနှုန်းများ၏ ရည်ရွယ်ချက်မှာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မိမိသဘောထားကို ပြသနိုင်သော နေရာတစ်ခု အမြဲတမ်းဖန်တီးပေးရန် ဖြစ်ပါသည်။ […] အချို့ကိစ္စရပ်များတွင် သဘောမတူညီနိုင်သည့် သို့မဟုတ် ကန့်ကွက်မှုများ ရှိနိုင်သည့်တိုင်အောင် ၎င်းတို့အတွက် အရေးပါသည့် ကိစ္စများအကြောင်း လူထုအား လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိစေချင်ပါသည်။
စံတန်ဖိုးလေးမျိုးကို ဦးစားပေးသည့်အနေဖြင့် Facebook သည် "သဘောထား ထုတ်ဖော်ခွင့်” ကို ကန့်သတ်ထားပြီး နှစ်မျိုးမှာ ဤနေရာတွင် ဆက်စပ်သက်ဆိုင်မှုရှိပါသည် -
“ဘေးကင်းလုံခြုံမှု” - ကျွန်ုပ်တို့သည် Facebook ကို ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် လုပ်ဆောင်ရန် သန္နိဋ္ဌာန် ချထားသည်။ လူများကိုခြိမ်းခြောက်သည့် ပြောဆိုမှုသည် အခြားသူများအား ခြိမ်းခြောက်ခြင်း၊ ဖယ်ကြဉ်ခြင်း သို့မဟုတ် နှုတ်ပိတ်စေခြင်း စသည့် အလားအလာရှိပြီး Facebook ပေါ်တွင် ခွင့်မပြုပါ။
“ဂုဏ်သိက္ခာ” - လူသားအားလုံးတွင် တူညီသော ဂုဏ်သိက္ခာနှင့် အခွင့်အရေးများရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကိုလေးစားရန်နှင့် သူတစ်ပါးကိုနှောင့်ယှက်ခြင်း သို့မဟုတ် သိက္ခာချခြင်းမျိုး မပြုလုပ်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
၃။ လူ့အခွင့်အရေးများ စံနှုန်းများ
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် ထောက်ခံချက်ပေးထားသည့် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGPs) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ထည့်သွင်းဖန်တီးထားသည်။ ၂၀၂၁ ခုနှစ်တွင် UNGPs နှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား မှတ်ကျောက်ချခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒ ကို Facebook ကကြေငြာခဲ့သည်။ ဤအမှုတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံချိန်စံနှုန်းများဖြင့် ကိုးကားဆောင်ရွက်ခဲ့သည် -
- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးအပေါ် အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICCPR)၊ အထွေထွေမှတ်ချက် အမှတ်စဉ် ၃၄၊ ၂၀၁၁ ခုနှစ်၊ လူ့အခွင့်အရေးကော်မတီ
- လုပ်ငန်း တာဝန်များ: လုပ်ငန်း၊ လူ့အခွင့်အရေးများနှင့် ပဋိပက္ခဖြစ်သော နယ်မြေများ- အရှိန်မြင့်အရေးယူဆောင်ရွက်ချက် အစီရင်ခံစာ ( A/75/212) ကို ရှေးရှု၍၊ လူ့အခွင့်အရေးများ နှင့် နိုင်ငံဖြတ်ကြော် ကော်ပိုရေးရှင်းများ နှင့် အခြားလုပ်ငန်းကုမ္ပဏီများ၊ ၎င်းကိစ္စရပ်တို့အတွက် ကုလသမဂ္ဂ လုပ်ဆောင်မှုအဖွဲ့
၅။ အသုံးပြုသူ၏ ဖော်ပြချက်
ဘုတ်အဖွဲ့အား အယူခံဝင်သည့်အနေဖြင့် အသုံးပြုသူမှ “ရက်စက်ကြမ်းကြုပ်သော စစ်အစိုးရကို တားစီး” ရန် နှင့် မြန်မာနိုင်ငံမှ ဒီမိုကရက်တစ် ခေါင်းဆောင်များကို အကြံပေးရန် ယင်းအကြောင်းအရာကို ပို့စ်တင်ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံစစ်အစိုးရ၏ ထောက်ပံ့ငွေကိုလည်း ကန့်သတ်ရန် လိုအပ်ကြောင်း ယင်းအသုံးပြုသူမှ ထပ်လောင်းပြောဆိုခဲ့သည်။ ယင်းအသုံးပြုသူမှ မိမိကိုယ်ကို “နိုင်ငံရေးလှုပ်ရှားသူ” တစ်ယောက်အဖြစ် ကင်ပွန်းတပ်ပြီး ၎င်း၏ ပို့စ်ကို မြန်မာစစ်အစိုးရ၏ သတင်းပေးများက တိုင်ကြားခဲ့သည်ဟု မှန်းဆပြောဆိုခဲ့သည်။ အသုံးပြုသူမှ ၎င်း၏ ပို့စ်ကို “မြန်မာဘာသာစကား နားလည်သူတစ်ယောက်ယောက်” က စိစစ်သုံးသပ် သင့်သည်ဟုလည်း တင်ပြခဲ့သည်။
၆။ Facebook ၏ ဆုံးဖြတ်ချက်အတွက် ရှင်းလင်းတင်ပြချက်
အထူးသဖြင့် လူအများကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု နှင့်/သို့မဟုတ် အမျိုးသားဇာတိ တို့အပေါ်အခြေခံ၍ “ရင့်သီးသော ဆဲရေးတိုင်းထွာသည့် စကားလုံးများ ဖြင့်ပစ်မှတ်ထားခြင်းကို ဟန့်တားထားသည့် ၎င်း၏ မူဝါဒများကို ချိုးဖောက်ခြင်းအတွက် Facebook သည် ယင်းအကြောင်းအရာကို အမုန်းစကားဆိုင်ရာ လူမှုစံနှုန်း အရ “အဆင့် ၂” အမုန်းစကား အဖြစ် ဖယ်ရှားခဲ့သည်။ Facebook အဆိုအရ ချိုးဖောက်ထားသည့် အကြောင်းအရာကို တရုတ်လူမျိုးများအပေါ် တိုက်ခိုက်မှုတစ်ရပ်ဟု ယူဆခဲ့သည်။
