पलट जाना

ဂျူးမုန်းတီးရေးဝါဒကို တုံ့ပြန်ခြင်း

ဟစ်တလာကို ချီးမွမ်းပြီး ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းကို အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုသော အဆိုတော် Ye (Kanye West ဟု ယခင်က သိကြသော အမေရိကန် ရက်ပ်ပါ) ၏ မှတ်ချက်များကို ရှုတ်ချခဲ့သည့် Instagram ဗီဒီယိုပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

निर्णय का प्रकार

सारांश

नीतियां और विषय

विषय
अभिव्यक्ति की स्वतंत्रता
सामुदायिक मानक
ख़तरनाक लोग और संगठन

क्षेत्र/देश

जगह
तुर्की, अमेरिका

प्लैटफ़ॉर्म

प्लैटफ़ॉर्म
Instagram

ဤသည်မှာ အနှစ်ချုပ် ဆုံးဖြတ်ချက်ဖြစ်သည် အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် အမှုကိစ္စကို ကုမ္ပဏီသတိပြုမိစေရန် ဘုတ်အဖွဲ့က တင်ပြပြီးနောက်တွင် အကြောင်းအရာအစိတ်အပိုင်းတစ်ခုနှင့် ပတ်သက်၍ Meta က ၎င်း၏ မူလဆုံးဖြတ်ချက်အား ပြောင်းလဲခဲ့သည့် အမှုများအပေါ် ဆန်းစစ်လေ့လာထားပါသည်။ ဤဆုံးဖြတ်ချက်များတွင် Meta ကိုယ်တိုင်ဝန်ခံထားသော အမှားများနှင့်ပတ်သက်သည့် အချက်အလက်များ ပါဝင်သည်။ ယင်းတို့ကို ဘုတ်အဖွဲ့တစ်ခုလုံးကမဟုတ်ဘဲ ဘုတ်အဖွဲ့က ရွေးချယ်ထားသော အဖွဲ့ဝင်များက အတည်ပြုပါသည်။ ၎င်းတို့သည် အများမြင်မှတ်ချက်များကို ထည့်သွင်းမစဉ်းစားသည့်အပြင် ဘုတ်အဖွဲ့အတွက် သာဓကပြုသော စံတန်ဖိုးမျိုးလည်း မရှိပါ။ အနှစ်ချုပ်ဆုံးဖြတ်ချက်များတွင် Meta ၏ အမှားပြင်ဆင်ချက်များကို ပွင့်လင်းမြင်သာမှုရှိအောင် တင်ပြထားပြီး ကုမ္ပဏီအနေဖြင့် ၎င်း၏မူဝါဒကိုလိုက်နာစေရန် စည်းကမ်းထိန်းသိမ်းရာတွင် တိုးတက်အောင် လုပ်ဆောင်နိုင်သည့် နယ်ပယ်များကို ဦးစားပေးဖော်ပြသည်။

အမှု အနှစ်ချုပ်

ဟစ်တလာကို ချီးမွမ်းပြီး ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းကို အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုသော အဆိုတော် Ye (Kanye West ဟု ယခင်က သိကြသော အမေရိကန် ရက်ပ်ပါ) ၏ မှတ်ချက်များကို ရှုတ်ချခဲ့သည့် Instagram ဗီဒီယိုပို့စ်တစ်ခုကို ဖယ်ရှားရန် Meta ၏ ဆုံးဖြတ်ချက်ကို အသုံးပြုသူတစ်ဦးက အယူခံဝင်ခဲ့သည်။ ဘုတ်အဖွဲ့က အယူခံလွှာကို Meta သတိပြုမိအောင် တင်ပြပြီးနောက် ကုမ္ပဏီသည် ၎င်း၏မူလဆုံးဖြတ်ချက်ကို ပြောင်းလဲပြီး ပို့စ်ကို ပြန်ထည့်သွင်းခဲ့သည်။

