Publié
COVID-19 သတင်းအချက်အလက်အမှားကို ဖယ်ရှားခြင်း
20 avril 2023
ဤမူဝါဒအကြံပေး သဘောထားအမြင်သည် Meta အနေဖြင့် COVID-19 ၏ အချို့သော သတင်းအချက်အလက်အမှား အမျိုးအစားများကို ဆက်လက် ဖယ်ရှားသင့်သလား သို့မဟုတ် ကန့်သတ်မှုနည်းသော ချဉ်းကပ်မှုသည် ၎င်း၏စံတန်ဖိုးများနှင့် လူ့အခွင့်အရေး တာဝန်များနှင့် ပိုမိုကိုက်ညီမှုရှိသလား ဆိုသည်ကို ဆန်းစစ်သည်။
၁။ အကြောင်းအရာ အကျဉ်းချုပ်
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် COVID-19 ၏ အချို့သော သတင်းအချက်အလက်အမှား အမျိုးအစားများကို ဆက်လက်ဖယ်ရှားသင့်၊ မသင့် သို့မဟုတ် ကန့်သတ်မှုနည်းသော ကိုင်တွယ်ဖြေရှင်းနည်းက ၎င်း၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးတာဝန်များနှင့် ပိုမိုကိုက်ညီမှုရှိ၊ မရှိ အကဲဖြတ်ပေးရန် Meta ထံမှ တောင်းဆိုချက် ကို လက်ခံခဲ့သည်။ ဤမူဝါဒအကြံပေး သဘောထားအမြင်မှာ ယင်းတောင်းဆိုမှုအတွက် ဘုတ်အဖွဲ့၏ တုံ့ပြန်ချက်ပင် ဖြစ်သည်။
ဘုတ်အဖွဲ့သည် ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုနှင့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ COVID-19 သတင်းအချက်အလက်အမှားနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးတွင် ကိုင်တွယ်ဖြေရှင်းနည်း တစ်ခုတည်းကိုသာ အသုံးပြုရန် Meta ၏ တောင်းဆိုချက်ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်ကြေညာထားသရွေ့ Meta အနေဖြင့် ၎င်း၏ လက်ရှိမူဝါဒအတိုင်း ရှေ့ဆက်၍ လိုက်နာကျင့်သုံးသင့်သည်ဟု ဘုတ်အဖွဲ့က ကောက်ချက်ချပါသည်။ ၎င်းသည် ကြီးမားသော ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့် COVID-19 သတင်းအချက်အလက် အမှားများကို ဆက်လက်၍ ဖယ်ရှားသင့်သည်ဟု ဆိုလိုပါသည်။ သို့သော်လည်း Meta အနေဖြင့် ၎င်းလတ်တလော ဖယ်ရှားလိုက်သော ပြောဆိုချက် ၈၀ အနက်မှ တစ်ခုချင်းစီကို ပိုမိုကျယ်ပြန့်သော ကျွမ်းကျင်သူအဖွဲ့နှင့် ဆွေးနွေးပြီး ပြန်လည်အကဲဖြတ်ရန် လုပ်ငန်းစဉ်ကို စတင်သင့်သည်ဟု ဘုတ်အဖွဲ့က တွေ့ရှိပါသည်။ WHO ၏ ကြေညာချက်ကို ရုပ်သိမ်းလိုက်သည့်အခါ အဆိုပါအခြေအနေ အသစ်များအောက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားလူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် အစီအမံများကိုလည်း ၎င်းက ပြင်ဆင်သင့်သည်။ COVID-19 အကြောင်းအရာကို ဖယ်ရှားပေးရန် အစိုးရ၏တောင်းဆိုမှုများဆိုင်ရာ အချက်အလက်များကို Meta အနေဖြင့် ထုတ်ပြန်ရန်၊ ၎င်း၏ပလက်ဖောင်းများကို သီးခြားလွတ်လပ်သော သုတေသန လုပ်ဆောင်ရာတွင် ပံ့ပိုးကူညီရန်၊ ၎င်း၏ ပလက်ဖောင်းများ တည်ဆောက်ပုံနှင့် သတင်းအချက်အလက် အမှားများအကြား ဆက်နွှယ်မှုကို စစ်ဆေးရန်နှင့် COVID-19 သတင်းအချက်အလက် အမှားများနှင့် စပ်လျဉ်း၍ တစ်ကမ္ဘာလုံးက ပိုမိုသိရှိနားလည်လာစေရန် ဘုတ်အဖွဲ့က အလေးအနက် အကြံပြုထားသည်။
နောက်ခံအချက်အလက်
၂၀၂၀ ခုနှစ်အစောပိုင်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် Meta သည် COVID-19 သတင်းအချက်အလက်အမှားဟု ကုမ္ပဏီက သတ်မှတ်ထားသော ပြောဆိုချက်များစွာကို Facebook နှင့် Instagram တို့မှ စတင်ဖယ်ရှားခဲ့သည်။ ကုမ္ပဏီက ဖယ်ရှားလိုက်သော COVID-19 ဆိုင်ရာ ပြောဆိုချက်များစာရင်းမှာ ကမ္ဘာ့ကပ်ရောဂါကာလ တစ်လျှောက်လုံးအတွင်း ပိုမိုများပြားလာခဲ့သည်။ Meta သည် "အခိုင်အမာဆိုထားသော ကိုဗစ်ပျောက်ကင်းဆေး" အမှုဆုံးဖြတ်ချက်တွင် ဘုတ်အဖွဲ့၏ အကြံပြုချက်များကို တုံ့ပြန်ရန်အတွက် ဖန်တီးထားသည့် သတင်းအချက်အလက်အမှားဆိုင်ရာ လူမှုစံနှုန်း၏ အပိုင်းခွဲတစ်ခုဖြစ်သည့် ၎င်း၏ "ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ" မူဝါဒအရ ထင်ရှားသော COVID-19 သတင်းအချက်အလက်အမှားများ ဖြစ်နေသည့် ပြောဆိုချက်ပေါင်း ၈၀ ခန့်ကို ယနေ့အထိ ဖယ်ရှားလိုက်ပြီးပါပြီ။ ဤမူဝါဒအကြံပေး သဘောထားအမြင်များသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း "ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ" မူဝါဒအောက်တွင် Meta ၏ လုပ်ဆောင်ချက်များကို သီးခြားအလေးပေးထားပါသည်။ ၎င်းသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အခြားမူဝါဒများအောက်တွင် Meta ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိပါ။
"ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ" မူဝါဒအောက်တွင် "အချက်အလက်သည် မှားယွင်းပြီး ရုပ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်ကြောင်း ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ကောက်ချက်ချသည့်အခါ Meta သည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း သတင်းအချက်အလက်အမှားကို ဖယ်ရှားသည်။" Meta သည် အဆိုပါစံနှုန်းနှင့် ကိုက်ညီခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများကိုသာ သီးခြားမှီခိုအားထားခဲ့ပါသည်။ ၎င်းလက်ရှိဖယ်ရှားထားသည့် ပြောဆိုချက်ပေါင်း ၈၀ တွင် ဥပမာအားဖြင့် COVID-19 ရောဂါ တည်ရှိမှုကို ငြင်းဆိုခြင်းနှင့် COVID-19 ကာကွယ်ဆေးများသည် သံလိုက်ဓာတ်ကို ဖြစ်ပေါ်စေကြောင်း အခိုင်အမာပြောဆိုခြင်းတို့ ပါဝင်သည်။ Meta သည် ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း Facebook နှင့် Instagram တို့မှ COVID-19 သတင်းအချက်အလက်အမှား ၂၇ သန်းကို ဖယ်ရှားခဲ့ပြီး ၎င်းတို့ထဲမှ ၁.၃ သန်းကို အယူခံဝင်ခြင်းဖြင့် ပြန်လည်ထည့်သွင်းပေးခဲ့သည်။ ဖယ်ရှားရန်စံနှုန်းနှင့် မကိုက်ညီသည့် COVID-19 သတင်းအချက်အလက်အမှားများကို အချက်အလက်စစ်ဆေးခြင်း၊ အညွှန်းတပ်ခြင်း သို့မဟုတ် အဆင့်လျှော့ခြင်းတို့ ပြုလုပ်နိုင်သည်။ အချက်အလက် စစ်ဆေးသူများသည် အကြောင်းအရာကို အဆင့်သတ်မှတ်ပါသည် (ဥပမာ၊ "မှားယွင်းနေသည်" သို့မဟုတ် "ဆက်စပ်အကြောင်းအရာ လိုအပ်နေသည်" စသည်ဖြင့်)။ ထို့နောက် Meta သည် ၎င်းကို ယင်းအတိုင်း အညွှန်းတပ်ပြီး အကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်ဆေးသည့်ဆောင်းပါးတစ်ခုနှင့် ချိတ်ဆက်ဖော်ပြပေးသည်။ ကုမ္ပဏီသည် အချက်အလက်စစ်ဆေးသူများ အညွှန်းတပ်ထားသော အကြောင်းအရာများကိုလည်း အဆင့်လျှော့ချသည်။ ဆိုလိုသည်မှာ အချက်များစွာပေါ် မူတည်၍ အသုံးပြုသူများ၏ အလင်းစဉ်များတွင် မကြာခဏပေါ်လာသည့် အကြိမ်ရေ ပိုနည်းသွားပြီး ထင်ထင်ရှားရှား မမြင်ရတော့ပါ။ Meta သည် COVID-19 ဆိုင်ရာ အကြောင်းအရာများတွင် “ကြားနေအညွှန်းများ” ကိုလည်း အသုံးပြုသည်။ ဤအညွှန်းများတွင် "ခွင့်ပြုချက်မရသော COVID-19 ကုသမှုအချို့သည် ဆိုးရွားသောအန္တရာယ် ဖြစ်စေနိုင်သည်" ကဲ့သို့သော ဖော်ပြချက်များ ပါရှိပြီး ယင်းတို့သည် ကြိုတင်ကာကွယ်ရေးအစီအမံများ၊ ကာကွယ်ဆေးများနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများထံမှ အရင်းအမြစ်များဆိုင်ရာ အချက်အလက်များကို ပံ့ပိုးပေးသည့် Meta ၏ COVID-19 သတင်းအချက်အလက်စင်တာသို့ လူများကို လမ်းညွှန်ပေးသည်။
ဘုတ်အဖွဲ့ထံ Meta ၏ တောင်းဆိုချက်တွင် ၎င်းအနေဖြင့် အချို့သော COVID-19 သတင်းအချက်အလက်အမှားကို ဆက်လက်ဖယ်ရှားသင့်၊ မသင့် မေးမြန်းခဲ့သည်။ တစ်နည်းအားဖြင့် ကုမ္ပဏီက ထိုကဲ့သို့အချက်အလက်များကို ဖယ်ရှားခြင်းမှ ရပ်တန့်ပြီး ယင်းအစား အကြောင်းအရာကို အဆင့်လျှော့ချခြင်း၊ ၎င်းကို ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူများထံ ပေးပို့ခြင်း သို့မဟုတ် အညွှန်းတပ်ခြင်း ပြုလုပ်နိုင်သည်ဟု ဆိုခဲ့ပါသည်။ Meta သည် နိုင်ငံ သို့မဟုတ် ဒေသအလိုက် ကွဲပြားသော ကိုင်တွယ်ဖြေရှင်းနည်းကို အသုံးပြုခြင်းထက် COVID-19 သတင်းအချက်အလက်အမှားနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးတွင် ကိုင်တွယ်ဖြေရှင်းနည်း တစ်ခုတည်းကိုသာ အသုံးပြုရန် တောင်းဆိုထားပါသည်။ အတိုင်းအတာတစ်ခုဖြင့် ဒေသအလိုက် မူဝါဒရေးရာ ကိုင်တွယ်ဖြေရှင်းနည်းက အသုံးပြုသူများအတွက် ရှင်းလင်းပြတ်သားမှု မရှိသည့်အပြင် စည်းကမ်းထိန်းသိမ်းမှုပိုင်းကို ညံ့ဖျင်းစေကြောင်းနှင့် ၎င်းတွင် ယင်းကဲ့သို့သော ကိုင်တွယ်ဖြေရှင်းနည်းကို ချမှတ်ပိုင်ခွင့် မရှိကြောင်းကို ကုမ္ပဏီက ဆိုထားသည်။ အဆိုပါတောင်းဆိုမှုကို ထည့်သွင်းစဉ်းစားရာတွင် ဘုတ်အဖွဲ့သည် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။ ၎င်းတို့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်းလျက် ကမ္ဘာတစ်ဝှမ်းမှ ပါဝင်ဆွေးနွေးသူများဖြင့် ပြုလုပ်သော အွန်လိုင်းဆွေးနွေးပွဲ အစုစုတို့ ပါဝင်ခဲ့ပြီး ယင်းမှတစ်ဆင့် ဘုတ်အဖွဲ့သည် မြောက်မြားစွာသော ကျွမ်းကျင်သူများနှင့် သက်ဆိုင်သူများထံမှ ထင်မြင်ချက်များကို ကြားသိခဲ့ရသည်။