ယင်းအကြောင်းအရာတွင် Facebook ၏ဒေသခံ အဖွဲ့မှ “fucking Chinese” (သို့မဟုတ် “sout ta-yote”)ဟု ဘာသာပြန်ထားသည့် မြန်မာစကားအသုံးအနှုန်းဖြစ်သော “$တရုတ်” ပါဝင်နေခဲ့သည်။ Facebook ၏ဒေသခံအဖွဲ့က ထို “$” သည် “စောက်” သို့မဟုတ် “sout” ၏အတိုကောက်အဖြစ် အသုံးပြုနိုင်ပြီး “fucking” ဟုဘာသာပြန်နိုင်ကြောင်း ထပ်မံသတ်မှတ်ပြောဆိုခဲ့သည်။ Facebook အဆိုအရ “ta-yote” (တရုတ်) ဟူသည့် စကားလုံးသည် “ဓလေ့ထုံးတမ်းအရနှင့် ဘာသာစကားအရ တရုတ်နိုင်ငံ နှင့် တရုတ်ပြည်သူ နှစ်မျိုးစလုံးအဖြစ် အမည်ထပ်တူကျမှုများရှိကြောင်း/အဓိပွါယ်များ ထပ်နေကြောင်း သိရှိထားသည်။” ကာကွယ်ထားသည့် ဝိသေသများနှင့် ဆက်စပ်သော ကာကွယ်ထားသည့် ဝိသေသများနှင့် အယူအဆများ အပေါ်အခြေခံ၍ လူအများအား ပစ်မှတ်ထားသည့် ဘာသာစကားကို ခွဲခြားသိနိုင်ရန် Facebook က ၎င်း၏ စိစစ်သူများကို ပံ့ပိုးပေးသော သက်ဆိုင်ရာလျှို့ဝှက်အတွင်းပိုင်းလမ်းညွှန်ချက် သို့မဟုတ် အတွင်းပိုင်း တည်ဆောင်ခြင်းစံနှုန်းများကို ဘုတ်အဖွဲ့သို့ ပံ့ပိုးပေးခဲ့သည်။
Facebook က ၎င်း၏ ဆုံးဖြတ်ချက် သဘောတရားတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ “တရုတ်လူမျိုး ဆန့်ကျင်ရေးသဘောထားများ တိုးမြင့်လာသည့် အစီရင်ခံစာများ” နှင့် “မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်လူမျိုးများ မတည်ထားသည့် အထည်စက်ရုံအား အဆိုအရ မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုတစ်ခုတွင် တရုတ်လူမျိုး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ခြင်း၊ ပိတ်မိခဲ့ခြင်း သို့မဟုတ် သေဆုံးခဲ့ခြင်းတို့ ဖြစ်ခဲ့သည်” ဟု မှတ်ချက်ပေးခဲ့သည်။ ဘုတ်အဖွဲ့မှ မေးခွန်းတစ်ခုအား တုံ့ပြန်သည့်အနေနှင့် Facebook မှ ဤပို့စ်နှင့်ပတ်သက်ပြီး ၎င်းတို့ဘက်မှ မြန်မာစစ်အစိုးရနှင့် အဆက်အသွယ်မရှိခဲ့ကြောင်း တင်ပြခဲ့သည်။
“ta-yote” (တရုတ်) ဟူသည့်စကားလုံး သဘာဝအရ အသုံးပြုသူမှ “တရုတ် နိုင်ငံ/အစိုးရကို ရည်ညွှန်းသည့် စကားလုံးကို ရှင်းရှင်းလင်းလင်း ညွှန်းထားခြင်း” မရှိသော အချက်ကြောင့် “ အသုံးပြုသူမှ အနည်းဆုံး တရုတ်ပြည်သူများကို ရည်ညွှန်းထားသည်” ဟု ချမှတ်လိုက်ကြောင်း Facebook မှ တင်ပြခဲ့သည်။ ထို့ကြောင့် ယင်းပို့စ်ကိုဖယ်ရှားခြင်းသည် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းနှင့် ကိုက်ညီကြောင်း Facebook မှ တင်ပြခဲ့သည်။
ဤပို့စ်ကို ဖယ်ရှားခြင်းသည် ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ ၎င်း၏ စံတန်ဖိုးများနှင့် ကိုက်ညီမှုရှိပြီး တစ်ချိန်တည်းတွင် “ထုတ်ဖော်ပြောဆိုခွင့်” စံတန်ဖိုးနှင့် ဟန်ချက်ညီစွာ ထိန်းသိမ်းထားကြောင်းကိုလည်း Facebook မှ တင်ပြခဲ့သည်။ Facebook အဆိုအရ တရုတ်လူမျိုးများက ရည်ရွယ်သည့် ရင့်သီးသော ဆဲရေးတိုင်းထွာခြင်းသည် “ထိုလူများအတွက် ထိခိုက်စေခြင်းများ ဖြစ်လာစေနိုင်” ပြီး “သိက္ခာကျစေခြင်း၊ လူ့ဂုဏ်ကင်းမဲ့စေခြင်း၊ ၎င်းတို့ တစ်ဦးချင်းစီ၏ သိက္ခာအား ချိုးနှိမ်ခြင်း”တို့ဖြစ်စေသည်။
Facebook မှ ထပ်မံ၍ ဖော်ပြသည်မှာ ၎င်း၏ ဆုံးဖြတ်ချက်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံညွန်းများနှင့်လည်း ကိုက်ညီသည်ဟူ၍ ဖြစ်ပါသည်။ ၎င်း၏ ဆုံးဖြတ်ချက်မှာ တရားဥပဒေနှင့်ညီညွတ်ခြင်း၊ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်၊ နှင့် လိုအပ်ချက်နှင့်အချိုးကျတရားမျှတမှု စသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေလိုအပ်ချက်များကို လိုက်နာခဲ့ကြောင်း တင်ပြခဲ့သည်။ Facebook အဆိုအရ ၎င်း၏ မူဝါဒကို လူမှုစံနှုန်းများတွင် “အလွယ်တကူ အသုံးပြုနိုင်” ပြီး “အသုံးပြုသူ၏ စကားလုံးရွေးချယ်မှုမှာ ရင့်သီးသော စကာလုံးများ ဟန့်တားထားမှုထဲတွင် အတိအလင်းကျရောက်နေသည်။” ဖြည့်စွက်ချက်အနေနှင့် အကြောင်းအရာ ဖယ်ရှားရန် ဆုံးဖြတ်ချက်မှာ “ထိခိုက်စေခြင်းနှင့် ခွဲခြားဆက်ဆံခြင်း မှ အခြားသူများ၏ အခွင့်အရေးများ”ကိုကာကွယ်ရန် တရားဝင်သည်။ နောက်ဆုံးအနေနှင့် “တရုတ်လူမျိုးများကို ဆန့်ကျင်သည့် ရင့်သီးသောအသုံးအနှုံးပါရှိသည့် အကြောင်းအရာ စုစုပေါင်းသည် ‘လူ့အဖွဲ့အစည်း တစ်ခုတွင် အကြမ်းဖက်လုပ်ရပ်များကို လက်သင့်ခံနိုင်မှု ပိုမိုများပြားလာနိုင်ပြီး ခွဲခြားဆက်ဆံခြင်းကို ပိုမိုတိုးပွားစေနိုင်သည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်လာစေခြင်း” ကြောင့် ၎င်း၏ အကြောင်းအရာကို ဖယ်ရှားရန် ဆုံးဖြတ်ချက်မှာ “လိုအပ်ပြီး အချိုးကျသည်)၊ Zwarte Piet နှင့် စပ်လျဉ်း၍ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် 2021-002-FB-UA ကို တိုက်ရိုက်ကိုးကားသည်။ “အမှုနှစ်ခုစလုံးက လူများကို ၎င်းတို့၏ လူမျိုး သို့မဟုတ် မျိုးနွယ်စု အပေါ်အခြေခံပြီး အမုန်းစကားပြောဆိုခြင်းပါဝင်”သောကြောင့် ဆင်တူသည်ဟု Facebook မှ တင်ပြခဲ့သည်။
၇။ ကြားခံပြင်ပအဖွဲ့၏ ပေးပို့မှုများ
ဤအမှုနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးဘုတ်အဖွဲ့မှ အများမြင် မှတ်ချက် ၁၀ ခု လက်ခံရရှိခဲ့သည်။ မှတ်ချက် ၅ ခုမှာ အာရှိပစိဖိတ် နှင့် အိုရှန်းနီးယား၊ အထူးသဖြင့် မြန်မာနိုင်ငံ နှင့် နောက် ၅ ခုမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့မှ ဖြစ်သည်။ ဘုတ်အဖွဲ့သည် လူ့အခွင့်အရေး ခုခံကာကွယ်သူများနှင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်စကားတို့အပေါ် အလေးထားသည့် အရပ်သား လူ့အဖွဲ့အစည်း အုပ်စုများပါဝင်သည့် အစုရှယ်ယာ ပါဝင်သူများထံမှ မှတ်ချက်များ လက်ခံရရှိခဲ့သည်။
လျှောက်လွှာတင်သွင်းခြင်းများတွင် “စောက်တရုတ်” ဟူသည့် စကားလုံးအား ဘာသာပြန်ဆိုခြင်းနှင့် စိစစ်ချက်- ယင်းအကြောင်းအရာမှာ တရုတ်နိုင်ငံနှင့် တရုတ်လူမျိုးတို့ကို တိုက်ခိုက်ခြင်းတစ်ခု ဟုတ်မဟုတ်- ယင်းပို့စ်မှာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ပဋိပက္ခ အခြေအနေအလျောက် အကာအကွယ်ပေးသင့်သော နိုင်ငံရေးစကား ဟုတ်မဟုတ်- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း တရုတ်လူမျိုးတိုက်ဖျက်ရေး သလဘောထားများ တိုးမြင့်လာမှု ရှိမရှိ- တရုတ်နိုင်ငံနှင့် မြန်မာစစ်အစိုးရတို့အကြား ဆက်ဆံရေးများ- နှင့် အထူးသဖြင့် မြန်မာဘာသာစကား အကြောင်းအရာအတွက် Facebook ၏အလိုအလျောက် ကိရိယာများ အသုံးပြုခြင်း လေ့ကျင့်ပေးခြင်းနှင့် စစ်ဆေးခြင်း စသည့် Facebook ၏အကြောင်းအရာ စိစစ်မှုလေ့ကျင့်ရေး တို့ ပါဝင်သည့် အဓိကဆိုလိုရင်းများကို ခြုံငုံထားသည်။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ကျေးဇူးပြု၍ here နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့ အကဲဖြတ်စစ်ဆေးမှု
ဤအမှု၌ နိုင်ငံရေးအမုန်းစကားများကိုလည်း အလေးထားနေစဉ် အသုံးပြုသူများအား အမုန်းစကားပြောဆိုခြင်းမှ ကာကွယ်တားဆီးရန် သတ်မှတ်ထားသောအကြောင်းအရာမူဝါဒများကို ပြဌာန်းသည့်အခါ အခြေအနေ၏ အရေးပါမှုကို ဦးစားပေးဖော်ပြသည်။ ဤသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့် နိုင်ငံအတွင်း ဆက်သွယ်ရေးကြားခံအနေနှင့် Facebook ၏ အဓိက တာဝန်ခွဲဝေမှု တို့ကြောင့် မြန်မာနိုင်ငံနှင့် အထူးသက်ဆိုင်သည်။ ဘုတ်အဖွဲ့အနေဖြင့် ဤအကြောင်းအရာကို Facebook ပေါ်သို့ ပြန်လည်တင်သင့်၊ မတင်သင့် အကဲဖြတ်ရန် ရှုထောင့် သုံးခုမှ မေးခွန်းထုတ်ကြည့်ရှုခဲ့သည် - Facebook လူမှုစံနှုန်းများ၊ ကုမ္ပဏီ၏ စံတန်ဖိုးများနှင့် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ။
၈.၁ လူမှုစံနှုန်းများအား လေးစားလိုက်နာခြင်း