အမှု ရှင်းလင်းဖော်ပြချက်နှင့် နောက်ခံအချက်အလက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တူရကီနိုင်ငံမှ Instagram အသုံးပြုသူတစ်ဦးသည် ဗီဒီယိုတစ်ခုကို ပို့စ်တင်ခဲ့ပြီး ထိုဗီဒီယိုတွင် Ye က သူသည် အဒေါ့ဖ် ဟစ်တလာကို "ကြိုက်" ပြီး ဟစ်တလာသည် "ဂျူးလူမျိုး ၆ သန်းကို မသတ်ခဲ့ပါ" ဟု ပြောထားသည့် အင်္ဂလိပ်ဘာသာဖြင့် အင်တာဗျူးတစ်ခုမှ ကောက်နုတ်ချက် ပါဝင်သည်။ ထို့နောက် ဗီဒီယိုသည် ရုပ်မြင်သံကြားဌာန သတင်းထောက်တစ်ဦးဖြစ်ပုံရသည့် လူတစ်ဦးက Ye ၏ ပြောဆိုချက်များအပေါ် နာကြည်းမှုကို ဖော်ပြပြီး သူ့မိသားစုဝင်များက ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းတွင် အသတ်ခံခဲ့ရပုံကို ပြန်ပြောပြသည့် အပိုင်းကို ဖြတ်ပြသည်။ ဗီဒီယိုကို တူရကီဘာသာဖြင့် စာတန်းထိုးထားပြီး ၎င်းတွင် "ရုပ်မြင်သံကြားဌာန သတင်းထောက်က Kanye West ကို တုံ့ပြန်" ဟု ဘာသာပြန်အဓိပ္ပာယ်ရသည့် စာတန်းတစ်ခု ပါရှိသည်။

Meta သည် ၎င်း၏ အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ (DOI) နှင့် အမုန်းစကား မူဝါဒများကို ကိုးကားကာ ပို့စ်ကို Instagram မှ မူလကဖယ်ရှားခဲ့သည်။ Meta ၏ DOI မူဝါဒအရ ကုမ္ပဏီသည် အဒေါ့ဖ် ဟစ်တလာအပါအဝင် သတ်မှတ်ထားသည့် အန္တရာယ်ရှိသောပုဂ္ဂိုလ်များအား ချီးမွမ်းခြင်းကို ဖယ်ရှားသည်။ သို့ရာတွင် "အသုံးပြုသူများသည် သတ်မှတ်ထားသည့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့်လူပုဂ္ဂိုလ်များကိုဖြစ်စေ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များကိုဖြစ်စေ တိုင်ကြားရန်၊ ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ကြားနေသဘောဖြင့် ဆွေးနွေးရန် ၎င်းတို့ကို ရည်ညွှန်းပြောဆိုချက်များ ပါဝင်သော အကြောင်းအရာများကို မျှဝေနိုင်သည်" ကို မူဝါဒက အသိအမှတ်ပြုပါသည်။ ကုမ္ပဏီသည် ၎င်း၏အမုန်းစကား မူဝါဒအရ "နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုပေါ်အခြေခံ၍ ခြိမ်းခြောက်ခြင်း၊ ဖယ်ကြဉ်ခြင်း သို့မဟုတ် အကြမ်းဖက်ခြင်းနှင့် သမိုင်းကြောင်းအရ ဆက်နွှယ်နေသည့်" အန္တရာယ်ရှိသော ပုံသေကားကျပုံစံတစ်ခုအဖြစ် ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းကို အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုခြင်းအား ဖယ်ရှားသည်။ "ရံဖန်ရံခါတွင် စွပ်စွဲပြောဆိုချက်များ သို့မဟုတ် တစ်စုံတစ်ယောက်၏ အမုန်းစကားများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ပိုမိုသတိပြုမိစေရန်အတွက် ယင်းပြောဆိုချက်များ ပါဝင်သော အကြောင်းအရာကို လူများက မျှဝေကြောင်း" ကိုလည်း အမုန်းစကားမူဝါဒက အသိအမှတ်ပြုပါသည်။

အသုံးပြုသူက ဘုတ်အဖွဲ့ထံ ၎င်း၏အယူခံလွှာတွင် ဗီဒီယိုသည် အဒေါ့ဖ်ဟစ်တလာကို မထောက်ခံကြောင်းနှင့် ၎င်းတို့မှာ အထင်လွဲခံခဲ့ရကြောင်း ငြင်းခုံပြောဆိုထားသည်။

