Anulado
ယူကေ လမ်းဘေးရက်ပ်ဂီတ
22 de noviembre de 2022
ယူကေ လမ်းဘေးရက်ပ်ဂီတ ဗီဒီယိုကလစ်ဖိုင်ကို Instagram မှ ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးရအချက်အလက်-
ဤအမှုတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် တစ်နှစ်တာကာလအတွင်း လမ်းဘေးရက်ပ်ဂီတ အကြောင်းအရာကို စိစစ်သုံးသပ်ရန် သို့မဟုတ် ဖယ်ရှားရန် Meta အပါအဝင် လူမှုကွန်ရက် ကုမ္ပဏီများထံ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ (MPS) က ပြုလုပ်ခဲ့သော တောင်းဆိုချက်များ၏ သဘောသဘာဝနှင့် ပမာဏနှင့်ပတ်သက်သော မေးခွန်းများနှင့်အတူ သတင်းအချက်အလက်လွတ်လပ်ခွင့် တောင်းဆိုချက်တစ်ခုကို MPS ထံ ပေးပို့ခဲ့သည်။ MPS သည် ပေးပို့ခဲ့သော တောင်းဆိုချက် အရေအတွက်နှင့် ဖယ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့သော အရေအတွက်နှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို ပံ့ပိုးပေးကာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် တုံ့ပြန်ခဲ့သည်။ MPS ၏ အကြောင်းပြန်စာကို ဆုံးဖြတ်ချက်နှင့်အတူ အပြည့်အစုံ ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတွင် ပါရှိသော ကိန်းဂဏန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်တွင် ထည့်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် MPS က ၎င်း၏ အကြောင်းပြန်စာတွင် အမှားများ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ပြောရန် ဘုတ်အဖွဲ့ကို ဆက်သွယ်ခဲ့ပြီး ထိုအမှားများကို အမှန်ပြင်ခဲ့သည်။ အထူးသဖြင့် ၎င်းသည် ကိန်းဂဏန်းများကို ဖော်ပြပါအတိုင်း ပြင်ဆင်ခဲ့သည်- လမ်းဘေးရက်ပ်ဂီတပါဝင်သော ၂၀၂၁ ဇွန်လနှင့် ၂၀၂၂ မေလအတွင်းရှိ အကြောင်းအရာကို စိစစ်သုံးသပ်ရန် သို့မဟုတ် ဖယ်ရှားရန် လူမှုကွန်ရက် ကုမ္ပဏီများနှင့် ထုတ်လွှင့်ခြင်း ဝန်ဆောင်မှုများထံ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သော တောင်းဆိုချက်အားလုံး ၉၉၂ ခု [တောင်းဆိုချက် ၂၈၆ ခုမှ ပြင်ထားသည်]။ အဆိုပါ တောင်းဆိုချက်များသည် ဖယ်ရှားမှု ၈၇၉ ခု ဖြစ်ပေါ်စေခဲ့သည် [ဖယ်ရှားမှု ၂၅၅ ခုမှ ပြင်ထားသည်]။ ဖယ်ရှားမှု ၂၄ ခု [ဖယ်ရှားမှု ၁၄ ခုမှ ပြင်ထားသည်] ကို ဖြစ်ပေါ်စေခဲ့သော Meta ၏ ပလက်ဖောင်းများနှင့် ဆက်စပ်သည့် တောင်းဆိုချက် ၂၈ ခု [တောင်းဆိုချက် ၂၁ ခုမှ ပြင်ထားသည်]။ ဆုံးဖြတ်ချက်တွင် MPS ပြင်ဆင်ချက်များ မပြုလုပ်မီ မူလကိန်းဂဏန်းများ ပါရှိသည်။ ဤအပ်ဒိတ်သည် ဤအမှုရှိ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လေ့လာဆန်းစစ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို မပြောင်းလဲစေပါ။ ပြင်ဆင်ထားသော သတင်းအချက်အလက် လွတ်လပ်ခွင့်ဆိုင်ရာ အကြောင်းပြန်စာကို ဤနေရာတွင် တွေ့နိုင်သည်။
အမှု အနှစ်ချုပ်
ယူကေ လမ်းဘေးရက်ပ်ဂီတ ဗီဒီယိုကလစ်ဖိုင်ကို Instagram မှ ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ တောင်းဆိုချက် ရရှိပြီးနောက် Meta သည် အကြောင်းအရာကို မူလက ဖယ်ရှားခဲ့သည်။ ဤအမှုသည် Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့တို့၏ ပတ်သက်မှုများအပေါ် ဘက်လိုက်မှုများ ပိုမိုဖြစ်ပွားနိုင်ဖွယ် အလားအလာရှိကြောင်း စိုးရိမ်မှုများ မြင့်တက်လာစေသည်။ ဘုတ်အဖွဲ့သည် စည်းမျဉ်းစည်းကမ်းနှင့်အညီဖြေရှင်းမှုကို ပိုမိုအလေးထားပြီး ဤပတ်သက်မှုများတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် အကြံပြုချက်များ ပြုလုပ်သည်။
အမှု အကြောင်း
၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်တေးဂီတကို လူသိများအောင်လုပ်ခြင်းအဖြစ် ဖော်ပြထားသော Instagram အကောင့်တစ်ခုသည် Chinx (OS) ၏ ယူကေ လမ်းဘေးရက်ပ် တေးသီချင်းတစ်ပုဒ်ဖြစ်သည့် "Secrets Not Safe" ထွက်ရှိမှုကို ဦးစားပေးဖော်ပြလျက် တေးသီချင်း၏ ဂီတဗီဒီယို ကလစ်ဖိုင် ပါဝင်သော အကြောင်းအရာကို ပို့စ်တင်ခဲ့သည်။
သိပ်မကြာမီတွင် ဂရိတ်တားလန်ဒန်ရှိ ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသော မြို့တော်နယ်နိမိတ်တွင်းရဲတပ်ဖွဲ့က Meta အား အီးမေးလ်ပို့၍ "Secrets Not Safe" ပါဝင်သည့် အကြောင်းအရာအားလုံးကို ကုမ္ပဏီအနေဖြင့် စိစစ်သုံးသပ်ပေးရန် တောင်းဆိုခဲ့သည်။ Meta သည် မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ နောက်ထပ် ဆက်စပ်အကြောင်းအရာကိုလည်း လက်ခံရရှိခဲ့သည်။ Meta ၏ အဆိုအရ ၎င်းသည် လန်ဒန်ရှိ လူသတ်မှုများ အပါအဝင် အုပ်စုဖွဲ့အကြမ်းဖက်မှုဆိုင်ရာ အချက်အလက်များကို ထည့်သွင်းဖော်ပြခဲ့ပြီး တေးသီချင်းကြောင့် နောက်ထပ် လက်တုံ့ပြန် အကြမ်းဖက်မှု ဖြစ်လာနိုင်မည်ကို ရဲတပ်ဖွဲ့အနေဖြင့် စိုးရိမ်လျက်ရှိသည်။
Meta ၏ အထူးကျွမ်းကျင်ပညာရှင် အဖွဲ့များက အကြောင်းအရာကို စိစစ်သုံးသပ်ခဲ့သည်။ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ပေးထားသော ဆက်စပ်အကြောင်းအရာပေါ် အမှီပြု၍ ၎င်းတွင် ၂၀၁၇ ခုနှစ်ရှိ ပစ်ခတ်မှုတစ်ခုကို ကိုးကားလျက် “ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု” တစ်ခု ပါဝင်ခဲ့ပြီး နောက်ထပ်အကြမ်းဖက်မှု ဖြစ်နိုင်ဖွယ် အလားအလာရှိကြောင်း တွေ့ရှိခဲ့ရသည်။ ကုမ္ပဏီသည် အကောင့်မှ အကြောင်းအရာကို စိစစ်သုံးသပ်၍ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒ ချိုးဖောက်သည့်အတွက် ဖယ်ရှားခဲ့သည်။ ၎င်းသည် Chinx (OS) အပါအဝင် အခြားအကောင့်များမှ "Secrets Not Safe" တေးသီချင်း ပါဝင်သော အကြောင်းအရာ ၅၂ ခုကိုလည်း ဖယ်ရှားခဲ့သည်။ နောက်ပိုင်းတွင် Meta ၏ အလိုအလျောက်လုပ်ဆောင်သည့် စနစ်များက နောက်ထပ် ၁၁၂ ကြိမ်အထိ အကြောင်းအရာကို ဖယ်ရှားခဲ့သည်။
Meta က ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ Chinx (OS) ၏ အကြောင်းအရာ ပို့စ်ကိုလည်း လွှဲပြောင်းပေးရန် ဘုတ်အဖွဲ့က Meta အား တောင်းဆိုခဲ့သည်။ သို့သော်လည်း Chinx (OS) အကောင့်မှ “Secrets Not Safe” ဗီဒီယိုကို ဖယ်ရှားခြင်းကြောင့် နောက်ဆုံးတွင် အကောင့် ဖျက်ပစ်ခံရပြီး ၎င်း၏အကြောင်းအရာကို သိမ်းဆည်းမထားသည့်အတွက် ယင်းမှာမဖြစ်နိုင်ကြောင်း Meta က ပြောကြားခဲ့သည်။
အဓိက တွေ့ရှိချက်များ
ဤအကြောင်းအရာကို ဖယ်ရှားခြင်းသည် Meta ၏ လူမှုစံနှုန်းများ၊ ၎င်း၏ စံတန်ဖိုးများ သို့မဟုတ် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များနှင့် ကိုက်ညီမှုမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
အကြောင်းအရာတွင် ခိုင်လုံသော ခြိမ်းခြောက်မှုတစ်ခု ပါဝင်ကြောင်း ကောက်ချက်ချရန်အတွက် Meta တွင် လုံလောက်သည့် အထောက်အထား မရှိခဲ့သည့်အပြင် ဘုတ်အဖွဲ့၏ ကိုယ်ပိုင်စိစစ်သုံးသပ်ချက်အရ အဆိုပါတွေ့ရှိချက်ကို သက်သေပြနိုင်သည့် အထောက်အထားကို ရှာမတွေ့ခဲ့ပါ။ အဆိုပါအထောက်အထား မရှိသဖြင့် Meta သည် အကြောင်းအရာ၏ အနုပညာ သဘောသဘာဝကို ပိုမိုအလေးပေးခဲ့သင့်သည်။
ဤအမှုကြောင့် အထူးသဖြင့် ဥပဒေစိုးမိုးရေးအဖွဲ့၏ တောင်းဆိုချက်များက ဥပဒေနှင့်လျော်ညီသော အကြောင်းအရာကို လူမှုစံနှုန်းများနှင့် ဆန့်ကျင်ကြောင်း စိစစ်သုံးသပ်၍ ဖယ်ရှားခြင်းကို ဖြစ်စေပြီး Meta နှင့် အစိုးရ၏ ပတ်သက်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။ ဥပဒေစိုးမိုးရေးအဖွဲ့က တစ်ခါတစ်ရံ ဆက်စပ်အကြောင်းအရာနှင့် ကျွမ်းကျင်မှုအရည်အချင်းကို ပံ့ပိုးပေးနိုင်သော်လည်း ဥပဒေစိုးမိုးရေးအဖွဲ့မှ ဖြုတ်ချစေလိုသော မည်သည့်အကြောင်းအရာ အစိတ်အပိုင်းတိုင်းကိုမျှ မဖြုတ်ချပေးသင့်ပါ။ ထို့ကြောင့် အထူးသဖြင့် အကြောင်းအရာပေါ်တွင် ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုကို ကြုံရနိုင်ခြေများသည့် လူနည်းစု သို့မဟုတ် အဖယ်ကြဉ်ခံ အုပ်စုများရှိ လူပုဂ္ဂိုလ်များထံမှ အနုပညာဆိုင်ရာ ထုတ်ဖော်မှုနှင့် ပတ်သက်နေသည့်အခါ အဆိုပါ တောင်းဆိုချက်များကို Meta အနေဖြင့် သီးခြားအကဲဖြတ်ရန် အရေးကြီးပါသည်။
ဥပဒေစိုးမိုးရေးအဖွဲ့က Meta ထံသို့ တောင်းဆိုချက်များ ပြုလုပ်သည့် ချန်နယ်များသည် စီစဉ်တကျမရှိဘဲ လျှို့ဝှက်လွန်းသည်။ ဥပဒေစိုးမိုးရေးဌာနများကို ၎င်းတို့၏ တောင်းဆိုချက်များအား ကျိုးကြောင်းသင့်ကြောင်းပြသရန် အနိမ့်ဆုံး သတ်မှတ်စံနှုန်း ပြည့်မီရမည်ဟု တောင်းဆိုမထားသောကြောင့် တုံ့ပြန်ဆက်သွယ်မှုများမှာ တစ်သမတ်တည်းမရှိပါ။ အစိုးရ၏ တောင်းဆိုချက်များနှင့် စပ်လျဉ်း၍ Meta က ထုတ်ပြန်သည့် အချက်အလက်များမှာလည်း ပြည့်စုံမှုမရှိပါ။
Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့အကြား ပတ်သက်မှုနှင့်စပ်လျဉ်းပြီး ပွင့်လင်းမြင်သာမှုမရှိခြင်းသည် ကုမ္ပဏီတွင် ဘက်လိုက်မှုများ ပိုမိုများပြားလာနိုင်သည့် အလားအလာကို ဖြစ်စေသည်။ လူမှုကွန်ရက် ကုမ္ပဏီများနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် ဝန်ဆောင်မှုများအား မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က တောင်းဆိုသော တောင်းဆိုချက် ၂၈၆ ခုလုံးမှာ ၂၀၂၁ ခုနှစ် ဇွန်လမှ ၂၀၂၂ ခုနှစ် မေလအထိ အထူးသဖြင့် ဗြိတိန်လူမည်းလူငယ်များကြားတွင် ရေပန်းစားနေသည့် လမ်းဘေးရက်ပ်ဂီတ ပါဝင်သော တေးဂီတအကြောင်းအရာကို စိစစ်သုံးသပ်ရန် သို့မဟုတ် ဖယ်ရှားရန်ဖြစ်ကြောင်း ဘုတ်အဖွဲ့မှ ပြုလုပ်သော သတင်းအချက်အလက် လွတ်လပ်ခွင့် တောင်းဆိုချက်အရ တွေ့ရှိရသည်။ ဤတောင်းဆိုချက်များထဲမှ ၂၅၅ ခုသည် ပလက်ဖောင်းများတွင် အကြောင်းအရာဖယ်ရှားခြင်းကို ဖြစ်စေခဲ့သည်။ Meta ပလက်ဖောင်းများနှင့် ဆက်စပ်သည့် တောင်းဆိုချက် ၂၁ ခုတွင် ၁၄ ခုမှာ အကြောင်းအရာဖယ်ရှားခြင်းကို ဖြစ်စေခဲ့သည်။ ၎င်း၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်များကို လိုက်နာစောင့်ထိန်းရန်အတွက် ဥပဒေစိုးမိုးရေးအဖွဲ့၏ တောင်းဆိုချက်များအပေါ် Meta ၏ တုံ့ပြန်မှုသည် ကြိုတင်ဆန်းစစ်ခြင်းကို အလေးထားကာ ပိုမိုပွင့်လင်းမြင်သာမှုရှိရမည်ဟု ဘုတ်အဖွဲ့က ဆုံးဖြတ်သည်။
ဤအမှုသည် ကုစားဖြေရှင်းမှု ရယူခွင့်နှင့် ပတ်သက်၍ စိုးရိမ်မှုများကိုလည်း မြင့်တက်လာစေသည်။ ဤအမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီက အကြောင်းအရာ ဆုံးဖြတ်ချက်များကို "အရှိန်မြှင့်" လုပ်ဆောင်သည့်အခါ အသုံးပြုသူများက ဘုတ်အဖွဲ့ထံ အယူခံဝင်၍မရနိုင်ကြောင်း Meta က ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။ "အရှိန်မြှင့်" ဆောင်ရွက်သော ဆုံးဖြတ်ချက်တစ်ခုကို Meta ၏ ကုမ္ပဏီတွင်း အထူးကျွမ်းကျင်ပညာရှင် အဖွဲ့များက ပြုလုပ်သည်။ Meta ၏ အဆိုအရ (တောင်းဆိုချက်ကို အများသုံး "ထုတ်ကုန်တွင်း အစီရင်ခံ ကိရိယာ" မှတစ်ဆင့် ပြုလုပ်ခြင်းမဟုတ်လျှင်) ဥပဒေစိုးမိုးရေးအဖွဲ့များ၏ တောင်းဆိုချက်များအပေါ် ဆုံးဖြတ်ချက်အားလုံးကို Meta ၏ ကုမ္ပဏီတွင်း အဖွဲ့များကသာ ကျင့်သုံးနိုင်သော မူဝါဒအချို့အပေါ် ဆုံးဖြတ်ချက်များကဲ့သို့ပင် "အရှိန်မြှင့်" လုပ်ဆောင်သည်။ ဤအခြေအနေသည် အပြန်အလှန်စစ်ဆေးခြင်းဆိုင်ရာ ဘုတ်အဖွဲ့၏ မူဝါဒအကြံပြုချက်ကို ပြင်ဆင်ရာတွင် စိုးရိမ်မှုများ ပိုမိုတိုးပွားလာစေပြီး ၂၀၂၂ ခုနှစ် မေလနှင့် ဇွန်လကြားတွင် အပြန်အလှန်စစ်ဆေးသည့်စနစ်ရှိ အကြောင်းအရာသုံးပုံတစ်ပုံခန့်ကို ဘုတ်အဖွဲ့ထံသို့ အရှိန်မြှင့်၍မရခဲ့ကြောင်း Meta က ဖော်ပြထားသည်။
Meta သည် ဤအမှုအပါအဝင် အရှိန်မြှင့်ထားသော အကြောင်းအရာကို ဘုတ်အဖွဲ့ထံ အခါအားလျော်စွာ ရည်ညွှန်းပေးခဲ့သည်။ သို့သော်လည်း Meta သည် ၎င်း၏အကျိုးဆက်အများဆုံး အကြောင်းအရာ ဆုံးဖြတ်ချက်အချို့ကို ပြုလုပ်သောအခါ အသုံးပြုသူများအနေဖြင့် ကုစားဖြေရှင်းမှုရယူခွင့် ငြင်းပယ်ခံရမည်ကို ဘုတ်အဖွဲ့က စိုးရိမ်ပါသည်။ ကုမ္ပဏီအနေဖြင့် ဤပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေး ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
- အစိုးရအဖွဲ့များထံမှ အကြောင်းအရာ ဖယ်ရှားရန် တောင်းဆိုချက်များကို လက်ခံရန်အတွက် စံသတ်မှတ်ထားသော စနစ်တစ်ခု ဖန်တီးရန်။ ဤတွင် မူဝါဒတစ်ခုကို မည်သို့ချိုးဖောက်ပုံနှင့် ယင်းသို့ချိုးဖောက်ကြောင်း သက်သေအထောက်အထားကဲ့သို့ သတ်မှတ်စံနှုန်းများကို တောင်းဆိုခြင်း ပါဝင်သင့်သည်။
- လူမှုစံနှုန်း ချိုးဖောက်မှုများအတွက် အကြောင်းအရာကို စိစစ်သုံးသပ်၍ ဖယ်ရှားပေးရန် အစိုးရအဖွဲ့၏ တောင်းဆိုချက်များနှင့် ပတ်သက်သည့် အချက်အလက်များကို ဖြန့်ချိရန်။
- စနစ်ဘက်လိုက်မှုများရှိ၊ မရှိ အကဲဖြတ်ရန်အတွက် အစိုးရအဖွဲ့၏ တောင်းဆိုချက်များဖြင့် နှိုးဆော်ထားသော အကြောင်းအရာ စိစစ်မှုဆုံးဖြတ်ချက်ဆိုင်ရာ အချက်အလက်များကို ပုံမှန်စိစစ်သုံးသပ်ရန်နှင့် ဖော်ထုတ်တွေ့ရှိသမျှ ဘက်လိုက်မှုများကို ဖြေရှင်းရန်အတွက် ယန္တရားတစ်ခု ဖန်တီးရန်။
- အကြောင်းအရာ ဆုံးဖြတ်ချက်များကို "အရှိန်မြှင့်" ပြုလုပ်သည့်အခါ အသုံးပြုသူများအား ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ အယူခံဝင်ခွင့်ပေးရန်။
- ဘုတ်အဖွဲ့၏ ပွင့်လင်းသော စုံစမ်းစစ်ဆေးမှုအရ အကြောင်းအရာ ပို့စ်တင်ခြင်းအတွက် ဒဏ်ခတ်ခံရသော သို့မဟုတ် ပိတ်ခံထားရသော အကောင့်များနှင့် အကြောင်းအရာများကို ထိန်းသိမ်းထားရန်။
- အနုပညာမြောက်သော ထုတ်ဖော်မှု၏ အရေးပါမှုကို ထပ်ဟင်စေရန်အတွက် ၎င်း၏ "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးကို ပြင်ဆင်ရန်။
- အကြောင်းအရာကို "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု" အဖြစ် ဖယ်ရှားကြောင်း၊ အဓိက အချက်ပြတစ်ခုနှင့် အဓိကမဟုတ်သော အချက်ပြတစ်ခုကို လိုအပ်ကြောင်းနှင့် မည်သည့်အရာကို ဆိုလိုကြောင်း နားလည်ရလွယ်အောင် လူမှုစံနှုန်းများထဲတွင် ရှင်းလင်းဖော်ပြပေးရန်။
*အမှုအနှစ်ချုပ်များတွင် အမှုအကြောင်း ခြုံငုံသုံးသပ်ချက်တစ်ရပ်ကို ဖော်ပြပေးထားပြီး သာဓကပြုရန်ရည်ရွယ်သည့် တန်ဖိုးမျိုးမရှိပါ။
အမှုဆုံးဖြတ်ချက် အပြည့်အစုံ
၁။ ဆုံးဖြတ်ချက် အနှစ်ချုပ်
အနုပညာရှင် Chinx (OS) ၏ ယူကေ လမ်းဘေးရက်ပ်ဂီတ တေးသီချင်း ထွက်ရှိမှုကို ကြေညာသော Instagram မှ ကလစ်ဖိုင်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ပယ်ချလိုက်သည်။
ဤအမှုသည် အကြမ်းဖက်မှုကို ရည်ညွှန်းဖော်ပြသော အနုပညာမြောက် ထုတ်ဖော်မှုအား သင့်လျော်စွာ ကိုင်တွယ်ခြင်းအကြောင်း ထပ်ခါတလဲလဲ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေသောကြောင့် Meta က ၎င်းကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ၎င်းတွင် Meta ၏ အနုပညာမြောက် ထုတ်ဖော်မှုပုံစံဖြင့် "သဘောထားထုတ်ဖော်ခွင့်" နှင့် "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးတို့အကြား ဟန်ချက်ညီမှု ပါဝင်သည်။
Meta သည် အကြောင်းအရာတွင် ဖုံးကွယ်ထားသည့် ခိုင်လုံသော ခြိမ်းခြောက်မှုတစ်ခု ပါဝင်ခဲ့ကြောင်း သီးခြားကောက်ချက်ချရန် လုံလောက်သော အထောက်အထားမရှိခဲ့သည်ကို ဘုတ်အဖွဲ့က တွေ့ရှိရသည်။ အကြောင်းအရာသည် ဖြစ်အံ့ဆဲဆဲ ထိခိုက်အန္တရာယ်တစ်ခုကို ဦးတည်နိုင်ကြောင်း ပိုမိုခိုင်မာသော အထောက်အထားမရှိဘဲ ၎င်းကို မဖယ်ရှားသင့်ခဲ့ကြောင်း ဘုတ်အဖွဲ့က အကဲဖြတ်သည်။ Meta သည် ဖြစ်နိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှု ခိုင်လုံခြင်းရှိ၊ မရှိ အကဲဖြတ်နေစဉ် အကြောင်းအရာ၏ အနုပညာဆိုင်ရာ ဆက်စပ်မှုကို ပိုမိုအပြည့်အဝ ထည့်သွင်းစဉ်းစားသင့်သည်။ အကြောင်းအရာသည် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို မချိုးဖောက်ခဲ့ကြောင်းနှင့် ၎င်းကို ဖယ်ရှားမှုသည် Meta ၏ "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးကို လုံလောက်စွာ မကာကွယ်ပေးခဲ့ကြောင်း သို့မဟုတ် Meta ၏ စီးပွားလုပ်ငန်းတစ်ခုအဖြစ် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ကိုက်ညီမှုမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
ဥပဒေနှင့်လျော်ညီသော အကြောင်းအရာက ၎င်း၏ လူမှုစံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ အကဲဖြတ်ပေးရန် ဥပဒေစိုးမိုးရေးအဖွဲ့၏ Meta ထံ တောင်းဆိုမှုများ အပါအဝင် Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့အကြား ပတ်သက်မှုအပေါ် ပိုမိုကျယ်ပြန့်သော စိုးရိမ်မှုများ မြင့်တက်လာစေသည်။ အဆိုပါ အကဲဖြတ်မှုများကို အစိုးရက တောင်းဆိုရာတွင် အသုံးပြုနိုင်သော ချန်နယ်များမှာ လျှို့ဝှက်လွန်းပြီး စီစဉ်တကျမရှိကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့အကြား ပတ်သက်မှုတွင် ပွင့်လင်းမြင်သာမှုနှင့် လုံလောက်သော ကာကွယ်မှုများ မရှိခြင်းသည် ကုမ္ပဏီအနေဖြင့် အနိုင်ကျင့်သော သို့မဟုတ် ခွဲခြားဆက်ဆံသော အစိုးရလုပ်ရပ်များကို ပိုမိုဆိုးဝါးအောင် ပြုလုပ်နိုင်ဖွယ် အလားအလာရှိစေသည်။