ဤအကြောင်းအရာကို ပြန်တင်ခြင်းသည် Facebook ၏ လူမှုစံနှုန်းများနှင့်အညီဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိခဲ့သည်။ Facebook ၏မူဝါဒမှ လူတစ်ဦး သို့မဟုတ် လူအဖွဲ့တစ်စုကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် အမျိုးသားဇာတိ တို့အပေါ်အခြေခံ၍ “စော်ကားလိုသည့် ရည်ရွယ်ချက်ဖြင့် ရင့်သီးသော စကားလုံးများများ သို့မဟုတ် စကားအသုံးအနှုန်းများ”ဖြင့် ပစ်မှတ်ထားခြင်းကို ဟန့်တားထားသည်။ ယင်းပို့စ်သည် လူများကို ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ပဲ မြန်မာနိုင်ငံရှိ တရုတ်အစိုးရ၏ အခန်းကဏ္ဍကို ဆွေးနွေးသော အခြေအနေဖြင့် ပို့စ်တင်ခဲ့ပြီး ဟောင်ကောင်ရှိ တရုတ်အစိုးရ၏ မူဝါဒကို ရည်ရွယ်ထားခဲ့ကြောင်း ကောက်ချက်ဆွဲခဲ့သည်။
အများအမြင် မှတ်ချက်များအပြင် ဘုတ်အဖွဲ့မှ စာသားအတွက် ဘာသာပြန်ဆိုသူနှစ်ဦးကိုလည်း ရှာဖွေခဲ့သည်။ ဤသည်တွင် မြန်မာနိုင်ငံအတွင်းရှိနေသော မြန်မာဘာသာစကားပြောဆိုသူနှင့် မြန်မာနိုင်ငံ ပြင်ပတွင်ရှိနေသော အခြားမြန်မာဘာသာစကားပြောဆိုသူတို့ထံမှ ဘာသာပြန်ဆိုမှုများ ပါဝင်သည်။ မြန်မာဘာသာတွင် ပြည်နယ်များနှင့် ထိုပြည်နယ်မှ လူများကို ရည်ညွှန်းရာ၌ တူညီသော စကားလုံးတစ်လုံးကိုသာ အသုံးပြုကြောင်း အများမြင်မှတ်ချက်များနှင့် ဘုတ်အဖွဲ့၏ ဘာသာပြန်ဆိုသူများမှ မှတ်ချက်ပေးခဲ့သည်။ ထို့ကြောင့် ရည်ရွယ်သည့် ဆိုလိုရင်းကို နားလည်အောင်ကြိုးစားရာတွင် အခြေအနေက အဓိကကျသည်။ ဤသည်မှာ Facebook ၏ အမုန်းစကားဆိုင်ရာ မူဝါဒကို အသုံးချခြင်းအတွက် အထူးသက်ဆိုင်သည်။ အကြောင်းအရာကို ဖယ်ရှားလိုက်သည့်အချိန်တွင် ၎င်းသည် လူများကို အမျိုးသားဇာတိ အပေါ်အခြေခံ၍ ဆန့်ကျင်တိုက်ခိုက်ခြင်းများကိုသာ ဟန့်တားထားပြီး နိုင်ငံများကို ဆန့်ကျင်တိုက်ခိုက်ခြင်းများကို ဟန့်တားထားခြင်းမရှိကြောင်း အမုန်းစကားဆိုင်ရာ လူမှု့စံနှုန်းမှ တင်ပြခဲ့သည်။
ဤပို့စ်သည် တရုတ်လူမျိုးများကို ၎င်းတို့၏ မျိုးနွယ်စု၊ လူမျိုး သို့မဟုတ် အမျိုးသားဇာတိ အပေါ်အခြေခံ၍ ပစ်မှတ်ထားခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်ချက်ချရာတွင် ပါဝင်သောအချက်အများအပြားကို ဘုတ်အဖွဲ့မှ လက်ခံစဥ်းစားခဲ့သည်။ ပထမဦးမြောက်အနေနှင့် ပို့စ်နောက်ဆက်တွဲမှ စစ်အစိုးရ၏ ဘဏ္ဍာရေးထိတွေ့မှုများကို ကန့်သတ်ရန်နှင့် CRPH အတွက် ဘဏ္ဍာရေးထောက်ပံ့မှုများ ပံ့ပိုးပေးရန် နည်းလမ်းများ အကြံပြုထားသည်။ ဒုတိယမြောက်အနေနှင့် Facebook ၏စည်းမျဉ်းများ ချိုးဖောက်သည် ထင်ရသော ယင်းပို့စ် အစိတ်အပိုင်းတစ်ခုမှာ ဟောင်ကောင်ရှိ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒများကို “ညှင်းပန်းနှိပ်စက်ခြင်း” သို့မဟုတ် “ဖိစီးနှိပ်ကွပ်မှု”ဟုရည်ညွှန်းထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးစီ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၏ လုပ်ဆောင်မှုများကို ရည်ညွှန်းထားခြင်းမဟုတ်ပါ။ တတိယမြောက်အနေနှင့် အများအပြားမျှဝေခြင်းခံရသော ပို့စ်ကို တိုင်ကြားခြင်းမရှိခြင်းသည် ထိုပို့စ်မှ ချိုးဖောက်ထားခြင်း မရှိကြောင်း ပြသနေခြင်းမျိုးမဟုတ်သော်လည်း ယင်းပို့စ်မှာ ကြည့်ရှုမှု ၅၀၀,၀၀၀ ခန့်ရှိခဲ့ပြီး တုံ့ပြန်မှု ၆,၀၀၀ ကျော်ရရှိခဲ့၍ အသုံးပြုသူတစ်ဦးမျှ တိုင်ကြားခြင်းမရှိခဲ့ပါ။ စတုတ္ထမြောက်အနေနှင့်၊ ပြည်နယ်များနှင့် ထိုပြည်နယ်မှ လူများကို ရည်ညွှန်းရာ၌ တူညီသော စကားလုံးတစ်လုံးကိုသာ အသုံးပြုသည်ဖြစ်သော်လည်း ဤနေရာတွင် ပြည်နယ်ကို ရည်ညွှန်းထားခဲ့ကြောင်း ဘုတ်အဖွဲ့မှ တိုင်ပင်ခဲ့သည့် ဘာသာပြန်ဆိုသူနှစ်ဦးစလုံးက ထောက်ပြခဲ့သည်။ ဤရည်ညွှန်းချက်တွင် အဓိပ္ပါယ်နှစ်ခုထွက်နိုင်ချေရှိ၊မရှိ မေးမြန်းခဲ့ရာတွင် ဘာသာပြန်ဆိုသူများမှ သံသယမရှိကြောင်း ပြသခဲ့သည်။ ပဉ္စမမြောက်အနေနှင့်၊ ယင်းပို့စ်တွင် မြန်မာအစိုးရနှင့် တရုတ်သံရုံးတို့မှ အချင်းချင်း အမည်တပ်ပြောဆိုရာတွင် အသုံးပြုလေ့ရှိသော စကားလုံးများပါဝင်နေကြောင်းကိုလည်း ဘာသာပြန်ဆိုသူနှစ်ဦးစလုံးမှ တင်ပြခဲ့သည်။ နောက်ဆုံးအနေနှင့်၊ ယင်းပို့စ်၏ အလုံးစုံဆိုလိုရင်းကို အများအားဖြင့် နိုင်ငံရေးဆွေးနွေးမှုတစ်ရပ်ဟု အများမြင်မှတ်ချက်များမှ ယေဘုယျအားဖြင့် မှတ်ချက်ပေးခဲ့သည်။