ဘုတ်အဖွဲ့က ဤအမှုကို Meta သတိပြုမိစေရန် တင်ပြခဲ့ပြီးနောက် ကုမ္ပဏီက အကြောင်းအရာသည် ၎င်း၏ မူဝါဒများကို မချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ ဗီဒီယိုတွင် အဒေါ့ဖ် ဟစ်တလာကို ချီးမွမ်းခြင်းနှင့် ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းကို အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုခြင်း ပါရှိခဲ့သော်လည်း ဗီဒီယို၏ ဒုတိယအပိုင်းသည် ဤပြောဆိုချက်များကို ရှင်းရှင်းလင်းလင်း ရှုတ်ချထားသောကြောင့် ၎င်းကိုခွင့်ပြုနိုင်သော ဆက်စပ်အကြောင်းအရာတစ်ခုအတွင်း ရှိစေခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီက ၎င်း၏ ကနဦးဖယ်ရှားမှုသည် မှားယွင်းခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး အကြောင်းအရာကို ပလက်ဖောင်းတွင် ပြန်ထည့်သွင်းပေးခဲ့သည်။

ဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရှိသော အတိုင်းအတာ

အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူက အယူခံဝင်ပြီးနောက်တွင် Meta ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ဘုတ်အဖွဲ့အနေဖြင့် စိစစ်သုံးသပ်ပိုင်ခွင့် ရှိသည် (ပဋိညာဉ် စာတမ်း ပိုဒ်ခွဲ ၂၊ ပုဒ်မ ၁၊ နည်းဥပဒေ ပိုဒ်ခွဲ ၃၊ ပုဒ်မ ၁)။

Meta က ၎င်းသည် ဘုတ်အဖွဲ့စိစစ်သုံးသပ်ရန် ထည့်သွင်းစဉ်းစားနေသော အမှုတစ်ခုတွင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံပြီး ၎င်း၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သည့်အခါ ဘုတ်အဖွဲ့သည် အနှစ်ချုပ်ဆုံးဖြတ်ချက်အတွက် အဆိုပါအမှုကို ရွေးချယ်နိုင်သည် (နည်းဥပဒေ ပိုဒ်ခွဲ ၂၊ ပုဒ်မ ၂.၁.၃)။ ဘုတ်အဖွဲ့သည် အကြောင်းအရာ စိစစ်ခြင်း လုပ်ငန်းစဉ်ကို ပိုမိုနားလည်စေရန်၊ အမှားများကိုလျှော့ချရန်နှင့် Facebook နှင့် Instagram ကို အသုံးပြုနေသူများအတွက် ပို၍တရားမျှတမှုရှိစေရန် မူလဆုံးဖြတ်ချက်ကို စိစစ်သုံးသပ်ပါသည်။

