أسقط

တရုတ်ကွန်မြူနစ် ပါတီအကြောင်း ရေးသားဖော်ပြချက်

တရုတ်ကွန်မြူနစ်ပါတီ၏ “ကျဆုံးမှု” ကို တိုက်တွန်းတောင်းဆိုသော Instagram မှတ်ချက်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။

نوع القرار

ملخص

السياسات والمواضيع

عنوان
حرية التعبير، حكومات، احتجاجات
معيار المجتمع
العنف والتحريض

المناطق/البلدان

موقع
တရုတ်

منصة

منصة
Instagram

အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် ဘုတ်အဖွဲ့က အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် တင်ပြပြီးနောက် Meta က အကြောင်းအရာတစ်ခုအပေါ် ၎င်း၏မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများကို ဆန်းစစ်လေ့လာထားပြီး Meta ၏ ဝန်ခံထားသော အမှားများအကြောင်း အချက်အလက်များကို ထည့်သွင်းဖော်ပြထားသည်။ ၎င်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးထက် ဘုတ်အဖွဲ့ဝင်များပါသော အဖွဲ့တစ်ဖွဲ့က အတည်ပြုထားပြီး လူထုသဘောထားမှတ်ချက်များနှင့် မသက်ဆိုင်သည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသည့် စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ် ဆုံးဖြတ်ချက်များသည် Meta ၏ ဆုံးဖြတ်ချက်များတွင် တိုက်ရိုက်အပြောင်းအလဲများ ဖြစ်စေပြီး ဤပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှု ရှိစေရုံသာမက တစ်ဖက်တွင်လည်း Meta ၏ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များအား ရှာဖွေဖော်ထုတ်ပေးသည်။

အနှစ်ချုပ်

တရုတ်ကွန်မြူနစ်ပါတီ၏ “ကျဆုံးမှု” ကို တိုက်တွန်းတောင်းဆိုသော Instagram မှတ်ချက်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိစေရန် တင်ပြပြီးနောက်တွင် ကုမ္ပဏီသည် ၎င်း၏ မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှုအကြောင်း

၂၀၂၄ ခုနှစ်၊ မတ်လတွင် Instagram အသုံးပြုသူတစ်ဦးသည် “Death to the Chinese Communist Party!” (တရုတ်ကွန်မြူနစ်ပါတီ ကျဆုံးပါစေ။) ဟု ရေးထားသည့် မှတ်ချက်တစ်ခုကို အရိုးခေါင်းအီမိုဂျီများနှင့်တွဲ၍ ပို့စ်တင်ခဲ့သည်။ ၎င်းသည် သတင်းဌာနအကောင့်တစ်ခုမှ ပို့စ်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုပို့စ်တွင် အမေရိကန်နိုင်ငံ၌ TikTok သုံးစွဲနိုင်မှုအပေါ် ထိခိုက်စေနိုင်သည့် ဥပဒေမူကြမ်းတစ်ရပ်ကို အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် အတည်ပြုခြင်းအား တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ပြောရေးဆိုခွင့်ရှိသူဟောင်းတစ်ဦးဖြစ်သည့် Wang Wenbin က ဝေဖန်ရှုတ်ချပြောဆိုသော ဗီဒီယိုကို အသားပေးဖော်ပြထားသည်။

Meta သည် “အကြမ်းဖက်ခြိမ်းခြောက်မှုများ” ကို တားမြစ်သည့် ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းအရ အသုံးပြုသူ၏ပို့စ်ကို အစပိုင်းတွင် Facebook မှ ဖယ်ရှားခဲ့သည်။ “ကျဆုံးစေရန် တိုက်တွန်းတောင်းဆိုမှုအချို့၌ ဦးတည်ပြောဆိုခံရသူနှင့် အကြမ်းဖက်နည်းလမ်းကို ထည့်သွင်းဖော်ပြထားလျှင်” တားမြစ်ချက်တွင် ၎င်းတို့အကျုံးဝင်ကြောင်း ကုမ္ပဏီက ရှင်းပြခဲ့သည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက မှတ်ချက်ကို ဖယ်ရှားခြင်းသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး အကြောင်းအရာကို Instagram တွင် ပြန်ထည့်သွင်းခဲ့သည်။ Meta က အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များတွင် ရှင်းပြထားသည့်အတိုင်း တရုတ်ကွန်မြူနစ်ပါတီကဲ့သို့ အဖွဲ့အစည်းတစ်ခုအား ကျဆုံးစေရန် တိုက်တွန်းတောင်းဆိုမှုများကို မချိုးဖောက်ကြောင်း မှတ်ယူသည်ဟု ရှင်းပြခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူမှ အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်ပါသည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်သည့် လုပ်ငန်းစဉ်ကို ပိုမိုနားလည်နိုင်ရန်၊ အမှားများကို လျှော့ချရန်နှင့် Facebook၊ Instagram နှင့် Threads အသုံးပြုသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏အရေးပါမှု