ထို့ကြောင့်၊ ရင့်သီးသောအသုံးအနှုန်းသည် လူများကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် အမျိုးသားဇာတိ အပေါ်အခြေခံ၍ ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ပဲ ပြည်နယ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သောကြောင့် Facebook ၏အမုန်းစကားဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်းကို ဖောက်ဖျက်ခြင်းမရှိကြောင်း ဘုတ်အဖွဲ့မှ ကောက်ချက်ဆွဲခဲ့သည်။ ဝိသေသလက္ခဏာများအား ကာကွယ်ခြင်းအပေါ် အခြေခံပြီး လူများကိုပစ်မှတ်ထားခြင်းအား ဟန့်တားချက်များကို အစိုးရများ သို့မဟုတ် အဖွဲ့အစည်းများအား ဝေဖန်မှုမှ အကာအကွယ်ပေးသည့်အနေဖြင့် တည်ဆောက်ခြင်းမပြုဖို့ သေချာအောင်လုပ်ရန် အရေးကြီးသည်။ တရုတ်လူမျိုးဆန့်ကျင်သော အမုန်းစကားသည် ပြင်းထန်သော အမှုထားစရာကိစ္စတစ်ရပ်ဖြစ်သည်ကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသော်လည်း ဤပို့စ်မှာမူ တရုတ်ပြည်နယ်ကို ရည်ညွှန်းထားသည်။
ဤအကြောင်းအရာကို ဖယ်ရှားရန် ဆုံးဖြတ်ချက်မှာ (မျက်နှာမဲချယ်ထားသည့် လူများသရုပ်ဖော်ပြခဲ့ခြင်းများကို ဖယ်ရှားရန် ဘုတ်အဖွဲ့မှ အတည်ပြုခဲ့သည့်) အမှုဆုံးဖြတ်ချက် 2021-002-FB-UA ရှိ ဘုတ်အဖွဲ့၏ သဘောတရားကို လိုက်နာကြောင်း Facebook ၏ငြင်းဆိုကန့်ကွက်မှုကို ဘုတ်အဖွဲ့မှ သဘောမတူပါ။ ထိုအမှုတွင် Facebook ၌ မျက်နှာမဲချယ်ထားသည့် လူများသရုပ်ဖော်ပြခြင်းကို ဆန့်ကျင်သော စည်းမျဉ်းတစ်ခုရှိခဲ့ပြီး မျက်နှာမဲချယ်ထားသည့် သရုပ်ဖော်ပြခြင်းပါဝင်သည့် အကြောင်းအရာအား ထိုစည်းမျဉ်း ထည့်သွင်းအသုံးချရန် ဘုတ်အဖွဲ့မှ Facebook ကိုခွင့်ပြုခဲ့သည်။ ဤနေရာတွင်မူ ဆန့်ကျင်ဘက်ဖြစ်ပြီး အသုံးပြုထားသည့် ဘာသာစကားသည် Facebook ၏စည်းမျဉ်းများကို လုံးဝချိုးဖောက်ထားမှုမရှိကြောင်း ပို့စ်၏ အခြေအနေက လက္ခဏာပြနေသည်။
ဤအမှုနှင့်ပတ်သက်ပြီး ဘုတ်အဖွဲ့၏ ချိန်ဆခြင်းပြုလုပ်နေစဉ််၊ အချို့အခြေအနေများ၌ ကာကွယ်ထားသည့် ဝိသေသများနှင့် စပ်လျဉ်းသော “သဘောထားများ” ကိုမည်သို့ ဟန့်တားထားကြောင်း အချက်အလက်များ ပိုမိုပံ့ပိုးပေးရန် ၎င်း၏ အမုန်းစကားဆိုင်ရာ လူမှု့စံနှုန်းကို Facebook မှ ပြင်ဆင်ခဲ့သည်။ Facebook မှ စည်းကမ်းထိန်းသိမ်းရန်အတွက် “ဖြည့်စွက် သတင်းအချက်အလက် နှင့်/သို့မဟုတ် အခြေအနေ လိုအပ်” ကြောင်းနှင့် အသုံးပြုသူအနေနှင့် “ကာကွယ်ထားသည့် ဝိသေသများနှင့် ဆက်စပ်သည့် လူများကို ဆန့်ကျင်၍ လက်ငင်း ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရေစေနိုင်မှု၊ ခြိမ်းခြောက်မှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတို့ ပိုမိုဖြစ်လာစေနိုင်သော ထိုကာကွယ်ထားသည့် ဝိသေသများနှင့် ဆက်စပ်သည့် အယူအဆများ၊ ထုံးတမ်းဓလေ့များ၊ တွေးခေါ်မှုများ၊ အလေ့အထများ၊ သို့မဟုတ် ယုံကြည်မှုများကို တိုက်ခိုက်သော အကြောင်းအရာ” ကိုပို့စ်မတင်သင့်ကြောင်း ဤစည်းမျဉ်းအသစ်မှ တင်ပြထားသည်။
Facebook မှဤအကြောင်းအရာကို ဖယ်ရှားခဲ့ချိန်တွင် ၎င်းသည် လူမှုအဖွဲ့အစည်းစံနှုန်းတွင် ပါဝင်ခဲ့ခြင်းမရှိသည်နှင့်အတူ ယင်းအကြောင်းအရာကို ဤပြင်ဆင်ထားသောစံနှုန်းနှင့်အညီ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း Facebook မှ ဘုတ်အဖွဲ့အား ဖော်ပြခဲ့ခြင်းမရှိသဖြင့် ဤအမှုတွင် ဤမူဝါဒအား ထည့်သွင်းအသုံးချခဲ့ခြင်းကို ဘုတ်အဖွဲ့မှ မစိစစ်ခဲ့ပါ။ သို့ရာတွင်၊ “အယူအဆများ၊ ထုံးတမ်းဓလေ့များ၊ တွေးခေါ်မှုများ၊ အလေ့အထများ သို့မဟုတ် ယုံကြည်မှုများ”မှာ နိုင်ငံရေးစကားများ အပါအဝင် အလွန်များပြားသော ဖော်ပြချက်များကို ခြုံငုံပြောဆိုထားခြင်းဖြစ်နိင်ကြောင်း ဘုတ်အဖွဲ့မှ မှတ်ချက်ချထားသည်။
၈.၂ Facebook ၏ စံတန်ဖိုးများအား လေးစားလိုက်နာခြင်း
ဤအကြောင်းအရာကို ပြန်တင်ခြင်းသည် Facebook ၏ လူမှုစံနှုန်းများနှင့်အညီဖြစ်ကြောင်း ဘုတ်အဖွဲ့မှ ကောက်ချက်ဆွဲခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု အခြေအနေတွင် Facebook ၏ ဂုဏ်သိက္ခာနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံတန်ဖိုးများက အရေးကြီးသော်လည်း၊ ဤအကြောင်းအရာသည် “ထုတ်ဖော်ပြောဆိုခွင့်” တွင်အလွဲသုံးစားပြုခြင်းကို သင့်လျော်စေမည်ဟူပြီး ထိုစံတန်ဖိုးများအတွက် ထိခိုက်မှု အန္တရာယ်ပြုသော အရိပ်အရောင်မရှိခဲ့ပါ။ ပို့စ်တွင် “ထုတ်ဖော်ပြောဆိုခွင့်” စံတန်ဖိုး၏ ဗဟိုကျသော နိုင်ငံရေးစကားများပါဝင်သည်ဟုလည်း ဘုတ်အဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့သည်။