အဓိက တွေ့ရှိချက်များနှင့် အကြံပြုချက်များ
ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း “ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့်” COVID-19 သတင်းအချက်အလက် အမှားများကို ဆက်လက်ဖယ်ရှားခြင်းသည် Meta ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးတာဝန်များနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ COVID-19 သတင်းအချက်အလက်အမှားများကို အတိုင်းအတာတစ်ခုအထိ ဒေသအလိုက် ကိုင်တွယ်ဖြေရှင်းရန် Meta အတွက် ပိုမိုသင့်လျော်မှုရှိ၊ မရှိကို ဘုတ်အဖွဲ့အနေဖြင့် ကနဦးစူးစမ်းလေ့လာခဲ့သည်။ သို့သော်လည်း ယင်းကဲ့သို့ ကိုင်တွယ်ဖြေရှင်းနည်းမှာ အသုံးပြုသူများအတွက် ရှင်းလင်းပြတ်သားမှုနှင့် တရားမျှတမှုကို သိသိသာသာ ထိခိုက်စေခြင်းနှင့် ၎င်း၏မူဝါဒကို လိုက်နာရာတွင် အမှားအယွင်းများ သိသိသာသာ ပိုများလာခြင်းတို့ မရှိဘဲ မဆောင်ရွက်နိုင်ကြောင်း Meta က အခိုင်အမာ ပြောကြားခဲ့သည်။ Meta ၏စိုးရိမ်မှုများက အကြောင်းအရင်း ခိုင်လုံမှုရှိနိုင်ပါသည်။ သို့သော် ဤရွေးချယ်မှုကို ပယ်ချခြင်းဖြင့် Meta သည် လူ့အခွင့်အရေးများ၊ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာစဉ်တွင် ထိခိုက်နစ်နာစေသော COVID-19 သတင်းအချက်အလက်အမှားများကို အကောင်းဆုံးဖြေရှင်းရန် ကျွမ်းကျင်သူများနှင့် ဘုတ်အဖွဲ့ဝင်များထံမှ အချေအတင်ဖြစ်နေသော ရှုထောင့်များကို ညှိနှိုင်းရန် ဘုတ်အဖွဲ့၏ကြိုးပမ်းမှုကို အနှောင့်အယှက်ဖြစ်စေပါသည်။ အများစုကို အောက်တွင် အကျဉ်းချုပ်ဖော်ပြထားသည့် မူဝါဒအကြံပေး သဘောထားအမြင်များထဲမှ အကြံပြုချက် ၁၈ ခုကို ဤကန့်သတ်ချက်အတွင်း လုပ်ဆောင်ပါသည်။
ဘုတ်အဖွဲ့က Meta အနေဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြုထားသည်များမှာ-
လက်ရှိဖယ်ရှားထားသည့် ပြောဆိုချက် ၈၀ ခုအပေါ် ပွင့်လင်းမြင်သာပြီး တန်းတူညီမျှသော စိစစ်သုံးသပ်ခြင်းနှင့် ပြန်လည်အကဲဖြတ်ခြင်းတို့ စတင်လုပ်ဆောင်နေစဉ်တွင် "ဆက်လက်ဖြစ်ပေါ်နေဆဲ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့်" COVID-19 နှင့် ပတ်သက်သော အကြောင်းအရာအမှားများကို ဆက်လက်ဖယ်ရှားရန်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေသည် ကျန်းမာရေးအတွက် ပြင်းထန်ပြီး လက်ငင်းအန္တရာယ် ကျရောက်စေနိုင်သည်။ COVID-19 သတင်းအချက်အလက်အမှားနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးတွင် ကိုင်တွယ်ဖြေရှင်းနည်း တစ်ခုတည်းကိုသာ အသုံးပြုရန် Meta ၏ တောင်းဆိုချက်အရ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ဆုံးဖြတ်ထားသည့်အတိုင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့် အချက်အလက်မှားများအား ဖယ်ရှားရာတွင် ၎င်း၏ လက်ရှိခြွင်းချက်အစီအမံများဖြင့် Meta တုံ့ပြန်ခြင်းက သင့်လျော်မှုရှိသည်ဟု ဘုတ်အဖွဲ့က တွေ့ရှိသည်။ Meta သည် အခြားအရာများထဲမှ ၎င်းဖယ်ရှားလိုက်သော ပြောဆိုချက်များကို ပြန်လည်အကဲဖြတ်စေရန်အတွက် ၎င်းတို့အား သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများထံ ပြန်လည်ပေးပို့ထားခြင်း မရှိသေးပါ။ ထို့အပြင် ပြောဆိုချက်တစ်ခုချင်းစီ သို့မဟုတ် မူဝါဒတစ်ခုလုံးကို ခြုံငုံ၍ ပြန်လည်အကဲဖြတ်ရန် ပိုမိုကျယ်ပြန့်သော သက်ဆိုင်သူများ၊ ကျွမ်းကျင်သူများနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိပါ။ Meta သည် ၎င်း၏မူဝါဒကို ပြောင်းလဲရန်အတွက် (Meta ၏ ပထမဆုံးတာဝန်ဖြစ်သော) ကြိုတင်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်း မရှိသေးသဖြင့် ဘုတ်အဖွဲ့သည် အားအနည်းဆုံး လူအများစုကို အချိုးမညီမျှစွာ ထိခိုက်စေနိုင်သည့် မူဝါဒအပြောင်းအလဲကို အကြံပြုခွင့်မရှိပါ။
သို့သော် ယခုအခါ ကျွန်ုပ်တို့သည် အကျပ်အတည်းကာလ၏ အစောပိုင်းအဆင့်များအတွင်း မရှိနေတော့သဖြင့် Meta သည် ၎င်း၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းရန်အတွက် ဖယ်ရှားခြင်းဆိုင်ရာ စံသတ်မှတ်ချက်များက ၎င်း၏မူဝါဒများတွင် ချမှတ်ထားသည့်အတိုင်း ဆက်လက်ပြည့်မီခြင်း ရှိ၊ မရှိ ပုံမှန်အကဲဖြတ်သင့်ပါသည်။ ထို့ကြောင့် ဖယ်ရှားခံရသည့် ပြောဆိုချက် ၈၀ ခုကို ကျွမ်းကျင်သူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးလျက် ပုံမှန်ပြန်လည်သုံးသပ်ရန် ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ်ကို စတင်သင့်သည်။ ပြောဆိုချက်တစ်ခုက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေရှိကြောင်း ရှင်းလင်းသော အထောက်အထားကို ကျွမ်းကျင်သူများက ပြသသည့်အခါမှသာ ဖယ်ရှားခံရသော ပြောဆိုချက်စာရင်းတွင် ၎င်းကို ထည့်သွင်းသင့်ပါသည်။ Meta သည် ဤကဲ့သို့ အခါအားလျော်စွာ စိစစ်သုံးသပ်မှုများ၏ ရလဒ်များကို အများပြည်သူနှင့် မျှဝေသင့်သည်။
ဒေသအလိုက် ၎င်း၏ကိုင်တွယ်ဖြေရှင်းပုံကို စူးစမ်းလေ့လာရန်။ WHO က COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားခြင်းအား ရပ်ဆိုင်းလိုက်သော်လည်း ဒေသန္တရ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ၎င်းအား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက် သတ်မှတ်ထားသောအခါ Meta အနေဖြင့် မည်သို့လုပ်ဆောင်ရမည်ကို အစီအစဉ်ဆွဲရန် လိုအပ်ပါသည်။ ဤအခြေအနေတွင် လုပ်ဆောင်ရမည့် အစီအမံများကို ခွဲခြားသတ်မှတ်ရန်အတွက် အန္တရာယ်ဖြစ်နိုင်ခြေအား အကဲဖြတ်ခြင်းလုပ်ငန်းစဉ်ကို စတင်ရန် ဘုတ်အဖွဲ့က အကြံပြုထားသည်။ ယင်းအစီအမံများသည် ကမ္ဘာတစ်ဝန်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိဘဲ လက်တွေ့ဘဝတွင် ကြီးမားသော ထိခိုက်မှုကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့် သတင်းအချက်အလက်အမှားများကို ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။ အန္တရာယ်ဖြစ်နိုင်ခြေကို အကဲဖြတ်ရာတွင် ၎င်း၏မူဝါဒများအား လိုက်နာထိန်းသိမ်းမှုကို ဒေသအလိုက် ပြဋ္ဌာန်းသတ်မှတ်နိုင်ခြင်းရှိ၊ မရှိ အကဲဖြတ်ခြင်း ပါဝင်သင့်သည်။
၎င်း၏ပလက်ဖောင်းများ တည်ဆောက်ပုံ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန်။ Meta ၏ ပလက်ဖောင်းများ တည်ဆောက်ပုံသည် အန္တရာယ်ရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် အမှားများအား ပိုမိုပျံ့နှံ့စေမည်ကို စိုးရိမ်ပူပန်ကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်ပြောခဲ့သည်။ ဤပြောဆိုချက်များကြောင့် Meta အနေဖြင့် ၎င်း၏ ဒီဇိုင်းရွေးချယ်မှုများအပေါ် လူ့အခွင့်အရေးသက်ရောက်မှုကို အကဲဖြတ်ရန် ဘုတ်အဖွဲ့က အကြံပြုထားသည်။ ကုမ္ပဏီသည် ၎င်း၏အလင်းစဉ်၊ အကြံပြုချက် အယ်လ်ဂိုရီသမ်များနှင့် အခြားလုပ်ဆောင်ချက်များက အန္တရာယ်ရှိသော ကျန်းမာရေး သတင်းအချက်အလက်မှားများနှင့် ၎င်း၏သက်ရောက်မှုများကို ပိုမိုမြင့်မားစေနိုင်ခြင်းရှိ၊ မရှိ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်ချက်ကို လုပ်ဆောင်စေသင့်သည်။
အစိုးရ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရန်။ ကမ္ဘာ့ကပ်ရောဂါကာလ အပြင်းထန်ဆုံးအချိန်တွင် အစိုးရများ၏ ညွှန်ကြားချက်ဖြင့် COVID-19 ဆိုင်ရာ အကြောင်းအရာများကို Meta က ပြန်လည်သုံးသပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ယင်းသည် အစိုးရများက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သို့မဟုတ် လူ့အခွင့်အရေး ကာကွယ်သူများကို နှိမ်နင်းရန်၊ ကမ္ဘာ့ကပ်ရောဂါ၏ ဇစ်မြစ်အကြောင်း ပြောဆိုမှုများကို ထိန်းချုပ်ရန်နှင့် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းအတွက် အစိုးရ၏ တုံ့ပြန်မှုများကို ဝေဖန်သူ သို့မဟုတ် မေးခွန်းထုတ်သူများကို နှုတ်ပိတ်ရန် တောင်းဆိုသည့်နေရာများတွင် အထူးသဖြင့် ပြဿနာဖြစ်စေပါသည်။ အချို့အစိုးရများသည် ဒီမိုကရေစီ သဘောတရားများကို ဖျက်ဆီးရန် ကမ္ဘာ့ကပ်ရောဂါကို အကြောင်းပြ အသုံးပြုခဲ့ကြသည့်အပေါ် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။ "ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ" မူဝါဒအရ အကြောင်းအရာကို ပြန်လည်သုံးသပ်ပေးရန် အစိုးရအဖွဲ့၏ တောင်းဆိုမှုများအပေါ် ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် Meta အနေဖြင့် ပုံမှန်အစီရင်ခံတင်ပြသင့်ပါသည်။