ဤအမှုတွင် Meta က အရှိန်မြှင့်ဆောင်ရွက်သည့် အကြောင်းအရာ စိစစ်မှုဆုံးဖြတ်ချက်များအတွက် အသုံးပြုသူများသည် ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ အယူခံဝင်ခွင့်မှ မှားယွင်းပယ်ချခံရကြောင်းလည်း ဖော်ပြထားသည်။ "အရှိန်မြှင့်" ဆုံးဖြတ်ချက်များကို "အတိုင်းအတာတစ်ခုဖြင့်" အကြောင်းအရာ စိစစ်သုံးသပ်သည့် လုပ်ငန်းစဉ်မှတစ်ဆင့် မဟုတ်ဘဲ Meta ၏ လုပ်ငန်းတွင်း အထူးကျွမ်းကျင်ပညာရှင် အဖွဲ့များက ပြုလုပ်သည်။ ဤကဲ့သို့ အယူခံဝင်နိုင်စွမ်း မရှိခြင်းကြောင့် ဘုတ်အဖွဲ့ထံ ဆက်သွယ်ခွင့်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ပိုမိုတိုးပွားလာစေပြီး ၎င်းကို အပြန်အလှန်စစ်ဆေးခြင်းဆိုင်ရာ ဘုတ်အဖွဲ့၏ မကြာမီလာမည့် မူဝါဒအကြံပြုချက်တွင် ကိုင်တွယ်ဖြေရှင်းပါမည်။ စုပေါင်း၍ဆိုရသော် ဤစိုးရိမ်မှုများသည် Meta က ၎င်း၏ အကျိုးဆက်အများဆုံး အကြောင်းအရာ ဆုံးဖြတ်ချက်အချို့ကို အရှိန်မြှင့်ပြုလုပ်နေစဉ် အသုံးပြုသူများ၏ ကုစားဖြေရှင်းမှု ရယူခွင့်နှင့် ပတ်သက်၍ လေးနက်သော မေးခွန်းများကို ဖြစ်ပေါ်လာစေသည်။ ကုမ္ပဏီအနေဖြင့် ဤပြဿနာကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမည်။
၂။ အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်
ဇန်နဝါရီ ၂၀၂၂ တွင် ဗြိတိန်တေးဂီတကို ကြော်ငြာသည်ဟု ၎င်းကိုယ်ကို ဖော်ပြထားသော Instagram အကောင့်တစ်ခုသည် ၎င်း၏ အများမြင်အကောင့်တွင် စာတန်းတိုတစ်ခုပါ ဗီဒီယိုကို ပို့စ်တင်ခဲ့သည်။ ဗီဒီယိုသည် ရက်ပ်သီဆိုသူ Chinx (OS) ၏ “မလုံခြုံသော လျှို့ဝှက်ချက်များ” ဟု အမည်ရသော ယူကေ လမ်းဘေးရက်ပ် တေးသီချင်းအတွက် ဂီတဗီဒီယိုတစ်ခု၏ ၂၁ စက္ကန့်ကြာ ကလစ်ဖိုင်ဖြစ်ခဲ့သည်။ စာတန်းတွင် Chinx (OS) နှင့်အတူ တွဲဖက်အနုပညာရှင်တစ်ဦးကို အမည်ကတ်တွဲထားပြီး တေးသီချင်း ထွက်ရှိပြီဖြစ်ကြောင်း ဦးစားပေးဖော်ပြထားသည်။ ဗီဒီယို ကလစ်ဖိုင်သည် သီချင်း၏ ဒုတိယအပိုဒ်ဖြစ်ပြီး “ယခု ထွက်ရှိပြီ” ဟူသော စာသားဖြင့် အမည်းရောင်မျက်နှာပြင်တစ်ခုသို့ မှေးမှိန်ပျောက်ကွယ်၍ ပြီးဆုံးသွားသည်။
လမ်းဘေးရက်ပ်ဆိုသည်မှာ ယူကေတွင်၊ အထူးသဖြင့် လူမည်းလူငယ်များအကြားတွင် လူကြိုက်များသော ရက်ပ်တေးဂီတ အမျိုးအစားခွဲတစ်ခုဖြစ်ပြီး လန်ဒန်တွင် လမ်းဘေးရက်ပ်သီဆိုသူများနှင့် ၎င်းကိုနှစ်သက်သည့် ပရိသတ်ပေါင်း မြောက်မြားစွာရှိသည်။ ဤတေးဂီတအမျိုးအစားမှာ လူ့အဖွဲ့အစည်းတစ်ခုရှိ ဖြစ်ရပ်များကို အသားပေးဖော်ပြပြီး လမ်းဘေးရက်ပ်ရွတ်အဖွဲ့များမှာ သီးခြားရပ်ကွက်အိမ်ရာများကဲ့သို့ သေးနုပ်သော နေရာများနှင့် ပတ်သက်ဆက်နွှယ်နေနိုင်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်နှင့် အပျော်တမ်းအနုပညာရှင်များကို အလွှာပါးဖြင့် ပိုင်းခြားထားသည့် မြို့ပြအခြေအနေတွင် အင်္ဂလိပ်လို ကျယ်ကျယ်ပြန့်ပြန့်ဖျော်ဖြေသည့် အခြေခံလူတန်းစား တေးဂီတအမျိုးအစားတစ်ခု ဖြစ်သည်။ အနုပညာရှင်များသည် အကြမ်းဖက်လုပ်ရပ်များကို ဖော်ညွှန်းသည့် သို့မဟုတ် ဖော်ပြသည့် ပုံများနှင့် သီချင်းစာသားများဖြင့် ကိုယ်တိုင်ဇာတ်ကြောင်းပြောပုံစံကို သုံးကာ ဆက်လက်ဖြစ်ပွားနေသော ပြင်းထန်သည့် လမ်းဘေးပဋိပက္ခ ပြဿနာများအကြောင်း အလွန်အသေးစိတ်ကျစွာ ပြောဆိုလေ့ရှိသည်။ ဖြစ်နိုင်ခြေရှိသော အကြမ်းဖက်မှုဆိုင်ရာ ပြောဆိုချက်များနှင့် စကားလုံးအကော့အညွတ်များကို ဤတေးဂီတ၏ တစ်စိတ်တစ်ပိုင်း - အဖြစ်မှန်နှင့် စိတ်ကူးယဉ်ကို ပြတ်ပြတ်သားသား မခွဲခြားနိုင်သော အနုပညာမြောက် ထုတ်ဖော်မှုပုံစံအဖြစ် မှတ်ယူသည်။ ဤပြောဆိုချက်များမှတစ်ဆင့် အနုပညာရှင်များသည် ဆက်စပ်မှုနှင့် လူကြိုက်များမှုအတွက် ယှဉ်ပြိုင်ကြသည်။ လမ်းဘေးရက်ပ်တေးဂီတသည် လက်တွေ့လောကတွင် အကြမ်းဖက်မှု သို့မဟုတ် အငြင်းပွားမှုကို ဖြစ်ပေါ်စေခြင်း ရှိမရှိ၊ အထူးသဖြင့် သက်သေခိုင်လုံသော ပြောဆိုချက်များ၏ ယုံကြည်စိတ်ချရမှုကို ဝေဖန်ဆွေးနွေးလျက်ရှိသည်။
မကြာသေးမီ နှစ်များအတွင်း လန်ဒန်တွင် သေနတ် နှင့် ဓါး အသုံးပြု၍ အကြမ်းဖက်ခြင်းဆိုင်ရာ မှတ်တမ်းတင်ဖြစ်ရပ်များမှာ မြင့်မားလျက်ရှိပြီး လူမည်းအသိုင်းအဝိုင်းများအပေါ် အချိုးမမျှတသော သက်ရောက်မှုများ ဖြစ်စေသည်။
တေးသီချင်းမှ ကောက်နုတ်ထားသော စာသားများကို အောက်တွင် ကိုးကားထားသည်။ ဘုတ်အဖွဲ့သည် စံသုံး အင်္ဂလိပ်စကားမဟုတ်သော ဝေါဟာရများ၏ အဓိပ္ပါယ်များကို လေးထောင့်ကွင်းဖြင့် ထည့်ပေးထားပြီး လူပုဂ္ဂိုလ်များ၏ အမည်များကို ဆင်ဆာဖြတ်ထားသည်-
အေး၊ broski [သူငယ်ချင်းအရင်းကြီး]၊ အဲ့မှာ ခဏလောက် စောင့်ဦး (စောင့်ပါဦး)။ [အမည်ဆင်ဆာဖြတ်ထား] ကို ငါပြခဲ့တဲ့ mash [သေနတ်] က [အမည်ဆင်ဆာဖြတ်ထား] bun [ပစ်သတ်ခံ] ရတဲ့ သေနတ်နဲ့အတူတူပဲ မင်းသိလား။ နေဦး၊ ငါတစ်ယောက်ယောက်ကို စိတ်ညစ်အောင် လုပ်ထားခဲ့လိုက်ဦးမယ် (အာ၊ သေစမ်းကွာ)။ ငါ လူတစ်ယောက်ကို စိတ်တိုအောင် လုပ်ရမယ်။ သူက [အမည်ဆင်ဆာဖြတ်ထား] ဒဏ်ရာရတာကို ကြားပြီးတဲ့နောက် ငါနဲ့အတူ Blue Slim [ဆေးခြောက်ရှု] ရင်း အော်ဟစ်နေခဲ့တယ်။ [အမည်ဆင်ဆာဖြတ်ထား] သေနတ်ပစ်ခံရတော့ he was loosing (bow, bow) [သူအရမ်းဒေါသထွက်နေခဲ့တယ်]။ အဲ့ whip [ကား] ကို နောက်ပြန်ဆုတ်ပြီး သူ့ကို စိတ်ရှုပ်အောင်လုပ်ခဲ့တယ်။ They ain’t ever wheeled up a booting [သူတို့ဘယ်တော့မှ ကားမောင်းရင်း သေနတ်မပစ်ဘူး] (ဘွန်း)။ လူတစ်ယောက်ကို သေအောင်မသတ်နဲ့၊ သူလှုပ်နေသေးတယ်။ လူတွေကြားထဲမှာ Beat [ပစ်] လိုက်၊ ငါဇီဇာကြောင်နေလို့မရဘူး (နိုး၊ နိုး)။ အဲ့လူကို red [သွေးတွေ] နဲ့ ထားခဲ့လိုက်၊ ဒါပေမဲ့ မင်းသိပါတယ် [ခြေရာလက်ရာ ပျောက်သွားလိမ့်မယ်]။
ဗီဒီယိုတင်ပြီး သိပ်မကြာမီတွင် Meta သည် ဤ Chinx (OS) သီချင်းပါရှိသော အကြောင်းအရာအားလုံးကို စိစစ်သုံးသပ်ရန် ယူကေ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ တောင်းဆိုချက်ကို အီးမေးလ်မှတစ်ဆင့် လက်ခံရရှိခဲ့ပါသည်။ ဥပဒေစိုးမိုးရေးအဖွဲ့က လန်ဒန်ရှိ အုပ်စုဖွဲ့အကြမ်းဖက်ခြင်းနှင့် ဆက်စပ်လူသတ်မှုများနှင့် ပတ်သက်သည့် အခြေအနေကို ဖော်ပြခဲ့ပြီး သီချင်းတစ်ပုဒ်လုံးပါ အကြောင်းအရာများသည် အုပ်စုဖွဲ့လက်တုံ့ပြန် အကြမ်းဖက်နိုင်ခြေ အန္တရာယ် ပိုမိုများပြားလာနိုင်ကြောင်း အမှတ်အသားပြုခဲ့သည်ဟု Meta က ဆိုသည်။
မြို့တော်ရဲတပ်ဖွဲ့ထံမှ တောင်းဆိုချက်ကို လက်ခံရရှိချိန်တွင် Meta သည် အကြောင်းအရာ စိစစ်သုံးသပ်မှုကို ၎င်း၏ ကုမ္ပဏီတွင်း ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးအဖွဲ့ထံ အရှိန်မြှင့်တင်ပြခဲ့ပြီး ယင်းနောက် ၎င်း၏ အကြောင်းအရာဆိုင်ရာ မူဝါဒအဖွဲ့ထံ အရှိန်မြှင့်တင်ပြခဲ့သည်။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒအဖွဲ့က အကြောင်းအရာ ကျွမ်းကျင်သူများထံမှ အကြံပြုချက်နှင့် ဆက်စပ်အကြောင်းအရာအလိုက် အထူးစိစစ်သုံးသပ်မှုများပြီးနောက် ဖယ်ရှားရန် ဆုံးဖြတ်ချက်များ ပြုလုပ်သည်။ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ပေးထားသော နောက်ထပ် ဆက်စပ်အကြောင်းအရာပေါ် အခြေခံ၍ Meta က သီချင်းစာသား ကောက်နုတ်ချက်မှာ ၂၀၁၇ ခုနှစ်ရှိ သေနတ်ပစ်ခတ်မှုတစ်ခုကို ကိုးကားကြောင်း ယူဆခဲ့သည်။ ၎င်းက အကြောင်းအရာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒ၊ အထူးသဖြင့် “အကြမ်းဖက်သည့် သို့မဟုတ် အန္တရာယ်ပေးသည့် နည်းလမ်းကို ရှင်းလင်းစွာ ဖော်ပြမထားသော်လည်း ခြိမ်းခြောက်မှုကို ဖုံးကွယ် သို့မဟုတ် သွယ်ဝိုက်ဖော်ပြထားသည့် ဝှက်စာဖြင့်ရေးထားသော ထုတ်ပြန်ချက်များ” တွင် တားမြစ်ထားမှုကို ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့သည်။ တေးသီချင်းပါ စာသားများသည် "အုပ်စုဖွဲ့ လက်တုံ့ပြန်အကြမ်းဖက်မှု အပါအဝင် ဖြစ်အံ့ဆဲဆဲ အကြိမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည့် ခြိမ်းခြောက်နှိုးဆော်ချက်တစ်ခုအဖြစ် ဆောင်ရွက်ထားသည်" ဟု Meta က ယူဆခဲ့သည်။ ထို့ကြောင့် Meta က အကြောင်းအရာကို ဖယ်ရှားခဲ့ရခြင်းဖြစ်သည်။
နာရီအနည်းငယ်အကြာတွင် အကြောင်းအရာ ဖန်တီးသူက အဆိုပါဆုံးဖြတ်ချက်ကို Meta ထံတွင် အယူခံဝင်ခဲ့သည်။ ပုံမှန်အားဖြင့် အသုံးပြုသူများသည် ကုမ္ပဏီမှ ၎င်း၏ အရှိန်မြှင့်လုပ်ငန်းစဉ်များမှတစ်ဆင့် ပြုလုပ်ထားသော Meta အကြောင်းအရာ ဆုံးဖြတ်ချက်များကို အယူခံဝင်၍မရပါ။ အကြောင်းမှာ အသုံးပြုသူများ၏ Meta ထံ အယူခံဝင်မှုများသည် အရှိန်မြှင့်လုပ်ငန်းအဖွဲ့များထံ မဟုတ်ဘဲ အတိုင်းအတာတစ်ခုဖြင့် စိစစ်သုံးသပ်သူများထံ ရောက်ရှိသွားသောကြောင့်ဖြစ်သည်။ အရှိန်မြှင့်ဆောင်ရွက်မှုတွင် နောက်ထပ်ရရှိနိုင်သော ဆက်စပ်အကြောင်းအရာကို အသုံးပြုခွင့်မရှိပါက အဆိုပါ စိစစ်သုံးသပ်သူများသည် အမှားများ ပိုမိုပြုလုပ်နိုင်ခြေရှိပြီး အရှိန်မြှင့်ရာတွင် ဆုံးဖြတ်ချက်များကို မှားယွင်းပြောင်းလဲမိနိုင်ခြေ ပိုများပါမည်။ သို့သော် ဤအမှုတွင် လူတို့ပြုလုပ်သော အမှားအယွင်းကြောင့် အသုံးပြုသူက Meta ၏ အတိုင်းအတာတစ်ခုထိ စိစစ်သုံးသပ်သူများထံတွင် အရှိန်မြှင့်ထားသော ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ခဲ့သည်။ အတိုင်းအတာတစ်ခုဖြင့် စိစစ်သုံးသပ်သူက အကြောင်းအရာကို ချိုးဖောက်မှုမရှိကြောင်း အကဲဖြတ်ခဲ့ပြီး Instagram တွင် ပြန်ထည့်သွင်းခဲ့သည်။
ရှစ်ရက်အကြာတွင် ယူကေမြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ ဒုတိယမြောက် တောင်းဆိုချက်ကို လက်ခံရရှိသည့်အခါ Meta သည် အကြောင်းအရာကို ၎င်း၏ အရှိန်မြှင့်လုပ်ငန်းစဉ်များမှတစ်ဆင့် ထပ်မံ၍ ဖယ်ရှားခဲ့သည်။
ဤအမှု၌ ပါဝင်ပတ်သက်နေသော အကောင့်တွင် စောင့်ကြည့်သူ ၁,၀၀၀ အောက်ရှိပြီး ၎င်းတို့ထဲမှ အများစုမှာ ယူကေတွင် နေထိုင်ကြသည်။ အသုံးပြုသူသည် ၎င်း၏ အကြောင်းအရာကို ဖယ်ရှားခံရသည့် နှစ်ကြိမ်စလုံးတွင် Meta ထံမှ အသိပေးချက်များကို လက်ခံရရှိခဲ့သော်လည်း အဆိုပါဖယ်ရှားမှုများကို ယူကေဥပဒေစိုးမိုးရေးအဖွဲ့၏ တောင်းဆိုမှုပြီးမှ စတင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းအား အသိမပေးခဲ့ပါ။
စိစစ်သုံးသပ်နေသည့် အကြောင်းအရာကို ဖယ်ရှားခြင်းအပြင် Meta သည် Chinx (OS) ၏ အကောင့် အပါအဝင် အခြားအကောင့်များမှ "မလုံခြုံသော လျှို့ဝှက်ချက်များ" သီချင်းကို အသားပေးဖော်ပြထားသည့် အကြောင်းအာ ၅၂ ခုကို ဖော်ထုတ်တွေ့ရှိ၍ ဖယ်ရှားခဲ့သည်။ Meta သည် ဤအမှုရှိ ပြဿနာဖြစ်ပွားနေသော အကြောင်းအရာကို ချိုးဖောက်မှုအဖြစ် အမှတ်အသားပြုလျက် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မီဒီယာပုံစံတူ ဝန်ဆောင်မှုဘဏ်တွင် ထည့်သွင်းခဲ့သည်။ ဤဘဏ်များသည် ပုံစံတူအကြောင်းအရာကို အလိုအလျောက် ဖော်ထုတ်သိရှိပြီး ဖယ်ရှားနိုင်သည် သို့မဟုတ် ၎င်းကို Facebook သို့မဟုတ် Instagram တွင် အပ်လုဒ်တင်ခြင်းမှ တားဆီးနိုင်သည်။ ဗီဒီယိုကို မီဒီယာပုံစံတူ ဝန်ဆောင်မှုဘဏ်တွင် ထည့်သွင်းလိုက်သည့် ရလဒ်အနေဖြင့် အခြားအသုံးပြုသူများထံမှ ပုံစံတူအကြောင်းအရာကို နောက်ထပ် ၁၁၂ ကြိမ် အလိုအလျောက် ဖယ်ရှားခြင်း ဖြစ်စေခဲ့သည်။
Meta က ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။ ၎င်းလွှဲပြောင်းပေးခဲ့သည့် အကြောင်းအရာကို Chinx (OS) နှင့် တိုက်ရိုက်ဆက်နွှယ်ခြင်းမရှိသော အကောင့်တစ်ခုမှ ပို့စ်တင်ခဲ့သည်။ Chinx (OS) ၏ တေးဂီတသည် ဤအမှုတွင် အဓိကဖြစ်သောကြောင့် အလားတူ တေးသီချင်းကို အသားပေးထားသော Chinx (OS) ၏ ကိုယ်ပိုင်ပို့စ်အား ဖယ်ရှားရန် ၎င်း၏ ဆုံးဖြတ်ချက်ကို ထပ်ဆောင်းရည်ညွှန်းဖော်ပြပေးရန် ဘုတ်အဖွဲ့က Meta အား တောင်းဆိုခဲ့သည်။ အနုပညာရှင်၏ အကောင့်မှ ဗီဒီယိုကို ဖယ်ရှားမှုက သတိပေးချက် ဖြစ်ပေါ်စေခဲ့သဖြင့် ယင်းကိစ္စမှာ မဖြစ်နိုင်ခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။ ၎င်းသည် အကောင့်ကို အပြီးပိတ်ထားခြင်းအတွက် သတ်မှတ်ချက်ကို ကျော်လွန်သွားစေခဲ့သည်။ ခြောက်လကြာပြီးနောက် ဘုတ်အဖွဲ့၏ ထပ်ဆောင်းရည်ညွှန်းမှု တောင်းဆိုခြင်း မပြုလုပ်မီ Meta သည် Chinx (OS) ၏ ပိတ်ပင်ထားသော အကောင့်အား ပုံမှန်အလိုအလျောက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အပြီးဖျက်ခဲ့သည်၊ သို့သော်ငြားလည်း ဤအမှုအပေါ် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်မှာ ဆိုင်းငံ့လျက်ရှိသည်။ Chinx (OS) ၏ အကောင့်နှင့် ယင်းရှိ အကြောင်းအရာကို ဖျက်ပစ်ခြင်း လုပ်ဆောင်ချက်ကို ပြန်ပယ်ဖျက်၍မရသဖြင့် အမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးရန် မဖြစ်နိုင်ခဲ့ပါ။
၃။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ
ဘုတ်အဖွဲ့တွင် Meta က သုံးသပ်ရန်အတွက် လွှဲပြောင်းသည့် ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်ပိုင်ခွင့်ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ အပိုဒ် ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၁)။ ဘုတ်အဖွဲ့သည် Meta ၏ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သို့မဟုတ် ပယ်ဖျက်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၅)။ ထို့ပြင် ဤဆုံးဖြတ်ချက်ကို ကုမ္ပဏီက လိုက်နာရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ Meta သည် တူညီသော ဆက်စပ်အကြောင်းအရာပါသည့် အလားတူ အကြောင်းအရာနှင့် ပတ်သက်၍ ၎င်း၏ဆုံးဖြတ်ချက်ကို အသုံးချနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း အကဲဖြတ်ရမည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၄)။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များတွင် Meta အနေဖြင့် လိုက်နာစရာမလိုသော်လည်း တုံ့ပြန်ရမည့် အကြံပြုချက်များ ပါရှိသော မူဝါဒအကြံပေး ထုတ်ပြန်ချက်များ ပါဝင်နိုင်သည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၃၊ အပိုဒ် ၄၊ အပိုဒ်ခွဲ ၄)။
ဘုတ်အဖွဲ့က အလားတူ ပြဿနာများကို ဖြစ်ပေါ်စေသည့် အမှုများကို ဖော်ထုတ်တွေ့ရှိသည့်အခါ ၎င်းတို့ကို အတူတကွတွဲ၍ ဆွေးနွေးတိုင်ပင်ရေး အဖွဲ့တစ်ခုထံသို့ တာဝန်ပေးအပ်နိုင်သည်။ ဤအမှုတွင် အနုပညာရှင် Chinx (OS) က ပို့စ်တင်ထားသော တူညီသည့် သီချင်းကို အသားပေးထားသည့် အကြောင်းအရာကို ထပ်ဆောင်းရည်ညွှန်းပေးရန် ဘုတ်အဖွဲ့က Meta အား တောင်းဆိုခဲ့သည်။ Chinx (OS) ၏ ကိုယ်ပိုင်အကောင့်မှ ၎င်း၏သီချင်းပို့စ်ကို Meta က ရည်ညွှန်းပေးခြင်းအားဖြင့် အန္တရာယ်ကင်းရှင်းရေးနှင့် အနုပညာဆိုင်ရာ ထုတ်ဖော်မှုကို ဟန်ချက်ညီအောင်ပြုလုပ်ရာတွင် အခက်အခဲကို ပိုမိုအဆင်ပြေစွာ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဘုတ်အဖွဲ့က ထင်မြင်ယူဆသည်။ ယင်းက အနုပညာရှင်၏ ပို့စ်နှင့် ပတ်သက်၍ လိုက်နာရမည့် ဆုံးဖြတ်ချက်တစ်ခုကိုလည်း ဘုတ်အဖွဲ့မှ ထုတ်ပြန်နိုင်စေလိမ့်မည်။ ဤအမှုတွင် Meta ၏ အရေးယူဆောင်ရွက်ချက်များမှာ အနုပညာရှင်အား ဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်များတွင် တရားဝင်ပါဝင်ဆောင်ရွက်ခြင်းမှ ထိထိရောက်ရောက် ဖယ်ထုတ်ထားခဲ့ပြီး ကုစားဖြေရှင်းခွင့် မရဘဲ Chinx (OS) ၏ အကောင့်ကို ပလက်ဖောင်းမှ ဖယ်ရှားထားခဲ့သည်။
Meta သည် ဤအမှုအပါအဝင် Meta အတွင်း အရှိန်မြှင့်ထားသော အကြောင်းအရာကို ဘုတ်အဖွဲ့ထံ အခါအားလျော်စွာ ရည်ညွှန်းပေးခဲ့သည် (ဥပမာအားဖြင့် "တီဂရေး ဆက်သွယ်ရေးရာဌာန" အမှုနှင့် "သမ္မတဟောင်းထရမ့်၏ ဆိုင်းငံ့ခံရမှု" အမှုတို့ကို ကြည့်ပါ)။ Meta သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို "အရှိန်မြှင့်" ပြုလုပ်သည့်အခါ အသုံးပြုသူများက အဆိုပါ ဆုံးဖြတ်ချက်ကို ကုမ္ပဏီ သို့မဟုတ် ဘုတ်အဖွဲ့ထံ အယူခံဝင်၍ မရနိုင်ပါ။ Meta သည် အရှိန်မြှင့် ဆုံးဖြတ်ထားသော အမှုများကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးနိုင်သောကြောင့် အကြောင်းအရာကို ဖန်တီးရေးသားသူ သို့မဟုတ် တိုင်ကြားသူကလည်း ဘုတ်အဖွဲ့ထံ အယူခံဝင်ခွင့်ကို ညီတူညီမျှ ရရှိသင့်သည်။ အရေးပါဆုံးနှင့် အခက်ခဲဆုံးအရာများထဲတွင် အရှိန်မြှင့်ပြုလုပ်သော ဆုံးဖြတ်ချက် ပါဝင်နိုင်ဖွယ်ရှိပြီး ယင်းတွင် သီးခြားကြီးကြပ်ကွပ်ကဲမှုက အရေးကြီးဆုံးဖြစ်သည်။ ဘုတ်အဖွဲ့က ထိန်းချုပ်တွင် စာရွက်စာတမ်းများအတွက် အကြောင်းအရာစိစစ်မှု ဆုံးဖြတ်ချက်အားလုံးသည် အတိုင်းအတာဘောင်ဝင်ပြီး ၎င်းတို့ကို နည်းဥပဒေများ (နည်းဥပဒေ အပိုဒ် ၂၊ ပုဒ်မ ၁.၂၊ ၁.၂.၁) အရ ချန်လှပ်ထားခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ဘုတ်အဖွဲ့ထံ လူများအယူခံဝင်နိုင်သည့် Meta ၏ ကုမ္ပဏီတွင်း အယူခံဝင်မှု လုပ်ငန်းစဉ် (ပဋိညာဉ်စာတမ်း အပိုဒ် ၂၊ ပိုဒ် ၁) ကို အသုံးပြုထားကြောင်း ဖော်ပြထားသည်။
၄။ လုပ်ပိုင်ခွင့် ရင်းမြစ်များ
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် ၎င်း၏ဆုံးဖြတ်ချက်တွင် အောက်ပါလုပ်ပိုင်ခွင့်များနှင့် စံနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ကြသည်-
၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များ-