အမှု၏ အရေးပါမှု

ဤအမှုသည် Meta ၏ DOI နှင့် အမုန်းစကား မူဝါဒများရှိ ခြွင်းချက်များကို အသုံးချရာတွင် မှားယွင်းမှုဥပမာတစ်ခုကို ပြသသည်။ ထိုသို့သောအမှားများသည် ဂျူးလူမျိုးများ အစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းခံရခြင်းကို အမှန်တကယ်မဖြစ်ခဲ့ကြောင်း ငြင်းဆိုခြင်းအပါအဝင် အမုန်းစကားကို တုံ့ပြန်ရန် သို့မဟုတ် ဟစ်တလာကဲ့သို့ အန္တရာယ်ရှိသော ပုဂ္ဂိုလ်များကို ချီးမွမ်းသည့် ပြောဆိုချက်များကို ရှုတ်ချရန် အဓိပ္ပာယ်သက်ရောက်သည့် ပြောစကားများကို ဖုံးဖိနိုင်သည်။ တန်ပြန်တုံ့ပြန်မှုစကားကို ကာကွယ်ပေးခြင်းသည် လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လမ်းဖွင့်ပေးရန်အတွက် မရှိမဖြစ်လိုအပ်ပြီး သတင်းအချက်အလက်အမှားနှင့် အမုန်းစကားကဲ့သို့ အန္တရာယ်ရှိသော အကြောင်းအရာများကို တိုက်ဖျက်ခြင်းအတွက် အထောက်အကူပြု နည်းလမ်းတစ်ခုဖြစ်သည်။ ဘုတ်အဖွဲ့က ယခင်က အောက်ပါအတိုင်း အကြံပြုထားသည်- Meta သည် စည်းကမ်းထိန်းသိမ်းမှု အမှားများကို ဖြစ်စေသည့် စနစ်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်အတွက် DOI မူဝါဒအောက်တွင် သတင်းပို့အစီရင်ခံခြင်း ခွင့်ပြုချက်ကို သက်ရောက်အောင် စည်းကမ်းထိန်းသိမ်းရာတွင် စိစစ်သုံးသပ်သူများ၏ တိကျမှုကို အကဲဖြတ်သင့်သည် ( သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ဖော်ပြခြင်း၊ အကြံပြုချက် နံပါတ် ၅)။ Meta သည် DOI မူဝါဒကို လိုက်နာအောင် စည်းကမ်းထိန်းသိမ်းမှုအတွက် အလိုအလျောက်စနစ်သုံးသော စိစစ်ခြင်း လုပ်ငန်းစဉ်များကို အကဲဖြတ်သင့်သည် ( အိုကလန်ကို သီးခြားခွဲထားခြင်း၊ အကြံပြုချက် နံပါတ် ၂)။ ထို့အပြင် Meta သည် ရှုတ်ချခြင်း၊ လူအများ ပိုမိုသတိပြုမိစေခြင်း၊ မိမိကိုယ်ကို ရည်ညွှန်းဖော်ပြခြင်းနှင့် လုပ်ပိုင်ခွင့်ပေးအပ်ခြင်း အသုံးပြုမှုများကဲ့သို့ ထုတ်ဖော်ပြောဆိုမှုပုံစံများ ခြုံငုံပါဝင်သည့် ၎င်း၏ အမုန်းစကား မူဝါဒဆိုင်ရာ ခွင့်ပြုချက်များကို အလေးထားသော တိကျမှုအကဲဖြတ်ချက်များကို ဆောင်ရွက်သင့်သည် ( Wampum ခါးပတ်၊ အကြံပြုချက် နံပါတ် ၃)။ Meta သည် သတင်းအစီရင်ခံခြင်းတွင် တာလီဘန်ကို ဖော်ပြခြင်း အကြံပြုချက် နံပါတ် ၅) အတွက် အခြေအနေတိုးတက်မှုကို အစီရင်ခံခဲ့ပြီး အိုကလန်ကို သီးခြားခွဲထားခြင်း၊ အကြံပြုချက် နံပါတ် ၂) ကို အကောင်အထည်ဖော်ရန် ငြင်းဆိုခဲ့ကာ Wampum ခါးပတ်၊ အကြံပြုချက် နံပါတ် ၃ ကို အကောင်အထည်ဖော်ကြောင်း ပြသခဲ့သည်။

ဤအကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းသည် အမုန်းစကားနှင့် အန္တရာယ်ရှိသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များဆိုင်ရာ မူဝါဒများအရ ခွင့်ပြုချက်များကို သက်ရောက်အောင် စည်းကမ်းထိန်းသိမ်းရာတွင် မှားယွင်းမှုနှုန်းများကို လျှော့ချနိုင်ကြောင်း ဘုတ်အဖွဲ့က ထပ်လောင်းပြောကြားသည်။ ထိုသို့ပြုလုပ်ခြင်းသည် အပြန်အလှန်အားဖြင့် တန်ပြန်တုံ့ပြန်မှုစကားကို ပိုမိုကာကွယ်ပေးပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အလုံးစုံ အားပေးမြှင့်တင်ပါလိမ့်မည်။

ဆုံးဖြတ်ချက်

အကြောင်းအရာကို ဖယ်ရှားရန် Meta ၏ မူလဆုံးဖြတ်ချက်ကို ဘုတ်အဖွဲ့က ပယ်ချလိုက်သည်။ ဘုတ်အဖွဲ့က အမှုကို Meta သတိပြုမိစေရန် တင်ပြပြီးသည်နှင့် Meta က ၎င်း၏ ကနဦးအမှားကို ပြင်ဆင်လိုက်ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။

मामले के निर्णयों और नीति सलाहकार राय पर लौटें