သီးခြားလွတ်လပ်သော သုတေသန လုပ်ဆောင်မှုကို ပံ့ပိုးကူညီပြီး COVID-19 သတင်းအချက်အလက်အမှားများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်အောင် လုပ်ဆောင်ရန်။ ကုမ္ပဏီ၏ အချက်အလက်များနှင့် သုတေသနဒေတာများကို ရယူသုံးစွဲခွင့်မရှိသောကြောင့် COVID-19 သတင်းအချက်အလက်အမှားများနှင့် ၎င်းကို Meta ၏ တုံ့ပြန်ဖြေရှင်းမှုက ထိရောက်မှုရှိကြောင်း နားလည်အောင် ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းမှုများမှာ အနှောင့်အယှက်ဖြစ်ခဲ့ရကြောင်း ကျွမ်းကျင်သူများထံမှ ဘုတ်အဖွဲ့က ကြားသိရသည်။ ဤမူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုမှု၏ ကောင်းကွက်များကို အကဲဖြတ်သည့်အခါတွင် အချက်အလက်မရှိခြင်းမှာလည်းဘုတ်အဖွဲ့အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အခြားလူမှုကွန်ရက် ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက Meta သည် အချက်အလက်များကို ပြင်ပသုတေသီများနှင့် မျှဝေရန် သိသာထင်ရှားသော ခြေလှမ်းများ လုပ်ဆောင်ခဲ့ကြောင်း ဘုတ်အဖွဲ့က အသိအမှတ်ပြုထားသည်။ ယင်းပြင်ပသုတေသီများထဲမှ အများစုသည် CrowdTangle နှင့် Facebook Open Research and Transparency (FORT) တို့ကဲ့သို့ Meta ကိရိယာများ၏ အရေးကြီးပုံအကြောင်း ဘုတ်အဖွဲ့ကို ပြောပြခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သုတေသီများသည် FORT ကဲ့သို့သော ကိရိယာများကို အသုံးပြုရန် ခက်ခဲမှုနှင့်ပတ်သက်၍လည်း စောဒကတက်ခဲ့ကြသည်။ Meta သည် ဤကိရိယာများကို ဆက်လက်သုံးစွဲခွင့်ပေးလျက် ၎င်းတို့ကို ပိုမိုအသုံးပြုခွင့်ရနိုင်ရန် ဆောင်ရွက်ပေးကာ ပြင်ပသုတေသီများအား အများသူငှာ ဝင်ရောက်မကြည့်ရှုနိုင်သော အချက်အလက်များကို ရယူသုံးစွဲခွင့်ပေးသင့်သည်။ ကုမ္ပဏီသည် ၎င်း၏ COVID-19 မူဝါဒများကို လိုက်နာကျင့်သုံးရန် ကြိုးပမ်းမှုများအပေါ် သုတေသနလုပ်ဆောင်ပြီး ယင်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ရန်နှင့် ဘုတ်အဖွဲ့နှင့် မျှဝေထားသော “ကြားနေအညွှန်းများ” သုတေသနတွေ့ရှိချက်များကို ထုတ်ပြန်ရန်လည်း ဘုတ်အဖွဲ့က အကြံပြုထားသည်။ နောက်ဆုံးအနေဖြင့် ကုမ္ပဏီ၏ အချက်အလက်များအား အသုံးပြုခွင့်ကို ကမ္ဘာ့တောင်ပိုင်းနိုင်ငံများဟု ရည်ညွှန်းကြသည့် ကမ္ဘာ့လူဦးရေအများစုအပြင် သုတေသန ပညာရှင်များနှင့် တက္ကသိုလ်များအထိ ရရှိစေရန်အတွက် Meta အနေဖြင့် နောက်ထပ်အဆင့်များ ဖော်ဆောင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု အစီအစဉ်များကို ပံ့ပိုးကူညီရန် ဘုတ်အဖွဲ့က အကြံပြုသည်။
COVID-19 သတင်းအချက်အလက်အမှားများကို ဖယ်ရှားခြင်းနှင့်ပတ်သက်၍ ပိုမိုမျှတမှုရှိစေရန်၊ ပိုမိုရှင်းလင်းပြတ်သားစေရန်နှင့် ပိုမိုတစ်သမတ်တည်းဖြစ်စေရန်။ Meta သည် ၎င်း၏ လူ့အခွင့်အရေးတာဝန်များကို ဖြည့်ဆည်းရန် ၎င်း၏စည်းမျဉ်းများကို အသုံးပြုသူများ ရှင်းလင်းစွာ နားလည်စေရန်လည်း လုပ်ဆောင်ရမည်။ ယင်းရည်ရွယ်ချက်အတွက် ကုမ္ပဏီသည် ၎င်းဖယ်ရှားလိုက်သည့် COVID-19 ပြောဆိုချက် အမျိုးအစားတစ်ခုချင်းစီက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ မည်သို့ဖြစ်စေနိုင်ကြောင်း ရှင်းပြသင့်သည်။ ပြောဆိုချက်တစ်ခုကို မှားယွင်းသည်ဟု ၎င်းအကဲဖြတ်ရသည့် အခြေခံအကြောင်းရင်းကို ရှင်းပြသင့်ပြီး ၎င်းဖယ်ရှားလိုက်သည့် ပြောဆိုချက်များစာရင်းတွင် ပြုလုပ်လိုက်သည့် ပြောင်းလဲမှုမှန်သမျှကိုလည်း မှတ်တမ်းတင်ထားသင့်ပါသည်။ ဘာသာစကားနှင့် ဒေသအသီးသီးတွင် ၎င်း၏စည်းမျဉ်းများကို တစ်သမတ်တည်း အသုံးချနိုင်အောင် ပံ့ပိုးကူညီရန် ကုမ္ပဏီသည် အကြောင်းအရာ စိစစ်သုံးသပ်သူများအတွက် ပေးထားသော ၎င်း၏ ကုမ္ပဏီတွင်း လမ်းညွှန်ချက်ကို ၎င်းလုပ်ငန်းဆောင်ရွက်နေသည့် ဘာသာစကားများသို့ ဘာသာပြန်ဆိုသင့်ပါသည်။ Meta သည် အသုံးပြုသူများအား အချက်အလက်စစ်ဆေးသူ အညွှန်းတပ်ထားသည့် အကြောင်းအရာများကို အယူခံဝင်ခွင့် ပိုမိုပေးအပ်ပြီး အဆိုပါအယူခံဝင်မှုများကို ကနဦးဆုံးဖြတ်ချက် ချထားသည့် အချက်အလက်စစ်ဆေးသူက ပြန်လည်မသုံးသပ်ကြောင်း သေချာစေခြင်းဖြင့် အသုံးပြုသူများ၏ ကုစားဖြေရှင်းပိုင်ခွင့်ကို ကာကွယ်ပေးသင့်ပါသည်။
၂။ Meta ထံမှ တောင်းဆိုချက်
၁။ ဤမူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုမှုသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ နှင့်ပတ်သက်သော ကုမ္ပဏီ၏ မူဝါဒတွင် အကျဉ်းချုပ် ဖော်ပြထားသည့်အတိုင်း Meta ၏ COVID-19 သတင်းအချက်အလက်အမှားများ ဆိုင်ရာ မူဝါဒနှင့် သက်ဆိုင်သည်။ ဤမူဝါဒသည် သတင်းအချက်အလက်အမှား လူမှုစံနှုန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ Meta သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဤမူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်တစ်ခုကို ဘုတ်အဖွဲ့ထံ ပေးပို့ခဲ့ပါသည်။ ယင်းတောင်းဆိုချက်တွင် အချို့သော COVID-19 အကြောင်းအရာများကို ဤမူဝါဒအရ ဆက်လက်ဖယ်ရှားသင့်၊ မသင့် သို့မဟုတ် ကန့်သတ်မှုနည်းသော ကိုင်တွယ်ဖြေရှင်းနည်းသည် ကုမ္ပဏီ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေးတာဝန်များနှင့် ပိုမိုကိုက်ညီမှုရှိ၊ မရှိ အကဲဖြတ်ပေးရန် ဘုတ်အဖွဲ့အား မေးမြန်းခဲ့သည်။
၂။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ မူဝါဒအောက်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခု ဖြစ်ပွားစဉ် သတင်းအချက်အလက်အမှားသည် "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်" သည့်ကိစ္စရပ်တွင် ၎င်းသည် ထိုသတင်းအချက်အလက်အမှားကို ဖယ်ရှားကြောင်း Meta က ၎င်း၏တောင်းဆိုချက်ထဲတွင် ရှင်းပြခဲ့သည်။ ဤမူဝါဒကို အောက်ရှိ ကဏ္ဍ ၃ တွင် ပို၍အသေးစိတ် ရှင်းပြထားသည်။ သတင်းအချက်အလက်အမှားက ဤစံနှုန်းနှင့် ကိုက်ညီခြင်းရှိ၊ မရှိ ဆုံးဖြတ်ရာတွင် ကုမ္ပဏီသည် အချို့သော ပြောဆိုချက်များ၏ မှားယွင်းမှုနှင့် ၎င်းတို့က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ အကဲဖြတ်ရန် ဗဟုသုတပြည့်စုံ၍ ကျွမ်းကျင်မှုရှိသော ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်သည်။ ဤအကဲဖြတ်မှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လုပ်ဆောင်ပါသည်။ အသုံးပြုသူများအတွက် ရှင်းလင်းပြတ်သားမှုနှင့် တရားမျှတမှုကို သိသိသာသာ ထိခိုက်စေခြင်းနှင့် မူဝါဒကို ကျင့်သုံးရာတွင် သိသိသာသာ အမှားများလာခြင်းတို့ မရှိစေဘဲ မူဝါဒကို အတိုင်းအတာတစ်ခုဖြင့် ဒေသအလိုက်ကျင့်သုံးရန် ကိုင်တွယ်ဖြေရှင်းမှုက မဖြစ်နိုင်ကြောင်း Meta က ဘုတ်အဖွဲ့အား ရှင်းလင်းစွာ ပြောကြားခဲ့သည်။ Meta သည် ဤအမြင့်ဆုံး သတ်မှတ်ချက်အတွင်း မပြည့်မီသော သတင်းအချက်အလက်အမှားများကိုမူ အဆင့်လျှော့ချခြင်း၊ အညွှန်းတပ်ခြင်း သို့မဟုတ် အချက်အလက်စစ်ဆေးခြင်းကဲ့သို့သော အခြားအစီအမံများကို အသုံးပြုပါသည်။
၃။ ၂၀၂၀ ဇန်နဝါရီလမှ ၂၀၂၁ ဖေဖော်ဝါရီလအထိ COVID-19 သတင်းအချက်အလက်အမှားများအတွက် ၎င်း၏ ကိုင်တွယ်ဖြေရှင်းမှု (အောက်ရှိ ကဏ္ဍ ၃ ကို ကြည့်ပါ) ကို ဖော်ဆောင်ရာတွင် Meta သည် ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါကုသရေး ကျွမ်းကျင်ပညာရှင်များ၊ နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ကြံသတင်းနှင့် သတင်းအချက်အလက်အမှားကို သုတေသနပြုသူများ၊ အချက်အလက်စစ်ဆေးသူများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးများဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအပါအဝင် မတူညီသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင် ၁၈၀ ကျော်နှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ Meta သည် ဒေသဆိုင်ရာ ကျွမ်းကျင်သူများနှင့်လည်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ Meta သည် အောက်တွင် ထပ်မံရှင်းပြထားသည့်အတိုင်း မတူညီသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များနှင့် မတူညီသော ကမ္ဘာ့ဒေသအသီးသီးမှ ကျွမ်းကျင်သူများ၏ မတူကွဲပြားသော၊ တစ်ခါတစ်ရံ သဘောထားကွဲလွဲသော အကြံပြုချက်များနှင့် ထင်မြင်ချက်များကို သတိပြုခဲ့သည်။ လက်ရှိမူဝါဒကို လက်ခံကျင့်သုံးရာတွင် အချို့သော သတင်းအချက်အလက် အမှားများနှင့်ဆက်စပ်သော အန္တရာယ်များသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ထည့်သွင်းစဉ်းစားလျှင် လိုအပ်သော ဖယ်ရှားမှုကို ပြုလုပ်ရန် သိသိသာသာ လုံလောက်ခဲ့ကြောင်း Meta က ဆိုခဲ့သည်။ ဘုတ်အဖွဲ့ထံ ၎င်း၏ တောင်းဆိုချက်တွင် Meta သည် လွန်ခဲ့သောနှစ်နှစ်အတွင်း အချို့သော COVID-19 သတင်းအချက်အလက်အမှားများကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သောကြောင့် COVID-19 နှင့်ပတ်သက်သောမြင်ကွင်းသည် ပြောင်းလဲသွားခဲ့ကြောင်း Meta က ရှင်းပြခဲ့သည်။ အဆိုပါပြောင်းလဲမှုများက ယင်းကဲ့သို့ သတင်းအချက်အလက်အမှားများ ဖယ်ရှားခြင်းကို ဆက်လက်လိုအပ်ခြင်းရှိ၊ မရှိ စဉ်းစားရန် ကုမ္ပဏီကို စေ့ဆော်ခဲ့သည်။ Meta သည် ထိုပြောင်းလဲမှုသုံးရပ်ကို ဘုတ်အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားရန် မှတ်ချက်ပြုပေးခဲ့သည်။