- “ကိုလံဘီယာ ရဲတပ်ဖွဲ့ပုံ ကာတွန်း” (အမှုဆုံးဖြတ်ချက် ၂၀၂၂-၀၀၄-FB-UA)- မီဒီယာပုံစံတူ ဝန်ဆောင်မှုဘဏ်များသည် မှားယွင်းသော ဆုံးဖြတ်ချက်များကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း စိုးရိမ်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဘုတ်အဖွဲ့က Meta အား အဆိုပါဘဏ်များထဲတွင် မှားယွင်းစွာ ထည့်သွင်းထားသော ချိုးဖောက်မှုမရှိသည့် အကြောင်းအရာကို အမြန်ဖယ်ရှားနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်းများကို အရေးတကြီး အဆင့်မြှင့်တင်ရန် အကြံပြုခဲ့သည်။
- “ကင်ကာတွန်း” (အမှုဆုံးဖြတ်ချက် ၂၀၂၂-၀၀၁-FB-UA)- ဘုတ်အဖွဲ့က ဆာ့ဘ်လူမျိုးစုနှင့် ကြွက်များကို သွယ်ဝိုက်ခိုင်းနှိုင်းချက်သည် အမုန်းစကား လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်းနှင့် ဤခိုင်းနှိုင်းချက်ထဲရှိ ယခင်သမိုင်းဖြစ်ရပ်တစ်ခုနှင့် ပတ်သက်သည့် ကိုးကားချက်မှာလည်း ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်လျက် အကြောင်းအရာကို ပလက်ဖောင်းတွင် ဆက်ထားရန် Meta ၏ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့သည်။
- “ဝမ်ပန် ခါးပတ်” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၁၂-FB-UA)- ဘုတ်အဖွဲ့က အနုပညာဆိုင်ရာ ထုတ်ဖော်မှုအပေါ် Meta လေးစားခြင်း၏ အရေးပါမှုကို ဦးစားပေးဖော်ပြခဲ့သည်။
- “မျှဝေထားသော Al Jazeera ပို့စ် ” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၀၉-FB-UA)- Meta အနေဖြင့် အစိုးရ၏ တောင်းဆိုချက်များကို ၎င်းကိုင်တွယ်ပုံနှင့် လူသိရှင်ကြား အစီရင်ခံပုံအတွက် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်တစ်ခုကို ဖော်ဆောင်ရန် ဘုတ်အဖွဲ့က အကြံပြုခဲ့သည်။ ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် လူမှုစံနှုန်းများကို ချိုးဖောက်မှုကြောင့် အကြောင်းအရာကို ဖယ်ရှားပေးရန် အစိုးရ၏ တောင်းဆိုချက်များ၊ ဒေသဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းကြောင့် အကြောင်းအရာ ဖယ်ရှားပေးရန် သို့မဟုတ် အသုံးပြုသူ၏ ပထဝီဝင်တည်နေရာအပေါ် အခြေခံ၍ အကြောင်းအရာ ဝင်ရောက်သုံးစွဲခွင့်ကို ပိတ်ပင်ရန် တောင်းဆိုချက်များနှင့် အရေးယူဆောင်ရွက်မှု မရှိသည့် တောင်းဆိုချက်များအကြား ခွဲခြားဖော်ပြသင့်သည်။
- “အိုကလန်ကို သီးခြားခွဲထားမှု” (အမှုဆုံးဖြတ်ချက် ၂၀၂၁-၀၀၆-IG-UA)- Meta က အသုံးပြုသူများအား ၎င်းတို့၏ အကြောင်းအရာကို အစိုးရမှ တောင်းဆိုသည့်နောက်တွင် ဖယ်ရှားလိုက်သည့်အခါ အသိပေးသင့်ကြောင်း ဘုတ်အဖွဲ့က အကြံပြုခဲ့သည်။ ဆုံးဖြတ်ချက်သည် ဤတောင်းဆိုမှုများအပေါ် ပွင့်လင်းမြင်သာမှု အစီရင်ခံခြင်းဆိုင်ရာ အကြံပြုချက်များလည်း ပြုလုပ်ခဲ့သည်။
- “အိန္ဒိယတွင် ပြင်သစ်တို့အပေါ် ဆန့်ကျင်ဆန္ဒပြခြင်း” (အမှုဆုံးဖြတ်ချက် ၂၀၂၀-၀၀၇-FB-FBR)- ဘုတ်အဖွဲ့သည် ဆက်စပ်အကြောင်းအရာ စိစစ်ချက်၏ အရေးပါမှုကြောင့် ဖုံးကွယ်ထားသော အကြမ်းဖက်ခြိမ်းခြောက်မှုများကို အတိုင်းအတာတစ်ခုထိ ကိုင်တွယ်ဖြေရှင်းရာတွင် စိန်ခေါ်မှုများကို မှတ်ချက်ပြုခဲ့သည်။
- "ရင်သားကင်ဆာ ရောဂါလက္ခဏာများနှင့် အဖော်အချွတ် (အမှုဆုံးဖြတ်ချက် ၂၀၂၀-၀၀၄-IG-UA)- Facebook ၏ လူမှုစံနှုန်းများအား Facebook တွင် ကျင့်သုံးသည့်နည်းလမ်းအတိုင်း Instagram တွင် ကျင့်သုံးကြောင်း Instagram အသုံးပြုသူများကို ရှင်းလင်းပြောပြရန် ဘုတ်အဖွဲ့က Meta အား အကြံပြုခဲ့သည်။ ဤအကြံပြုချက်ကို "အာရဗီ စကားလုံးများကို ဆီလျော်အောင် ပြန်လည်ပြင်ဆင်အသုံးပြုခြင်း" အမှုဆုံးဖြတ်ချက် ( ၂၀၂၂-၀၀၃-IG-UA) တွင် ထပ်မံပြုလုပ်ခဲ့သည်။
၂။ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ-
ဤအမှုတွင် Instagram ၏ လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များ နှင့် Facebook ၏ လူမှုစံနှုန်းများ ပါဝင်ပတ်သက်နေသည်။
Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များ ရှိ "Instagram အသိုင်းအဝိုင်း၏ အခြားအဖွဲ့ဝင်များကို လေးစားခြင်း" ခေါင်းစဉ်အောက်တွင် ကုမ္ပဏီသည် "အပြုသဘောဆောင်သော မတူကွဲပြားသည့် အသိုင်းအဝိုင်းတစ်ခုကို အားပေးမြှင့်တင်" လိုကြောင်း ဆိုထားသည်။ ကုမ္ပဏီသည် Facebook ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းနှင့် ဆက်စပ်နေသော စကားလုံးများဖြင့် "ခိုင်လုံသော ခြိမ်းခြောက်မှုများ" ပါဝင်သည့် အကြောင်းအရာကို ဖယ်ရှားသည်။ လမ်းညွှန်ချက်များတွင် ထပ်မံဖော်ပြထားသည်မှာ-
အများပြည်သူနှင့် လူတစ်ဦးချင်းစီ၏ အန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေမည့် ဆိုးဝါးပြင်းထန်သော ခြိမ်းခြောက်မှုများကို ခွင့်မပြုပါ။ ၎င်းတွင် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမည့် ခြိမ်းခြောက်မှုတစ်ခုခုအပြင် ခိုးယူမှု၊ ရမ်းကားဖျက်ဆီးမှုနှင့် အခြားသော ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်စေခြင်းများလည်း ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ခြိမ်းခြောက်မှုတစ်ခုကို ခိုင်လုံခြင်းရှိ၊ မရှိ ဆုံးဖြတ်သောအခါ ခြိမ်းခြောက်မှုဆိုင်ရာ တိုင်ကြားစာများကို ဂရုတစိုက် သုံးသပ်ပြီး အချက်အလက်များစွာကိုလည်း ထည့်သွင်းစဉ်းစားပါသည်။
Facebook ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်း အတွက် မူဝါဒသဘောတရားတွင် ၎င်းသည် "Facebook ပေါ်ရှိ အကြောင်းအရာနှင့် ဆက်စပ်နေနိုင်သော ပြင်ပကမ္ဘာတွင် ထိခိုက်နာကျင်စေမှု အလားအလာကို တားဆီးရန် ရည်ရွယ်ကြောင်း" နှင့် "လူများသည် ဆိုးဝါးပြင်းထန်မှုမရှိသော နည်းလမ်းများသုံး၍ ခြိမ်းခြောက်ခြင်း သို့မဟုတ် အကြမ်းဖက်ရန် နှိုးဆော်ခြင်းဖြင့် ငြင်းပယ်မှု သို့မဟုတ် သဘောထားကွဲလွဲမှုအား ဖော်ပြလေ့ရှိသည်ကို Meta အနေဖြင့် နားလည်သော်လည်း ကျွန်ုပ်တို့သည် ဆိုးဝါးပြင်းထန်သော အကြမ်းဖက်မှုကို လှုံ့ဆော်သည့် သို့မဟုတ် ပံ့ပိုးသည့် အသုံးအနှုန်းကို ဖယ်ရှားသည်" ဟု ဖော်ပြထားပါသည်။ "ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုများ အမှန်တကယ် ဖြစ်လာနိုင်သည်ဟု [Meta] က ယူဆသည့်အခါ" ၎င်းသည် အကြောင်းအရာကို ဖယ်ရှားခြင်း၊ အကောင့်များ ပိတ်ပင်ခြင်း၊ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် လက်တွဲလုပ်ဆောင်ခြင်းတို့ ပြုလုပ်ကြောင်း ထပ်မံဖော်ပြထားသည်။ "ပုံမှန် ပြောဆိုမှုများကို ခိုင်လုံသည့် ခြိမ်းခြောက်မှုမြောက်သော အကြောင်းအရာများမှ ခွဲထုတ်ရန်အတွက် အသုံးအနှုန်းနှင့် ဆက်စပ်အကြောင်းအရာများကို ထည့်သွင်းစဉ်းစားရန်" ကြိုးစားကြောင်း Meta က ဖော်ပြသည်။
ခေါင်းစဉ်ခွဲတစ်ခုအောက်တွင် Meta သည် "စည်းကမ်းပိုင်းဆိုင်ရာ ထိန်းသိမ်းတင်းကျပ်ရန်အတွက် နောက်ထပ်အချက်အလက် နှင့်/သို့မဟုတ် ဆက်စပ်အကြောင်းအရာ" ကို လိုအပ်ပြီး၊ "အကြမ်းဖက်သည့် သို့မဟုတ် အန္တရာယ်ပေးသည့် နည်းလမ်းကို ရှင်းလင်းစွာ ဖော်ပြမထားသော်လည်း ခြိမ်းခြောက်မှုကို ဖုံးကွယ် သို့မဟုတ် သွယ်ဝိုက်ဖော်ပြထားသည့်" ဝှက်စာဖြင့်ရေးထားသော ထုတ်ပြန်ချက်များကို အသုံးပြုသူများအနေဖြင့် ပို့စ်မတင်သင့်ကြောင်း လူမှုစံနှုန်းတွင် ဖော်ပြထားသည်ဟု ဆိုထားသည်။ ယင်းတွင် "သမိုင်းကြောင်းအရ သို့မဟုတ် စိတ်ကူးယဉ်ဆိုင်ရာ အကြမ်းဖက်ဖြစ်ရပ်များ [ကို] [ရည်]ညွှန်းချက်များ" ပါဝင်ပြီး "[ဒေ]သတွင်း ဆက်စပ်အကြောင်းအရာ သို့မဟုတ် အကြောင်းအရာဖြစ်ရပ် ကျွမ်းကျင်သူက ရည်ညွှန်းပါဖော်ပြချက်သည် ခြိမ်းခြောက်ခြင်းဖြစ်နိုင်ကြောင်း နှင့်/သို့မဟုတ် ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဖြစ်စေနိုင်ကြောင်း အတည်ပြုသည်။"
၃။ Meta ၏ စံတန်ဖိုးများ-
"သဘောထား ထုတ်ဖော်ခွင့်" စံတန်ဖိုးကို "ပဓာန" အနေဖြင့် သတ်မှတ်ဖော်ပြထားသည်-
ကျွန်ုပ်တို့ လူမှုစံနှုန်းများ၏ ရည်မှန်းချက်မှာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန်နှင့် ထုတ်ဖော်ပြောဆိုခွင့် ပေးစွမ်းနိုင်သည့် နေရာတစ်ခု ဖန်တီးရန်ဖြစ်သည်။ Meta သည် အချို့ကိစ္စရပ်များမှာ သဘောမတူညီနိုင်သည့် သို့မဟုတ် ကန့်ကွက်မှုများ ရှိနိုင်သည့်တိုင်အောင် ယင်းတို့အတွက် အရေးပါသည့် ကိစ္စရပ်များအကြောင်း လူထုအား လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ရှိစေလိုပါသည်။
စံတန်ဖိုးလေးမျိုးကို ဦးစားပေးသည့်အနေဖြင့် Meta သည် "ထုတ်ဖော်ပြောဆိုခွင့်” ကို ကန့်သတ်ထားသည်။ "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" သည် ဤအမှုတွင် အသက်ဆိုင်ဆုံးဖြစ်သည်-
အန္တရာယ်ကင်းရှင်းရေး- ကျွန်ုပ်တို့သည် Facebook ကို ဘေးကင်းလုံခြုံသော နေရာတစ်ခုဖြစ်စေရန် ကတိပြုပါသည်။ ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေသော အကြောင်းအရာကို ဖယ်ရှားပါသည်။ လူထုကို ခြိမ်းခြောက်သည့် အကြောင်းအရာတွင် အခြားသူများကို ခြိမ်းခြောက်ရန်၊ ဖယ်ကြဉ်ရန် သို့မဟုတ် နှုတ်ဆိတ်နေစေရန် အလားအလာရှိသောကြောင့် ၎င်းအကြောင်းအရာကို Facebook ပေါ်တွင် ခွင့်မပြုပါ။
ဂုဏ်သိက္ခာ- လူသားအားလုံးတွင် ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရှိကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ လူများသည် အခြားသူများ၏ ဂုဏ်သိက္ခာကိုလေးစားပြီး သူတစ်ပါးကိုနှောင့်ယှက်ခြင်း သို့မဟုတ် သိက္ခာချခြင်းမျိုး ပြုလုပ်မည်မဟုတ်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
၄။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ-
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) တွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။ ၂၀၂၁ ခုနှစ်တွင် Meta သည် UNGP များနှင့်အညီ လူ့အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား ထပ်လောင်းအတည်ပြုခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒ ကို ကြေညာခဲ့သည်။ ဤအမှုတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည်-
- လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်- အပိုဒ် ၁၉၊ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ် ( ICCPR)၊ အထွေထွေ မှတ်ချက် အမှတ် ၃၄၊ လူ့အခွင့်အရေး ကော်မတီ၊ ၂၀၁၁။ လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အစီရင်ခံစာများ- က/HRC/၃၈/၃၅ (၂၀၁၈)၊ က/၇၄/၄၈၆ (၂၀၁၉)၊ က/HRC/၄၄/၄၉/ဖြည့်စွက်ချက် ၂ (၂၀၂၀)။
- အသက်ရှင်ရပ်တည်ခွင့်- အပိုဒ် ၆၊ ICCPR။
- လူပုဂ္ဂိုလ်၏ ဘေးကင်းလုံခြုံမှု ရရှိပိုင်ခွင့်- အပိုဒ် ၉၊ ပိုဒ်ခွဲ ၁၊ ICCPR။
- ထိရောက်သော ကုစားမှု ရပိုင်ခွင့်- အပိုဒ်ခွဲ ၂၊ ICCPR။ အထွေထွေမှတ်ချက် အမှတ် ၃၁၊ လူ့အခွင့်အရေး ကော်မတီ၊ (၂၀၀၄)။
- တန်းတူညီမျှရေးနှင့် ခွဲခြားဆက်ဆံမှုမရှိရေး- အပိုဒ် ၂၊ ပိုဒ်ခွဲ ၁ နှင့် အပိုဒ် ၂၆ (ICCPR)။ အပိုဒ် ၂၊ ICERD။
- ယဉ်ကျေးမှု အခွင့်အရေးများ- အပိုဒ် ၂၇၊ ICCPR။ အပိုဒ် ၁၅၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်စာချုပ် (ICESCR)။ ယဉ်ကျေးမှု အခွင့်အရေးများနယ်ပယ်မှ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အနုပညာလွတ်လပ်ခွင့်နှင့် တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အစီရင်ခံစာ၊ က/HRC/၂၃/၃၄၊ ၂၀၁၃။
၅။ အသုံးပြုသူ၏ တင်ပြချက်များ
Meta က ဤအမှုကို ဘုတ်အဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး ဘုတ်အဖွဲ့က ၎င်းကို ၂၀၂၂ ခုနှစ် ဇွန်လအလယ်ပိုင်းတွင် ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် ပြုပြင်ထားပြီးဖြစ်သော နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတစ်ခုကြောင့် Meta သည် အသုံးပြုသူအား ၎င်းတင်ထားသော အကြောင်းအရာနှင့် ပတ်သက်သည့် အမှုတစ်ခုကို ဘုတ်အဖွဲ့မှ ရွေးချယ်ခဲ့ကြောင်း အောင်မြင်စွာ အကြောင်းမကြားခဲ့သည့်အပြင် ဘုတ်အဖွဲ့ထံ ကြေညာချက်တစ်ခု တင်ပြရန် ၎င်းအား ဖိတ်ခေါ်ခဲ့ခြင်းမရှိပါ။ ဩဂုတ်လအကုန်တွင် Meta သည် အသုံးပြုသူအား ကိုယ်တိုင် အကြောင်းကြားခဲ့သော်လည်း အသုံးပြုသူသည် အသုံးပြုသူ ကြေညာချက်ကို သတ်မှတ်ရက် ၁၅ ရက်အတွင်း ပံ့ပိုးမပေးခဲ့ပါ။
၆။ Meta ၏ တင်ပြချက်များ
ဖုံးကွယ်ထားသော အကြမ်းဖက်ခြိမ်းခြောက်မှု ပါဝင်သဖြင့် Instagram ပို့စ်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒကို ချိုးဖောက်ခဲ့သောကြောင့် အကြောင်းအရာကို ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း Meta က ဘုတ်အဖွဲ့အား ရှင်းပြခဲ့သည်။ အသုံးပြုသူများသည် ဖုံးကွယ်ထားသော အကြမ်းဖက်ခြိမ်းခြောက်မှုများကို ပို့စ်မတင်နိုင်ကြောင်း လူမှုစံနှုန်းများတွင် ရှင်းပြထားခြင်း၊ ဤမူဝါဒကို ကျင့်သုံးခြင်းသည် အခြားသူများ၏ အခွင့်အရေးနှင့် အများပြည်သူ စည်းကမ်းလိုက်နာမှုကို ကာကွယ်ရန် တရားဝင်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း၊ ထိုရည်ရွယ်ချက်များကို အောင်မြင်စေရန်အတွက် ပြဿနာဖြစ်ပွားနေသော အကြောင်းအရာကို ဖယ်ရှားခြင်းသည် လိုအပ်ပြီး အချိုးမျှတမှုရှိခြင်းတို့ကြောင့် ၎င်း၏ဆုံးဖြတ်ချက်သည် နိုင်ငံတကာလူ့အခွင့်အရေး အခြေခံမူများနှင့် ကိုက်ညီမှုရှိသည်ဟု Meta မှ စောဒကတက်ခဲ့သည်။
၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒတွင် ဟာသ၊ သရော်စာ သို့မဟုတ် အနုပညာဆိုင်ရာ ထုတ်ဖော်မှုအတွက် တိကျရှင်းလင်းသော ခြွင်းချက်များ မရှိသောကြောင့် ဆုံးဖြတ်ချက်ချရာတွင် အထူးစိန်ခေါ်မှုရှိသည်ဟု Meta က ယူဆသည်။ မူဝါဒအရ ခြိမ်းခြောက်မှု ခိုင်လုံခြင်းရှိ၊ မရှိ သို့မဟုတ် စကားလုံးအကော့အညွတ် သို့မဟုတ် စိတ်နှိုးဆွမှုသက်သက်မျှ ဖြစ်သော်လည်း အခြေခံအားဖြင့် အကြမ်းဖက်မှုမရှိသော ထုတ်ဖော်မှုဖြစ်ကြောင်း Meta အနေဖြင့် အကဲဖြတ်ရန် လိုအပ်သည်။ ဤအမှုသည် အကြမ်းဖက်မှုကို ရည်ညွှန်းဖော်ပြသော အနုပညာမြောက် ထုတ်ဖော်မှုအား သင့်လျော်စွာ ကိုင်တွယ်ခြင်းအကြောင်း ထပ်ခါတလဲလဲ မေးမြန်းမှုများကို ဖြစ်စေသောကြောင့် Meta က ဤအမှုကို အရေးပါသည်ဟု လက်ခံစဉ်းစားသည်။ ဤအကဲဖြတ်ချက်တွင် "သဘောထားထုတ်ဖော်ခွင့်" နှင့် အန္တရာယ်ကင်းရှင်းရေး" ဆိုင်ရာ ၎င်း၏ စံတန်ဖိုးများကို ဟန်ချက်မျှတစေခြင်း ပါဝင်နေသည်။ ဖန်တီးသူတစ်ဦး၏ လက်ရာတွင် အကြမ်းဖက်ခြိမ်းခြောက်မှုများ သို့မဟုတ် အကြမ်းဖက်မှု အန္တရာယ်ဖြစ်စေနိုင်သည့် ကြေညာချက်များ ပါဝင်သည့်အခါ "၎င်းကို ကျွန်ုပ်တို့၏ ပလက်ဖောင်းများမှ ပိုမိုဖယ်ရှားသင့်ကြောင်း" Meta က ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။
Meta ၏ စိစစ်သူများအတွက် ကုမ္ပဏီတွင်း လမ်းညွှန်ချက်၊ ကုမ္ပဏီတွင်း အကောင်အထည်ဖော်မှု စံနှုန်းများတွင် "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု ဆန်းစစ်လေ့လာချက်" ကို ဖော်ပြထားပြီး Meta သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းအရ ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ရှိ၊ မရှိ ဆုံးဖြတ်ရန် ၎င်းကို အသုံးပြုသည်။ ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ချက်ပြည့်မီရန် အကြောင်းအရာတွင် အဓိကအချက်ပြ (ယခင်အကြမ်းဖက်လုပ်ရပ်ကို ရည်ညွှန်းချက်ကဲ့သို့) နှင့် အဓိကမဟုတ်သောအချက်ပြ နှစ်ခုလုံးရှိရမည်ဟု ယင်းတွင် ရှင်းပြထားသည်။ အဓိကမဟုတ်သော အချက်ပြများတွင် အကြောင်းအရာသည် ခြိမ်းခြောက်နိုင်ဖွယ် အလားအလာရှိကြောင်း ဒေသဆိုင်ရာ ဆက်စပ်အကြောင်းအရာ သို့မဟုတ် အကြောင်းအရာဖြစ်ရပ် ကျွမ်းကျင်သူ၏ ညွှန်းဆိုချက် သို့မဟုတ် အကြောင်းအရာကို ခြိမ်းခြောက်မှုအဖြစ် ၎င်းတို့ယူဆကြောင်း သတ်မှတ်အတည်ပြုချက်တို့ ပါဝင်သည်။ Meta၊ ဒေသတွင်း NGO များနှင့် ဥပဒေစိုးမိုးရေးဌာနများ၏ အဆိုအရ Meta ၏ အများမြင်မူဝါဒဆိုင်ရာ အဖွဲ့ သို့မဟုတ် အခြားဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အဓိကမဟုတ်သော အချက်ပြများကို ပံ့ပိုးပေးကြသည်။ “ခိုင်လုံသော ခြိမ်းခြောက်မှုများဆိုင်ရာ ဆန်းစစ်လေ့လာချက်” ကို "အရှိန်မြှင့်ခြင်းဖြင့်" သာ လုပ်ဆောင်နိုင်ပြီး "အတိုင်းအတာတစ်ခုဖြင့်" စိစစ်သုံးသပ်သူများက ၎င်းကို မလုပ်ဆောင်နိုင်ကြောင်း ဆိုလိုသည်။ ၎င်းကို Meta ၏ ကုမ္ပဏီတွင်း အဖွဲ့များကသာ ဆောင်ရွက်နိုင်သည်။
ဤအမှုနှင့်ပတ်သက်၍ အစောပိုင်း ပစ်ခတ်မှုတစ်ခုတွင် ရက်ပ်သီဆိုသူ၏ ပါဝင်ပတ်သက်မှုကို ရည်ညွှန်းလျက် ထပ်မံတုံ့ပြန်ရန် ရည်ရွယ်ချက်ကို ဖော်ပြထားသည့် အဓိက အချက်ပြတစ်ခု ပါဝင်ကြောင်း Meta က တွေ့ရှိခဲ့သည်။ Meta ၏ အဆိုအရ အဓိကမဟုတ်သော အချက်ပြမှုသည် အကြောင်းအရာကို ခြိမ်းခြောက်နိုင်ခြေရှိသည် သို့မဟုတ် ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဖြစ်စေနိုင်ခြေရှိသည်ဟု ၎င်းမြင်ကြောင်း ယူကေမြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့၏ အတည်ပြုချက်ဖြစ်ခဲ့သည်။ အကြောင်းအရာသည် ဒေသဆိုင်ရာဥပဒေကို ချိုးဖောက်ခဲ့သည်ဟူ၍ ဥပဒေစိုးမိုးရေးအဖွဲ့ဘက်က စွပ်စွဲခဲ့ခြင်းမရှိပါ။ ၎င်းသည် ဥပဒေစိုးမိုးရေး အစီရင်ခံစာများကို Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များမှ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာဗေဒ ကျွမ်းကျင်သူများနှင့်အတူ အကဲဖြတ်ကြောင်း Meta က ဆိုသည်။