ဤအမှုသည် နိုင်ငံရေးအခြေအနေတစ်ခုအတွင်း ဥပစာအဖြစ်သုံးသော သို့မဟုတ် တင်စားသော ရေးသားပြောဆိုချက်များအပေါ် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းပုံတွင် တစ်သမတ်တည်းမဖြစ်၍ အစိုးရများနှင့် အစိုးရအဖွဲ့အစည်းများကို ဝေဖန်ပြောဆိုသော နိုင်ငံရေးစကားအပေါ် အချိုးမညီမျှစွာ သက်ရောက်နိုင်သည်ကို ဦးစားပေးဖော်ပြသည်။ Meta အနေဖြင့် ၎င်း၏စိစစ်ရေးစနစ်များကို ရေးဆွဲသည့်အခါ ဦးတည်ပြောဆိုခံရသူ (ဤအမှုတွင် နိုင်ငံရေးပါတီတစ်ခု) နှင့် အဖွဲ့အစည်းများကို ဝေဖန်ရန် အတိသယဝုတ္တိမြောက်သော၊ အလင်္ကာမြောက်သော၊ ရွဲ့စောင်းသော၊ သရော်သော စကားများအား လူများအသုံးပြုကြသည်ကို ထည့်သွင်းစဉ်းစားရန် အရေးပါမှုကို ဤအမှုက မီးမောင်းထိုးပြသည်။

သွယ်ဝိုက်ရေးဖွဲ့ဖော်ပြမှုနှင့်ပတ်သက်၍ အကျယ်တဝင့်ဆွေးနွေးရာတွင် “Kill him!” (သူ့ကိုသတ်လိုက်) ကဗျာထဲမှ ရက်စက်ကြမ်းကြုတ်သော အသုံးအနှုန်းဖြင့် ကောက်နုတ်ချက်များကို “အားပေးတိုက်တွန်းခြင်းမဟုတ်ဘဲ စိတ်အခြေအနေတစ်ခုကို ဖော်ပြခြင်း” အဖြစ် အဓိပ္ပာယ်ကောက်နိုင်ကြောင်း ရုရှားကဗျာအမှုတွင် ဘုတ်အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ အသုံးပြုသူပြောလိုသည့်အရာကို ဖော်ပြရန် ထိုအသုံးအနှုန်းကို သွယ်ဝိုက်ပြောဆိုသည့် အလင်္ကာစကားအဖြစ် အသုံးချခဲ့သည်ဟု ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ရလဒ်အနေဖြင့် Meta ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု မူဝါဒဆိုင်ရာ ကုမ္ပဏီတွင်း လမ်းညွှန်ချက်များအရ ထိုအကြောင်းအရာအစိတ်အပိုင်းကို ခွင့်ပြုခဲ့သည်။

၎င်းသည် ဤအမှုတွင် ရည်ညွှန်းထားသော လူမှုစံနှုန်း (ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှု) နှင့် ကွဲပြားသော လူမှုစံနှုန်းတစ်ခု (အမုန်းစကား) ကို ကိုင်တွယ်ဖြေရှင်းပေးသော်ငြားလည်း မြန်မာဘော့ ဆုံးဖြတ်ချက်သည် အစိုးရများ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းများကို ဦးတည်သော စကားနှင့် ဆက်စပ်သောကြောင့် ယင်းဆုံးဖြတ်ချက်ကလည်း သက်ဆိုင်မှုရှိသည်။ ယင်းဆုံးဖြတ်ချက်တွင်မူ ပို့စ်ထဲရှိ ရင့်သီးသောအသုံးအနှုန်းသည် လူများကို ၎င်းတို့၏ လူမျိုး၊ လူမျိုးစု သို့မဟုတ် နိုင်ငံဇာတိအပေါ်အခြေခံ၍ ပစ်မှတ်ထားခဲ့ခြင်းမဟုတ်ဘဲ အစိုးရတစ်ရပ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သောကြောင့် အမုန်းစကားဆိုင်ရာ လူမှုစံနှုန်းကို ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ဆွဲခဲ့သည်။ ဘုတ်အဖွဲ့က အလေးပေးပြောခဲ့သည်မှာ- “နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်များကို အခြေခံပြီး လူများကို ပစ်မှတ်ထားခြင်းအပေါ် တားမြစ်ချက်များကို အစိုးရများ သို့မဟုတ် အဖွဲ့အစည်းများအား ဝေဖန်မှုမှ အကာအကွယ်ပေးသည့်အနေဖြင့် အဓိပ္ပာယ်ကောက်ယူခြင်းမပြုကြောင်း သေချာအောင်လုပ်ရန် အရေးကြီးသည်။”