၄။ ပထမဦးစွာ Meta ၏ အဆိုအရ COVID-19 အချက်အလက် ဂေဟစနစ်တွင် ပြောင်းလဲမှုတစ်ခု ရှိသည်။ ကမ္ဘာ့ကပ်ရောဂါစတင်ချိန်တွင် ယုံကြည်စိတ်ချရသော လမ်းညွှန်မှုမရှိခြင်းသည် သတင်းဖောင်းပွမှုကို ဖြစ်ပေါ်စေကာ သတင်းအချက်အလက် အမှားများကို ပိုမိုပျံ့နှံ့စေခဲ့သည်။ ယနေ့အခါတွင် များစွာပြောင်းလဲလာပြီဖြစ်ကြောင်း ကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။ ရောဂါကူးစက်နိုင်ခြေရှိသူများ၏ အပြုအမူကို အသိပေးတင်ပြနိုင်သော၊ လွှမ်းမိုးထိန်းချုပ်နိုင်သော ယုံကြည်စိတ်ချရသည့် ဗိုင်းရပ်စ်ရောဂါပိုးဆိုင်ရာ အချက်အလက်များနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီဆိုင်ရာ အချက်အလက်များကို ပြည်သူများအနေဖြင့် ရရှိနိုင်ပါသည်။
၅။ ဒုတိယအနေဖြင့် ကာကွယ်ဆေးများနှင့် ရောဂါမူကွဲများ၏ ဆင့်ကဲပြောင်းလဲမှုကြောင့် COVID-19 သည် ၂၀၂၀ ခုနှစ်အစောပိုင်းထက် လူသေဆုံးမှုနည်းပါးကြောင်း Meta က မှတ်ချက်ပြုခဲ့သည်။ ထိရောက်သော ကာကွယ်ဆေးများ တီထွင်ဖန်တီးမှုနှင့် ဖြန့်ချိမှုကြောင့် ယခုဆိုလျှင် COVID-19 ရောဂါလက္ခဏာများ၏ ပြင်းထန်မှုအဆင့်ကို ကာကွယ်ရန်နှင့် လျှော့ချရန် နည်းလမ်းများရှိလာပါပြီ။ ထို့အပြင် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များ၏ အဆိုအရ လက်ရှိမူကွဲများသည် ယခင်မူကွဲများထက် ပြင်းထန်သောရောဂါဖြစ်ပွားမှု ပိုနည်းစေပြီး ကုထုံးကုသမှုများသည်လည်း လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသည်။
၆။ တတိယအနေဖြင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက COVID-19 သည် ပြင်းထန်မှုပိုနည်းသော အခြေအနေတစ်ခုသို့ ပြောင်းလဲသွားခြင်းရှိ၊ မရှိ စိတ်ဝင်တစား အကဲဖြတ်နေကြပြီး "ကမ္ဘာကြီး၏ အချို့သောဒေသများတွင် ကမ္ဘာကပ်ရောဂါ၏ ပြင်းထန်မှုပိုနည်းသော အခြေအနေတစ်ခုသို့ စတင်ကူးပြောင်းသွားပြီဟု ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီအချို့က မှတ်ချက်ချလျက်ရှိကြောင်း" Meta က ဆိုခဲ့သည်။ (Meta မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၁၄) Meta သည် ဤတွေ့ရှိချက်ကို သက်သေပြသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ဥရောပကော်မရှင်ရှိ ဒေါက်တာ Anthony Fauci နှင့် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးချုပ်က ပြုလုပ်သော ထုတ်ပြန်ချက်များကို ကိုးကားခဲ့သည်။
၇။ သို့သော် ကမ္ဘာ့ကပ်ရောဂါ ဖြစ်စဉ်သည် ကမ္ဘာတစ်ဝှမ်း၌ ကွဲပြားလျက်ရှိကြောင်းကို Meta က အသိအမှတ်ပြုခဲ့သည်။ ဘုတ်အဖွဲ့ထံ ၎င်း၏တောင်းဆိုချက်တွင် ကုမ္ပဏီသည် အောက်ပါအတိုင်း ရေးသားခဲ့သည်-
ကာကွယ်ဆေးများ၊ ဆေးကုသမှုနှင့် ယုံကြည်စိတ်ချရသော လမ်းညွှန်မှု တို့သည် ဝင်ငွေမြင့်မားသောနိုင်ငံများတွင် ပိုပို၍ ရရှိလာနိုင်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်မှုအားနည်းပြီး ဝင်ငွေနိမ့်သောနိုင်ငံများရှိ ပြည်သူများအတွက် လက်လှမ်းမီမှု နှောင့်နှေးနေဦးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းသည်။ ယခုလက်ရှိတွင် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများ (…) နှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံများအကြားတွင် အသိသာဆုံးကွဲပြားမှုရှိပါသည်။ (…) ဝင်ငွေမြင့်သောနိုင်ငံများရှိ နေထိုင်သူ ရှစ်ဆယ်ရာခိုင်နှုန်းသည် အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားပြီး ဆန့်ကျင်ဘက်အနေဖြင့် ဝင်ငွေနိမ့်သောနိုင်ငံများတွင် နေထိုင်သူ ၁၃ ရာခိုင်နှုန်းသာ ထိုးနှံထားပါသည်။ ဝင်ငွေနိမ့်သောနိုင်ငံများသည် စွမ်းဆောင်ရည်အားနည်းသော၊ ခိုင်မာမှုနည်းပါးသော စီးပွားရေးဖြင့် ထောက်ပံ့ထားသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို ရရှိနိုင်ဖွယ် အလားအလာနှင့် အစိုးရ၏လမ်းညွှန်မှုကို ယုံကြည်မှုနည်းပါးနိုင်ဖွယ် အလားအလာလည်း ပိုမိုမြင့်မားပါသည်။ ယင်းအချက်အလက်အားလုံးသည် ပြည်သူများကို ကာကွယ်ဆေးထိုးနှံရာတွင်နှင့် COVID-19 နှင့် ထိတွေ့မှုရှိသူများအား ကုသရာတွင် စိန်ခေါ်မှုများကို တိုးလာစေမည်။
(Meta မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၃)
ဘုတ်အဖွဲ့ထံ Meta ၏ မေးခွန်းများ
၈။ အထက်ဖော်ပြပါကို အကြောင်းပြု၍ Meta သည် အောက်ပါ မူဝါဒဆိုင်ရာ ရွေးချယ်စရာများကို ထည့်သွင်းစဉ်းစားရန် ဘုတ်အဖွဲ့သို့ တင်ပြခဲ့သည်- အောက်ရှိ ကဏ္ဍ ၃ တွင် ဤအစီအမံများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ပိုမိုဖော်ပြထားသည်-
- အချို့သော COVID-19 သတင်းအချက်အလက်အမှားများကို ဆက်လက်ဖယ်ရှားခြင်း- ဤရွေးချယ်မှုသည် "ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု အန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်မည့်" အကြောင်းအရာအမှားအား ဖယ်ရှားရန် Meta ၏ လက်ရှိ ကိုင်တွယ်ဖြေရှင်းနည်းအတိုင်း ဆက်လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ Meta က ဤရွေးချယ်မှုအောက်တွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ မရှိတော့လျှင် ကုမ္ပဏီအနေနှင့် နောက်ဆုံးတွင် သတင်းအချက်အလက်မှားများအား ဖယ်ရှားခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း ဆိုထားပြီး ကုမ္ပဏီက ဤဆုံးဖြတ်ချက်ကို ချမှတ်သင့်ပုံနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ လမ်းညွှန်ချက်ကို တောင်းဆိုထားသည်။
- ယာယီ အရေးပေါ်လျှော့ချခြင်း အစီအမံများ- ဤရွေးချယ်မှုအောက်တွင် Meta သည် COVID-19 သတင်းအချက်အလက်မှားများကို ဖယ်ရှားခြင်းအား ရပ်တန့်မည်ဖြစ်ပြီး ယင်းအစား သတင်းအချက်အလက်အမှား ဖြန့်ချိမှုကို လျှော့ချမည်ဖြစ်သည်။ ဤသည်မှာ ယာယီစီမံချက်သာဖြစ်ပြီး အကယ်၍ ဤစီမံချက်ကို အသုံးပြုခဲ့လျှင် မည်သည့်အချိန်၌ ရပ်တန့်သင့်ကြောင်းနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ လမ်းညွှန်ချက်ကို ကုမ္ပဏီက တောင်းဆိုထားသည်။
- ကြားခံပြင်ပအဖွဲ့၏ အချက်အလက်စစ်ဆေးမှု- ဤရွေးချယ်မှုအောက်တွင် လက်ရှိ ဖယ်ရှားခံရမည့် အကြောင်းအရာကို အကဲဖြတ်ရန် သီးခြား ကြားခံပြင်ပ အချက်အလက် စစ်ဆေးသူများထံသို့ ပေးပို့မည်ဖြစ်သည်။ ဘုတ်အဖွဲ့ထံ ၎င်း၏တောင်းဆိုချက်တွင် Meta က မှတ်ချက်ပြုထားသည်မှာ “အကြောင်းအရာအား အဆင့်သတ်မှတ်နိုင်သော အချက်အလက်စစ်ဆေးသူ အရေအတွက်ကို အမြဲတမ်း ကန့်သတ်ထားမည်ဖြစ်သည်။ အကယ်၍ Meta က ဤရွေးချယ်မှုကို အကောင်အထည်ဖော်ခဲ့ပါက အချက်အလက် စစ်ဆေးသူတိုင်းက ကျွန်ုပ်တို့၏ ပလက်ဖောင်းများရှိ COVID-19 အကြောင်းအရာအားလုံးကို ကြည့်ရှု၍မရနိုင်တော့မည့်အပြင် အချို့အကြောင်းအရာများကို တိကျမှုရှိ/မရှိ စစ်ဆေးခြင်း၊ အဆင့်လျှော့ချခြင်းနှင့် အညွှန်းတပ်ခြင်းတို့ ပြုလုပ်နိုင်တော့မည်မဟုတ်ပါ။” (Meta မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၁၆)
- အညွှန်းများ- ဤရွေးချယ်မှုအောက်တွင် Meta သည် အကြောင်းအရာများကို အညွှန်းတပ်မည်ဖြစ်သော်လည်း ၎င်းတို့သည် အသုံးပြုသူများ၏ အကြောင်းအရာကြည့်ရှုမှုကို အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ဘဲ ယုံကြည်ရလောက်သော အချက်အလက်များရှိရာသို့ တိုက်ရိုက်လင့်ခ်များ ပံ့ပိုးပေးမည်ဖြစ်သည်။ Meta သည် ဤအရာကို ယာယီအစီအမံအဖြစ်သာ လက်ခံစဉ်းစားပြီး ဤအညွှန်းများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ဆုံးဖြတ်ရာတွင် ကုမ္ပဏီအနေနှင့် မည်သည့်အချက်များကို ထည့်စဉ်းစားသင့်ကြောင်းနှင့် ပတ်သက်၍ ဘုတ်အဖွဲ့၏ လမ်းညွှန်ချက်ကို တောင်းဆိုထားသည်။