လန်ဒန်ရှိ အုပ်စုဖွဲ့လူသတ်သမားများ၏ လေးပုံတစ်ပုံခန့်သည် လမ်းဘေးရက်ပ်ဂီတနှင့် ဆက်စပ်ခဲ့ကြောင်း အခိုင်အမာဆိုကာ မူဝါဒဖလှယ်မှု အစီရင်ခံစာ တစ်ခုကို ကိုးကား၍ လမ်းဘေးရက်ပ်ဂီတသည် အကြမ်းဖက်မှုနှင့် မကြာခဏဆက်စပ်နေကြောင်း Meta က ငြင်းခုံခဲ့သည်။ သို့သော် ဤအစီရင်ခံစာသည် "ပြစ်မှုဗေဒပညာရှင်များထံမှ ဝေဖန်မှုအချို့" နှင့် ရင်ဆိုင်ခဲ့ရကြောင်း နောက်ပိုင်းတွင် Meta က အသိအမှတ်ပြုခဲ့သည်။ Meta သည် "အချက်အလက်အားဖြင့် မတိကျကြောင်း၊ နားလည်မှုလွဲစေကြောင်းနှင့် နိုင်ငံရေးအရ အန္တရာယ်ရှိကြောင်း" နှင့် "စိုးရိမ်ဖွယ် အကျိုးတရားကို ဖြစ်စေခြင်း-အပြန်အလှန် ဆက်နွှယ်နေမှု အမှားအယွင်းများကို ကျူးလွန်ခြင်း" ကြောင့် အစီရင်ခံစာကို ပယ်ချခဲ့သည့်" ပြစ်မှုဗေဒပညာရှင် ၄၉ ဦး၊ လူမှုရေးသိပ္ပံပညာရှင်များနှင့် အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းများက လက်မှတ်ရေးထိုးခဲ့သည့် အိတ်ဖွင့်ပေးစာ တစ်စောင်ကို ကိုးကားခဲ့သည်။
Meta မူဝါဒအချို့ကို Meta ၏ ကုမ္ပဏီတွင်းအဖွဲ့များကသာ ၎င်းတို့၏ ကုမ္ပဏီတွင်း အရှိန်မြှင့်လုပ်ငန်းစဉ်မှတစ်ဆင့် ကျင့်သုံးနိုင်သည်။ ၎င်းကို "အရှိန်မြှင့်တင်ခြင်းဖြင့်" ဆုံးဖြတ်ထားသည်အဖြစ် သိထားသည်။ Meta သည် မူဝါဒနယ်ပယ်ကိုးခုတွင် "အရှိန်မြှင့်တင်ခြင်းသီးသန့်" စည်းမျဉ်း ၄၀ ခန့်၏ စာရင်းကို ပံ့ပိုးပေးခဲ့သည်။ ဤအမှုတွင် အတိုင်းအတာတစ်ခုဖြင့် စိစစ်သုံးသပ်သူများက အရှိန်မြှင့်တင်ခြင်းဖြင့် ဖယ်ရှားထားသော ပို့စ်တစ်ခုကို မည်သို့ပြန်ထည့်သွင်းနိုင်ခဲ့ပုံနှင့် ပတ်သက်၍ ဘုတ်အဖွဲ့က Meta အား မေးခဲ့သည်။ "ဤအမှုတွင် ခြွင်းချက်အနေဖြင့် လူ၏ မှားယွင်းမှုတစ်ခုကြောင့် အကြောင်းအရာဖန်တီးသူသည် ကနဦးဖယ်ရှားခြင်းဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်ခဲ့ကြောင်း" Meta က တုံ့ပြန်ခဲ့သည်။ အကြောင်းအရာကို Meta ၏ ကုမ္ပဏီတွင်း အရှိန်မြှင့်လုပ်ငန်းစဉ်မှတစ်ဆင့် အရေးယူဆောင်ရွက်လျှင် များသောအားဖြင့် ကုမ္ပဏီ၏ ဒုတိယအကြိမ်စစ်ဆေးမှုအတွက် အယူခံဝင်ရန် မဖြစ်နိုင်ကြောင်း Meta က ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ပြုလုပ်ရခြင်းသည် အရှိန်မြှင့်တင်ထားသော စိစစ်သုံးသပ်ချက်တွင် ရရှိနိုင်သော ဆက်စပ်အကြောင်းအရာကို ဝင်ရောက်အသုံးပြုခြင်းမရှိဘဲ "အရှိန်မြှင့်တင်ခြင်းဖြင့်" ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်များကို ပြောင်းလဲပစ်ခြင်းမှ "အတိုင်းအတာတစ်ခုဖြင့်" စိစစ်သုံးသပ်သူများအား တားဆီးရန်ဖြစ်သည်။
ဘုတ်အဖွဲ့၏ တောင်းဆိုချက်အရ Meta သည် "လူမှုစံနှုန်းဆိုင်ရာ ချိုးဖောက်မှုများရှိ၊ မရှိ အကြောင်းအရာကို စိစစ်သုံးသပ်ပေးရန် အစိုးရ၏တောင်းဆိုချက်များ" နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းချက်ကို ပံ့ပိုးပေးခဲ့သည်။ အစိုးရများသည် အီးမေး၊ စာတိုက် သို့မဟုတ် အကူအညီစင်တာအပြင် ထုတ်ကုန်တွင်း အစီရင်ခံကိရိယာများမှတစ်ဆင့် အကြောင်းအရာကို ဖယ်ရှားပေးရန် ကုမ္ပဏီအား တောင်းဆိုနိုင်ကြောင်း၊ ထိုသို့တောင်းဆိုလျှင် အကြောင်းအရာကို အလိုအလျောက်စနစ်သုံး သို့မဟုတ် "အတိုင်းအတာတစ်ခုဖြင့်" စိစစ်သုံးသပ်ခြင်းသို့ ပေးပို့ကြောင်း Meta က ဘုတ်အဖွဲ့အား ရှင်းပြခဲ့သည်။
ထုတ်ကုန်တွင်းကိရိယာများပြင်ပတွင် ပြုလုပ်သော ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ တောင်းဆိုချက်တစ်ခုကို လက်ခံရရှိသည့်အခါ အကြောင်းအရာသည် ကုမ္ပဏီတွင်း အရှိန်မြှင့်လုပ်ငန်းစဉ်ကို ဖြတ်ကျော်ရကြောင်း Meta က ရှင်းပြခဲ့သည်။ အရှိန်မြှင့်တင်မှုတစ်ခုကို မည်သို့လက်ခံရရှိခဲ့သည်ဖြစ်စေ အရှိန်မြှင့်တင်မှု၏ အရေးကြီးမှု၊ ထိခိုက်လွယ်မှုနှင့် ရှုပ်ထွေးမှုကို အကဲဖြတ်ရန် စံအတိုင်းအတာနှင့် ဦးစားပေးသတ်မှတ်ခြင်း လုပ်ငန်းစဉ်တစ်ခုရှိသည်။ ဤလုပ်ငန်းစဉ်သည် Meta ၏ မည်သည့်အဖွဲ့များက တောင်းဆိုချက်ကို ကိုင်တွယ်မည်နှင့် ကြည့်ရှုမည့်စာရင်းရှိ တောင်းဆိုချက်၏ နေရာကို ဆုံးဖြတ်သည်။ အစိုးရများအပါအဝင် ကြားခံပြင်ပအဖွဲ့အစည်းတစ်ခုထံမှ စိစစ်သုံးသပ်ပေးရန် တောင်းဆိုချက်ရရှိပြီးနောက် Meta ၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးအဖွဲ့သည် အချက်ပြများဖြင့် ပုံစံတစ်ခုကို ကိုယ်တိုင်ဖြည့်စွက်သည်။ ဦးစားပေးသတ်မှတ်ခြင်း ပုံစံနှင့် မဏ္ဍိုင်များသည် ဥပဒေရေးရာ၊ ဂုဏ်သတင်းဆိုင်ရာနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အန္တရာယ်များ၊ Meta လူမှုအဖွဲ့အစည်း၏ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးအပေါ် သက်ရောက်မှု၊ လက်ရှိပြဿနာ၏ အတိုင်းအတာနှင့် ကြည့်ရှုသူဦးရေ၊ ပြဿနာ၏ အချိန်နှင့်အမျှအရေးကြီးမှုတို့နှင့် ဆက်စပ်သော အချက်ပြများကို ထည့်သွင်းစဉ်းစားသည်။
ဤဦးစားပေးသတ်မှတ်ခြင်း မဏ္ဍိုင်များကို အရေးကြီးမှုအလိုက် အဆင့်သတ်မှတ်ပြီး ဦးစားပေးရမှတ်ကို ထည့်သွင်းသည့်အချက်ပြများပေါ် အခြေခံ၍ အလိုအလျောက် တွက်ချက်သည်။ ပုံစံသည် ဒိုင်းနမစ်ဖြစ်ပြီး ပတ်ဝန်းကျင်ပြောင်းလဲမှုများ (ဥပမာ- ပြင်ပနေရာများရှိ ဆောင်ရွက်ချက်များ) နှင့် Meta က မိတ်ဆက်သည့် မွမ်းမံမှုများကို အလိုက်သင့်တုံ့ပြန်မှုရှိသည်။ ဤအမှုတွင်ကဲ့သို့ ဦးစားပေးမှုမြင့်သော အရှိန်မြှင့်တင်မှုများကို Meta ၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေးအဖွဲ့အတွင်းရှိ အထူးကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့သို့ ပေးပို့သည်။ အဖွဲ့အနေဖြင့် အကြောင်းအရာက လူမှုစံနှုန်းများကို ချိုးဖောက်ခြင်းရှိ၊ မရှိ စိစစ်သုံးသပ်သည်၊ စုံစမ်းစစ်ဆေးသည်၊ လိုအပ်ပါက နောက်ထပ်အကဲဖြတ်မှုအတွက် သက်ဆိုင်သူများအား ဆက်သွယ်ပြီး စည်းကမ်းထိန်းသိမ်းမှု ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သည်။ ဤတစ်ခုအပါအဝင် အချို့အမှုများတွင် နောက်ပိုင်း၌ ထင်မြင်ချက်ရယူရန် အကြောင်းအရာကို အကြောင်းအရာဆိုင်ရာ မူဝါဒအဖွဲ့သို့ အရှိန်မြှင့်တင်သည်။ အရေးယူဆောင်ရွက်ခဲ့သော လုပ်ဆောင်မှုအား မူလတောင်းဆိုမှုကို ပေးပို့ခဲ့သည့် ပြင်ပပုဂ္ဂိုလ်(များ) ထံ ဆက်သွယ်ပြောပြသည်။ ၎င်း၏ လူ့အခွင့်အရေးအဖွဲ့သည် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ မူဘောင်၏ ကျင့်သုံးမှုတစ်ခုစီအပေါ် ပုံမှန်အားဖြင့် အလေးမပေးသည်ကို Meta က မျှဝေခဲ့သည်။
ဥပဒေစိုးမိုးရေးဌာနများထံမှ အကြောင်းအရာဖယ်ရှားပေးရန် တောင်းဆိုချက်များကို လက်ခံရရှိသည့်အခါ အကြောင်းအရာကို တွေ့ရှိသည်ဖြစ်စေ၊ အရှိန်မြှင့်တင်သည်ဖြစ်စေ အခြားအကြောင်းအရာ အစိတ်အပိုင်းမှန်သမျှတွင် ပြုလုပ်သည့် နည်းလမ်းအတိုင်းပင် လူမှုစံနှုန်းများကို ချိုးဖောက်ခြင်းရှိ၊ မရှိ အကြောင်းအရာကို အကဲဖြတ်စိစစ်ကြောင်း Meta က ဆိုသည်။ ဆိုလိုသည်မှာ တောင်းဆိုချက်များကို နိုင်ငံအားလုံးတွင် တူညီစွာ ကိုင်တွယ်ဆောင်ရွက်ကြောင်း Meta က အခိုင်အမာဆိုသည်။ မဏ္ဍိုင်များနှင့်ဆက်စပ်၍ ပံ့ပိုးပေးသည့် ဆက်စပ်အကြောင်းအရာသည် ဦးစားပေးရမှတ်အပေါ် သက်ရောက်မှုရှိကြောင်း Meta က ရှင်းပြခဲ့သည်။ တောင်းဆိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားသည် ဦးစားပေးသတ်မှတ်ခြင်းအပေါ် တိုက်ရိုက်သက်ရောက်သည့် အကြောင်းရင်းမဟုတ်သော်လည်း ဆက်စပ်အကြောင်းအရာ၏ ဤတိကျသော အမျိုးအစားများသည် ဦးစားပေးသတ်မှတ်ခြင်းအပေါ် အကျိုးသက်ရောက်စေသည်။
ကြီးကြပ်ရေးဘုတ်အဖွဲ့သို့ အယူခံဝင်ရန် အသုံးပြုသူတွင် အယူခံလွှာ ရည်ညွှန်း အိုင်ဒီတစ်ခု ရှိရမည်။ Meta သည် ၎င်း၏ အယူခံ လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဤအိုင်ဒီများကို ထုတ်ပေးသည်။ ဘုတ်အဖွဲ့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် ကုမ္ပဏီတွင်း အယူခံဝင်ခြင်းနှင့် ဒုတိယအကြိမ် စိစစ်သုံးသပ်ပြီးနောက်ပိုင်း အကျုံးဝင်သော အကြောင်းအရာ ဆုံးဖြတ်ချက်များအတွက် ထိုသို့ပြုလုပ်ကြောင်း Meta က အတည်ပြုခဲ့သည်။ ထို့ကြောင့် Meta က အယူခံဝင်ခြင်းကို ခွင့်မပြုဘဲ အကြောင်းအရာကို အရေးယူဆောင်ရွက်သည့် အခြေအနေများတွင် ဘုတ်အဖွဲ့သို့ အယူခံဝင်ရန် အခွင့်အရေးမရှိပါ။ (ထုတ်ကုန်တွင်း အစီရင်ခံကိရိယာများ ပြင်ပတွင် ပြုလုပ်သော) အစိုးရတောင်းဆိုချက်များကို ရရှိပြီးနောက် စိစစ်သုံးသပ်သည့်အရာများနှင့် "အရှိန်မြှင့်တင်ခြင်းသီးသန့်" မူဝါဒများအရ စိစစ်သုံးသပ်သော အကြောင်းအရာများကဲ့သို့ "အရှိန်မြှင့်တင်ခြင်းဖြင့်" ချမှတ်သော ဆုံးဖြတ်ချက်များအတွက် များသောအားဖြင့် ဤသို့ဖြစ်လေ့ရှိသည်။
ဘုတ်အဖွဲ့သည် နောက်ဆက်တွဲမေးမြန်းမှု သုံးကြိမ်အပါအဝင် စုစုပေါင်း စာဖြင့်ရေးထားသော မေးခွန်း ၂၆ ခုကို Meta သို့ တရားဝင်ပေးပို့ခဲ့သည်။ ဤကိန်းဂဏန်းများတွင် Meta က အစိုးရတောင်းဆိုချက်များကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဘုတ်အဖွဲ့သို့ လူကိုယ်တိုင် အသေးစိတ်ရှင်းလင်းပေးခဲ့စဉ် ဘုတ်အဖွဲ့က မေးမြန်းခဲ့သည့် မေးခွန်းများ မပါဝင်ပါ။ စာဖြင့်ရေးထားသော မေးခွန်းများမှ နှစ်ဆယ့်သုံးခုကို Meta က အပြည့်အစုံဖြေကြားခဲ့ပြီး တောင်းဆိုချက်သုံးခုကို ဖြေကြားပေးခဲ့ခြင်းမရှိပါ။ Meta သည် "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ၊" လမ်းဘေးရက်ပ်ဂီတပေါ် အလေးထားသည့် တစ်ကမ္ဘာလုံးနှင့် ယူကေရှိ ဥပဒေစိုးမိုးရေးအဖွဲ့များ၏ တောင်းဆိုချက်များဆိုင်ရာ အချက်အလက်များ သို့မဟုတ် လူမှုစံနှုန်းချိုးဖောက်မှုများကြောင့် ဖယ်ရှားခြင်းကို ပေါ်ပေါက်စေသည့် တောင်းဆိုချက်များ၏ တစ်စိတ်တစ်ပိုင်းကို ပံ့ပိုးပေးရန် ငြင်းပယ်ခဲ့သည်။ ထို့အပြင် Meta သည် ဤအမှုတွင် မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ လက်ခံရရှိခဲ့သော အကြောင်းအရာ စိစစ်သုံးသပ်ပေးရန် တောင်းဆိုချက်များ၏ မိတ္တူကို ပံ့ပိုးပေးရန်လည်း ငြင်းပယ်ခဲ့သည်။ သို့သော် မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့သည် တောင်းဆိုချက်၏ အကြောင်းအရာကို လျှို့ဝှက်ထားရှိရမည်ဟူသော သတ်မှတ်ချက်ဖြင့် Meta ထံ ပေးပို့ခဲ့သည့် ပထမဆုံးတောင်းဆိုချက်၏ မိတ္တူကို ဘုတ်အဖွဲ့အား ပံ့ပိုးပေးခဲ့သည်။
၇။ အများမြင် မှတ်ချက်များ
ဤအမှုနှင့် ပတ်သက်သည့် အများမြင် မှတ်ချက် ဆယ်ခုကို ကြီးကြပ်ရေးဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားခဲ့သည်။ မှတ်ချက်တစ်ခုစီကို အောက်ပါဒေသအသီးသီးမှ ပေးပို့ခဲ့ကြသည်- ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ လက်တင်အမေရိကနှင့် ကာရေဘီယံ။ မှတ်ချက်နှစ်ခုကို အာရှအလယ်ပိုင်းနှင့် တောင်ပိုင်းမှ ပေးပို့ခဲ့ပြီး ငါးခုကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ ပေးပို့ခဲ့သည်။ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က မှတ်ချက်တစ်ခု ပေးခဲ့ပြီး ဘုတ်အဖွဲ့သည် ဤအချက်ကို ထုတ်ဖော်ပြောဆိုမည်ဟု ၎င်းနားလည်ခဲ့သော်လည်း မှတ်ချက်ကို ဖြန့်ချိရန် ခွင့်ပြုချက်မပေးခဲ့ပါ။ ပွင့်လင်းမြင်သာမှုရှိစေရန်အလို့ငှာ ဘုတ်အဖွဲ့က မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့အား ထိုဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပေးရန် တောင်းဆိုခဲ့သော်လည်း ၎င်းက ငြင်းဆိုခဲ့သည်။ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ၎င်းသည် နောင်တစ်ချိန်ချိန်တွင် သဘောတူညီချက်ပေးကောင်း ပေးနိုင်ကြောင်း ရိုးတိုးရိပ်တိပ် ပြောခဲ့သည်။ ထိုသို့ဖြစ်ပွားပါက ဘုတ်အဖွဲ့သည် အများမြင်မှတ်ချက်ကို မျှဝေပေးပါလိမ့်မည်။
ပေးပို့မှုများတွင် အောက်ပါအကြောင်းအရာများ ပါဝင်ခဲ့သည်- ဥပဒေစိုးမိုးရေးအဖွဲ့မှ လူမည်းအသိုင်းအဝိုင်းများကို လူမျိုးရေးဘက်လိုက်မှုနှင့် အချိုးမညီမျှစွာ လွန်လွန်ကဲကဲ ပစ်မှတ်ထားခြင်း၊ အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုကို အကဲဖြတ်ရာတွင် လူမှုရေး-ယဉ်ကျေးမှုဆိုင်ရာ ဆက်စပ်အကြောင်းအရာ၏ အရေးပါပုံ၊ လမ်းဘေးရက်ပ်ဂီတနှင့် အကြမ်းဖက်မှုအကြားရှိ ကြောင်းကျိုးဆက်နွှယ်နေသော ဆက်စပ်မှုများနှင့် အစိုးရမှထုတ်ပြန်သော ဖြုတ်ချပေးရန် တောင်းဆိုမှုများကို ကိုင်တွယ်ခြင်း။
ဘုတ်အဖွဲ့သည် မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့အား လူမှုကွန်ရက်နှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း ကုမ္ပဏီများထံ အကြောင်းအရာ စိစစ်သုံးသပ်ပေးရန်နှင့်/သို့မဟုတ် ဖယ်ရှားပေးရန် တောင်းဆိုမှုများပြုလုပ်ခြင်းအတွက် ၎င်း၏ မူဝါဒများနှင့် ကျင့်ထုံးနှင့်ပတ်သက်သော အချက်အလက်များကို ပံ့ပိုးပေးရန် သတင်းအချက်အလက် လွတ်လပ်ခွင့်အက်ဥပဒေ တောင်းဆိုချက် (ရည်ညွှန်းအမှတ်- ၀၁/FOI/၂၂/၀၂၅၉၄၆) တစ်ခုကို တင်သွင်းခဲ့သည်။ ထိုတောင်းဆိုမှုအတွက် ၎င်း၏ တုံ့ပြန်ချက်များသည် ဘုတ်အဖွဲ့၏ ဆန်းစစ်ချက်ကို အောက်ပါအတိုင်း အသိပေးတင်ပြသည်။
ဤအမှုအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာ ကို နှိပ်ပါ။ ဘုတ်အဖွဲ့၏ သတင်းအချက်အလက်လွတ်လပ်ခွင့် တောင်းဆိုချက်အတွက် မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့၏ တုံ့ပြန်ချက်ကို ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
၈။ ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်
ဘုတ်အဖွဲ့အနေဖြင့် ဤအကြောင်းအရာကို ပြန်လည်ထည့်သွင်းသင့်၊ မသင့် အကဲဖြတ်ရန် ရှုထောင့် သုံးခုမှ မေးခွန်းထုတ်ကြည့်ရှုခဲ့သည်- Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများ၊ ကုမ္ပဏီ၏ စံတန်ဖိုးများနှင့် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများ။
၈.၁ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လေးစားလိုက်နာခြင်း
၁။ အကြောင်းအရာ စည်းမျဉ်းများ
ဤအမှုရှိ အကြောင်းအရာကို Meta ၏ ဖယ်ရှားမှုသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းနှင့် မကိုက်ညီခဲ့ကြောင်း ဘုတ်အဖွဲ့မှ တွေ့ရှိသည်။
ခြိမ်းခြောက်မှုများကို အတိုင်းအတာတစ်ခုဖြင့် ရှာဖွေတွေ့ရှိခြင်းနှင့် အကဲဖြတ်ခြင်းသည် အထူးသဖြင့် ၎င်းတို့ကို ဖုံးကွယ်ထားလျှင်နှင့် ဆက်စပ်အကြောင်းအရာကို အကဲဖြတ်ရန် တိကျသော ယဉ်ကျေးမှုဆိုင်ရာ သို့မဟုတ် ဘာသာဗေဒ ကျွမ်းကျင်သူများကို လိုအပ်သည့်အခါ စိန်ခေါ်မှုရှိသည် ("အိန္ဒိယတွင် ပြင်သစ်တို့အပေါ် ဆန့်ကျင်ဆန္ဒပြခြင်း" နှင့် "ကင်ကာတွန်း" အတွက် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များကို ကြည့်ပါ)။ အခြားကြားခံနည်းလမ်းတစ်ခုခုတွင်ကဲ့သို့ အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုတွင် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ပါရှိနိုင်သည်။ အနုပညာတွင် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ခိုင်လုံမှုရှိ၊ မရှိကို အကဲဖြတ်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုသည် အထူးသဖြင့် ကြီးမားသည်။ အနုပညာဖြင့် ဖော်ပြသော အမှာစကားများသည် ၎င်းတို့၏ ရည်ရွယ်ချက်တွင် တမင်တကာ တိမ်မြုပ်နေနိုင်ပြီး ၎င်းကို ဝေဖန်သုံးသပ်၍ အဓိပ္ပါယ်ကောက်ယူနိုင်သည်။ အကြမ်းဖက်မှုကို ရည်ညွှန်းသော ဖော်ပြချက်များကို စာဝှက်ဖြင့်ရေးနိုင်သော်လည်း ဖျော်ဖြေရေး သို့မဟုတ် သရော်သော သဘောသဘာဝလည်း ဖြစ်နိုင်သည်။ ၎င်းတို့သည် လမ်းဘေးရက်ပ်ဂီတကဲ့သို့ အချို့သောအနုပညာပုံစံများကိုပင် လက္ခဏာဆောင်နိုင်သည်။ Meta သည် ဤအမှုကို ဘုတ်အဖွဲ့သို့ လွှဲပြောင်းပေးချိန်တွင် ဤစိန်ခေါ်မှုများကို အသိအမှတ်ပြုခဲ့သည်။
ဗီဒီယိုကလစ်ဖိုင်ထဲရှိ သီချင်းစာသားများတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုအရ ပြောင်ပြောင်တင်းတင်း ပြုလုပ်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခု မပါရှိခဲ့ကြောင်း ဘုတ်အဖွဲ့က Meta နှင့် သဘောတူသည်။
အလားတူမူဝါဒအရ ဗီဒီယို ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတစ်ခု ပါဝင်ခြင်းရှိ၊ မရှိ ဆိုသည်မှာ ပို၍စိန်ခေါ်မှုရှိသော မေးခွန်းဖြစ်သည်။ Meta သည် "ဖြစ်နိုင်ခြေရှိသော ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီး" ရန် ကြိုးပမ်းကြောင်းနှင့် "ဆိုးဝါးပြင်းထန်သော အကြမ်းဖက်မှုကို လှုံ့ဆော်သည့် သို့မဟုတ် ဖြစ်မြောက်စေသည့်"၊ "အမှန်တကယ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု၏ အန္တရာယ်ကို ဖြစ်ပေါ်စေသည့် သို့မဟုတ် အများပြည်သူ အန္တရာယ်ကင်းရှင်းရေးကို တိုက်ရိုက်ခြိမ်းခြောက်သည့်" အသုံးအနှုန်းကို ဖယ်ရှားမည်ဖြစ်ကြောင်း မူဝါဒဆိုင်ရာ သဘောတရားတွင် အကြမ်းဖျင်းဖော်ပြထားသည်။ ခိုင်လုံသော ခြိမ်းခြောက်မှုများနှင့် ခိုင်လုံမှုမရှိသော ခြိမ်းခြောက်မှုများကို ခွဲခြားရာတွင် အလေးပေးဆောင်ရွက်သည်။ အသုံးအနှုန်းနှင့် ထိခိုက်မှုအန္တရာယ်အကြား ကြောင်းကျိုးဆက်နွှယ်နေသော ပတ်သက်မှုကို သက်သေပြရာတွင် ရင်းမြစ်-ဦးစားပေး ဆန်းစစ်လေ့လာမှုတစ်ခုကို လိုအပ်သည်။
ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းအရ အကြောင်းအရာက "ဖုံးကွယ်ထားသော သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုသော" ခြိမ်းခြောက်မှု" နှင့် ညီမျှရန်အတွက် အကြမ်းဖက်သည့် နည်းလမ်း သို့မဟုတ် ထိခိုက်မှုကို ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုရန် မလိုအပ်ပါ။ Meta သည် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတစ်ခု ရှိ၊ မရှိ အကဲဖြတ်ရန် ကုမ္ပဏီတွင်း အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်ဖြစ်သည့် စိစစ်သူများအတွက် ၎င်း၏ အများဆိုင်မဟုတ်သော လမ်းညွှန်ချက်တွင် ဖော်ပြထားသည့် ၎င်း၏ "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ ဆန်းစစ်လေ့လာချက်" ကို အသုံးပြုသည်။ အကြောင်းအရာက ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် အကျုံးဝင်စေမည့် အဓိကနှင့် အဓိကမဟုတ်သော အချက်ပြနှစ်မျိုးလုံးကို ခွဲခြားဖော်ထုတ်ရန် လိုအပ်စေသည်။
ဤအမှုတွင် အဓိကအချက်ပြတစ်ခုရှိကြောင်း ဘုတ်အဖွဲ့က Meta နှင့် သဘောတူသည်။ စာသားတွင် "သမိုင်းကြောင်းဆိုင်ရာ" အကြမ်းဖက်ဖြစ်ရပ်တစ်ခု၏ ရည်ညွှန်းချက်ပါရှိသည်။ ၎င်းသည် ၂၀၁၇ ခုနှစ် လန်ဒန်ရှိ ပြိုင်ဘက် လမ်းသရဲအုပ်စုနှစ်စုအကြား ပစ်ခတ်မှုဖြစ်ကြောင်း နားလည်ရန် နောက်ထပ်ဆက်စပ်အကြောင်းအရာ လိုအပ်သည်။ Meta အတွက် ၎င်း၏ အလုံးစုံကောက်နုတ်ချက်သည် ဤဖြစ်ရပ်များကို ရည်ညွှန်းခဲ့သည်။ အဓိကအချက်ပြတစ်ခုရှိကြောင်း Meta ၏ ကောက်ချက်နှင့် သဘောတူသည့် ဘုတ်အဖွဲ့၏ ကောက်ချက်သည် ဘုတ်အဖွဲ့က ကြိုးပမ်းခဲ့သည့် သီချင်းစာသားများအပေါ် သီးခြားကြားခံပြင်ပ ဆန်းစစ်လေ့လာချက်တစ်ခုအပေါ် အခြေခံသည်။ ဤဆန်းစစ်လေ့လာချက်များသည် Meta ၏ အဓိပ္ပါယ်ကောက်ယူမှုနှင့် သိသိသာသာ ကွဲပြားခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဥပမာအားဖြင့် Meta သည် "mash" ဟူသော ဝေါဟာရကို "ဆေးခြောက်" ဟု ဆိုလိုကြောင်း အဓိပ္ပါယ်ကောက်ယူခဲ့သော်လည်း ဘုတ်အဖွဲ့မှ တိုင်ပင်ဆွေးနွေးခဲ့သည့် ကျွမ်းကျင်သူများသည် ဤဝေါဟာရကို "သေနတ်” ဟု ဆိုလိုကြောင်း အဓိပ္ပါယ်ကောက်ယူခဲ့သည်။ Meta သည် “bun” ဟူသော ဝေါဟာရကို “ဆေးရှိန်တက် ” ဟု ဆိုလိုကြောင်း အဓိပ္ပါယ်ကောက်ယူခဲ့သော်လည်း ဘုတ်အဖွဲ့၏ ကျွမ်းကျင်သူများသည် ၎င်းကို “ပစ်ခတ်” ဟု ဆိုလိုကြောင်း အဓိပ္ပါယ်ကောက်ယူခဲ့သည်။
ဖုံးကွယ်ထားသော သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုထားသော ခြိမ်းခြောက်မှုတစ်ခုကို ခွဲခြားဖော်ထုတ်ခြင်းသည် "ခြိမ်းခြောက်မှုရှိနိုင်ကြောင်း နှင့်/သို့မဟုတ် ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဦးတည်သွားနိုင်" ကြောင်း ရည်ညွှန်းမှုကို ပြသသည့် အဓိကမဟုတ်သော အချက်ပြတစ်ခုကိုလည်း လိုအပ်သည် [ပိုမိုအလေးပေးသည်]။ အချက်ပြမှုသည် ဥပဒေစိုးမိုးရေးကဲ့သို့ ကြားခံပြင်ပအဖွဲ့အစည်းများက မကြာခဏပံ့ပိုးပေးသော၊ အကြောင်းအရာက "ခြိမ်းခြောက်ဖွယ် အလားအလာရှိသည် သို့မဟုတ် ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်ဟု လက်ခံစဉ်းစားကြောင်း" အတည်ပြုသည့် ဒေသတွင်း ဆက်စပ်အကြောင်းအရာပေါ် မူတည်သည် [ပိုမိုအလေးပေးသည်]။ ဤအမှုတွင် ယူကေ မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ဤအတည်ပြုချက်ကို ပံ့ပိုးပေးခဲ့သည်။ Chinx (OS) ၏ ၂၀၁၇ ပစ်ခတ်မှုအပေါ် ရည်ညွှန်းချက်သည် ခြိမ်းခြောက်နိုင်ခြေရှိခဲ့ကြောင်း သို့မဟုတ် ဖြစ်အံ့ဆဲဆဲ အကြမ်းဖက်မှု သို့မဟုတ် ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှုကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိကြောင်း Meta က ဆုံးဖြတ်ခဲ့ပြီး ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် အကျုံးဝင်စေခဲ့သည်။ Meta ၏ ဆက်စပ်အကြောင်းအရာဆိုင်ရာ အကဲဖြတ်မှုတွင် ၂၀၁၇ ပစ်ခတ်မှုနှင့်ဆက်စပ်သော လမ်းသရဲအုပ်စုများအကြား သီးခြားပြိုင်ဆိုင်မှုအပြင် လန်ဒန်ရှိ အုပ်စုအချင်းချင်း အကြမ်းဖက်မှုနှင့် လူသတ်မှုများဆိုင်ရာ ပိုမိုကျယ်ပြန့်သော ဆက်စပ်အကြောင်းအရာလည်း ပါဝင်ခဲ့သည်။
Meta က ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများ၏ သက်ဆိုင်ရာ ဆက်စပ်အကြောင်းအရာနှင့် ခိုင်လုံမှုကို အကဲဖြတ်စိစစ်ရန် ဒေသတွင်း အကြောင်းအရာ ကျွမ်းကျင်သူအပေါ် အားထားခြင်းမှာ သင့်လျော်ပါသည်။ လန်ဒန်တွင် မကြာသေးမီကနှစ်များအတွင်း လူမည်းအသိုင်းအဝိုင်းများပေါ် အချိုးအစားမမျှတသော သက်ရောက်မှုများ ရှိစေသည့် သေနတ်နှင့် ဓါး အသုံးပြု၍ အကြမ်းဖက်မှု အဆင့်များ မြင့်တက်လာခြင်းနှင့် ပတ်သက်ပြီး နားလည်နိုင်လောက်သော စိုးရိမ်ပူပန်မှုရှိကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဥပဒေစိုးမိုးရေးအဖွဲ့သည် ထိုကဲ့သို့ဆက်စပ်အကြောင်းအရာနှင့် ကျွမ်းကျင်သူများကို တစ်ခါတစ်ရံ ပံ့ပိုးပေးနိုင်သည်။ သို့သော် ဥပဒေစိုးမိုးရေးအဖွဲ့က ဖြုတ်ချစေလိုသည့် အကြောင်းအရာ အစိတ်အပိုင်းတိုင်း - နှင့် အကြမ်းဖက်မှုကို အရှိန်မြင့်စေနိုင်သည့် အလားအလာ ရှိသော အကြောင်းအရာအစိတ်အပိုင်းတိုင်းကိုပင် - မဖြုတ်ချသင့်ပါ။ ထို့ကြောင့် Meta အနေဖြင့် ဤတောင်းဆိုချက်များကို ၎င်းဘာသာစိစစ်ပြီး သီးခြားလွတ်လပ်သော ကောက်ချက်တစ်ခု ချမှတ်နိုင်ရန်မှာ အလွန်အရေးကြီးသည်။ ကုမ္ပဏီက ၎င်းတို့ထိုသို့ပြုလုပ်ကြောင်း ပြောသည်။ သီးခြားလွတ်လပ်မှုသည် အလွန်အရေးကြီးပြီး အကဲဖြတ်စိစစ်ရာတွင် အကြောင်းအရာက ထိခိုက်မှုကို မည်သို့ဖြစ်စေနိုင်ကြောင်း တိကျသောသက်သေ လိုအပ်သင့်သည်။ အချက်အလက်များကို ရွေးနုတ်၍ မျှဝေရန် ဥပဒေစိုးမိုးရေးအဖွဲ့အတွက် အလားအလာကို တိုက်ဖျက်ရာတွင် ၎င်းသည် အထူးအရေးကြီးပြီး အခြားသက်ဆိုင်သူများထံမှ တန်ပြန်-အမြင်များကို ရယူရန် ကန့်သတ်ထားသော အခွင့်အလမ်းလည်း ဖြစ်သည်။ လူနည်းစု သို့မဟုတ် ဖယ်ကြဉ်ခံထားရသော အုပ်စုများရှိ ပုဂ္ဂိုလ်များထံမှ အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုအတွက် ၎င်းတို့၏ အကြောင်းအရာအပေါ် ယဉ်ကျေးမှုအရ ဘက်လိုက်နိုင်ခြေ အထူးမြင့်မားသည်။
ဤအမှုတွင် စိစစ်သုံးသပ်နေသော အကြောင်းအရာရှိ သီချင်းစာသားများသည် ခိုင်လုံသော ခြိမ်းခြောက်မှု သို့မဟုတ် ဖြစ်အံ့ဆဲဆဲ ထိခိုက်မှုအန္တရာယ်တစ်ခုနှင့် ညီမျှကြောင်း Meta က လက်တွေ့ပြထားခြင်းမရှိသလို ဘုတ်အဖွဲ့၏ ကိုယ်ပိုင်စိစစ်သုံးသပ်ချက်ကလည်း ထိုကဲ့သို့ တွေ့ရှိချက်တစ်ခုကို သက်သေခံရန် အထောက်အထားကို ဖော်ထုတ်မထားပါ။ လွန်ခဲ့သောငါးနှစ်က ပစ်ခတ်မှုတစ်ခုအပေါ် ရည်ညွှန်းချက်တွင် ယနေ့အတွက် ထိခိုက်မှုအန္တရာယ်တစ်ခုရှိကြောင်း သက်သေထူရန် ရည်ညွှန်းချက်သက်သက်ထက် ကျော်လွန်၍ နောက်ထပ် အတည်ပြုပေးသော သက်သေအထောက်အထားကို လိုအပ်သည်။ တေးသီချင်းသည် အကြမ်းဖက်ပြိုင်ဆိုင်မှုတစ်ခုတွင် ပါဝင်သည့် လမ်းသရဲအဖွဲ့များနှင့် ပတ်သက်နေသော ဖြစ်ရပ်များကို ရည်ညွှန်းသည်ဟူသောအချက်က အဆိုပါပြိုင်ဆိုင်မှုအကြောင်း အနုပညာမြောက် ရည်ညွှန်းချက်တိုင်းမှာ သေချာပေါက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု မဆိုလိုပါ။ အတိတ်ဖြစ်ရပ် သီချင်းစာသားက အကြမ်းဖက်မှု ဖြစ်သွားစေသည်ဟူသော သက်သေကဲ့သို့ ကြောင်းကျိုးဆက်နွှယ်နေသော ပတ်သက်မှုကို ပိုမိုရှင်းလင်းစေသည့် လုံလောက်သော အသေးစိတ်အချက်များ သို့မဟုတ် ၎င်းတို့သည် အန္တရာယ်ဖြစ်စေခဲ့ကြောင်း ယူဆရသည့် ခြိမ်းခြောက်မှု၏ ပစ်မှတ်ထားခံရသူထံမှ အစီရင်ခံတိုင်ကြားမှု မရှိလျှင် ၎င်း၏ ခိုင်လုံမှုကို အကဲဖြတ်စိစစ်သည့်အခါ စွပ်စွဲထားသော ခြိမ်းခြောက်မှု၏ အနုပညာဆိုင်ရာ သဘောသဘာဝကို ပိုမိုအလေးပေးသင့်သည်။ စကားလုံးအကော့အညွတ်သည် ဤဂီတအမျိုးအစားအတွင်း တွေ့နေကျဖြစ်သည်ဟူသော အချက်သည် ဆီလျော်သော ဆက်စပ်အကြောင်းအရာဖြစ်ပြီး ၎င်းသည် တေးသီချင်း၏ ယခင်အကြမ်းဖက်မှုဖြစ်ရပ် ရည်ညွှန်းချက်က ခိုင်လုံသော လက်ရှိခြိမ်းခြောက်မှုဖြစ်နိုင်ခြေ အလားအလာ ရှိစေခဲ့ကြောင်း Meta ၏ ဆန်းစစ်လေ့လာချက်ကို အသိပေးတင်ပြခဲ့သင့်သည်။ အတိတ်ကအမှား၏ သက်သေ သို့မဟုတ် အနာဂတ်ထိခိုက်မှုအန္တရာယ်ကို ဆုံးဖြတ်ရန် သီချင်းစာသားတစ်ကြောင်းချင်း ဆန်းစစ်လေ့လာခြင်းသည် တိကျမှန်ကန်မှုမရှိကြောင်း နာမည်ဆိုးဖြင့် ကျော်ကြားပြီး လမ်းဘေးရက်ပ်ဂီတ သီချင်းစာသားများထဲရှိ အဖြစ်မှန်ဟုဆိုထားသော ရေးသားဖော်ပြချက်များကို အတည်ပြုခြင်းသည် စိန်ခေါ်မှုရှိကြောင်း ကြားခံပြင်ပအဖွဲ့အစည်း ကျွမ်းကျင်သူများက ဘုတ်အဖွဲ့ထံ အကြောင်းကြားခဲ့သည် (ဒစ်ဂျစ်တယ်အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်း၊ PC-၁၀၆၁၈)။ အများမြင် မှတ်ချက်များ (ဥပမာ- အီလက်ထရောနစ် နယ်သစ်ဖောင်ဒေးရှင်း PC-၁၀၉၇၁) သည် ဥပဒေစိုးမိုးရေးအဖွဲ့၏ ဥပဒေနှင့်ညီညွတ်သော လမ်းဘေးရက်ပ်ဂီတအား ထိန်းသိမ်းကြပ်မတ်ခြင်းကို ဝေဖန်ခဲ့ပြီး ၎င်း၏ တင်ပြချက်များတွင် Meta ကိုးကားထားသော သုတေသနကို ကုမ္ပဏီက အသိအမှတ်ပြုထားသည့်အတိုင်း ပြစ်မှုဗေဒပညာရှင်များက အကြီးအကျယ်ဝေဖန်ခဲ့သည်။ ဘုတ်အဖွဲ့၏ အမြင်တွင် ဤဝေဖန်မှုသည်လည်း Meta ၏ ဆန်းစစ်လေ့လာမှုတွင် အကြောင်းခံခဲ့သင့်ပြီး အကြောင်းအရာကို မဖယ်ရှားမီ အကျိုးတရားကို ဖြစ်စေခြင်းနှင့်ဆက်စပ်၍ ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ နှင့်/သို့မဟုတ် နောက်ထပ်အဖွဲ့များထံမှ ထပ်ဆောင်းအချက်အလက်များကို တောင်းဆိုရန် ၎င်းကို စေ့ဆော်ခဲ့သင့်သည်။
ဘုတ်အဖွဲ့သည် ဤအမှုတွင် ကောက်နုတ်ထားသော Chinx (OS) သီချင်းစဆုံးကို ယူကေတွင် ဝင်ရောက်အသုံးပြုနိုင်သော ဂီတလွှင့်ထုတ်မှု ပလက်ဖောင်းများတွင် ရနိုင်သေးကြောင်းနှင့် ၎င်းသည် အကြမ်းဖက်မှုလုပ်ရပ်တစ်ခုခုကို ဖြစ်ပေါ်စေခဲ့သည့် အထောက်အထားကို ဘုတ်အဖွဲ့က မတွေ့ခဲ့ကြောင်း ထပ်မံမှတ်ချက်ပြုသည်။ ဤအမှုတွင် ကနဦးဆုံးဖြတ်ချက်ချချိန်၌ အဆိုပါ ဆက်စပ်အကြောင်းအရာကို Meta အတွက် မရရှိနိုင်ခဲ့သော်လည်း ၎င်းသည် မည်သို့ပင်ဖြစ်စေ ဘုတ်အဖွဲ့၏ သီးခြားလွတ်လပ်သော အကြောင်းအရာ စိစစ်သုံးသပ်ချက်နှင့် သက်ဆိုင်သည်။
Meta ပြုလုပ်ရမည့် ဤအကြောင်းအရာ ဆုံးဖြတ်ချက်မျိုး၏ နက်နဲသော ဆက်စပ်အကြောင်းအရာအရ သဘောသဘာဝနှင့် ဆိုးဝါးပြင်းထန်သော ထိခိုက်မှုအန္တရာယ်များ ရှိနိုင်ချိန်တွင် ဆက်စပ်သော အချိန်နှင့်အမျှဖိအားကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ဤအမှုတွင်ကဲ့သို့ ကျိုးကြောင်းဆီလျော်သော လူများသည် သတ်မှတ်အကြောင်းအရာ အစိတ်အပိုင်းတစ်ခုက ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုဖြစ်၊ မဖြစ် သဘောကွဲလွဲနိုင်သည်။ သို့သော်လည်း အစိုးရတောင်းဆိုမှုများမှ ဖြစ်ပေါ်လာသည့် အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်များတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းသည် အမှုတစ်ခုစီရှိ Meta ၏ အမှားက ကျိုးကြောင်းသင့်သော ကွဲလွဲမှုကို ထင်ဟပ်စေခြင်း သို့မဟုတ် နောက်ထပ်အချက်အလက်နှင့် ထပ်မံစုံစမ်းစစ်ဆေးမှုကို လိုအပ်စေသည့် အလားအလာရှိသော စနစ်ဆိုင်ရာ ဘက်လိုက်မှုကို ညွှန်ပြခြင်း ရှိ၊ မရှိ အကဲဖြတ်ရန် ခက်ခဲစေသည်။ Meta က ၎င်း၏ "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများရှိ၊ မရှိ ဆန်းစစ်လေ့လာချက်" သည် သီးခြားလွတ်လပ်မှုရှိကြောင်း အခိုင်အမာပြောဆို — ပြီး ထိုသို့ဖြစ်သင့်ကြောင်းကိုလည်း ဘုတ်အဖွဲ့က သဘောတူသည် — သို့သော် ဤဆက်စပ်အကြောင်းအရာတွင် Meta ၏ ပြောစကားမျှဖြင့် မလုံလောက်ပါ။ အကြောင်းအရာကို မည်သို့တွေ့ရှိသည်ဖြစ်စေ အခြားအကြောင်းအရာ အစိတ်အပိုင်းမှန်သမျှတွင် ပြုလုပ်သည့် နည်းလမ်းအတိုင်းပင် လူမှုစံနှုန်းများကို ချိုးဖောက်ခြင်းရှိ၊ မရှိ အကြောင်းအရာကို အကဲဖြတ်စိစစ်ကြောင်း Meta က ဆိုသည်။ "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများရှိ၊ မရှိ ဆန်းစစ်လေ့လာချက်" သည် ဥပဒေစိုးမိုးရေးအဖွဲ့အား အကြောင်းအရာ တိုင်ကြားခြင်း (ဆိုလိုသည်မှာ အဓိကအချက်ပြတစ်ခုကို မှားနေကြောင်း အမှတ်အသားပြုခြင်း) နှင့် ထိခိုက်မှုဖြစ်နိုင်ခြေကို အကဲဖြတ်ရန် Meta လိုအပ်သော ဆက်စပ်အကြောင်းအရာဆိုင်ရာ အချက်အလက်အားလုံးကို ပံ့ပိုးပေးခြင်း (ဆိုလိုသည်မှာ- အဓိကမဟုတ်သော အချက်ပြအတွက် လိုအပ်သော ဒေသတွင်းဗဟုသုတကို ပံ့ပိုးပေးခြင်း) နှစ်မျိုးလုံးကို လုပ်ဆောင်စေသည်။ ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ တိုင်ကြားစာများကို အမြန်အကဲဖြတ်ကြောင်း သေချာစေသည့် ဦးစားပေးသတ်မှတ်ခြင်း မူဘောင်တစ်ခုကို လက်ခံကျင့်သုံးရန် အကြောင်းပြချက်ကောင်းများ ရှိနိုင်သော်လည်း တောင်းဆိုသည့် အဖွဲ့အစည်း သို့မဟုတ် လိုအပ်ပါက အခြားအဖွဲ့အစည်းများမှ နောက်ထပ်ဖြည့်သွင်းချက်များကို ရယူခြင်းအပါအဝင် သီးခြားလွတ်လပ်သော အကဲဖြတ်မှုကို လုပ်နိုင်စေရေးအတွက် ထိုကဲ့သို့ တိုင်ကြားစာများတွင် လုံလောက်သော အချက်အလက်များရှိကြောင်း သေချာအောင် ထိုလုပ်ငန်းစဉ်ကို ဒီဇိုင်းဆွဲရန် လိုအပ်သည်။
ဘုတ်အဖွဲ့သည် ဤဆုံးဖြတ်ချက်ကို ၎င်း၏ “ကင်ကာတွန်း” ဆုံးဖြတ်ချက်နှင့် ခွဲခြားပြသည်။ ထိုအမှုတွင် "ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု" စည်းမျဉ်းကို သတ်မှတ်ပြဋ္ဌာန်းရန် ကာတွန်းထဲရှိ နောက်ထပ် ဆက်စပ်အကြောင်းအရာ၌ ယခင်အကြမ်းဖက်ဖြစ်ရပ်တွင် ပစ်မှတ်ထားခံရသော အုပ်စုအပေါ် အမုန်းစကားပါရှိခဲ့သည်။ ဘုတ်အဖွဲ့သည် အမုန်းစကား လူမှုစံနှုန်းပေါ်အခြေခံ၍ ဖယ်ရှားခြင်းကို အဓိကအားဖြင့် သင့်လျော်ကြောင်း ရှင်းပြခဲ့သည်။ အကြောင်းအရာသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု လူမှုစံနှုန်းကို နောက်ထပ်ချိုးဖောက်ခဲ့ကြောင်း ဘုတ်အဖွဲ့၏ တွေ့ရှိချက်သည် ပို့စ်တွင် ရည်ညွှန်းထားသော သမိုင်းကြောင်းဖြစ်ရပ် (စစ်ဆင်ရေးမုန်တိုင်း) ကို နားလည်ရန် ဆက်စပ်အကြောင်းအရာအရ ဗဟုသုတပေါ် အမှီပြုခဲ့သည်။ ဤဆက်စပ်အကြောင်းအရာအရ ဗဟုသုတကို ခရိုအေးရှား ဘာသာစကားပြောသူများနှင့် ဆာ့ဘ်လူမျိုးစု နှစ်မျိုးလုံးက ဒေသအတွင်း အသိများကြသည်။ တိုင်ကြားစာတစ်ခုမှ မရရှိခဲ့သော ဤအမှုရှိ နှိုင်းယှဉ်ပါက ထိုအမှုရှိ အကြောင်းအရာတွင် အလွန်အမင်းများပြားသည့် တိုင်ကြားစာ အရေအတွက် (၄၀၀ ခန့်) ကို ရရှိခဲ့ကြောင်း အထောက်အထားပြစေခဲ့သည်။ လူမျိုးစုအုပ်စုတစ်ခုအပေါ် အမုန်းတရားလှုံ့ဆော်ခြင်းမှာ သာမန်စောင့်ကြည့် လေ့လာသူတစ်ဦးအတွက် ချက်ချင်းသိသာစေခဲ့သည်။ အကြောင်းအရာအတွင်းရှိ ရည်ညွှန်းချက်အများစုကို နားလည်ခြင်းသည် တိကျသော ဆက်စပ်အကြောင်းအရာအရ ဗဟုသုတပေါ်တွင် အမှီပြုခဲ့သော်လည်း အဆိုပါဗဟုသုတကို ကြားခံပြင်ပအဖွဲ့များအပေါ် အားမကိုးဘဲ သိရှိနားလည်နိုင်ခဲ့သည်။
၂။ စည်းကမ်းထိန်းသိမ်းမှု အရေးယူဆောင်ရွက်ချက်နှင့် ပွင့်လင်းမြင်သာမှု
ဤအမှုတွင် ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ တောင်းဆိုချက်တစ်ခုသည် ပုံစံတူ အကြောင်းအရာ အစိတ်အပိုင်းများအား ကိုယ်တိုင်ဖယ်ရှားမှု ၅၂ ခုနှင့် အလိုအလျောက်ဖယ်ရှားမှု ၁၁၂ ခုကို ဖြစ်ပေါ်စေခဲ့သည် (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်ကြား)။ မြို့နယ် နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံမှ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် Meta က လုပ်ဆောင်ခဲ့သည့် အရေးယူဆောင်ရွက်ချက်များသည် ဤအမှုရှိ Instagram အကောင့်၏ ပိုင်ရှင်ကိုသာမက Chinx (OS) နှင့် အခြားသူများစွာကိုလည်း ထိခိုက်စေခဲ့ကြောင်း အသိအမှတ်ပြုရန် အရေးကြီးသည် (ဤသည်ကိုလည်း ကြည့်ပါ- "ကိုလံဘီယာ ရဲတပ်ဖွဲ့ပုံ ကာတွန်း" အမှု)။
ဤဖယ်ရှားမှုများ၏ အတိုင်းအတာသည် Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့၏ ပတ်သက်မှုတွင် ကြိုတင်ဆန်းစစ်ခြင်းနှင့် ပွင့်လင်းမြင်သာမှု၏ အရေးပါပုံနှင့် ထိုပတ်သက်မှုနှင့်အညီ လုပ်ဆောင်သော အရေးယူဆောင်ရွက်ချက်များ၏ အကျိုးဆက်များကို မီးမောင်းထိုးပြသည် (ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များဖြစ်သည့် “အိုကလန်ကို သီးခြားခွဲထားမှု” နှင့် “မျှဝေထားသော Al Jazeera ပို့စ်” ကို လည်း ကြည့်ပါ)။ ဤစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စာရင်းစစ်ခြင်းအပါအဝင် အနိုင်ကျင့်စော်ကားမှုကို တားဆီးကာကွယ်သည့် ရှင်းလင်းပြီး တစ်သမတ်တည်းဖြစ်သော လုပ်ငန်းစဉ်တစ်ခု၊ အသုံးပြုသူများအား ၎င်းတို့အပေါ် ပြုလုပ်သည့် အရေးယူဆောင်ချက်တွင် အစိုးရပါဝင်ပတ်သက်မှုရှိကြောင်း လုံလောက်သော အသိပေးချက်နှင့် ဤတုံ့ပြန်ဆက်သွယ်မှုများကို အများပြည်သူထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ဤကဏ္ဍသုံးခုသည် အပြန်အလှန်ဆက်နွှယ်နေပြီး အားလုံးကို ကိုင်တွယ်ဖြေရှင်းရမည်။