၈.၃ Facebook ၏ လူ့အခွင့်အရေးတာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
ဤအကြောင်းအရာကို ပြန်တင်ခြင်းသည် လုပ်ငန်းတစ်ခုအနေနှင့် Facebook ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အညီဖြစ်ကြောင်း ဘုတ်အဖွဲ့မှ ကောက်ချက်ဆွဲခဲ့သည်။ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများ အပေါ် ကုလသမဂ္ဂ လမ်းညွှန်မူများနှင့် (UNGPs) နှင့်အညီ လူ့အခွင့်အရေးများကို အလေးပေးရန် Facebook မှ ၎င်းကိုယ်၌ သန္နိဋ္ဌာန်ချထားသည်။ ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေးမူဝါဒ ၌ဤသည်တွင် အရပ်သားနှင့် နိုင်ငံရေးအခွင့်အရေးများအပေါ် အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် ပါဝင်သည်ဟု တင်ပြထားသည်။
ICCPR ၏ အပိုဒ် ၁၉ တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးမှုအကြောင်း ဖော်ပြထားသည်။ အစိုးရအဖွဲ့အစည်းများအကြောင်း အပါအဝင် နိုင်ငံရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုနှင့် ဆွေးနွေးငြင်းခုံမှုတို့အတွက်ဆိုလျှင် ဤသို့ကာကွယ်ပေးမှုမှာ “အထူးသဖြင့် မြင့်မားပါသည်” (အထွေထွေမှတ်ချက် ၃၄၊ စာပိုဒ် ၃၈)။ ထုတ်ဖော်ပြောဆိုခွင့်အပေါ်ချမှတ်ထားသော အစိုးရ၏ကန့်သတ်ချက်များသည် တရားဝင်မှု၊ တရားဥပဒေနှင့်ညီညွတ်မှု၊ လိုအပ်မှုနှင့် အချိုးကျတရားမျှတမှုဟူသည့် အပိုင်းသုံးပိုင်းစစ်ဆေးမှုနှင့် ကိုက်ညီမှုရှိရမည်ဟု အပိုဒ်ခွဲ ၁၉ တွင် ပြဋ္ဌာန်းထားပါသည်။ ဤစစ်ဆေးခြင်းအရ Facebook ၏လုပ်ဆောင်မှုများသည် စီးပွားရေးလုပ်ငန်းတစ်ခု၏ တာဝန်ဝတ္တရားများနှင့် ပြီးပြည့်စုံမှုမရှိခဲ့ကြောင်း ဘုတ်အဖွဲ့မှ ကောက်ချက်ဆွဲခဲ့သည်။
၁။ တရားဝင်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ရန်အတွက် အစိုးရများက အသုံးပြုသော စည်းမျဉ်းများသည် ရှင်းလင်းပြတ်သား၍ အများနားလည်ရလွယ်ကူရမည်ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအောက်ရှိ တရားဝင်မှုဆိုင်ရာ အခြေခံမူတွင် သတ်မှတ်ပြဋ္ဌာန်းထားပါသည် (အထွေထွေမှတ်ချက် ၃၄၊ စာပိုဒ် ၂၅)။ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သော စည်းမျဉ်းများသည်လည်း “မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို သင့်တင့်လျောက်ပတ်စွာ ကန့်သတ်ထားပြီး မည်သည့်ထုတ်ဖော်ပြောဆိုမှုမျိုးကို ကန့်သတ်ထားခြင်းမရှိကြောင်း သေချာအောင် လေ့လာစိစစ်နိုင်စေရန်အတွက် ထိုသို့လေ့လာစိစစ်ခွင့် တာဝန်ပေးခံရသူတို့ကို လုံလောက်သော လမ်းညွှန်မှုပေးရမည်" အထွေထွေမှတ်ချက် ၃၄၊ စာပိုဒ် ၂၅)။
အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းသည် လူများကို ၎င်းတို့၏ လူမျိုး၊ မျိုးနွယ်စု သို့မဟုတ် နိုင်ငံဇာတိအပေါ်အခြေခံ၍ ပစ်မှတ်ထားသည့် ရင့်သီးသောအသုံးအနှုန်းအား တားမြစ်ပါသည်။ “များပြားသော ပမာဏအတွက် ရည်ရွယ်ချက်ကို သတ်မှတ်ပိုင်းခြားရန် အခက်အခဲများစွာရှိသောကြောင့် အသုံးပြုသူမှ နိုင်ငံ သို့မဟုတ် အစိုးရကိုသာ ရည်ညွှန်းကြောင်း ဖြည့်စွက် အခြေအနေတစ်ရပ် ပံ့ပိုးပေးခြင်းမရှိလျှင် ‘စောက်တရုတ်’ ဟူသည့် စကားရပ်သည် တရုတ်လူမျိုးနှင့် တရုတ်နိုင်ငံ သို့မဟုတ် အစိုးရကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ၎င်းတို့က လက်ခံစဉ်းစားမည်” ဖြစ်ကြောင်း Facebook မှ ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။ ဖယ်ရှားမှုပြုစေခြင်း မူဝါဒကို လူမှုစံနှုန်းများ၌ တင်ပြထားခြင်းမရှိပါ။