၉။ ဤရွေးချယ်မှုတစ်ခုချင်းစီတွင် အထူးသဖြင့် သတ်မှတ်ချက်ပြောင်းလဲနိုင်မှု၊ တိကျမှုနှင့် သက်ရောက်မှုရှိသော အကြောင်းအရာပမာဏအရ အားသာချက်၊ အားနည်းချက်များ ရှိသည်ဟု Meta က ဆိုခဲ့သည်။ မူဝါဒကို ကမ္ဘာတစ်ဝှမ်းတွင် တစ်သမတ်တည်း ကျင့်သုံးဆောင်ရွက်နေစဉ် ၎င်းသည် ဒေသအားလုံးအတွက်လည်း သင့်လျော်မှုရှိသင့်ကြောင်း ကုမ္ပဏီက အလေးအနက် တိုက်တွန်းခဲ့သည်။ နိုင်ငံအလိုက် မူဝါဒများနှင့်စပ်လျဉ်း၍ Meta က အောက်ပါအတိုင်းဆိုခဲ့သည်- "နည်းပညာဆိုင်ရာ ကိစ္စရပ်များကြောင့် နိုင်ငံ သို့မဟုတ် ဒေသအလိုက် မူဝါဒများနှင့် မတူညီသော COVID-19 နှင့်စပ်လျဉ်းသည့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒများကို ထိန်းသိမ်းလိုက်နာရန် ကျွန်ုပ်တို့ အလေးအနက် အကြံပြုသည်။" ဘုတ်အဖွဲ့ထံ ၎င်း၏ တောင်းဆိုချက်တွင် Meta က အောက်ပါအတိုင်း ပြောခဲ့သည်- "နိုင်ငံအဆင့်တွင် မူဝါဒများ ကျင့်သုံးခြင်းသည် ဈေးကွက်စိစစ်သုံးသပ်သူ အဖွဲ့တစ်ဖွဲ့က နိုင်ငံများစွာတွင် ခြုံငုံပါဝင်နေသည့်အခါ စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းနှင့် အကြောင်းအရာက နိုင်ငံနှင့်ဒေသ အသီးသီးတွင် ပျံ့နှံ့နိုင်သောကြောင့် စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းနှစ်မျိုးလုံးကို ဖြစ်ပေါ်စေနိုင်သည်။" (Meta မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၁၇၊ အောက်ခြေမှတ်စု ၃၇။) (အတိုင်းအတာ သတ်မှတ်ထားသော ဒေသအလိုက် စည်းကမ်းထိန်းသိမ်းမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် အောက်ရှိ စာပိုဒ် ၆၁ ကို ကြည့်ပါ။)
၃။ Meta ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒ
၁၀။ COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ၎င်း၏ ပလက်ဖောင်းပေါ်တွင် တွေ့ရှိသော သတင်းအချက်အလက်အမှားများ တစ်ရှိန်ထိုး များပြားလာမှုက စေ့ဆော်ခဲ့သောကြောင့် Meta သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် COVID-19 သတင်းအချက်အလက်အမှားကို စတင်ဖယ်ရှားခဲ့သည်။ ၎င်း၏ မူဝါဒနှင့် ဖယ်ရှားရမည့် ပြောဆိုချက်အမျိုးအစားများသည် နောက်နှစ်နှစ်အကြာတွင် ပြောင်းလဲတိုးတက်လာခဲ့ပြီး သတင်းအချက်အလက်အမှား လူမှုစံနှုန်း၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ ၏ လက်ရှိကဏ္ဍနှင့် ပူးတွဲပါ အကူအညီစင်တာ စာမျက်နှာတွင် နောက်ဆုံးရလဒ်ကို ဖော်ပြထားသည်။
၁၁။ သတင်းအချက်အလက်အမှား လူမှုစံနှုန်းသည် စည်းကမ်းထိန်းသိမ်းမှု အစီအမံများအဖြစ် ဖယ်ရှားမှုများ၊ အချက်အလက်စစ်ဆေးမှုများ၊ အဆင့်လျှော့ချမှုနှင့် အညွှန်းများ အသုံးပြုခြင်းအပါအဝင် သတင်းအချက်အလက်အမှားအတွက် Meta ၏ ကိုင်တွယ်ဖြေရှင်းပုံအကြောင်း ရှင်းပြသည့် မူဝါဒဆိုင်ရာ သဘောတရားတစ်ခုဖြင့် စတင်သည်။ ကုမ္ပဏီ၏ အဆိုအရ "သတင်းအချက်အလက်အမှားသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည့်" အခါမှသာ ထိုသတင်းအချက်အလက်အမှားကို ဖယ်ရှားသည်။ ထို့နောက် မူဝါဒသည် ဖယ်ရှားရမည့် သတင်းအချက်အလက်အမှား အမျိုးအစားလေးမျိုးကို ခွဲခြားသတ်မှတ်သည်- (၁) ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အကြမ်းဖက်မှု။ (၂) အန္တရာယ်ဖြစ်စေနိုင်သော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား။ (၃) မဲဆန္ဒရှင် သို့မဟုတ် သန်းခေါင်စာရင်းကိစ္စ ဝင်ရောက်စွက်ဖက်မှုနှင့် (၄) ထိန်းချုပ်ခံထားရသော မီဒီယာ (အသားပေးဖော်ပြထားသည်)။
၁၂။ သတင်းအချက်အလက်အမှား လူမှုစံနှုန်း၏ အန္တရာယ်ရှိသော ကျန်းမာရေး သတင်းအချက်အလက်အမှား ကဏ္ဍတွင် အမျိုးအစားခွဲ သုံးမျိုးရှိသည်- (၁) ကာကွယ်ဆေးများအကြောင်း သတင်းအချက်အလက်အမှား၊ (၂) ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားနှင့် (၃) ကျန်းမာရေးပြဿနာများအတွက် အန္တရာယ်ရှိသော အံ့ဖွယ်ကုထုံးများကို ကြော်ငြာခြင်း သို့မဟုတ် ထောက်ခံခြင်း (အသားပေးဖော်ပြထားသည်)။ အခြားလူမှုစံနှုန်းများက COVID-19 ဆိုင်ရာ ပြောဆိုချက်များအပေါ် သက်ရောက်နိုင်ခြေရှိသော်လည်း ဤမူဝါဒအကြံပေး သဘောထားအမြင်သည် COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် သက်ဆိုင်သောကြောင့် ၎င်းသည် သတင်းအချက်အလက်အမှား မူဝါဒ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား အပေါ် အထူးသီးသန့်အလေးပေးသည်။ ထိုသဘောထားအမြင်အား အခြားမူဝါဒကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဓိပ္ပာယ်မကောက်ယူသင့်ပါ။
COVID-19 သတင်းအချက်အလက်အမှား ပြောဆိုချက်များကို ဖယ်ရှားခြင်း
၁၃။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒတွင် အောက်ပါအတိုင်း ဖော်ပြထားသည်-
ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက အချက်အလက်သည် မှားယွင်းနေကာ တစ်စုံတစ်ဦးအား အန္တရာယ်ရှိသော ရောဂါကူးစက်စေခြင်း သို့မဟုတ် ဖြန့်ဝေခြင်း သို့မဟုတ် သက်ဆိုင်ရာ ကာကွယ်ဆေးထိုးရန် ငြင်းဆိုခြင်း အန္တရာယ်ကို ဖြစ်စေခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ အလားအလာရှိကြောင်း ကောက်ချက်ချသည့်အခါ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း သတင်းအချက်အလက်အမှားကို ကျွန်ုပ်တို့ဖယ်ရှားပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းလုံးနှင့် ဒေသအသီးသီးမှ ကျန်းမာရေး တာဝန်ခံအေဂျင်စီများနှင့် လက်တွဲကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ခွဲခြားဖော်ထုတ်ပါသည်။ ဤအရာများတွင် ကျွမ်းကျင်မှုရှိသည့် ကျန်းမာရေး တာဝန်ခံအေဂျင်စီများက အတည်ပြုထားသော ဗိုင်းရပ်စ်တည်ရှိမှု သို့မဟုတ် ပြင်းထန်မှုအဆင့်၊ ၎င်းကို ကုသနည်း သို့မဟုတ် ကာကွယ်နည်း၊ ဗိုင်းရပ်စ်ကူးစက်ပုံ သို့မဟုတ် ရောဂါခံနိုင်ရည်ရှိသူအကြောင်း COVID-19 ဆိုင်ရာ ပြောဆိုချက် အမှားများအပြင် COVID-19 နှင့် ဆက်စပ်သည့် ကျန်းမာရေး အလေ့အကျင့်ကောင်းများ (စမ်းသပ်မှုခံယူခြင်း၊ တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနှင့် COVID-19 ကာကွယ်ဆေးထိုးခြင်း တို့ကဲ့သို့) ကို ဟန့်တားသည့် ပြောဆိုချက်အမှားများ ပါဝင်သည်။ ဤနေရာကို နှိပ်ပါ။
၁၄။ ဤမူဝါဒအောက်တွင် ဖော်ပြပါအပိုင်းသုံးရပ်နှင့် ကိုက်ညီသောအခါ Meta သည် သတင်းအချက်အလက်အမှားကို ဖယ်ရှားသည်- ၁) ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေရှိနေခြင်း။ ၂) ပြောဆိုချက် မှားယွင်းနေခြင်းနှင့် ၃) ထိုပြောဆိုချက်သည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု အန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်ခြင်း။ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကိစ္စရပ်များအတွက် ဤစံနှုန်းကို အသုံးချနေစဉ် Meta သည် ဖယ်ရှားရမည့် ပြောဆိုချက် ၈၀ ခန့်ကို ခွဲခြားဖော်ထုတ်ရန် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများ၏ ကောက်ချက်ချသုံးသပ်မှုများပေါ် အမှီပြုခဲ့သည်။ အခါအားလျော်စွာ ပြင်ဆင်ထားနိုင်သော ဤပြောဆိုချက်များနှင့် မူဝါဒ ကျင့်သုံးနည်းဆိုင်ရာ အမေးများသောမေးခွန်းများကို ဤအကူအညီစင်တာ စာမျက်နှာ မှတစ်ဆင့် ရရှိနိုင်သည်။
၁၅။ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ဤပြောဆိုချက်ပေါင်း ၈၀ ကို အောက်ဖော်ပြပါ အမျိုးအစားငါးခုဖြင့် ခွဲခြားထားသည်- (၁) COVID-19 ၏ တည်ရှိမှု သို့မဟုတ် ပြင်းထန်မှုအဆင့်အကြောင်း ပြောဆိုချက်များ။ ဥပမာအားဖြင့် COVID-19 ကြောင့် မည်သူမျှ မသေခဲ့ကြောင်း ပြောဆိုချက်များကဲ့သို့ COVID-19 ၏ တည်ရှိမှုကို ငြင်းဆိုသော သို့မဟုတ် ၎င်း၏ပြင်းထန်မှုအဆင့်ကို အထင်သေးသော ပြောဆိုချက်များ ပါဝင်သည်။ (၂) COVID-19 သည် 5G နည်းပညာများကြောင့် ကူးစက်သည်ဟူသော ပြောဆိုချက်များ ပါဝင်သည့် COVID-19 ကူးစက်မှုနှင့် ခံနိုင်ရည်။ (၃) ရေပန်းစားသော လိမ်းဆေးများက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကုသနိုင် သို့မဟုတ် ကာကွယ်နိုင်ကြောင်း အခိုင်အမာဆိုသည့် ပြောဆိုမှုများကဲ့သို့ COVID-19 အတွက် အာမခံထားသော ကုသမှုများ သို့မဟုတ် ကာကွယ်မှုနည်းလမ်းများ။ (၄) ကျန်းမာရေး အလေ့အကျင့်ကောင်းများကို ဟန့်တားခြင်း။ ဥပမာအားဖြင့် နှာခေါင်းစည်းများတွင် အန္တရာယ်ရှိသော နာနိုပိုးမွှားများပါရှိကြောင်း သို့မဟုတ် COVID-19 ကာကွယ်ဆေးများသည် လူများ၏ DNA ကို ပြောင်းလဲစေကြောင်း သို့မဟုတ် သံလိုက်ဓာတ်ဖြစ်ပေါ်စေကြောင်း ပြောဆိုချက်များ။ (၅) ဆေးရုံများသည် ငွေပိုရရန်အတွက် သို့မဟုတ် လူများ၏ ကိုယ်တွင်းအင်္ဂါများကို ရောင်းရန်အတွက် လူနာများကို သတ်နေကြောင်း ပါဝင်သည့် အရေးကြီးသော ကျန်းမာရေးဝန်ဆောင်မှုများ ရယူသုံးစွဲခွင့်။