က။ အများပြည်သူထံ ပွင့်လင်းမြင်သာမှုရှိခြင်း
Meta သည် ဒေသဆိုင်ရာဥပဒေပေါ်အခြေခံ၍ အကြောင်းအရာကို ဖယ်ရှားရန် အစိုးရတောင်းဆိုချက်များနှင့် ပတ်သက်၍ ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် အစီရင်ခံစာများ ဖြန့်ချိသည်။ အသုံးပြုသူ အချက်အလက်များကို အစိုးရ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍လည်း သီးခြားအစီရင်ခံစာများ ဖြန့်ချိသည်။ လူမှုစံနှုန်းများ ချိုးဖောက်ခြင်းအပေါ် စည်းကမ်းထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ သီးခြားအစီရင်ခံခြင်း ရှိပါသည်။ သို့သော် ဤအစီရင်ခံစာများတွင် အစိုးရ၏ စိစစ်သုံးသပ်ပေးရန် တောင်းဆိုချက်ကို ရရှိပြီးနောက် အကြောင်းအရာ မူဝါဒများ ကို ချိုးဖောက်ခြင်းကြောင့် ဖယ်ရှားခံခဲ့ရသော အကြောင်းအရာဆိုင်ရာ အချက်အလက်များကို ခွဲခြားဖော်ပြခြင်းမရှိပါ။ အစိုးရ၏ ဖယ်ရှားပေးရန် တောင်းဆိုချက်များဆိုင်ရာ လက်ရှိပွင့်လင်းမြင်သာမှု အချက်အလက်သည် အကြောင်းအရာ ဖယ်ရှားမှုများနှင့် ပတ်သက်၍ Meta နှင့် ဥပဒေစိုးမိုးရေးအဖွဲ့အကြား တုံ့ပြန်ဆက်သွယ်မှုများ၏ အတိုင်းအတာအပြည့်အဝကို ကိုယ်စားပြုမှုနည်းပါးနေသေးသည်။ Meta ဆောင်ရွက်သည့် အရေးယူမှုများ (ဒေသဆိုင်ရာဥပဒေကို ချိုးဖောက်မှုကြောင့် ဖယ်ရှားခြင်း) အပေါ် အာရုံစိုက်ခြင်းဖြင့် အစိုးရတောင်းဆိုချက်များဆိုင်ရာ အစီရင်ခံစာတွင် အကြောင်းအရာ မူဝါဒများကို ချိုးဖောက်ခြင်းကြောင့် ဖယ်ရှားခံခဲ့ရသည့် ဥပဒေစိုးမိုးရေးအဖွဲ့ထံမှ ရရှိထားသော တိုင်ကြားမှုအားလုံး မပါဝင်ပါ။ ဒေသဆိုင်ရာ ဥပဒေနှင့် အကြောင်းအရာ မူဝါဒများကို ချိုးဖောက်ကြောင်း ဥပဒေစိုးမိုးရေးအဖွဲ့မှ တိုင်ကြားထားသော အကြောင်းအရာသည်လည်း မပါဝင်ပါ။ ထို့အတွက်ကြောင့် ဘုတ်အဖွဲ့က ဤအမှုရှိ ပြဿနာများကို ပိုမိုပြည့်စုံစွာ နားလည်ရန်အတွက် သတင်းအချက်အလက် လွတ်လပ်ခွင့် တောင်းဆိုချက်ကို မြို့တော်နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့ထံ ပေးပို့ခဲ့သည်။
အစိုးရများသည် ထုတ်ကုန်တွင်း အစီရင်ခံကိရိယာများကိုလည်း အသုံးပြုနိုင်ပြီး (ထိုကဲ့သို့ အသုံးပြု) သောကြောင့် အကြောင်းအရာဆိုင်ရာ မူဝါဒများပေါ်အခြေခံ၍ အစိုးရ၏ ဖယ်ရှားပေးရန် တောင်းဆိုချက်များတွင် ပွင့်လင်းမြင်သာမှုမှာ ကန့်သတ်ထားသော အသုံးပြုမှုဖြစ်ကြောင်း Meta က အခိုင်အမာဆိုခဲ့သည်။ ဤကိရိယာများသည် အစိုးရတောင်းဆိုချက်များနှင့် အခြားအသုံးပြုသူများက ပြုလုပ်သော တောင်းဆိုချက်များအကြား ခွဲခြားထားခြင်းမရှိပါ။
ဘုတ်အဖွဲ့က မြင်တွေ့ထားသော စာအဆက်အသွယ်နှင့် အချို့သော မူဝါဒများသည် ၎င်းတို့ကိုကျင့်သုံးရန်အတွက် ဥပဒေစိုးမိုးရေးအဖွဲ့ကဲ့သို့ ကြားခံပြင်ပအဖွဲ့အစည်းများနှင့် တုံ့ပြန်ဆက်သွယ်မှုအပေါ် အမှီပြုပုံတို့ဖြင့် အထောက်အထားပြလျက် ဤအမှုသည် ဥပဒေစိုးမိုးရေးက Meta ၏ ကုမ္ပဏီတွင်း စည်းကမ်းထိန်းသိမ်းမှုအဖွဲ့များထံ ဆက်သွယ်နိုင်သည့် အထူးအခွင့်အရေးအဆင့်ကို ဖော်ပြသည်။ ဤအမှုတွင်ကဲ့သို့ ဤပတ်သက်မှုက အရှိန်မြှင့်တင်ခြင်းသီးသန့် မူဝါဒများအတွက် သက်ရောက်ပုံနည်းလမ်းသည် အသေးစိတ်ကျသော အထောက်အထား ကင်းမဲ့သည့် အစိုးရကိုယ်စားလှယ်များ၏ ကောက်ချက်ချမှုများကို Meta ၏ သီးခြားလွတ်လပ်စွာ အကဲဖြတ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်စေသည်။
ဤအကြောင်းအရာကို ကိုင်တွယ်ဖြေရှင်းရန် ဘုတ်အဖွဲ့၏ ပထမဆုံးဖြတ်ချက်များ ချမှတ်ချိန်ကတည်းက Meta သည် ပွင့်လင်းမြင်သာမှု အစီရင်ခံစာနှင့်ပတ်သက်၍ တိုးတက်လာခဲ့ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ၎င်းတွင် အစိုးရတောင်းဆိုမှုများ ရရှိပြီးနောက် လူမှုစံနှုန်းများအရ ဖယ်ရှားထားသော အကြောင်းအရာကို တိုင်းတာရာတွင် နယ်ပယ်အတိအကျ ခွဲခြားဖော်ထုတ်မှု ပြုလုပ်ခြင်းနှင့် အစိုးရ၏ ဖယ်ရှားပေးရန် တောင်းဆိုချက်များနှင့်ပတ်သက်၍ အင်တာနက်နှင့် လူမှုအဖွဲ့အစည်း သုတေသနစီမံကိန်းအတွက် Berkman Klein Center တစ်ခုဖြစ်သည့် Lumen ကို ပံ့ပိုးကူညီခြင်း ပါဝင်သည်။ ဤနယ်ပယ်တွင် နောက်ထပ်ပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းမှုများသည် အစိုးရများနှင့် လူမှုကွန်ရက် ကုမ္ပဏီများအကြား တုံ့ပြန်ဆက်သွယ်မှုများ၏ ဂယက်ရိုက်ခက်မှုများနှင့်ပတ်သက်၍ အများပြည်သူဆွေးနွေးမှုအတွက် အလွန့်အလွန် တန်ဖိုးရှိစေပါမည်။
ခ။ ဥပဒေစိုးမိုးရေးအဖွဲ့ တောင်းဆိုချက်များအတွက် လက်ခံခြင်းလုပ်ငန်းစဉ်
Meta သည် ဒေသဆိုင်ရာဥပဒေ ချိုးဖောက်မှုများပေါ်အခြေခံ၍ ဖြုတ်ချပေးရန် အစိုးရ တောင်းဆိုချက်များကို ၎င်းတုံ့ပြန်ပုံအကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောထားသော်လည်း Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒများအပေါ် ချိုးဖောက်မှုများကို စိစစ်သုံးသပ်ပေးရန် အစိုးရမှ တောင်းဆိုနိုင်သည့် ချန်နယ်များမှာ လျှို့ဝှက်နေဆဲဖြစ်ပါသည်။
ဤတောင်းဆိုချက်များကို ဒေသဆိုင်ရာဥပဒေပေါ် အခြေမခံဘဲ ၎င်း၏ ထုတ်ကုန်တွင်း အစီရင်ခံကိရိယာများ (ဆိုလိုသည်မှာ အကြောင်းအရာကို မှားနေကြောင်း အမှတ်အသားပြုခြင်း သို့မဟုတ် တိုင်ကြားခြင်းအတွက် ပုံမှန်အသုံးပြုသူအားလုံး ဝင်ရောက်သုံးစွဲခွင့်ရှိသော လုပ်ဆောင်ချက်များ) ၏ ပြင်ပတွင် ပြုလုပ်သည့်အခါ ဥပဒေစိုးမိုးရေးအဖွဲ့၏ တောင်းဆိုချက်များကို ထိန်းချုပ်သော Meta ၏ စနစ်တွင် သိသာသော အားနည်းချက်များရှိနေကြောင်း ဤအမှုက ထင်ရှားစေသည်။ "မျှဝေထားသော Al Jazeera ပို့စ်" ဆုံးဖြတ်ချက်တွင် အကြောင်းအရာ ဖယ်ရှားပေးရန် အစိုးရ၏ တောင်းဆိုချက်အားလုံးကို မည်သို့ လက်ခံ၍ တုံ့ပြန်ကြောင်း ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ရန် ဘုတ်အဖွဲ့က Meta အား အကြံပြုထားသည်။ ဥပဒေစိုးမိုးရေးဌာနများသည် ဆက်သွယ်ရေးချန်နယ်အမျိုးမျိုးဖြင့်၊ တောင်းဆိုချက်များကို စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် ဗဟိုချုပ်ကိုင်မှုပြုလုပ်ပြီး ၎င်းတို့နှင့်ပတ်သက်သော အချက်အလက်များကို စုဆောင်းခြင်းဖြင့် တောင်းဆိုချက်များကို စိန်ခေါ်မှုရှိစေသည်။ Meta က လက်ခံဖောင်ကို ဖြည့်သွင်းသည့် လက်ရှိလက်ခံခြင်းစနစ်သည် အဝင်တောင်းဆိုချက်များကို ဦးစားပေးခြင်းအပေါ်တွင်သာ အလေးပေးသည်။ ဤစနစ်၏ သက်ရောက်မှုများကို သင့်လျော်စွာ စောင့်ကြည့်ပြီး စစ်ဆေးနိုင်စေရန် ကြားခံပြင်ပ တောင်းဆိုချက်များသည် အနိမ့်ဆုံးစံနှုန်းများနှင့် ကိုက်ညီပြီး တိကျသော အချက်အလက်စုဆောင်းမှုကို ခွင့်မပြုကြောင်း စနစ်က လုံလောက်စွာ အာမခံခြင်းမရှိပါ။ အချို့တောင်းဆိုချက်များသည် Meta ၏ လူမှုစံနှုန်းများပေါ် ချိုးဖောက်မှုများကို ရည်ညွှန်းနိုင်ပြီး အခြားအရာများမှာ နိုင်ငံတော်ဥပဒေများကို ချိုးဖောက်မှုများနှင့် ၎င်းအား ဥပဒေမဲ့လုပ်ဆောင်မှု သို့မဟုတ် ပလက်ဖောင်းမူဝါဒများကို ချိုးဖောက်ခြင်းဟု စွပ်စွဲခြင်းများနှင့် မချိတ်ဆက်ဘဲ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များအကြောင်း ယေဘုယျဖော်ပြထားသည့် စိုးရိမ်ပူပန်မှုများကို ရည်ညွှန်းနိုင်သည်။ ဥပဒေစိုးမိုးရေးအဖွဲ့အား ၎င်းတို့၏ တောင်းဆိုချက်များကို အပြည့်အဝ ဆက်စပ်၍ မှန်ကန်ကြောင်း ပြရန် အနိမ့်ဆုံးသတ်မှတ်စံနှုန်းနှင့် ကိုက်ညီရမည်ဟု မတောင်းဆိုသောကြောင့် Meta နှင့် စနစ်မကျ၍ တစ်သမတ်တည်းမရှိသော ကြုံရာကျပန်း တုံ့ပြန်ဆက်သွယ်မှုများကို ဖြစ်ပေါ်စေသည်။ အနိမ့်ဆုံး သတ်မှတ်စံနှုန်းတွင် ဥပမာအားဖြင့် ချိုးဖောက်ထားသည်ဟု ဥပဒေစိုးမိုးရေးအဖွဲ့က ယူဆသည့် Meta မူဝါဒ၏ ညွှန်ပြချက်၊ ၎င်းကို ချိုးဖောက်ထားသည့် အကြောင်းရင်းနှင့် ထိုကောက်ချက်ချမှုအတွက် လုံလောက်စွာအသေးစိတ်ကျသော အထောက်အထားအခြေခံတို့ ပါဝင်နိုင်သည်။
ဂ။ အသုံးပြုသူများထံ အသိပေးချက်
၎င်း၏ Q2 ၂၀၂၂ ခုနှစ် ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ သုံးလပတ်အပ်ဒိတ် တွင် Meta က အစိုးရအဖွဲ့အစည်းတစ်ခု၏ တိုင်ကြားမှုအပြီးတွင် လူမှုစံနှုန်းများကို ချိုးဖောက်ခြင်းကြောင့် အကြောင်းအရာကို ဖယ်ရှားခဲ့ချိန်အား အတိအကျ ညွှန်ပြခြင်းဖြင့် အသုံးပြုသူများထံ အသိပေးချက်များကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောခဲ့သည် (“အိုကလန်ကို သီးခြားခွဲထားခြင်း” အမှုဆုံးဖြတ်ချက်ရှိ ဘုတ်အဖွဲ့၏ အကြံပြုချက်ကို အကောင်အထည်ဖော်ခြင်း)။ ဤအမှုတွင် အဆိုပါပြောင်းလဲမှုများကို စတင်လိုက်လျှင် နောက်ထပ်အကြောင်းအရာ ဖယ်ရှားမှု ၁၆၄ ကြိမ်ကို ကြုံတွေ့ခဲ့ရသော အသုံးပြုသူအားလုံးသည် ဤအသိပေးချက်မျိုးကို လက်ခံရရှိခဲ့သင့်သည်။ အစိုးရတောင်းဆိုချက်များမှ ပို၍ အသေးစိတ်ကျသော အချက်အလက်ကို စုဆောင်းရန် လိုအပ်သော အခြေခံအဆောက်အအုံကို ၎င်းသတ်မှတ်ပြီးမှသာ ပိုမိုအသေးစိတ်ကျသော အသုံးပြုသူအသိပေးချက်များကို ဒီဇိုင်းဆွဲပြီး ပေးပို့ခြင်းကို စမ်းသပ်နိုင်မည်ဖြစ်ကြောင်း Meta က အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ဤအလုပ်သည် အစိုးရတောင်းဆိုချက်များနှင့် ပတ်သက်သော နောက်ထပ်အချက်အလက်များကို မှတ်တမ်းတင်ခြင်းနှင့် ပံ့ပိုးပေးခြင်းအပေါ် မူတည်ပြီး ထို့နောက်တွင် ၎င်းကို Meta ၏ အများမြင် ပွင့်လင်းမြင်သာမှု အစီရင်ခံစာတွင် ဖြန့်ချိနိုင်ကြောင်း ဘုတ်အဖွဲ့က Meta နှင့် သဘောတူသည်။
၈.၂ Meta ၏ စံတန်ဖိုးများအား လေးစားလိုက်နာခြင်း
အကြောင်းအရာကို ဖယ်ရှားခြင်းသည် Meta ၏ တန်ဖိုးများနှင့် မကိုက်ညီခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ အနုပညာလက်ရာထဲရှိ ဖုံးကွယ်ထားနိုင်ခြေရှိသော ခြိမ်းခြောက်မှုများစွာကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ "သဘောထားထုတ်ဖော်ခွင့်" နှင့် "အန္တရာယ်ကင်းရှင်းရေး" တန်ဖိုးများကို တစ်ကမ္ဘာလုံး အတိုင်းအတာအထိ အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီအောင်ထားရာတွင် Meta ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို ဤအမှုတွင် လက်တွေ့ပြသည်။ သို့သော် "သဘောထားထုတ်ဖော်ခွင့်" သည် ၎င်း၏ ပဓာနတန်ဖိုးဖြစ်ကြောင်း Meta က အခိုင်အမာဆိုသည်။ ၎င်း၏ “ဝမ်ပန်ခါးပတ်” ဆုံးဖြတ်ချက်တွင် ဘုတ်အဖွဲ့က ဆိုထားသည့်အတိုင်း အနုပညာသည် မိမိတို့၏ အတွေ့အကြုံများဖြင့် အသိပေးတင်ပြသည့် အနုပညာကို ဖန်တီးသော ဖယ်ကြဉ်ခံထားရသည့် အုပ်စုများမှ လူများအတွက် အထူးသဖြင့် အရေးကြီးပြီး "သဘောထားထုတ်ဖော်ခွင့်" ၏ အစွမ်းထက်သော ဖော်ပြချက်တစ်ခုဖြစ်သည်။ ဤအကြောင်းအရာသည် "သဘောထားထုတ်ဖော်ခွင့်" နေရာကို အစားဝင်ရန် လျော်ကန်စေခဲ့သည့် "အန္တရာယ်ကင်းရှင်းရေး" ပေါ် ထိခိုက်မှုဖြစ်စေခဲ့ကြောင်း ကောက်ချက်ချရန် လုံလောက်သော အချက်အလက်များ Meta တွင် မရှိခဲ့ပါ။
အကြောင်းအရာက ခိုင်ခိုင်လုံလုံ ထိခိုက်နိုင်ခြေရှိ၊ မရှိနှင့်စပ်လျဉ်းသည့် သံသယများကြောင့် Meta က ၎င်းသည် "သဘောထားထုတ်ဖော်ခွင့်" ထက် "အန္တရာယ်ကင်းရှင်းရေး" ဘက်ကို ပိုအလေးပေးကြောင်း ဖော်ပြမည်ကို ဘုတ်အဖွဲ့က စိုးရိမ်သည်။ ဤအမှုတွင်ကဲ့သို့ အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှု၏ တစ်စိတ်တစ်ပိုင်းနှင့်ပတ်သက်၍ ဥပဒေစိုးမိုးရေးအဖွဲ့က ပံ့ပိုးထားသော အချက်အလက်များတွင် တိကျမှုမရှိခြင်းကြောင့် သံသယများပေါ်ပေါက်လာလျှင် ထိုကဲ့သို့ ချဉ်းကပ်နည်းသည် Meta ၏ ကိုယ်တိုင်ဖော်ပြထားသော စံတန်ဖိုးများနှင့် တစ်သမတ်တည်းမဖြစ်ပါ။ လူများအကြမ်းဖက်မခံရစေရန် ဘေးကင်းအောင်ထားခြင်း၏ အရေးပါမှုနှင့် ၎င်းသည် ထိုကဲ့သို့အကြမ်းဖက်မှုကြောင့် အချိုးမမျှတစွာထိခိုက်ခံရသော လူမှုအဖွဲ့အစည်းများတွက် အထူးအရေးကြီးကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ စွပ်စွဲထားသော ခြိမ်းခြောက်မှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များအား ထပ်ဆောင်းဆင်ခြင်သုံးသပ်မှုဆိုင်ရာ အကျိုးသက်ရောက်မှု မရှိစေဘဲ အမြန်ချမှတ်ရမည်ကိုလည်း ဘုတ်အဖွဲ့က သတိပြုသည်။ သို့သော် "သဘောထားထုတ်ဖော်ခွင့်"ကို ဆန့်ကျင်သည့် ယူဆချက်တွင် ဖယ်ကြဉ်ခံထားရသောလူများ၏ သဘောထားများအပေါ် အချိုးကျမမျှတစေသော သက်ရောက်မှုတစ်ခုရှိနိုင်သည်။ လက်တွေ့အားဖြင့် ၎င်းသည် အခြားရင်းမြစ်များမှတစ်ဆင့် အတည်ပြုရန် ခက်ခဲသော ဗဟုသုတကို ရယူသိရှိနိုင်သည့် ဥပဒေစိုးမိုးရေးအဖွဲ့၏ အခွင့်အာဏာနှင့် အသုံးချနိုင်စွမ်းကိုလည်း သိသိသာသာတိုးမြှင့်နိုင်သည်။
၈.၃ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်း
Meta သည် ဤပို့စ်ကို ဖယ်ရှားရန် ဆုံးဖြတ်ရာတွင် လုပ်ငန်းတစ်ခုအဖြစ် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများနှင့် မကိုက်ညီခဲ့ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လူအားလုံးအား ခွဲခြားဆက်ဆံခြင်းမရှိဘဲ အာမခံထားသည် (အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၂၊ ICCPR၊ အပိုဒ် ၂၊ ပိုဒ်ခွဲ ၁၊ ICCPR)။ ဤအမှုသည် တိုင်းရင်းသား လူနည်းစုများတွင် ပါဝင်သူများအနေဖြင့် ၎င်းတို့၏ အခြားလူမျိုးစုဝင်များနှင့်အတူ လူမှုအဖွဲ့အစည်းတွင်၊ ၎င်းတို့၏ကိုယ်ပိုင် ယဉ်ကျေးမှုအတိုင်း နေထိုင်မွေ့လျော်ရန် အခွင့်အရေးများ (ပုဒ်မ ၂၇၊ ICCPR) နှင့် ယဉ်ကျေးမှုဘဝတွင် ပါဝင်ခွင့်နှင့် (အပိုဒ် ၁၅၊ ICESCR) နှင့် ထပ်မံပတ်သက်သည်။ ကုစားဖြေရှင်းခွင့် ရရှိရေးသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည် (အပိုဒ် ၂၊ ပိုဒ်ခွဲ ၃၊ ICCPR၊ အထွေထွေမှတ်ချက် အမှတ် ၃၁) နှင့် ကုစားမှုသည် UNGP များ၏ တတိယမဏ္ဍိုင်နှင့် Meta ၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒတွင် အလေးပေးနယ်ပယ်တစ်ခုဖြစ်သည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (အပိုဒ် ၁၉ ICCPR၊ အပိုဒ် ၅ ICERD)
ICCPR ၏ အပိုဒ် ၁၉ တွင် "အနုပညာပုံစံဖြင့်" ထုတ်ဖော်ပြောဆိုမှုအား ကာကွယ်ခြင်းကို တိကျစွာရည်ညွှန်းထားသည်။ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများသည် အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှု၏ အရေးပါမှုကို အားပေးသည် ( အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၁၁၊ Shin v. ကိုရီးယားသမ္မတနိုင်ငံ၊ လူ့အခွင့်အရေး ကော်မတီ၊ ဆက်သွယ်ရေးအမှတ် ၉၂၆/၂၀၀၀)။ လူမျိုးရေး ခွဲခြားဆက်ဆံမှုပုံစံအားလုံး ပပျောက်စေရေး အပြည်ပြည်ဆိုင်ရာ ပဋိညာဉ်စာချုပ် (ICERD) သည် လူမျိုးပေါ်အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးမှုကို ကာကွယ်ပေးထားသည် (အပိုဒ် ၅)။ လူမျိုးရေး ခွဲခြားဆက်ဆံမှုပပျောက်စေရေး ကော်မတီသည် “လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းများအကြား လုပ်ပိုင်ခွင့်မျှတမှုရှိအောင် ချိန်ညှိရာတွင် အားနည်းသည့် အုပ်စုများ” အား ကူညီရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါပုံနှင့် ဆွေးနွေးမှုများတွင် "သမားရိုးကျမဟုတ်သော ထင်မြင်ချက်များနှင့် ဆန့်ကျင်ဘက်အမြင်များ" ကို တင်ပြရန် အလေးထားခဲ့သည် (CERD ကော်မတီ၊ အထွေထွေ အကြုံပြုချက် ၃၅၊ ပိုဒ်ခွဲ ၂၉)။ လမ်းဘေးရက်ပ်ဂီတသည် လူငယ်များနှင့် အထူးသဖြင့် လူမည်းလူငယ်များအား တီထွင်ဖန်တီးမှုရှိစွာ ထုတ်ဖော်ပြောဆိုနိုင်သည့် နည်းလမ်းကို ပေးစွမ်းသည်။
အနုပညာသည် နိုင်ငံရေးနှင့်ပတ်သက်လေ့ရှိပြီး နိုင်ငံတကာ စံနှုန်းများသည် ရှိရင်းစွဲအခြေအနေကို စိန်ခေါ်ရာတွင် ထူးခြားပြီး အားကောင်းသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုသည် (ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနယ်ပယ်မှ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊ ပိုဒ်ခွဲ ၃-၄ ရှိ က/HRC/၂၃/၃၄)။ အင်တာနက်နှင့် အထူးသဖြင့် Facebook နှင့် Instagram ကဲ့သို့သော လူမှုကွန်ရက် ပလက်ဖောင်းများသည် ပိုမိုများပြားသော ပရိသတ်အသစ်များထံ ပျံနှံ့ရောက်ရှိစေရန် ကူညီပေးရာတွင် အနုပညာရှင်များအတွက် အထူးတန်ဖိုးရှိပါသည်။ အနုပညာရှင်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် ၎င်းတို့၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ရပိုင်ခွင့်များသည် အင်တာနက်ကို လွှမ်းမိုးထားသည့် လူမှုပလက်ဖောင်းများသို့ ဝင်ရောက်အသုံးပြုနိုင်မှုအပေါ်တွင် မူတည်နိုင်ပါသည်။ လမ်းဘေးရက်ပ်ဂီတသည် လူမှုကွန်ရက်ပေါ်ရှိ အနုပညာရှင်များ၏ စီးပွားရေးဆိုင်ရာအောင်မြင်မှုကို လှုံ့ဆော်ရန် အကြမ်းဖက်မှုဆိုင်ရာ ချဲ့ကားပြောဆိုချက်များအပေါ် အမှီပြုသည်။ ထိုကဲသို့ပြောဆိုချက်များနှင့် ဖျော်ဖြေမှုများသည် ဂီတအမျိုးအစား၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆကြသည်။ ဤအမှုတွင် Meta ၏ အရေးယူဆောင်ရွက်ချက်များ၏ ရလဒ်တစ်ခုအဖြစ် Chinx (OS) သည် Instagram မှ အပြီးဖယ်ရှားခံခဲ့ရပြီး ထိုလုပ်ရပ်သည် သူ၏ ပရိသတ်ထံ ပျံ့နှံ့ရောက်ရှိနိုင်စွမ်းနှင့် စီးပွားရေးဆိုင်ရာ အောင်မြင်မှုရှာဖွေနိုင်စွမ်းအပေါ် သိသာသော ထိခိုက်မှုတစ်ခု ရှိစေနိုင်သည်။