ဘုတ်အဖွဲ့၏ အမုန်းစကားဆိုင်ရာ လူမှုအဖွဲ့အစည်းစံနှုန်း (ပုဒ်မ ၈.၁ အထက်) ၏ စိစစ်ချက်တွင် မှတ်ချက်ပြုခဲ့သည့်အတိုင်း ယင်းပို့စ်သည် ပြည်နယ် သို့မဟုတ် နိုင်ငံကို ရည်ညွှန်းထားကြောင်း အသုံးပြုသူမှ ဖြည့်စွက် အခြေအနေတစ်ရပ် ပံ့ပိုးပေးခဲ့ကြောင်း ဘုတ်အဖွဲ့မှ ကောက်ချက်ဆွဲခဲ့သည်။ ဘုတ်အဖွဲ့ ဘာသာပြန်ဆိုသူများ၊ အများမြင်မှတ်ချက်များ ပေးပို့ခဲ့သူများ၊ နှင့် ပို့စ်ကိုကြည့်ရှုခဲ့သော်လည်း တိုင်ကြားခြင်းမရှိခဲ့သော လူပေါင်း ၅၀၀,၀၀၀ ကျော်မှ လူအများစုနှင့် ကွဲပြားသော သုံးသပ်ချက်တစ်ခုကို Facebook စိစစ်သုံးသပ်သူအများအပြားမှ ကောက်ချက်ဆွဲခဲ့သည်။ ဤခြားနားချက်အရ အကြောင်းအရာ စိစစ်သူများကို ပံ့ပိုးပေးထားသော Facebook ၏အတွင်းပိုင်း လမ်းညွှန်မှု၊ ရင်းမြစ်များနှင့် လေ့ကျင့်ရေးတို့၏ ပြည့်ဝမှုအပေါ် ဘုတ်အဖွဲ့မှ မေးခွန်းထုတ်ခဲ့သည်။
အသုံးပြုသူအနေနှင့် Facebook ၏ အမုန်းစကားဆိုင်ရာ လူမှု့စံနှုန်းများကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း ဘုတ်အဖွဲ့၏ ရှာဖွေတွေ့ရှိချက်အရ အများနှင့်မသက်ဆိုင်သော ဖယ်ရှားမှုပြုစေခြင်း မူဝါဒမှာ တရားဝင်မှု မူကို ချိုးဖောက်ခြင်းရှိမရှိကို ဘုတ်အဖွဲ့မှ ဆုံးဖြတ်ချက်မချခဲ့ပါ။ ရင့်သီးသောအသုံးအနှုန်းသည် လူမျိုးတစ်စုကိုဖြစ်စေ သို့မဟုတ် ပြည်နယ်တစ်ခုကိုဖြစ်စေ ရည်ရွယ်ထားသည်ဟု အဓိပ္ပါယ်ကောက်နိုင်သည့် ဖြစ်ရပ်များတွင်ဖယ်ရှားမှုပြုစေခြင်း မူဝါဒကို လူမှုစံနှုန်းများ၌ ရှင်းလင်းထားခြင်းမရှိသောကြောင့် ဘုတ်အဖွဲ့ မှ ၎င်းအား ဆွေးနွေးသုံးသပ်လျက်ရှိသည်။ ယေဘူယျအားဖြင့်၊ ၎င်း၏ အများနှင့်သက်ဆိုင်သည့် လူမှု့စံနှုန်းများ၏ အဓိပ္ပါယ်ပြန်ဆိုမှုကို ပြောင်းလဲစေသော အများနှင့်ဆိုင်သည့် အတွင်းပိုင်း လမ်းညွှန်ချက် ပြုလုပ်သင့်သည်။
ခ။ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်
ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ်ချမှတ်သည့် မည်သည့်ပြည်နယ်ကန့်သတ်မှုမဆို ICCPR တွင်စာရင်းသွင်းထားသော တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်နှင့် လျော်ကန်ရမည်။ ဤသည်တွင် “အခြားသူများ၏ အခွင့်အရေးများ” ပါဝင်သည်။ Facebook အဆိုအရ ၎င်း၏ အမုန်းစကားမူဝါဒသည် အသုံးပြုသူများကို ခွဲခြားဆက်ဆံခံရခြင်းမှ အကာအကွယ်ပေးရန်ဖြစ်သည်။ ဤသည်မှာ တရားဥပဒေနှင့် ကိုက်ညီသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဘုတ်အဖွဲ့မှ သဘောတူသည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ လိုအပ်ချက်နှင့် အချိုးကျတရားမျှတမှုဆိုင်ရာ အခြေခံမူတွင် ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်မှုမဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ ၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်များ အောင်မြင်နိုင်စေမည့် ပြဋ္ဌာန်းချက်များအနက် စွက်ဖက်မှု အနည်းဆုံး ပြဋ္ဌာန်းချက်လည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက်လည်း အချိုးကျမျှတမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းထားသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။ ဤအမှုတွင် အကြောင်းအရာ၏ အဓိပ္ပာယ်ကောက်ယူချက်အပေါ် အခြေခံပြီး ဤပို့စ်အား ကန့်သတ်ခြင်းသည် အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်ကို အောင်မြင်နိုင်စေမည်မဟုတ်ကြောင်း ဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချခဲ့သည်။
လုပ်ငန်းများအနေနှင့် ၎င်းတို့၏ လှုပ်ရှားမှုများ (UNGP 17) ကို အကဲဖြတ်ရန် လုပ်ဆောင်နေဆဲ လူ့အခွင့်အရေး စူးစမ်းလေ့လာခြင်းကို ဆောင်ရွက်သင့်ပြီး ပဋိပက္ခဖြစ်နေသော အခြေအနေများ(UNGP 7) တွင် လူ့အခွင့်အရေးထိခိုက်စေခြင်း အန္တရာယ်မှာ အရှိန်မြင့်လာတတ်ကြောင်း အသိအမှတ်ပြုသင့်သည်။ စီးပွားရေးလုပ်ငန်းများ၏ ကြိုးပမ်းဆောင်ရွက်သော တာဝန်ဝတ္တရားများမှာ အချို့ဖြစ်နိုင်သည့်ကိစ္စများတွင် ပိုမိုနက်နဲမှုနှင့် ထိခိုက်မှုအန္တရာယ်ပိုမိုများပြားမှုတို့ကို တန်ပြန်နေသင့်သည်ဟု လူ့အခွင့်အရေးများ နှင့် နိုင်ငံဖြတ်ကြော် ကော်ပိုရေးရှင်းများ နှင့် အခြားလုပ်ငန်းကုမ္ပဏီများ၊ ၎င်းကိစ္စရပ်တို့အတွက် ကုလသမဂ္ဂ လုပ်ဆောင်မှုအဖွဲ့ မှ မှတ်ချက်ပေးခဲ့သည်။ ( A/75/212၊ စာပုဒ်။ ၄၁-၄၉)။ ထို့အတူ၊ ဤအမှုဆုံးဖြတ်ချက် 2021-001-FB-FBR တွင် Facebook မှ ပိုမိုအန္တရာယ်များသော နယ်မြေများကို အာရုံထားဆောင်ရွက်သင့်သည်ကို အသိအမှတ်ပြုသည်နှင့်အတူ Facebook မှ “လွှမ်းမိုးမှုသြဇာရှိသော ကမ္ဘာတစ်ဝှမ်းရှိ အကောင့်များမှ ထိခိုက်စေမှု အန္တရာယ်ကို အကဲဖြတ်ရန် ပြည့်စုံသော ရင်းမြစ်စီမံပေးခြင်းနှင့် ကျွမ်းကျင်မှုတို့ရှိစေရန် သေချာအောင်” ပြုလုပ်ဖို့ ဘုတ်အဖွဲ့မှ အကြံပြုခဲ့သည်။