၁၆။ Meta သည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခု ရှိသည့်အခါတိုင်း အကဲဖြတ်သုံးသပ်ရန် အောက်ဖော်ပြပါအချက်များပေါ် အမှီပြုကြောင်း ၎င်း၏တောင်းဆိုချက်တွင် ရှင်းပြခဲ့သည်။ (၁) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုကို ကြေညာခဲ့ခြင်းရှိ၊ မရှိ။ (၂) WHO က ရောဂါတစ်ခုကို ကူးစက်နိုင်သော၊ သေစေနိုင်သော သို့မဟုတ် အန္တရာယ်မြင့်သော ရောဂါဟု သတ်မှတ်ထား၊ မထား သို့မဟုတ် (၃) WHO ၏ အန္တရာယ်အကဲဖြတ်ချက်ကို မရနိုင်ပါက Meta သည် သတ်မှတ်နိုင်ငံတစ်ခုအတွက် ဒေသတွင်း ကျန်းမာရေး တာဝန်ခံအေဂျင်စီများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခု သတ်မှတ်ခြင်းကို နာခံသည်။ Meta က ရှင်းပြထားသည့်အတိုင်း ကြေညာထားသော အရေးပေါ်အခြေအနေတစ်ခုအတွင်း "ထိတွေ့နိုင်ခြေ၊ ကူးစက်နှုန်း၊ ထိတွေ့မှုနှင့် အန္တရာယ်အကြား ဆက်စပ်မှုနှင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းများသည် များသောအားဖြင့် မြင့်မားသည့်အခါ တစ်ဦးချင်းအတွက် နာလန်ပြန်မထူနိုင်သော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ခြေ ပိုများသည်" ဟု WHO က ကုမ္ပဏီကို အကြံပေးခဲ့သည်။ (Meta မူဝါဒအကြံပေး သဘောထားအမြင်များ တောင်းဆိုချက်၊ စာမျက်နှာ ၆) WHO သည် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် COVID-19 ဖြစ်ပွားမှုကို "နိုင်ငံတကာတွင် စိုးရိမ်ပူပန်စရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် ကြေညာခဲ့သည်။
၁၇။ Meta သည် ၎င်း၏မူဝါဒအရ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများရှိသည့် ဆက်စပ်အကြောင်းအရာတွင် မှားယွင်းမှုနှင့် မှားယွင်းသော ပြောဆိုချက်က "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ" ရှိ၊ မရှိ ဆုံးဖြတ်ရန် ကျွမ်းကျင်သော ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများကို အားထားပါသည်။ Meta သည် လောလောဆယ် ဖယ်ရှားထားသည့် ပြောဆိုချက်များကို အကဲဖြတ်ရာတွင် WHO နှင့် အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာများ (CDC) ကဲ့သို့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်အဖွဲ့အစည်းများအပေါ် အမှီပြုကြောင်း ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ယခင်က Meta သည် ဥပမာအားဖြင့် UNICEF ၏ နိုင်ငံခေါင်းဆောင်များနှင့် ပါကစ္စတန်၏ နိုင်ငံတော်ကျန်းမာရေး ဝန်ကြီးချုပ်နှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့သည် (Meta ၏ မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၆)။ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ဖယ်ရှားသင့်သည့် ပြောဆိုချက်များကို ၎င်းတို့ဘာသာ ခွဲခြားဖော်ထုတ်ခြင်း သို့မဟုတ် သတ်မှတ်ခြင်းထက် ဘုတ်အဖွဲ့က စိစစ်သုံးသပ်ပြီးသော Meta နှင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီအကြား စာပေးစာယူ နမူနာများပေါ်အခြေခံ၍ Meta သည် ၎င်း၏ ပလက်ဖောင်းများကို စောင့်ကြည့်ခြင်းဖြင့် ပြောဆိုချက်များကို တစ်စိတ်တစ်ပိုင်း ခွဲခြားဖော်ထုတ်ပြီး ၎င်းတို့ကို အကဲဖြတ်ရန်အတွက် ပြည်သူ့ကျန်းမာရေးအဖွဲ့များထံ ပေးပို့သည်။ ဤအကဲဖြတ်မှုကို ပေးခဲ့သည့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီတစ်ခုနှင့် အပြန်အလှန်ပြောဆိုမှု၏ ဥပမာတစ်ခုတွင် Meta သည် ပြောဆိုချက်တစ်ခု (COVID-19 သည် နှလုံးရောဂါ ဖြစ်ပွားစေသည်) ကို ဖော်ထုတ်တွေ့ရှိခဲ့ပြီး ၎င်းသည် မှားယွင်းခြင်းရှိ၊ မရှိနှင့် ၎င်းက ကာကွယ်ဆေးထိုးနှံခံရန် ငြင်းဆိုနိုင်ဖွယ်ရှိ/မရှိ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီကို မေးခဲ့သည်။ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီသည် "COVID-19 ကာကွယ်ဆေးက နှလုံးရောဂါဖြစ်စေသည်ဟူသော သက်သေအထောက်အထားမရှိပါ" ဟူသည့် ကောက်ချက်ချသုံးသပ်မှုကို သက်သေပြသည့်အနေဖြင့် ရင်းမြစ်များနှင့် လေ့လာဆန်းစစ်ချက်နှင့်အတူ တုံ့ပြန်ခဲ့သည်။ အထူးသဖြင့် ဆယ်ကျော်သက် ကောင်လေးများနှင့် လူငယ်များတွင် ကာကွယ်ဆေးထိုးပြီးနောက် myocarditis (နှလုံးကြွက်သား ရောင်ရမ်းခြင်း) ဖြစ်ပွားမှုများရှိကြောင်း အစီရင်ခံထားသည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ "ကာကွယ်ဆေးများက နှလုံးရောဂါ (myocardial infarction) သို့မဟုတ် အခြားနှလုံးရောဂါ အခြေအနေများကို ဖြစ်ပွားစေသည်နှင့်ပတ်သက်၍ အခြေအမြစ်မရှိသော ကြောက်ရွံ့မှုသည် ကာကွယ်ဆေးထိုးနှံခံရန် ငြင်းဆိုမှုကို ဖြစ်စေနိုင်သည်" ဟုလည်း ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီက ကောက်ချက်ချခဲ့သည်။
၁၈။ Meta ၏ သတင်းအချက်အလက်အမှား မူဝါဒတွင် ကုမ္ပဏီက အချို့သော ပြောဆိုမှုအမျိုးအစားများကို ဖယ်ရှားခြင်းမှ ကင်းလွတ်ခွင့်ပေးသည့် ခြွင်းချက်များ ပါဝင်သည်။ ဥပမာအားဖြင့် "ကိုဗစ် စည်းမျဉ်းကန့်သတ်ချက်များသည် အလုပ်မဖြစ်ပါ" သို့မဟုတ် "ကာကွယ်ဆေး ကုမ္ပဏီတွေက သူတို့ရဲ့ပိုက်ဆံအိတ်တွေထဲပဲ ငွေဖြည့်ချင်ကြတာ" ကဲ့သို့ နိုင်ငံရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အလေးပေးသော ပြောဆိုမှုများကို ခွင့်ပြုသည်။ သရော်သော ဟာသပုံစံဖြင့် အထင်အရှားမျှဝေထားသော အကြောင်းအရာ၊ ဥပမာအားဖြင့် "ဘရက်ပစ်ရဲ့ သွေးကပဲ ကိုဗစ်ကို ကုသနိုင်တယ် [ရယ်ပြီးငိုနေသော အီမိုဂျီနှစ်ခု]" သည် မူဝါဒကို မချိုးဖောက်ပါ။ ကိုယ်ပိုင် ဖြစ်ရပ် သို့မဟုတ် အတွေ့အကြုံတစ်ခုကို ထုတ်ဖော်ပြောသော ပြောဆိုချက်များကို အောက်ပါအခြေအနေများတွင် ခွင့်ပြုသည်- အကြောင်းအရာသည် လူပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပိုင်အတွေ့အကြုံကို မျှဝေလျှင်၊ ထိုပုဂ္ဂိုလ်၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို ပို့စ်ထဲတွင် အတိအလင်းဖော်ပြထားလျှင်၊ အကြောင်းအရာသည် ပြတ်သားတိကျသော ပြောဆိုမှုတစ်ခုကို မပြုလုပ်လျှင် သို့မဟုတ် နှိုးဆော်မှု မပါဝင်လျှင်။ မှန်းဆသော၊ မေးခွန်းထုတ်သော သို့မဟုတ် မသေချာမှုကို ထုတ်ဖော်ပြောသော အကြောင်းအရာ၊ ဥပမာအားဖြင့် "ကာကွယ်ဆေးတွေက အော်တစ်ဇင်ရောဂါ ဖြစ်စေလား" ကိုလည်း ခွင့်ပြုသည်။
၁၉။ Meta သည် သတင်းအချက်အလက်အမှား မူဝါဒအောက်တွင် စာရင်းသွင်းဖော်ပြထားသော ပြောဆိုချက်များကို ဖယ်ရှားရန် ၎င်း၏ ပုံမှန်အတိုင်းအတာဖြင့် အသုံးပြုနေသော အလိုအလျောက်လုပ်ဆောင်သည့် ကိရိယာများ (သို့မဟုတ် စိစစ်ခွဲခြားမှုနည်းပညာများ) ဖြင့် စည်းကမ်းထိန်းသိမ်းမှုစနစ်၊ အကြောင်းအရာ စိစစ်သူများနှင့် ကုမ္ပဏီတွင်း အရှိန်မြှင့်လုပ်ဆောင်ရေး အဖွဲ့များအပေါ် အမှီပြုသည်။ ဤမူဝါဒကို ချိုးဖောက်နိုင်ဖွယ်ရှိသည့် အရာများအား ခွဲခြားဖော်ထုတ်နိုင်စေရန် စိစစ်ခွဲခြားမှုနည်းပညာများကို ဘာသာစကား ၁၉ မျိုးဖြင့် လေ့ကျင့်ပေးထားကြောင်း ကုမ္ပဏီက ဘုတ်အဖွဲ့ကို အသိပေးတင်ပြခဲ့သည်။ သတင်းအချက်အလက်အမှား မူဝါဒကို ကျင့်သုံးသော အကြောင်းအရာ စိစစ်သူများအား အကူအညီစင်တာ စာမျက်နှာတွင် ရှင်းပြထားသည့်အတိုင်း ဟာသ၊ သရော်စာ သို့မဟုတ် ကိုယ်ပိုင်ဖြစ်ရပ်တစ်ခုအဖြစ် ပလက်ဖောင်းပေါ်တွင် ဆက်လက်ထားရှိသင့်သည့် အကြောင်းအရာကို ခွဲခြားဖော်ထုတ်နည်းနှင့် ပတ်သက်၍ လမ်းညွှန်ချက်အပါအဝင် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များကို ပေးအပ်ထားသည်။ အကြောင်းအရာ အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားသည့်အခါ အသုံးပြုသူတွင် "ဆုံးဖြတ်ချက်ကို သဘောမတူရန်" ရွေးချယ်ခွင့်ရှိသည်။ ပြန်လည်စိစစ်သုံးသပ်မည်ဟု အာမခံချက်မပေးသော်လည်း လုပ်ဆောင်နိုင်သည်ဆိုလျှင် အချို့သောဆုံးဖြတ်ချက်များကို အယူခံဝင်လျှင် စိစစ်သုံးသပ်ပေးသည်။ ၂၀၂၀ ခုနှစ် မတ်လနှင့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကုမ္ပဏီသည် Facebook နှင့် Instagram အသီးသီးမှ COVID-19 ဆိုင်ရာ သတင်းအချက်အလက်အမှား ဖြစ်နေသည့် အကြောင်းအရာ အစိတ်အပိုင်း ၂၇ သန်းကို ဖယ်ရှားခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ဖယ်ရှားခဲ့သည့် ၂၇ သန်းအနက် ၁.၃ သန်းကို အကဲဖြတ်နိုင်ခဲ့သည့် အယူခံဝင်မှုများ ပြုလုပ်ထားသောကြောင့် ယင်းမှတစ်ဆင့် ထိုအကြောင်းအရာများကို ပြန်ထည့်သွင်းခဲ့သည်။
ကြားခံပြင်ပအဖွဲ့၏ အချက်အလက်စစ်ဆေးမှုနှင့် သတင်းအချက်အလက်အမှားကို အဆင့်လျှော့ချခြင်း