ICCPR အပိုဒ် ၁၉ တွင် ပြည်နယ်က ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ထားရှိလျှင် ၎င်းတို့သည် ဥပဒေနှင့်လျော်ညီမှု၊ ရည်ရွယ်ချက် တရားဝင်မှု၊ လိုအပ်မှုနှင့် အချိုးကျမျှတမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည် (အပိုဒ် ၁၉၊ အပိုဒ်ခွဲ ၃၊ ICCPR)။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အွန်လိုင်းထုတ်ဖော်ပြောဆိုမှုကို စိစစ်သည့်အခါတွင် လူမှုကွန်ရက်ကုမ္ပဏီများကို ဤအခြေခံမူများဖြင့် လမ်းညွှန်ရန်၊ ပုဂ္ဂလိကကုမ္ပဏီများမှ အတိုင်းအတာတစ်ခုအထိ ထုတ်ဖော်ပြောဆိုခြင်းဆိုင်ရာ စည်းမျဉ်းကြပ်မတ်ခြင်းသည် ထိုအခြေအနေအတွက် သီးခြားစိုးရိမ်စရာများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိရှိစေရန် တိုက်တွန်းထားသည် (က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၅ နှင့် ၇၀)။ ဘုတ်အဖွဲ့သည် ယနေ့အထိ ၎င်း၏ဆုံးဖြတ်ချက်အားလုံးတွင် ICCPR ၏ အပိုဒ် ၁၉ ကိုအခြေခံ၍ အပိုင်းသုံးပိုင်းခွဲ စစ်ဆေးမှုကို အသုံးပြုထားသည်။
၁။ တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
တရားဥပဒေနှင့်ညီညွတ်ခြင်း အခြေခံမူအရ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် ဥပဒေများသည် ရှင်းလင်းပြီး နားလည်ရလွယ်ကူရန် လိုအပ်သည်၊ သို့မှသာ လူအများက ခွင့်ပြုထားသောအရာများနှင့် ခွင့်မပြုထားသောအရာများကို သိရှိနားလည်မည်ဖြစ်သည်။ ထို့အပြင် ၎င်းဥပဒေ ပြဋ္ဌာန်းချက်ဖြင့် တရားစွဲဆိုခံရသူများကို လွန်ကဲသော ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် မပေးကြောင်း သေချာစေရန်အတွက် ထိုဥပဒေများသည် အတိအကျဖြစ်ရန် လိုအပ်သည် (အထွေထွေမှတ်ချက် ၃၄၊ အပိုဒ် ၂၅)။ Meta ၏ အကြောင်းအရာဆိုင်ရာ စည်းမျဉ်းများ၏ ရှင်းလင်းမှုနှင့် နားလည်ရလွယ်မှုအပြင် အဆိုပါ စည်းမျဉ်းများကို အခြေခံ၍ တရားမျှတသော ဆုံးဖြတ်ချက်များ ပြုလုပ်ရသည့် စိစစ်သုံးသပ်သူများအတွက် လမ်းညွှန်ချက်အပေါ် အကဲဖြတ်ရန် ဤအခြေခံမူများကို ဘုတ်အဖွဲ့က အသုံးပြုသည်။
ဘုတ်အဖွဲ့သည် Instagram လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် Facebook လူမှုစံနှုန်းများအကြား ဆက်စပ်မှုသည် ရှင်းလင်းမှုမရှိကြောင်း ၎င်း၏ ယခင်ကဆိုခဲ့သော စိုးရိမ်မှုများကို ထပ်လောင်းပြောဆိုသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် Meta သည် ဤနယ်ပယ်ရှိ ဘုတ်အဖွဲ့၏ ယခင်အကြံပြုချက်များကို အကောင်အထည်ဖော်ရန် ( Q2 ၂၀၂၂ ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ သုံးလပတ်အပ်ဒိတ်) နှင့် လူမှုစံနှုန်းများနှင့် လမ်းညွှန်ချက်များကို ရေရှည်တစ်ပြေးညီရှိနေစေရန် ကတိကဝတ်ပြုခဲ့သည်။
အများဝင်ရောက်ကြည့်ရှုနိုင်သော ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းနှင့် Meta ၏ ကုမ္ပဏီတွင်း အကောင်အထည်ဖော်ရေး စံနှုန်းများအကြား ကွာခြားချက်များသည်လည်း စိုးရိမ်စရာတစ်ခုဖြစ်သည်။ အကြောင်းအရာတွင် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုရှိ၊ မရှိ ဆုံးဖြတ်ရန် Meta သည် "အချက်ပြများ" ကို အသုံးပြုသည်။ ဘုတ်အဖွဲ့၏ ယခင်အကြံပြုချက်များ၏ ရလဒ်တစ်ခုအဖြစ် "အချက်ပြများ" ကို အများဝင်ရောက်ကြည့်ရှုနိုင်သော လူမှုစံနှုန်းများတွင် ထည့်ခဲ့သည်။ သို့သော် Meta သည် ၎င်းတို့ကို အဓိကနှင့် အဓိကမဟုတ်သော အချက်ပြများအဖြစ် ခွဲခြားထားကြောင်း သို့မဟုတ် မူဝါဒချိုးဖောက်မှုတစ်ခုကို ရှာတွေ့ရန် အဓိကနှင့် အဓိကမဟုတ်သော အချက်ပြနှစ်မျိုးလုံး လိုအပ်ကြောင်း လူမှုစံနှုန်းများတွင် မရှင်းပြထားပါ။ ၎င်းကို ရှင်းလင်းအောင်လုပ်ခြင်းသည် ယုံကြည်စိတ်ချရသော ကြားခံပြင်ပအဖွဲ့အစည်းများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အပါအဝင် ပလက်ဖောင်းပေါ်တွင် အကြောင်းအရာနှင့်ပတ်သက်၍ တိုင်ကြားချက်များ ပြုလုပ်သူများအတွက် အသုံးဝင်ပါမည်။ အဓိကမဟုတ်သော အချက်ပြမှုသည် အကြောင်းအရာမှ ပေါ်ပေါက်လာသော ထိခိုက်မှုအန္တရာယ်ကို ခိုင်လုံကြောင်း အထောက်အထားပြပြီး ဖယ်ရှားရန် ဆုံးဖြတ်ချက်သို့ ဦးတည်စေသောကြောင့် အချက်ပြများနှင့်ပတ်သက်၍ ရှင်းလင်းမှုသည် အထူးအရေးကြီးသည်။ အဓိကမဟုတ်သော အချက်ပြမရှိဘဲ အဓိကအချက်ပြ ပံ့ပိုးပေးသော ကြားခံပြင်ပအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့တိုင်ကြားသည့် အကြောင်းအရာကို အရေးယူဆောင်ရွက်ခြင်းမရှိပါက ရှုပ်ထွေးနိုင်သည်။
၂။ တရားဝင် ရည်ရွယ်ချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်မှုများသည် တရားဥပဒေနှင့်လျော်ညီသော ရည်ရွယ်ချက်အတိုင်း လိုက်နာရမည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းသည် ပြင်ပ ကမ္ဘာတွင် ထိခိုက်နာကျင်စေမှုကို တားဆီးရန် တစ်စိတ်တစ်ပိုင်းအဖြစ် တည်ရှိသည်။ ထို့ကြောင့် ဤမူဝါဒသည် အခြားသူများ၏ အခွင့်အရေး (ပို့စ်ဖြင့် ပစ်မှတ်ထားခံရသော လူပုဂ္ဂိုလ်၏ အသက်ရှင်ရပ်တည်ခွင့်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အခွင့်အရေးများ) ကို ကာကွယ်ခြင်းဆိုင်ရာ တရားဥပဒေနှင့်လျော်ညီသော ရည်ရွယ်ချက်ကို ကျေပွန်စွာဆောင်ရွက်သည်။
၃။ လိုအပ်မှုနှင့် အချိုးကျမျှတမှု
မူဝါဒ၏ ရည်ရွယ်ချက် အောင်မြင်စေရန်အတွက် အကြောင်းအရာဖယ်ရှားခြင်းကို မလိုအပ်ခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။
လိုအပ်ချက်နှင့် အချိုးကျတရားမျှတမှု အခြေခံမူတွင် ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်မှုမဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ ၎င်းတို့၏ အကာအကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်များ အောင်မြင်နိုင်စေမည့် ပြဋ္ဌာန်းချက်များအနက် စွက်ဖက်မှု အနည်းဆုံး ပြဋ္ဌာန်းချက်လည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားများအတွက် အချိုးကျမှုလည်း ရှိရမည်" ဟု သတ်မှတ်ပြဋ္ဌာန်းသည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။ အနုပညာပုံစံဖြင့် ထုတ်ဖော်ပြောဆိုခြင်းကဲ့သို့ ဆွေးနွေးနေသည့် ထုတ်ဖော်ပြောဆိုမှုပုံစံကို ထည့်သွင်းစဉ်းစားရမည် (အထွေထွေမှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၃၄)။
ထိုကဲ့သို့ထုတ်ဖော်ပြောဆိုမှုတွင် ရှုပ်ထွေးသော လက္ခဏာရပ်များရှိနိုင်ဖွယ်ရှိပြီး ကုစားမှုဆိုင်ရာ နည်းစနစ်များ မလုံလောက်သော ပလက်ဖောင်းများ၏ စည်းမျဉ်းများကို အလွယ်တကူငြိစွန်းနိုင်သောကြောင့် ၎င်းတို့၏ လူမှုကွန်ရက်အသုံးပြုမှုတွင် အနုပညာရှင်များရင်ဆိုင်ရသည့် အခက်အခဲများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က လေ့လာမိသည် (ပိုဒ်ခွဲ ၄၄ - ၄၆ ရှိ က/HRC/၄၄/၄၉/ဖြည့်စွက်ချက် ၂)။ ၎င်းသည် သမိုင်းဆိုင်ရာ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ မသိမသာ ကွဲပြားချက်လိုအပ်သော ကိစ္စရပ်များတွင် အပါအဝင် ပလက်ဖောင်းများ၏ ဆက်စပ်အကြောင်းအရာအရ အကြောင်းအရာစိစစ်ခြင်းတွင် အားနည်းချက်များနှင့်ပတ်သက်၍ အထူးသတင်းထောက် ကိုယ်စားလှယ်က ပြုလုပ်ခဲ့သည့် ပိုမိုကျယ်ပြန့်သော လေ့လာချက်များကို အတည်ပြုသည် (အပိုဒ် ၂၉ ရှိ က/HRC/၃၈/၃၅)။
အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှု၏ ရှုပ်ထွေးမှုကို ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနယ်ပယ်ရှိ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အလေးပေးခဲ့သည် (ပိုဒ်ခွဲ ၃၇ ရှိ က/HRC/၂၃/၃၄)-
အနုပညာလက်ရာတစ်ခုသည် အဓိပ္ပါယ်အမျိုးမျိုး သတ်မှတ်ခြင်းအတွက် ပိုမိုကျယ်ပြန့်သော အတိုင်းအတာတစ်ခုကို ပံ့ပိုးပေးသဖြင့် ၎င်းသည် သုတစာပေဆိုင်ရာ ရေးသားဖော်ပြချက်များနှင့် ကွဲပြားသည်- ထို့ကြောင့် အနုပညာလက်ရာတစ်ခုတွင် ပါဝင်သော အမှာစကားနှင့်ပတ်သက်၍ ယူဆချက်များသည် သက်သေပြရန် လွန်စွာခက်ခဲပြီး အနုပညာလက်ရာတစ်ခုအတွက် အဓိပ္ပါယ်ကောက်ယူမှုများသည် ဖန်တီးသူ၏ ရည်ရွယ်ထားသော အဓိပ္ပါယ်နှင့် သေချာပေါက် တစ်ထပ်တည်းမကျပါ။ အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများနှင့် ဖန်တီးမှုများတွင် တိကျသော အမှာစကား သို့မဟုတ် အချက်အလက်တစ်ခုကို အမြဲတမ်းမဖော်ပြသဖြင့် ၎င်းအားဖော်ပြခြင်းကို မလျှော့ချသင့်ပါ။ ထို့အပြင် စိတ်ကူးယဉ်စာပေနှင့် ရုပ်ပုံအပေါ် အမှီပြုခြင်းကို နားလည်ပေးသင့်ပြီး ဖန်တီးမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့် အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများအတွက် မရှိမဖြစ်သော လွတ်လပ်ခွင့်၏ အရေးပါလှသော အစိတ်အပိုင်းတစ်ခုအဖြစ် လေးစားရမည်- တကယ့်လက်တွေ့ကို ကိုယ်စားပြုဖော်ပြချက်များသည် တကယ့်လက်တွေ့နှင့် ရှုပ်ထွေးခြင်းမရှိရပါ... ထို့ကြောင့် အနုပညာရှင်များသည် လူ့လောက၏ အမှောင်ဘက်ခြမ်းကို စူးစမ်းလေ့လာနိုင်သင့်ပြီး ၎င်းတို့ကို အားပေးနေသည်ဟု စွပ်စွဲခံရခြင်းမရှိဘဲ… ရာဇဝတ်မှုများကို ကိုယ်စားပြုဖော်ပြနိုင်သင့်သည်။
အထူးသတင်းထောက် ကိုယ်စားလှယ်၏ လေ့လာတွေ့ရှိချက်များတွင် အနုပညာသည် ထိခိုက်မှုဖြစ်စေရန် ရည်ရွယ်နိုင်ပြီး ထိုရည်မှန်းချက်ကို အောင်မြင်စေနိုင်သည်ဟူသော အလားအလာမျိုး မပါဝင်ပါ။ Meta ၏ လုပ်ပိုင်ခွင့်ရှိသော ကုမ္ပဏီတစ်ခုအတွက် ဤအကဲဖြတ်ချက်များကို တစ်ကမ္ဘာလုံးတွင် အတိုင်းအတာတစ်ခုအထိ လျင်မြန်စွာ ပြုလုပ်ရခြင်းသည် စိန်ခေါ်မှုရှိသည်။ အကြောင်းအရာကို ဖယ်ရှားရန် ပိုမိုပြည့်စုံသော ဆက်စပ်အကြောင်းအရာအရ ဆန်းစစ်လေ့လာချက်တစ်ခု လိုအပ်သည့် "အရှိန်မြှင့်တင်ခြင်းသီးသန့်" မူဝါဒများကို Meta ၏ ဖန်တီးမှုသည် လိုအပ်မှုအခြေခံမူကို အလေးထားကြောင်းပြသည်။ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအရ Meta သည် ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုများပါရှိသည့် ပိုစ်များကြောင့် အန္တရာယ်ကျရောက်နိုင်သည့် သူများအတွက် လူပုဂ္ဂိုလ်၏ အသက်ရှင်ရပ်တည်ခွင့်နှင့် ဘေးကင်းလုံခြုံမှု ရရှိခွင့်တွင် ဖြစ်ပေါ်သည့် အန္တရာယ်များကို တားဆီးပြီး လျှော့ချရန် လိုအပ်သည်။ သို့သော် ဤဆုံးဖြတ်ချက်၏ ပုဒ်မ ၈.၁ တွင် ဖော်ပြထားသော အကြောင်းရင်းများကြောင့် ထိုဆန်းစစ်လေ့လာချက်သည် ကျိုးကြောင်းဆက်နွှယ်မှုဆိုင်ရာ အနီးကပ်စစ်ဆေးမှုတစ်ခု လိုအပ်ပြီး လိုအပ်မှုဆိုင်ရာ သတ်မှတ်ချက်များပြည့်မီရန်အတွက် ၎င်း၏ အနုပညာအကဲဖြတ်မှုတွင် ပို၍ မသိမသာကွဲပြားချက်ရှိရမည်။ ဤအမှုတွင် ခိုင်လုံသော ခြိမ်းခြောက်မှုတစ်ခုရှိကြောင်း ပြသရန် လုံလောက်သော အထောက်အထားကို ဘုတ်အဖွဲ့က မတွေ့ထားသောကြောင့် ဖယ်ရှားမှုကို မလိုအပ်ခဲ့ပါ။
ယင်းနှင့်ပတ်သက်၍ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒသည် အကြောင်းအရာအား အလွန်အကျွံဖယ်ရှားခြင်းကို ခွင့်ပြုရန်အဖြစ် ဖတ်ရှုနိုင်သည့် အသုံးအနှုန်းကို အသုံးပြုသည်။ မခံချင်အောင်ပြောသောစကားကဲ့သို့ "အလားအလာရှိသော" ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် အခြေအနေတစ်ခု၏ တစ်နေရာရာတွင် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေ "နိုင်ခဲ့"သည့် အကြောင်းအရာသည် လိုအပ်မှုဆိုင်ရာ သတ်မှတ်ချက်များကိုပြည့်မီရန် ဤဆုံးဖြတ်ချက်တွင် အလွန်ကျယ်ပြန့်လွန်းခဲ့သည်။ ယခင်အမှုများတွင် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများသည် ပြည်နယ်တစ်ခုက ပြဋ္ဌာန်းသော ရာဇဝတ်မှု သို့မဟုတ် တရားမမှု ပြစ်ဒဏ်များ၏ တာဝန်ဝတ္တရားများနှင့် ကွဲပြားနိုင်သောကြောင့် (ဥပမာအတွက် “တောင်အာဖရိက စွပ်စွဲပြောဆိုချက်များ” အမှုကို ကြည့်ပါ) ဖယ်ရှားခြင်းကို ခွင့်ပြုရန် နောင်တွင်အကြမ်းဖက်မှု အန္တရာယ်သည် ဖြစ်အံ့ဆဲဆဲအခြေအနေတွင် ရှိရမည်ဟု ဘုတ်အဖွဲ့က သတ်မှတ်မထားပါ (ဥပမာအတွက် ကင်ကာတွန်း” အမှုကို ကြည့်ပါ)။ သို့သော် ခြိမ်းခြောက်မှုတစ်ခုရှိခဲ့ပြီး ဤအမှုတွင်ပေါ်လာသည်ထက် ပိုခိုင်လုံသော၊ ပိုမိုသိသာထင်ရှားသည့် အထောက်အထားဆိုင်ရာ အခြေခံအကြောင်းရင်းတစ်ခုကို လိုအပ်ခဲ့သည် (ဥပမာအတွက် “အိန္ဒိယတွင် ပြင်သစ်တို့အပေါ် ဆန့်ကျင်ဆန္ဒပြခြင်း” အမှုကို ကြည့်ပါ)။
ခွဲခြားဆက်ဆံမှုမရှိရေးနှင့် ကုစားခွင့်ရရှိစေရေး (အပိုဒ် ၂ (၁)၊ ICCPR)
ထုတ်ဖော်ပြောဆိုမှုအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်မှန်သမျှသည် ခွဲခြားဆက်ဆံမှုမရှိရေး အခြေခံမူကို လေးစားရမည်ဟု လူ့အခွင့်အရေး ကော်မတီက ရှင်းလင်းထားသည် (ပိုဒ်ခွဲ ၃၂ ရှိ အထွေအထွေမှတ်ချက် အမှတ် ၃၄)။ ဤအခြေခံမူသည် Meta ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် ဘုတ်အဖွဲ့၏ အဓိပ္ပါယ်ကောက်ယူမှုကို အသိပေးတင်ပြသည် (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်၊ က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၄၈)။
အချို့က လမ်းဘေးရက်ပ်ဂီတကို အုပ်စုဖွဲ့အကြမ်းဖက်မှုကို စုဝေးတောင်းဆိုခြင်းအဖြစ် ပုံဖော်ထားသော်လည်း ၎င်းသည် လူငယ်များ၊ အထူးသဖြင့် လူမည်းနှင့် လူညိုလူငယ်များအတွက် ခွဲခြားဆက်ဆံခြင်းနှင့် ချန်လှပ်ထားခြင်းကို ဆက်လက်တည်တံ့စေသည့် စနစ်တစ်ခုအပေါ် ၎င်းတို့၏ မကျေနပ်ချက်ကို ဖော်ပြရန် ကြားခံအဖြစ် ဆောင်ရွက်ကြောင်း (PC-၁၀၆၁၈) ၎င်း၏ အများမြင်မှတ်ချက်တွင် ဒစ်ဂျစ်တယ်အခွင့်အရေးများဆိုင်ရာ ဖောင်ဒေးရှင်းက ငြင်းခုံခဲ့သည်။ ၎င်း၏ " လူမျိုးရေးခွဲခြားမှုကို ကိုင်တွယ်ဖြေရှင်းခြင်း- ကလေးသူငယ်များနှင့် လူငယ်များအတွက် တရားမျှတမှုစနစ်" အစီရင်ခံစာပါ တရားမျှတမှုသည် ထင်မြင်ယူဆချက်များကို ခိုင်မာစေရန် ဥပဒေစိုးမိုးရေးအဖွဲ့၏ လမ်းဘေးရက်ပ်ဂီတအား တလွဲအသုံးပြုခြင်းကို စနစ်ကျသော လူမျိုးရေးခွဲခြားမှု၏ ဥပမာတစ်ခုအဖြစ် ရည်ညွှန်းသည်။ ၎င်း၏ သတင်းအချက်အလက် လွတ်လပ်ခွင့် တောင်းဆိုချက်မှတစ်ဆင့် ဘုတ်အဖွဲ့က လေ့လာသိရှိခဲ့သည့်အတိုင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်အထိ တေးဂီတအကြောင်းအရာကို စိစစ်သုံးသပ်ပေးရန် လူမှုကွန်ရက် ကုမ္ပဏီများနှင့် ထုတ်လွှင့်ရေး ဝန်ဆောင်မှုများထံ မြို့နယ် နယ်နိမိတ်တွင်း ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သော တောင်းဆိုချက် ၂၈၆ ခုလုံးတွင် လမ်းဘေးရက်ပ်ဂီတ ပါဝင်ပတ်သက်နေခဲ့သည်။ အဆိုပါတောင်းဆိုချက်များမှ ၂၅၅ ခုသည် အကြောင်းအရာကို ပလက်ဖောင်းမှ ဖယ်ရှားခြင်းဖြစ်စေခဲ့သည်။ အဆိုပါတောင်းဆိုချက် ၂၈၆ ခုမှ ၂၁ ခုသည် Meta ၏ ပလက်ဖောင်းများနှင့် ဆက်စပ်ခဲ့ပြီး အဆိုပါတောင်းဆိုချက်များမှ ၁၄ ခုကို ဖယ်ရှားခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။ အထက်တွင် အကြမ်းဖျင်းဖော်ပြခဲ့သည့်အတိုင်း တောင်းဆိုချက်တစ်ခုသည် အကြောင်းအရာဖယ်ရှားမှုများစွာကို ဖြစ်ပေါ်စေနိုင်သည်။ အကြမ်းဖက်မှု ရည်ညွှန်းချက်ပါဝင်သည့် အမျိုးအစားများစွာအကြားမှ တေးဂီတအမျိုးအစားတစ်ခုအပေါ် ဤကဲ့သို့အလေးအနက်ထား အာရုံစိုက်မှုသည် အချို့သော လူမှုအဖွဲ့အစည်းများအား လွန်ကဲစွာ ထိန်းသိမ်းကြပ်မတ်ခြင်း ဖြစ်နိုင်ခြေဆိုင်ရာ ပြင်းထန်သောစိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ ဤတောင်းဆိုချက်များက ကြောင်းကျိုးခိုင်လုံသော ရဲတပ်ဖွဲ့အလုပ်ကို ကိုယ်စားပြုခြင်းရှိ၊ မရှိ ပြောရန်မှာ ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်သော်ငြားလည်း Meta က ထိုကဲ့သို့တောင်းဆိုချက်များကို တုံ့ပြန်သည့်အခါ ၎င်း၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို မည်သို့ စောင့်ထိန်းနိုင်ပုံကို ဘုတ်အဖွဲ့မှ အကဲဖြတ်ရန် အကျုံးဝင်သည်။ ထို့ကြောင့် အောက်ဖော်ပြပါအတိုင်း Meta က ၎င်း၏ စံတန်ဖိုးများနှင့် လျော်ညီပြီး ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်သည့် အတိုင်းအတာကို ကုမ္ပဏီ၊ ဘုတ်အဖွဲ့နှင့် အခြားသူများက အကဲဖြတ်နိုင်စေရန် ဥပဒေစိုးမိုးရေးအဖွဲ့ တောင်းဆိုချက်များအပေါ် Meta ၏ တုံ့ပြန်မှုသည် အနိမ့်ဆုံး အထောက်အထားဆိုင်ရာ သတ်မှတ်ချက်များပြည့်မီပြီး လုံလုံလောက်လောက် စနစ်တကျ၊ စစ်ဆေးထားကာ ထိခိုက်ခံရသော အသုံးပြုသူများနှင့် ပိုမိုကျယ်ပြန့်သော လူထုထံ ပွင့်လင်းမြင်သာမှုရှိရမည်။