အကြောင်းအရာကို ၎င်း၏သက်ဆိုင်ရာအခြေအနေအလိုက် အကဲဖြတ်ရန်အတွက် လုံလောက်ပြည့်စုံသော လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားရှိရန် ဘုတ်အဖွဲ့က Meta အား ယခင်က တိုက်တွန်းခဲ့ဖူးပါသည် ( ခလုတ်နှစ်ခုရုပ်ပြောင်ပုံ၊ အကြံပြုချက်နံပါတ် ၃)။ ဘုတ်အဖွဲ့သည် အောက်ဖော်ပြပါကိုလည်း အကြံပြုခဲ့သည်- “တားမြစ်ထားသည့် ရေးသားဖော်ပြချက် အမျိုးအစားများကို အသုံးပြုသူများအား ပိုမိုနားလည်အောင် အသိပေးရန် Meta အနေဖြင့် (၁) ဦးတည်ခြိမ်းခြောက်ခံရသူက အန္တရာယ်များသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အခါမှလွဲ၍ “X ကျဆုံးပါစေ” ကဲ့သို့ သွယ်ဝိုက်ပြောဆိုသော ခြိမ်းခြောက်မှုများကို ယေဘုယျအားဖြင့် ခွင့်ပြုကြောင်း ရှင်းပြရန် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းကို ပြင်ဆင်သင့်သည်…” (အီရန်ဆန္ဒပြကြွေးကြော်သံ၊ အကြံပြုချက် နံပါတ် ၁)။ ထို့အပြင် “(၁) အကြမ်းဖက်မှုကို မဖြစ်ပေါ်စေနိုင်သည့် အခြေအနေဖြစ်လျှင်၊(၂) ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို ကန့်ကွက်ဆန္ဒပြမှု အခြေအနေများတွင် အသုံးပြုထားသည့်အခါနှင့် (၃) အများပြည်သူအတွက် အကျိုးများသည့် အခြေအနေများတွင် Meta အနေဖြင့် အတိုင်းအတာသတ်မှတ်ထားသော ခွင့်ပြုချက်များ ထုတ်ပြန်ခြင်းကို အလေးပေးသင့်သည်” (အီရန်ဆန္ဒပြကြွေးကြော်သံ၊ အကြံပြုချက် နံပါတ် ၂)။

Meta သည် “ခလုတ်နှစ်ခု” ရုပ်ပြောင်ပုံဆိုင်ရာ အကြံပြုချက်နှင့် အီရန်ဆန္ဒပြကြွေးကြော်သံ ဆုံးဖြတ်ချက်မှ အကြံပြုချက် နံပါတ် ၂ တို့ကို အကောင်အထည်ဖော်ထားကြောင်း အစီရင်ခံခဲ့သော်လည်း ၎င်းကို လက်တွေ့ပြရန် အချက်အလက်များကို မထုတ်ပြန်ခဲ့ပါ။ အီရန်ဆန္ဒပြကြွေးကြော်သံမှ အကြံပြုချက် နံပါတ် ၁ အတွက် Meta က ကြီးကြပ်ရေးဘုတ်အဖွဲ့ထံ ၎င်း၏ ၂၀၂၃ ခုနှစ်၊ စတုတ္ထလေးလပတ် အပ်ဒိတ်တွင် ဖော်ပြခဲ့သည်မှာ- “မည်သည်တို့က 'ခြိမ်းခြောက်မှု' တွင် ပါဝင်နေကြောင်း နောက်ထပ်အသေးစိတ်ကို ဖော်ပြပြီး ဦးတည်ပြောဆိုခံရသူအလိုက် ကျွန်ုပ်တို့၏ စည်းကမ်းထိန်းသိမ်းပုံကို ကွဲပြားအောင် လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ လူမှုစံနှုန်းများကို အပ်ဒိတ်လုပ်ထားသည်။ ဤအလုပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့သည် ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကိုလည်း အပ်ဒိတ်လုပ်ထားသည်။”

ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးထိုးလှုံ့ဆော်မှုဆိုင်ရာ မူဝါဒအရ စည်းကမ်းထိန်းသိမ်းမှု အမှားများ၏ အရေအတွက်ကို လျော့နည်းစေနိုင်သည်ဟု ဘုတ်အဖွဲ့က ယုံကြည်သည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးနောက် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

العودة إلى قرارات الحالة والآراء الاستشارية المتعلقة بالسياسة