၂၀။ ဖယ်ရှားရမည့် ပြောဆိုချက်စာရင်းအောက်တွင် အကျုံးမဝင်သော်လည်း COVID-19 သတင်းအချက်အလက်အမှား ဖြစ်နိုင်သော အကြောင်းအရာအပေါ် ကြားခံပြင်ပအဖွဲ့၏ အချက်အလက်စစ်ဆေးမှု ကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်။ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်း နည်းပညာသည် သတင်းအချက်အလက်အမှား ဖြစ်နိုင်ခြေရှိသော ပို့စ်များကို ရှာဖွေပြီး ၎င်းကို ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူများထံ ပို့သည်။ Meta သည် အကြောင်းအရာများကို စိစစ်သုံးသပ်ပြီး အညွှန်းတပ်ရန် သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများ နှင့် လက်တွဲဆောင်ရွက်သည်။ ကုမ္ပဏီသည် အချက်အလက်စစ်ဆေးသူ၏ စွမ်းဆောင်ရည်ကို အကဲမဖြတ်ပါ။ ၎င်းသည် အဖွဲ့အစည်းများအား အကဲဖြတ်ရန်နှင့် အရည်အသွေးပြည့်မီကြောင်း သေချာစိစစ်ရန်အတွက် နိုင်ငံတကာ အချက်အလက်စစ်ဆေးခြင်း ကွန်ရက် (IFCN) အပေါ် အမှီပြုသည်။ အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများအား အခြေခံကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ IFCN က အကဲဖြတ်သည်။ အဆိုပါ အခြေခံကျင့်ဝတ်စည်းမျဉ်းများတွင် ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ဆောင်ရွက်ရေး၊ မူလရင်းမြစ်များနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ တင်ပြရေး၊ ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိစေရေး ကတိကဝတ်နှင့် ပွင့်လင်းပြီး ရိုးသားသော စည်းကမ်းတည့်မတ်ရေးမူဝါဒတို့ ပါဝင်သည်။
၂၁။ အထူးသဖြင့် အချက်အလက် စစ်ဆေးကြည့်ရှုရမည့်စာရင်းသို့ ပို့ထားသော အကြောင်းအရာများသည် ၎င်းတို့ကို စိစစ်မသုံးသပ်မီတွင် အင်တာနက်တစ်ခွင် ပျံ့နှံ့သွားပါက ၎င်းတို့သည် အသုံးပြုသူ သတင်းစဉ်များ၏ အောက်ခြေတွင် ယာယီပေါ်လာနိုင်သည်။ Meta သည် အချက်အလက် စစ်ဆေးသူများအတွက် အကြောင်းအရာကို ဦးစားပေးရန် အဆင့်သတ်မှတ်စနစ် အယ်လ်ဂိုရီသမ်တစ်ခုကို အသုံးပြုပြီး အချက်အလက်စစ်ဆေးသူများ၏ ကြည့်ရှုရမည့်စာရင်းတွင် အင်တာနက်တစ်ခွင်ပျံ့နှံ့နေသော အကြောင်းအရာကို ဦးစားပေးသည်။ ဘုတ်အဖွဲ့၏ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် အချက်အလက်စစ်ဆေးခြင်းအတွက် ကြည့်ရှုမည့်စာရင်းရှိ အလွန့်အလွန်များပြားလှသော အကြောင်းအရာကို အချက်အလက်စစ်ဆေးသူများက လုံးလုံး စိစစ်သုံးသပ်ခြင်း မပြုကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ Meta ၏ အဆိုအရ ကြည့်ရှုမည့်စာရင်းရှိ အကြောင်းအရာအများစုသည် မမှားယွင်းဘဲ Meta က ပြောဆိုချက်အတွက် အထောက်အထားသက်သေကို မပေးခဲ့ပါ။ Meta ၏ အဆိုအရ အချက်အလက်စစ်ဆေးခြင်း မိတ်ဖက်များသည် အမှန်တကယ် အခြေအမြစ်မရှိ၍ အချိန်နှင့်တစ်ပြေးညီဖြစ်ကာ၊ ခေတ်စားနေပြီး လက်ငင်း အကျိုးသက်ရောက်စေသော မှားယွင်းသည်ဟု သက်သေပြနိုင်သည့် ပြောဆိုချက်များ သို့မဟုတ် ရှင်းလင်းပြတ်သားသော အလိမ်အညာပို့စ်များကို ဦးစားပေးသည်။ အချက်အလက်စစ်ဆေးသူများသည် Meta က ပံ့ပိုးထားသော ကြည့်ရှုမည့်စာရင်းပြင်ပတွင် ၎င်းတို့၏ကိုယ်ပိုင် လက်ဦးမှုဖြင့် စိစစ်သုံးသပ်ရန်လည်း အကြောင်းအရာကို ရှာနိုင်သည်။
၂၂။ နိုင်ငံရေးသမားများထံမှ ပို့စ်များနှင့် ကြော်ငြာများသည် အချက်အလက်စစ်ဆေးခြင်းအတွက် သတ်မှတ်ချက်မပြည့်မီပါ။ "နိုင်ငံရေးသမား" ကို “ရာထူးနေရာတစ်နေရာအတွက် ယှဉ်ပြိုင်နေသည့် ကိုယ်စားလှယ်လောင်းများ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူများအပြင် ထပ်မံ၍ ၎င်းတို့ထဲမှ ဝန်ကြီးအဖွဲ့တွင် ခန့်အပ်ခံရသူများစွာနှင့်အတူ နိုင်ငံရေးပါတီများနှင့် ပါတီခေါင်းဆောင်များ” အဖြစ် Meta က အဓိပ္ပာယ်ဖွင့်ဆိုသည်။ Meta ၏ အဆိုအရ "[စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသည့် ရင့်ကျက်သော ဒီမိုကရေစီနိုင်ငံများတွင်] နိုင်ငံရေးမိန့်ခွန်းသည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးအခံရဆုံး မိန့်ခွန်းဖြစ်[ပြီး] နိုင်ငံရေးမိန့်ခွန်းကို ကန့်သတ်ထားသည့်အတွက် [...] လူများက ၎င်းတို့၏ ရွေးကောက်ခံအရာရှိများ ပြောနေသောအရာများနှင့် ပတ်သက်ပြီး သိရှိမှုနည်းစေပြီး နိုင်ငံရေးသမားများအား ၎င်းတို့၏စကားလုံးများအတွက် တာဝန်ခံမှုနည်းစေ" သောကြောင့် ဤမူဝါဒကို သတ်မှတ်ထားရခြင်း ဖြစ်သည်။
၂၃။ အချက်အလက် စစ်ဆေးသူများသည် အကြောင်းအရာကို "မှားယွင်းသည်"၊ "ပြောင်းလဲထားသည်"၊ "တစ်စိတ်တစ်ပိုင်း မှားယွင်းသည်" သို့မဟုတ် "ပြည့်စုံမှုမရှိသော အကြောင်းအရာ" အဖြစ် အဆင့်သတ်မှတ်နိုင်သည်။ Meta သည် အကြောင်းအရာကို လျော်ညီစွာ အညွှန်းတပ်ပြီး အကြောင်းအရာဆိုင်ရာ အချက်အလက်စစ်ဆေးသူ၏ ဆောင်းပါးသို့ သွားရောက်ဖတ်ရှုနိုင်သည့် လင့်ခ်တစ်ခုကို ပံ့ပိုးပေးမည်။ ဆောင်းပါးကို ဖတ်ရန် အသုံးပြုသူသည် Facebook မှ ထွက်ပြီး အခြားစာမျက်နှာသို့ သွားရမည်။ ယင်းအတွက် ထပ်ဆောင်း အင်တာနက်ဒေတာကို အသုံးပြုရန် လိုအပ်သည်။ ဆိုလိုသည်မှာ Meta ၏ ပလက်ဖောင်းများအား ကန့်သတ်ချက်ဖြင့် အခမဲ့ပေးထားသည့် (ဆိုလိုသည်မှာ အသုံးပြုသူများသည် Meta ၏ အက်ပ်များသို့ မိုဘိုင်းမှ ဝင်ရောက်အသုံးပြုမှုအတွက် အင်တာနက်ဒေတာ သို့မဟုတ် အခြားအဖိုးအခများ မပေးရပါ) နိုင်ငံများတွင် အသုံးပြုသူအချို့အတွက် ထပ်ဆောင်းကုန်ကျစရိတ်များ ကျသင့်ပါမည်။ "မှားယွင်းသည်" နှင့် "ပြောင်းလဲထားသည်" ဟု အညွှန်းတပ်ထားသော အကြောင်းအရာအား ထိုအကြောင်းအရာကို ဖုံးကွယ်ထားသော သတိပေးချက် မျက်နှာပြင်ဖြင့် ဖုံးထားပြီး အသုံးပြုသူက ၎င်းကို ကလစ်နှိပ်၍ ကြည့်ရှုရန် လိုအပ်သည်။ "တစ်စိတ်တစ်ပိုင်း မှားယွင်းသည်" နှင့် "ပြည့်စုံမှုမရှိသော အကြောင်းအရာ" ဟု အညွှန်းတပ်ထားသော အကြောင်းအရာကို မဖုံးကွယ်ထားပါ။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်အထိ ရက် ၉၀ ကာလအတွင်းတွင် "မှားယွင်းသည်" သို့မဟုတ် "ပြောင်းလဲထားသည်" ဟု အညွှန်းတပ်ထားပြီး အကြောင်းအရာကို ဖုံးကွယ်သော မျက်နှာပြင်တစ်ခုဖြင့် ဖုံးအုပ်ထားသော ပို့စ်များအတွက် Facebook အသုံးပြုသူ ၁၀% နှင့် Instagram အသုံးပြုသူ ၄၃% သည် အကြောင်းအရာကို ကြည့်ရန် ပို့စ်ကို ဖွင့်ခဲ့သည်" ဟု Meta က ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။ တူညီသောကာလအတွင်း "မှားယွင်းသည်"၊ "ပြောင်းလဲထားသည်"၊ "တစ်စိတ်တစ်ပိုင်း မှားယွင်းသည်" သို့မဟုတ် "ပြည့်စုံမှုမရှိသော အကြောင်းအရာ" အညွှန်းတပ်ခံထားရသော ပို့စ်များအတွက် ပျမ်းမျှအားဖြင့် Facebook အသုံးပြုသူ ၃% နှင့် Instagram အသုံးပြုသူ ၁၉% က "ဘာကြောင့်လဲ ကြည့်ရန်" အချက်ပြပေါ် နှိပ်ခဲ့ကြောင်း Meta က အစီရင်ခံခဲ့သည်။ ၎င်းသည် အသုံးပြုသူအား အကြောင်းအရာကို အဆင့်သတ်မှတ်ရသည့် အကြောင်းရင်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် အချက်အလက်စစ်ဆေးသူ၏ ဆောင်းပါးသို့ သွားရောက်ဖတ်ရှုနိုင်သည့် လင့်ခ်များကို ပံ့ပိုးပေးသည့် သီးခြားမျက်နှာပြင်တစ်ခုသို့ ရောက်သွားစေသည်။
၂၄။ အကြောင်းအရာ အစိတ်အပိုင်းတစ်ခုကို အချက်အလက်စစ်ဆေးသူက အညွှန်းတပ်သည့်အခါ Meta သည် ၎င်းကို အသုံးပြုသူ အလင်းစဉ်တွင် အဆင့်နိမ့် သတ်မှတ်ပါမည်။ "မှားယွင်းသည်"၊ "ပြောင်းလဲထားသည်" နှင့် "တစ်စိတ်တစ်ပိုင်း မှားယွင်းသည်" ဟု အညွှန်းတပ်ထားသော COVID-19 သတင်းအချက်အလက်အမှားတွင် သုံးသည့် အဆင့်လျှော့ချခြင်း ပြင်းထန်မှုအဆင့်သည် "ပြည့်စုံမှုမရှိသော အကြောင်းအရာ" ဟု အညွှန်းတပ်ထားသော အကြောင်းအရာတွင် သုံးထားသည်ထက် ပိုမြင့်သည်။ Meta ၏ အဆိုအရ အသုံးပြုသူတစ်ဦးစီ၏ အလင်းစဉ်ပေါ်တွင် အကြောင်းအရာ အစိတ်အပိုင်းတစ်ခု ပေါ်လာမည့်နေရာအပေါ် အဆင့်လျှော့ချခြင်း၏ အကျိုးသက်ရောက်မှုသည် ကွဲပြားပါမည်။ Meta ၏ အဆိုအရ အသုံးပြုသူတစ်ဦး တွေ့သည့် အကြောင်းအရာမှာ အသုံးပြုသူအား သူစိတ်ဝင်စားဆုံး ဖြစ်နိုင်ခြေရှိသည့် အကြောင်းအရာကို ပြရန် ရည်ရွယ်ချက်ဖြင့် သူ့အတွက် သီးသန့်ပြုလုပ်ထားခြင်း ဖြစ်သည်။ အကြောင်းအရာ အစိတ်အပိုင်းတစ်ခုကို အဆင့်လျှော့ချခြင်းသည် ၎င်း၏ အဆင့်သတ်မှတ်စနစ် ရမှတ်ကို လျော့ကျစေမည်။ ၎င်းသည် အကြောင်းအရာတွင် သတ်မှတ်ထားသော ကြည့်ရှုမှုအရေအတွက်သာ ရှိမည် သို့မဟုတ် ကြည့်ရှုမှုရာခိုင်နှုန်း ပိုနည်းမည်ဟု မဆိုလိုပါ။ သီးခြားအသုံးပြုသူတစ်ဦးက အဆင့်လျှော့ချထားသော အကြောင်းအရာ အစိတ်အပိုင်းတစ်ခုကို တွေ့နိုင်ခြေသည် အသုံးပြုသူ၏ အလင်းစဉ်ရှိ အခြားအကြောင်းအရာ အစိတ်အပိုင်းများနှင့် နှိုင်းယှဉ်ပါက ထိုအကြောင်းအရာ အစိတ်အပိုင်းအတွက် အဆင့်သတ်မှတ်စနစ်ရမှတ် မည်မျှမြင့်သည်အပေါ် မူတည်ပါမည်။ ရလဒ်အနေဖြင့် အဆင့်လျှော့ချခြင်းသည် အသုံးပြုသူနှင့် သူ၏ အကြောင်းအရာစာရင်းပေါ် မူတည်၍ မတူညီသောနည်းလမ်းများဖြင့် အကြောင်းအရာ အစိတ်အပိုင်းတစ်ခုအပါ် သက်ရောက်သည်။ အကြောင်းအရာကို အဖွဲ့တစ်ခုတွင် သို့မဟုတ် စောင့်ကြည့်သူများစွာရှိသော အသုံးပြုသူတစ်ဦးက မျှဝေသည့်အခါ ထိုအဖွဲ့ သို့မဟုတ် စာမျက်နှာကို စောင့်ကြည့်နေပြီး ပုံမှန်ထိတွေ့နေသော သူများအတွက် ၎င်း၏ အဆင့်သတ်မှတ်စနစ်ရမှတ်သည် အလင်းစဉ်ရှိ အခြားအကြောင်းအရာများ၏ အဆင့်သတ်မှတ်စနစ် ရမှတ်ထက် ပိုမြင့်နိုင်ခြေရှိမည် သို့မဟုတ် ရမှတ်တူနိုင်ခြေရှိမည်။ ဆိုလိုသည်မှာ အဆင့်လျှော့ချခြင်းသည် ရည်ရွယ်ထားသော အကျိုးသက်ရောက်မှု မရှိကောင်း မရှိနိုင်ပါ။