ဤအမှုတွင် ထိခိုက်မှုဖြစ်စေခြင်း အန္တရာယ်လုံးဝမရှိသော သို့မဟုတ် အနည်းငယ်ရှိသော ထိခိုက်မှုဖြစ်စေသည့် အကြောင်းအရာများကို ဆက်လက်ထားရှိခြင်း နှင့် အကြောင်းအရာဖယ်ရှားခြင်း နှစ်ခုစလုံး၏ ကြေးမှာမြင့်မားသောကြောင့် ဤအရှိန်မြှင့်ထားသော တာဝန်ဝတ္တရားများမှ ဖယ်ရှားမှုဖြစ်စေခြင်းသို့ ရောက်မသွားစေသင့်ပါ။ မြန်မာနိုင်ငံရှိ အမုန်းစကားများအကြောင်း Facebook ၏စိုးရိမ်မှုမှာ အခြေအမြစ်ရှိသော်လည်း နိုင်ငံရေး ဝေဖန်ချက်များနှင့် ထုတ်ဖော်ပြောဆိုချက်များ၊ ဤအမှုတွင် ဒီမိုကရက်တစ်စနစ်ဖြင့် အုပ်ချုပ်မှုကို ထောက်ခံခြင်း တို့ကို မဖယ်ရှားမိစေရန်လည်း အထူးဂရုပြုရမည်။
အမျိုးသားဇာတိ (ဤအမှုတွင် $တရုတ်) ကို ရေးသားဖော်ပြထားသည့် ရင့်သီးသော အသုံးအနှုံးသည် ပြည်နယ်များ နှင့် လူများကို ရည်ညွှန်းကြောင်းယူဆသည့် Facebook ၏မူဝါဒသည် တူညီသော စကားလုံးတစ်လုံးတည်းကို နှစ်မျိုးစလုံးအတွက် အသုံးပြုထားသည့် ဤအခြေအနေကဲ့သို့ အချို့သော ဘာသာစကားနှင့်သက်ဆိုင်သည့် အခြေအနေများတွင် အချိုးကျ တရားမျှတမှုမရှိသော စည်းကမ်းထိန်းသိမ်းမှုဖြစ်စေနိုင်ကြောင်း ဘုတ်အဖွဲ့မှ မှတ်ချက်ချခဲ့သည်။ ၎င်းကို လေ့ကျင့်ရေးတွင် အမုန်းစကားဆိုင်ရာ လူမှု့အဖွဲ့အစည်းစံနှုန်းများကို ချိုးဖောက်ခဲ့သည့် အကြောင်းအရာ ဥပမာအနေနှင့် စိစစ်ခွဲခြားမှုနည်းပညာ တွင် အသုံးပြုခဲ့ကြောင်း Facebook မှ ပြသခဲ့သောကြောင့် ဤဖယ်ရှားမှု၏ သက်ရောက်မှုသည် အမှုထက်ကျော်လွန်သွားကြောင်းကိုလည်း ဘုတ်အဖွဲ့မှ မှတ်ချက်ပြုခဲ့သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများမှ အကြောင်းရာကို Facebook သို့ပြန်တင်ခြင်းကို ထောက်ခံထားသည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် အကြောင်းအရာကို ဖယ်ရှားရန် Facebook၏ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ပို့စ်ကိုပြန်လည်ထားရှိပေးရန် လိုအပ်ကြောင်း သိစေသည်။ ဤဆုံးဖြတ်ချက်ချက်ကို ပြိုင်တူဖြစ်ပေါ်နေသော အခြေအနေနှစ်ရပ်စလုံးတွင် ထည့်သွင်းအသုံးချရန် ဘုတ်အဖွဲ့၏ ပဋိညာဉ်စာတမ်းအရ Facebook မှ တာဝန်ရှိပြီး စိစစ်ခွဲခြားမှုနည်းပညာ လေ့ကျင့်ရေးတွင် အသုံးပြုထားပါက ဤအကြောင်းအရာကို အကြမ်းဖက်ခြင်းမဟုတ်ဟု သတ်မှတ်သင့်သည်။
၁၀။ မူဝါဒ အကြံပြုချက်များ
၎င်း၏ အတွင်းပိုင်း တည်ဆောက်ခြင်းစံနှုန်းများကို အကြောင်းအရာ စိစစ်သူများ အကြောင်းအရာ စိစစ်သုံးသပ်သည့် ဘာသာစကားတွင် ရနိုင်စေရန် Facebook မှ သေချာအောင်လုပ်ရမည်။ ဦးစားပေးရန် လိုအပ်လာလျှင်၊ Facebook ကလူ့အခွင့်အရေးအတွက် အန္တရာယ်ပိုများသော အခြေအနေများအပေါ် ဦးစွာ အလေးပေးဆောင်ရွက်သင့်သည်။
*လုပ်ထုံးလုပ်နည်းပိုင်ဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားသည့် လွတ်လပ်သော သုတေသနအဖွဲ့တစ်ဖွဲ့နှင့် တိုက်ကြီး ခြောက်တိုက်မှ လူမှုသိပ္ပံပညာရှင်ပေါင်း ၅၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃၂၀၀ ကျော်တို့သည် လူမှု-နိုင်ငံရေးနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဆက်စပ်အကြောင်းအရာများအတွက် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်အဆင့်အမြင်များကို ပေးအပ်ခဲ့ပါသည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်တတ်မြောက်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော ကုမ္ပဏီဖြစ်သည့် Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။
Volver a Decisiones de casos y opiniones consultivas sobre políticas