ဤအမှုတွင်ကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦး၏ ထုတ်ဖော်ပြောဆိုမှုကို ဝင်ရောက်စွက်ဖက်မှုတွင် အစိုးရအဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်လျှင် ကြိုတင်ဆန်းစစ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုသည် ထိခိုက်ခံရသော အသုံးပြုသူများ၏ အခွင့်အရေးများကို အခိုင်အမာဆိုရန်အတွက် ၎င်းတို့အား လုပ်ပိုင်ခွင့်ပေးရန်နှင့် အဆိုပါအစိုးရအဖွဲ့ဝင်ကို စိန်ခေါ်ရန် အဓိကသော့ချက်ဖြစ်သည်။ Meta အနေဖြင့် ၎င်း၏ လုပ်ငန်းစဉ်များက လောလောဆယ် ရပ်တည်နေသည့်အတိုင်း ဤအချက်ကို ထောက်ကူခြင်း သို့မဟုတ် ဟန့်တားခြင်းရှိ၊ မရှိ လက်ခံစဉ်းစားသင့်သည်။ ကုမ္ပဏီသည် ဖြစ်နိုင်ခြေရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကုစားမှုများ ရယူရာတွင် အသုံးပြုသူများအတွက် အဟန့်အတားတစ်ခု ဖြစ်စေသည်အထိ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို လျှို့ဝှက်ထားရန် ခွင့်မပြုနိုင်ပါ။
Meta က အသုံးပြုသူ အခွင့်အရေးများကို ထိခိုက်စေသော ၎င်းချမှတ်သည့် အကြောင်းအရာ ဆုံးဖြတ်ချက်များအတွက် အသုံးပြုသူများအား ကုစားဖြေရှင်းခွင့် လုံလောက်စွာ ရယူခွင့်ပေးရန်လည်း အရေးကြီးပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အနုပညာဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုနှင့်ဆက်စပ်၍ လူမှုကွန်ရက် ကုမ္ပဏီများ၏ တာဝန်ဝတ္တရားများကို မိန့်ကြားခဲ့သည် (ပိုဒ်ခွဲ ၄၁ မှစ၍ က/HRC/၄၄/၄၉/ဖြည့်စွက်ချက် ၂)။ အမျိုးသမီး အနုပညာရှင်များ၏ ကုစားဖြေရှင်းမှု ရရှိခွင့်နှင့်ပတ်သက်၍ ၎င်းတို့၏ လေ့လာတွေ့ရှိချက်များသည် ယူနိုက်တက်ကင်းဒမ်းရှိ လူမည်းအနုပညာရှင်များ၏ အခြေအနေနှင့် သက်ဆိုင်မှုရှိသည်-
အနုပညာရှင်များသည် ကိုယ်ပိုင်နှင့် ပရော်ဖက်ရှင်နယ် Facebook နှင့် Twitter စာမျက်နှာများ ပိတ်သိမ်းခံရခြင်းကို တွေ့ကြုံခဲ့ရကြောင်း သိရသည်… မသဲကွဲသော လူမှုအဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်များကို ချိုးဖောက်ခြင်းများသည် အနုပညာရှင်များအား ၎င်းတို့၏ အနုပညာလက်ရာဖယ်ရှားခံရခြင်းပေါ် စောဒကတက်ခွင့်ပြုသော "တန်ပြန်-အသိပေးချက်" လုပ်ထုံးလုပ်နည်းများမရှိဘဲ ထားရစ်နိုင်သည်။ အသုံးပြုသူများအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကာအကွယ်များနှင့် ကုစားဖြေရှင်းမှုရယူခွင့် မရှိခြင်းသည် အနုပညာရှင်များအနေဖြင့် ၎င်းတို့၏ အနုပညာကို ပြသရန် ပလက်ဖောင်းတစ်ခုသို့ ဝင်ရောက်အသုံးပြုခွင့်မရှိစေဘဲ ၎င်းတို့၏ အနုပညာကို နှစ်သက်ခံစားရန် ကြည့်ရှုသူမရှိစေပါ။ အချို့သောအမှုများတွင် ပြည်နယ်များသည် အွန်လိုင်းပေါ်တွင် ရရှိနိုင်သည့် အကြောင်းအရာ အမျိုးအစားများကို ထိန်းချုပ်ရန် ကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်သည်။ ဤအန္တရာယ်များသော ပူးပေါင်းဆောင်ရွက်မှုသည် အနုပညာရှင်များအား နှုတ်ဆိတ်နေစေခြင်းနှင့် တစ်ဦးချင်းစီအား အနုပညာကို ထုတ်ဖော်ပြောဆိုမှုအဖြစ် လက်ခံခြင်းမှ တားဆီးနေသည့် သက်ရောက်မှုရှိသည်။
လူမှုကွန်ရက် ကုမ္ပဏီများအတွက် ကုစားဖြေရှင်းရေး လုပ်ငန်းစဉ်တွင် "ပလက်ဖောင်း ဆုံးဖြတ်ချက်များကို အယူခံဝင်ရန်အတွက် ပွင့်လင်းမြင်သာပြီး နားလည်ရလွယ်သော လုပ်ငန်းစဉ်တစ်ခု ပါဝင်သင့်ပြီး ကုမ္ပဏီများအနေဖြင့် အများပြည်သူ နားလည်လွယ်သော အကျိုးသင့်အကြောင်းသင့်ဖြစ်သည့် တုံ့ပြန်ချက်တစ်ခု ပံ့ပိုးပေးသင့်ကြောင်း" (က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၅၃) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဆိုခဲ့သည်။
ဤအမှုတွင် စိစစ်သုံးသပ်နေသော အကြောင်းအရာကို Chinx (OS) နှင့် မသက်ဆိုင်သော Instagram အကောင့်တစ်ခုက တင်ထားသော်လည်း ထိုအနုပညာရှင်သည် ၎င်း၏ ကိုယ်ပိုင်အကောင့်တွင် အလားတူဗီဒီယိုကို တင်ထားသည်။ ဤအမှုရှိ အကြောင်းအရာနှင့်အတူ ၎င်းကိုလည်း တစ်ချိန်တည်းတွင် ဖယ်ရှားခဲ့သောကြောင့် ပထမဦးစွာ သူ့အကောင့် ပိတ်ခံခဲ့ရပြီး ထို့နောက်တွင် အဖျက်ခံခဲ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဥပဒေစိုးမိုးရေးအဖွဲ့နှင့် Meta အကြား ပူးပေါင်းဆောင်ရွက်မှုသည် အနုပညာရှင်များ၏ ထုတ်ဖော်ပြောဆိုခွင့်ကို သိသိသာသာ ကန့်သတ်ပြီး ပလက်ဖောင်းတွင် ၎င်းတို့၏ ပရိသတ်က အနုပညာကို ဝင်ရောက်ကြည့်ရှုခွင့်ကို ငြင်းပယ်ခံရစေနိုင်ပုံကို ပြသသည်။ ဘုတ်အဖွဲ့၏ သတင်းအချက်အလက် လွတ်လပ်ခွင့် တောင်းဆိုချက်က အတည်ပြုသည့်အတိုင်း ဤပူးပေါင်းဆောင်ရွက်ခြင်းသည် အများစုမှာ လူငယ်လူမည်းအမျိုးသားများဖြစ်သော လမ်းဘေးရက်ပ်အနုပညာရှင်များကို အထူးတလည် သီးသန့် ပစ်မှတ်ထားသည်။
ဤအမှုရှိ အကြောင်းအရာနှင့်အတူတွဲ၍ စစ်ဆေးနိုင်ရန်အလို့ငှာ Chinx (OS) ၏ အကောင့်မှ အကြောင်းအရာ ဖယ်ရှားမှုကို စိစစ်သုံးသပ်ရန်အတွက် လွှဲပြောင်းပေးရန် ဘုတ်အဖွဲ့က Meta ကို တောင်းဆိုခဲ့သည်။ Meta က အကောင့်ကို ဖျက်လိုက်သောကြောင့် ၎င်းသည် နည်းပညာအရမဖြစ်နိုင်ခဲ့ပါ။ ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ “အထက်သို့တင်ပြ၍” ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များကို အသုံးပြုသူများက အယူခံဝင်၍မရဟူသော အချက်ကဲ့သို့ ယင်းသည် ကုစားဖြေရှင်းခွင့်နှင့်ပတ်သက်၍ သိသာသော စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ ၎င်းတွင် "အထက်သို့တင်ပြ၍" သာ ဆုံးဖြတ်သော "စည်းကမ်းတင်းကျပ်ရန် နောက်ထပ်ဆက်စပ်အကြောင်းအရာ" မူဝါဒများနှင့်ပတ်သက်သည့် သိသာပြီး ခက်ခဲသော ဆုံးဖြတ်ချက်များပါဝင်သည်။ ၎င်းတွင် စိစစ်သုံးသပ်ရန်အတွက် သတ်မှတ်ချက်ပြည့်မီပြီး ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ပဋိညာဉ် စာတမ်း အတိုင်းအတာအတွင်းတွင်ရှိသည့် ဥပဒေနှင့်ညီညွတ်သော အကြောင်းအရာအပါအဝင် ဖယ်ရှားပေးရန်အတွက် အစိုးရ၏ တောင်းဆိုချက်များအားလုံး (“ထုတ်ကုန်တွင်း ကိရိယာ” အသုံးပြုခြင်းအပြင်) လည်း ပါဝင်သည်။ ဒုတိယအချက်သည် Meta ၏ ထုတ်ကုန်ဒီဇိုင်း ရွေးချယ်မှုများကြောင့် တရားမျှတမှု ရယူရာတွင် နောက်ထပ်အဟန့်အတားများကို တွေ့ကြုံရနိုင်ခြေရှိသည့် ခွဲခြားဆက်ဆံခံရသောအုပ်စုများတွင် ပါဝင်သော ပုဂ္ဂိုလ်များအတွက် အထူးစိုးရိမ်စရာဖြစ်သည်။
ကုစားဖြေရှင်းခွင့်နှင့်ပတ်သက်သော ဤစိုးရိမ်စရာများသည် အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်းနှင့်ဆက်စပ်ပြီး လာမည့်မူဝါဒဆိုင်ရာ အကြံပေးထင်မြင်ယူဆချက်တွင် ဘုတ်အဖွဲ့၏ လုပ်ငန်းအတွင်း ဖြစ်ပေါ်ခဲ့သော စိုးရိမ်စရာများကို ထပ်တိုးစေသည်။ အပြန်အလှန်တိုက်ဆိုင် စစ်ဆေးခြင်းသည် အကြောင်းအရာကို မဖယ်ရှားမီ ၎င်း၏ စည်းမျဉ်းများကို ချိုးဖောက်ထားမှုအဖြစ် ကနဦး ခွဲခြားဖော်ထုတ်ထားသော ပို့စ်အချို့အတွက် ထပ်ဆောင်း လူကိုယ်တိုင် စိစစ်သုံးသပ်ခြင်း အဆင့်များကို ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အမှားအယွင်းများကို လျှော့ချရန် Meta က သုံးသည့်စနစ်ဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလနှင့် ဇွန်လအတွင်းတွင် အပြန်အလှန်တိုက်ဆိုင် စစ်ဆေးစနစ်ရှိ အကြောင်းအရာဆုံးဖြတ်ချက် သုံးပုံတစ်ပုံခန့်ကို အသုံးပြုသူများက ဘုတ်အဖွဲ့ထံ အယူခံဝင်၍မရခဲ့ကြောင်း Meta က ဘုတ်အဖွဲ့အား ပြောခဲ့သည်။ ဘုတ်အဖွဲ့သည် အပြန်အလှန်တိုက်ဆိုင် စစ်ဆေးခြင်း မူဝါဒဆိုင်ရာ အကြံပေးထင်မြင်ယူဆချက်တွင် ယင်းကို ဆက်လက်ကိုင်တွယ်ဖြေရှင်းပါမည်။
၈.၄ တူညီသော ဆက်စပ်အကြောင်းအရာရှိသည့် အလားတူ အကြောင်းအရာ
ဤအကြောင်းအရာကို ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မီဒီယာ ကိုက်ညီရာတွဲဖက်ရေး ဝန်ဆောင်မှုဘဏ်တွင် ထည့်လိုက်သောကြောင့် ကိုက်ညီသော အကြောင်းအရာကို အလိုအလျောက်ဖယ်ရှားခြင်းနှင့် အခြားအကောင့်များအပေါ် ဖြစ်နိုင်ခြေရှိသော နောက်ထပ်အကောင့်အဆင့် အရေးယူဆောင်ရွက်ချက်များကို ဖြစ်ပေါ်စေခဲ့ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ဤဆုံးဖြတ်ချက်အပြီးတွင် Meta သည် အကြောင်းအရာကို ဤဘဏ်မှ ဖယ်ရှားပြီး တတ်နိုင်ပါက ၎င်းက မှားယွင်းစွာ ဖယ်ရှားခဲ့သည့် အလားတူ အကြောင်းအရာကို ပြန်ထည့်သွင်းကာ သတိပေးချက်များ သို့မဟုတ် အကောင့်အဆင့်ပြစ်ဒဏ်မှန်သမျှကို ပြောင်းလဲဆုံးဖြတ်သင့်သည်။ ၎င်းသည် Chinx (OS) အပေါ် အဟန့်အတားမှန်သမျှကို ဖယ်ရှား၍ Instagram သို့မဟုတ် Facebook တွင် အကောင့်တစ်ခုကို ပြန်လည်ဖန်တီးပေးသင့်သည်။
၉။ ကြီးကြပ်ရေးဘုတ်အဖွဲ့ ၏ ဆုံးဖြတ်ချက်
ကြီးကြပ်ရေး ဘုတ်အဖွဲ့သည် ဤအကြောင်းအရာကို ဖြုတ်ချရန် Meta ၏ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး ပို့စ်ကိုပြန်တင်ပေးရန် သတ်မှတ်လိုက်သည်။
၁၀။ မူဝါဒဆိုင်ရာ အကြံပြု ဖော်ပြချက်
က။ အကြောင်းအရာဆိုင်ရာ မူဝါဒ
၁။ အနုပညာနှင့် ဖန်တီးမှုဆိုင်ရာ ထုတ်ဖော်ပြောဆိုမှု၏ အရေးပါပုံကို ထင်ဟပ်စေရန် Meta ၏ စံတန်ဖိုးဖြစ်သည့် "ထုတ်ဖော်ပြောဆိုခွင့်" အတွက် ၎င်း၏ ဖော်ပြချက်ကို အပ်ဒိတ်လုပ်သင့်သည်။ Meta ၏ စံတန်ဖိုးများကို အပ်ဒိတ်လုပ်ပြီးသွားသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
၂။ Meta သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအရ “ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု” အဖြစ် ဖယ်ရှားမည့် အကြောင်းအရာအတွက် အဓိကအချက်ပြတစ်ခုနှင့် အရန်အချက်ပြတစ်ခု လိုအပ်ကြောင်း ရှင်းလင်းဖော်ပြသင့်သည်။ လုပ်ငန်းတွင်း အကောင်အထည်ဖော်ရေး စံနှုန်းများနှင့်အညီ အချက်ပြများ၏ စာရင်းကို အဓိကနှင့် အရန်အချက်ပြများကြား ခွဲခြားထားသင့်သည်။ ထိုသို့ပြုလုပ်ခြင်းက အထူးသဖြင့် အကြောင်းအရာကို မူဝါဒ ချိုးဖောက်ထားနိုင်ခြေရှိမှုအဖြစ် တိုင်ကြားသူများအတွက် ဤနယ်ပယ်ရှိ Meta ၏ အကြောင်းအရာဆိုင်ရာ မူဝါဒကို နားလည်ရပိုမိုလွယ်ကူစေသည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းပါ အသုံးအနှုန်းကို အပ်ဒိတ်လုပ်ပြီးသွားသောအခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
ခ။ စည်းကမ်းထိန်းသိမ်းမှု
၃။ Meta သည် အကြောင်းအရာကို ဖယ်ရှားရန်နှင့် အကြောင်းအရာကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ချက်များ အပါအဝင် Meta ၏ လုပ်ငန်းတွင်း အထက်သို့တင်ပြရေး လုပ်ငန်းစဉ်မှတစ်ဆင့် ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် အသုံးပြုသူများအား ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ အယူခံဝင်ခွင့်ပေးအပ်သင့်သည်။ ဘုတ်အဖွဲ့အတွက် ကုစားဖြေရှင်းနိုင်သည့်နည်းလမ်း ရရှိနိုင်ခြေရှိစေရန်နှင့် “အထက်သို့တင်ပြရန်သီးသန့်” စည်းကမ်းထိန်းသိမ်းရေး ဆုံးဖြတ်ချက်များအတွက် အယူခံများကို ဘုတ်အဖွဲ့က လက်ခံနိုင်စေရန်အတွက် ၎င်းကို လိုအပ်ပါသည်။ ယင်းတွင် “ယုံကြည်ရသော သတိပေးအမှတ်အသားပြုသူ” သို့မဟုတ် ထုတ်ကုန်တွင်း ကိရိယာများပြင်ပတွင် ပြုလုပ်သည့် အစိုးရအရာရှိ၏ တိုင်ကြားမှုများကြောင့် လူမှုစံနှုန်း ချိုးဖောက်မှုများအတွက် ဖယ်ရှားမှုများအပေါ် အယူခံဝင်မှုများလည်း ပါဝင်သင့်သည်။ အသုံးပြုသူက အထက်သို့တင်ပြမှုနှင့်ပတ်သက်၍ ချမှတ်သည့် ဆုံးဖြတ်ချက်များကြောင့် အယူခံဝင်မှုများ ပြုလုပ်သည်ကို ၎င်းက တွေ့မြင်ပြီး ၁၀၀% သတ်မှတ်ချက်ပြည့်မီသော အထက်သို့တင်ပြရန် ဆုံးဖြတ်ချက်များအတွက် အယူခံများစတင်ရန် အသုံးပြုသူများက ရည်ညွှန်း အိုင်ဒီများ ရရှိကြောင်း ပြသသည့် အချက်အလက်ကို Meta က ဘုတ်အဖွဲ့ထံ မျှဝေချိန်တွင် ၎င်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
၄။ Meta သည် အစိုးရအရာရှိများထံမှ (ထုတ်ကုန်တွင်း တိုင်ကြားရေး ကိရိယာများပြင်ပရှိ) အကြောင်းအရာ ဖယ်ရှားပေးရန် တောင်းဆိုမှုများကို လက်ခံရန် ထိုတောင်းဆိုမှုများအတွက် Meta က လုပ်ငန်းတွင် မည်သည့်အရေးယူဆောင်ရွက်မှုကိုမျှ မလုပ်ဆောင်ရသေးမီ အနိမ့်ဆုံး စံနှုန်းများ၊ ဥပမာအားဖြင့် ချိုးဖောက်ထားသည့် မူဝါဒအချက်၊ ၎င်းကိုချိုးဖောက်ခဲ့သည့် အကြောင်းရင်းနှင့် ထိုသို့ကောက်ချက်ချရန် အသေးစိတ်အထောက်အထားတို့ကို မေးမြန်းထားသည့် စံသတ်မှတ်ထားသော လက်ခံမှု ပုံစံတစ်ခု ဖန်တီးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ တစ်သမတ်တည်းဖြစ်သော လုပ်ထုံးလုပ်နည်းကို အကောင်အထည်ဖော်၍ သေချာဆောင်ရွက်သင့်သည်။ ယင်းက ပွင့်လင်းမြင်သာမှုဆိုင်ရာ အစီရင်ခံခြင်းရည်ရွယ်ချက်များအတွက် အချက်အလက်များကို ပို၍စနစ်ကျစွာ စုဆောင်းနိုင်အောင် ကူညီပေးသည်။ Meta က စံသတ်မှတ်ထားသည့် လက်ခံမှုစနစ်ကို ဖော်ပြထားသည့် လုပ်ငန်းတွင် လမ်းညွှန်ချက်များကို ဘုတ်အဖွဲ့ထံနှင့် ပွင့်လင်းမြင်သာမှု စင်တာတွင် ထုတ်ဖော်ပြောဆိုသောအခါ ၎င်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
၅။ Meta သည် ဘုတ်အဖွဲ့၏ အမှုဖွင့်ထားသော စုံစမ်းစစ်ဆေးမှုကို ခံရနိုင်သည့် အကြောင်းအရာကို ပို့စ်တင်ခြင်းကြောင့် ပြစ်ဒဏ်ချမှတ်ထားသည့် သို့မဟုတ် ပိတ်ပင်ထားသည့် အကောင့်များနှင့် အကြောင်းအရာကို အမှတ်အသားပြု၍ ထိန်းသိမ်းထားသင့်သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ဘုတ်အဖွဲ့အနေဖြင့် ဆုံးဖြတ်ချက်ချရန်အတွက် သို့မဟုတ် မှားယွင်းဖယ်ရှားမိခဲ့နိုင်သည့် တူညီသော ဆက်စပ်အကြောင်းအရာရှိသည့် အလားတူအကြောင်းအရာ အားလုံးအပေါ် ၎င်း၏ဆုံးဖြတ်ချက်များကို ကျင့်သုံးနိုင်ကြောင်း သေချာစေရန်အတွက် အကြောင်းအရာကို လွှဲပြောင်းပေးရန် တောင်းဆိုလိုသည့်အခါ ထိုအကောင့်များကို အပြီးတိုင် ဖျက်မပစ်မိအောင် ကာကွယ်ပေးသည်။ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များက အထက်ဖော်ပြပါ အဖွဲ့အစည်းများနှင့် သက်ဆိုင်ပြီး Meta က ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်တစ်ခုစီအတွက် သက်ရောက်မှုရှိသော အဆိုပါ အဖွဲ့အစည်းအရေအတွက်ကို ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
ဂ။ ပွင့်လင်းမြင်သာမှု
၆။ Meta သည် အကြောင်းအရာကို လူမှုစံနှုန်း ချိုးဖောက်မှုများရှိ၊ မရှိ စိစစ်သုံးသပ်ပေးရန် အစိုးရအရာရှိဘက်မှ တောင်းဆိုချက်များကို အစီရင်ခံရန် ၎င်း၏ “ လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ” နှင့် “အကြောင်းအရာ ကန့်သတ်မှုများပြုလုပ်ရန် တရားဝင် တောင်းဆိုချက်များဆိုင်ရာ အစီရင်ခံစာ” တို့နှင့်အတူ ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် ကဏ္ဍတစ်ခု ဖန်တီးသင့်သည်။ ၎င်းတွင် နိုင်ငံနှင့် အစိုးရအေဂျင်စီတို့၏ စိစစ်သုံးသပ်ပေးရန်နှင့် ဖယ်ရှားပေးရန် တောင်းဆိုမှုအရေအတွက်နှင့် Meta ၏ ပယ်ချမှုအရေအတွက်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သင့်သည်။ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ယင်းက လိုအပ်ပါသည်။ Meta က ၎င်း၏ “လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ” တွင် အကြောင်းအရာ မူဝါဒ ချိုးဖောက်မှုများကြောင့် အကြောင်းအရာ ဖယ်ရှားမှု ဖြစ်စေသော အစိုးရအရာရှိများထံမှ တောင်းဆိုမှုများနှင့် ပတ်သက်၍ သီးခြားကဏ္ဍတစ်ခုကို ထုတ်ပြန်သည့်အခါ ၎င်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
၇။ Meta သည် စနစ်တကျ ဘက်လိုက်မှုမှန်သမျှအတွက် အကဲဖြတ်ရန် အစိုးရအရာရှိ၏ အကြောင်းအရာ စိစစ်သုံးသပ်ရေး တောင်းဆိုမှုများမှ ဖြစ်ပေါ်လာသည့် ၎င်း၏အကြောင်းအရာ စိစစ်ထိန်းချုပ်ရေး ဆုံးဖြတ်ချက်များဆိုင်ရာ ဒေတာကို ပုံမှန်စိစစ်သုံးသပ်သင့်သည်။ Meta သည် အစိုးရ၏ အကြောင်းအရာ ဖြုတ်ချမှုများနှင့်ပတ်သက်ပြီး ၎င်း၏ဆုံးဖြတ်ချက်များမှ အရင်းခံသည့် ဘက်လိုက်မှုများနှင့်/သို့မဟုတ် လွန်ကဲသော သက်ရောက်မှုများကို ဖြေရှင်းရန် တရားဝင် သဘောထားမှတ်ချက် လုပ်ငန်းစဉ်တစ်ခု ဖန်တီးသင့်သည်။ Meta က ဤစစ်ဆေးမှုများနှင့် စနစ်တကျ ဘက်လိုက်မှုများ လျော့ပါးစေရန် ဆောင်ရွက်သော လုပ်ဆောင်ချက်များမှ ရရှိလာသည့် ယေဘုယျ အသေးစိတ်အစီရင်ခံစာများကို ပုံမှန်ထုတ်ပြန်သောအခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က မှတ်ယူပါမည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးထားခြင်းဖြစ်ပြီး ဘုတ်အဖွဲ့ဝင်အများစု၏ သဘောတူညီမှုကို ရယူထားပါသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤအမှုကို ဆုံးဖြတ်ရန်အတွက် ဘုတ်အဖွဲ့ကိုယ်စား သီးခြားလွတ်လပ်သော သုတေသနလေ့လာမှုတစ်ခု ပြုလုပ်စေခဲ့ပါသည်။ ဘုတ်အဖွဲ့ကို Gothenburg တက္ကသိုလ်တွင် အခြေစိုက်သော သီးခြားသုတေသန အဖွဲ့အစည်းတစ်ခုက တိုက်ကြီးခြောက်ခုမှ လူမှုရေးသိပ္ပံပညာရှင် ၅၀ ကျော်အပြင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သည့် အဖွဲ့တစ်ခုကို အသုံးပြု၍ ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ ဘာသာစကားပေါင်း ၃၅၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ကမ္ဘာတစ်လွှားရှိ မြို့ကြီးပေါင်း ၅,၀၀၀ ကျော်မှ အလုပ်လုပ်ပေးနေသည့် ကျွမ်းကျင်ပညာရှင်များကို ပိုင်ဆိုင်ထားသော Lionbridge Technologies, LLC က ဘာသာစကားပိုင်းဆိုင်ရာ ကျွမ်းကျင်ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။
Volver a Decisiones de casos y opiniones consultivas sobre políticas