၂၅။ စာမျက်နှာ သို့မဟုတ် အဖွဲ့တစ်ခုက ဖန်တီးသော အကြောင်းအရာသည် ကုမ္ပဏီ၏ သတင်းအချက်အလက်အမှား မူဝါဒကို ချိုးဖောက်ကြောင်း အချက်အလက်စစ်ဆေးသူ တစ်ဦးက ဆုံးဖြတ်သည့်အခါ စာမျက်နှာ မန်နေဂျာများ သို့မဟုတ် အဖွဲ့စီမံသူများက အယူခံဝင်နိုင်သည်။ Facebook ပရိုဖိုင်များတွင် အချက်အလက် စစ်ဆေးမှု အညွှန်းကို အယူခံဝင်ရန် ရွေးချယ်စရာ မရှိပါ။ အဖွဲ့ ချိုးဖောက်မှုများကို IOS နှင့် Android တို့တွင် Facebook အက်ပ်မှတစ်ဆင့် သို့မဟုတ် ဝက်ဘ်ဘရောက်ဇာတွင် အယူခံဝင်နိုင်သည်။ စာမျက်နှာ ချိုးဖောက်မှုများကို ဝက်ဘ်ဘရောက်ဇာမှတစ်ဆင့် အယူခံဝင်၍မရပါ။ Facebook အကူအညီစင်တာ တွင် ဖော်ပြထားချက်အရ "ဤထုတ်ကုန်တွင်း အယူခံဝင်ခြင်း လုပ်ဆောင်ချက်သည် ယခုအချိန်တွင် အချို့နိုင်ငံများရှိ အဖွဲ့စီမံသူများနှင့် စာမျက်နှာ မန်နေဂျာများအတွက်သာ ရရှိနိုင်သည်။ အခြားမည်သူမဆိုသည် အီးမေးလ်မှတစ်ဆင့် အချက်အလက်စစ်ဆေးသူများထံ အယူခံလွှာများ ပေးပို့နိုင်သေးသည်။"
၂၆။ Meta သည် ဘုတ်အဖွဲ့ထံ ၎င်း၏တောင်းဆိုချက်တွင် အကြောင်းအရာအား အဆင့်သတ်မှတ်နိုင်သော အချက်အလက်စစ်ဆေးသူ အရေအတွက်ကို အမြဲတမ်း ကန့်သတ်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ COVID-19 သတင်းအချက်အလက်အမှားကို ဖြေရှင်းနိုင်သည့် မတူညီသော ကိုင်တွယ်ဖြေရှင်းနည်းများကို အကဲဖြတ်ရန် ဘုတ်အဖွဲ့အား တောင်းဆိုရာတွင် ကုမ္ပဏီက အချက်အလက်စစ်ဆေးခြင်းအပေါ် သီးသန့် သို့မဟုတ် အများဆုံး အမှီပြုမည်ဆိုပါက အချက်အလက် စစ်ဆေးသူများသည် ပလက်ဖောင်းများပေါ်ရှိ COVID-19 အကြောင်းအရာအားလုံးကို ကြည့်ရှုစစ်ဆေးနိုင်မည် မဟုတ်ကြောင်း Meta က ရှင်းပြခဲ့သည်။ ထို့ကြောင့် အချို့သော သတင်းအချက်အလက် အမှားများကို မှန်ကန်တိကျမှုအတွက် စစ်ဆေးခြင်း၊ အဆင့်လျှော့ချခြင်းနှင့် အညွှန်းတပ်ခြင်း ပြုမည်မဟုတ်ပါ။
အညွှန်းများတပ်ခြင်း
၂၇။ Meta သည် "ပုံမှန်သတင်းပေးကူညီခြင်းများ" (NIT များ)- ပုံမှန်သတင်းပေးကူညီခြင်း အညွှန်းများနှင့် X နှင့် ပတ်သက်သည့် အချက်အလက်များအား သတင်းပေးကူညီခြင်း (သို့) FAXIT များဟု ခေါ်သည့် အမျိုးအစားနှစ်မျိုးကိုလည်း အသုံးပြုသည်။ ၎င်းတို့ကို Meta က တိုက်ရိုက်သုံးပြီး အချက်အလက်စစ်ဆေးသူများ မပါဝင်ပါ။ FAXIT များသည် အသုံးပြုသူအား အချက်အလက်စင်တာသို့ လမ်းမညွှန်မီ ပို့စ်တွင် မျှဝေထားသော အကြောင်းအရာနှင့်ပတ်သက်၍ သင့်လျော်ကိုက်ညီသော ရှင်းလင်းဖော်ပြချက်ကို ပေးသည်။ Meta တွင် FAXIT အညွှန်းနှစ်ခု ရှိသည်- (၁) "COVID-19 ကာကွယ်ဆေးများသည် အန္တရာယ်ကင်းရှင်းရေးနှင့် ထိရောက်မှုအတွက် စမ်းသပ်ချက်များစွာ ဖြတ်ကျော်ပြီးနောက်တွင် ၎င်းတို့ကို အနီးကပ် စောင့်ကြည့်စစ်ဆေးထားသည်"၊ နှင့် (၂) "အတည်မပြုထားသော COVID-19 ကုသမှုအချို့သည် ပြင်းထန်သောအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။" COVID-19 အကြောင်း ဆွေးနွေးခြင်းအဖြစ် စိစစ်ခွဲခြားမှုနည်းပညာက ခွဲခြားဖော်ထုတ်သော မည်သည့် အကြောင်းအရာတွင်မဆို အညွှန်းတစ်ခု ထားရှိသည်။ အကြောင်းအရာသည် မှန်ကန်နိုင် သို့မဟုတ် မှားယွင်းနိုင်ပြီး အညွှန်းသည် အကြောင်းအရာနှင့်ပတ်သက်ပြီး ရှင်းလင်းဖော်ပြချက်ကို တိတိကျကျ မပေးအပ်ပါ။ NIT အားလုံးသည် အသုံးပြုသူများအား Meta ၏ COVID-19 သတင်းအချက်အလက်စင်တာသို့ လမ်းညွှန်သည်။
၂၈။ ဤမူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်နှင့်ပတ်သက်သော ဆွေးနွေးမှုများ ပြုလုပ်စဉ် Meta က ၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ၎င်း၏ NIT များကို ပြန်လည်လျှော့ချမည်ဟု ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ပလက်ဖောင်းတွင် COVID-19 သတင်းအချက်အလက်အမှား ပျံ့နှံ့မှုကို ကန့်သတ်ရန် NIT များ၏ ထိရောက်မှုနှင့်ပတ်သက်၍ Meta ၏ ထုတ်ကုန်နှင့် သမာသမတ်ရှိမှု အဖွဲ့များက ဆောင်ရွက်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ စမ်းသပ်လေ့လာမှုတစ်ခုပေါ် အခြေပြုခဲ့သည်။ စမ်းသပ်မှုတွင် မည်သည့်ကန့်သတ်ချက်မျှမရှိဘဲ COVID-19 NIT များကို ဆက်လက်ကြည့်ရှုစစ်ဆေးသည့် ကန့်သတ်အဖွဲ့တစ်ဖွဲ့ ပါဝင်ခဲ့သည်။ နောက်ထပ်စမ်းသပ်အဖွဲ့သုံးဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်- ပထမအနေဖြင့် COVID-19 NIT တစ်ခုစီကို သုံးရက်တစ်ကြိမ် တွေ့ရသော အဖွဲ့တစ်ဖွဲ့။ ဒုတိယအနေဖြင့် COVID-19 NIT တစ်ခုစီကို ရက် ၃၀ လျှင်တစ်ကြိမ် တွေ့ရသော အဖွဲ့တစ်ဖွဲ့နှင့် တတိယအနေဖြင့် မည်သည့်အညွှန်းကိုမျှ မတွေ့သော အဖွဲ့တစ်ဖွဲ့။ ကုမ္ပဏီ၏ အဆိုအရ ဒုတိယအဖွဲ့ (NIT တစ်ခုစီကို ရက် ၃၀ လျှင်တစ်ကြိမ် တွေ့ရသော အဖွဲ့) တွင် ကန့်သတ်အဖွဲ့အပါအဝင် အဖွဲ့အားလုံးအကြားတွင် ယုံကြည်ရလောက်သော အချက်အလက်ကို ပျမ်းမျှ ကြည့်ရှုနှုန်း အမြင့်ဆုံးရှိခဲ့သည်။ NIT များကို ကြည့်ရှုရင်း သုံးစွဲခဲ့သော ပျမ်းမျှအချိန်သည်လည်း ဤအဖွဲ့အတွက် အများဆုံးဖြစ်ခဲ့သည်။ ထို့အပြင် ကန့်သတ်အဖွဲ့နှင့် စမ်းသပ်အဖွဲ့များအကြား COVID-19 သတင်းအချက်အလက်အမှား ပျံ့နှံ့မှုတွင် "ကိန်းဂဏန်းအချက်အလက်အရ သိသာသော ဆုတ်ယုတ်ခြင်း မရှိခဲ့ပါ"။ စမ်းသပ်လေ့လာမှု၏ ရလဒ်များပေါ်အခြေခံ၍ ၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှစတင်၍ အသုံးပြုသူများက ၎င်းတို့၏ ပလက်ဖောင်းများတွင် ရက် ၃၀ လျှင်တစ်ကြိမ် COVID-19 အညွှန်းအမျိုးအစားတစ်ခုစီကို တွေ့နိုင်သော COVID-19 NIT များ၏ အရေအတွက်ကို ကန့်သတ်ခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ထို့နောက်တွင် အသုံးပြုသူများအား လျှော့ချထားသော အညွှန်းပမာဏကို ဖော်ပြနိုင်စေရန် ကုမ္ပဏီသည် COVID-19 NIT အားလုံး အသုံးပြုခြင်းကို ရပ်တန့်လိုက်ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ ယင်းသည် NIT များက အခြားပြည်သူ့ကျန်းမာရေး အကျပ်အတည်းများတွင်လည်း အကျိုးသက်ရောက်ကြောင်း သေချာစေရန်ဖြစ်သည်။
ပြစ်ဒဏ်များ
၂၉။ Meta သည် သတင်းအချက်အလက်အမှား ပျံ့နှံ့မှုကို အကျိုးသက်ရောက်သည့် အကောင့်အဆင့်နှင့် အဖွဲ့အဆင့် ပြစ်ဒဏ်များကို အသုံးချသည်။ ဤမူဝါဒအရ ဖယ်ရှားခံရသော သို့မဟုတ် "မှားယွင်းသည်" သို့မဟုတ် "ပြောင်းလဲထားသည်" ဟု အညွှန်းတပ်ခံရသော အကြောင်းအရာကို တင်သည့် ပရိုဖိုင်၊ စာမျက်နှာ သို့မဟုတ် အဖွဲ့သည် သတိပေးချက်တစ်ခု လက်ခံရရှိမည်ဖြစ်ပြီး အကြံပြုချက်များမှ ဖယ်ရှားခံရပြီး ဝင်ငွေရှာ၍ ရမည်မဟုတ်ပါ။ ထို့အပြင် သတိပေးချက် သတ်မှတ်အဆင့်သို့ ရောက်သည်နှင့် ထိုစာမျက်နှာ သို့မဟုတ် အဖွဲ့သို့ ဝင်ကြည့်သူများအား ဤစာမျက်နှာသည် သတင်းအချက်အလက်အမှားကို မျှဝေထားကြောင်း အသိပေးသော ပေါ့ပ်အပ်များ စတင်ပေါ်လာပါမည်။ အကူအညီစင်တာ စာမျက်နှာတွင် ဖော်ပြထားသည်အရ "စာမျက်နှာများ၊ အဖွဲ့များနှင့် Instagram အကောင့်များသည် ပလက်ဖောင်းပေါ်တွင် COVID-19 နှင့် ကာကွယ်ဆေးမူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာများကို မျှဝေပြီး အခြားသော ကာကွယ်ဆေးဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေသည့် အချက်အလက်များကို မျှဝေရန်လည်း ရည်ရွယ်ကြောင်းဖော်ပြပါက" ထိုစာမျက်နှာများ၊ အဖွဲ့များနှင့် Instagram အကောင့်များကို ဖယ်ရှားနိုင်သည်။
၄။ ပြင်ပနှင့်ထိတွေ့ဆောင်ရွက်မှု
၃၀။ ဤမူဝါဒအကြံပေး သဘောထားအမြင်များကို ဖော်ဆောင်သည့် ကာလတစ်လျှောက်လုံးတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် နည်းလမ်းအမျိုးမျိုးဖြင့် ကျွမ်းကျင်သူများနှင့်ရော၊ Meta နှင့်ပါ ထိတွေ့ဆက်ဆံခဲ့သည်။
အများမြင် မှတ်ချက်များ
၃၁။ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ဤမူဝါဒအကြံပေး သဘောထားအမြင်များနှင့် ဆက်စပ်၍ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အများမြင် မှတ်ချက် ၁၈၁ ခုကို လက်ခံရရှိခဲ့သည်။ မှတ်ချက်များထဲမှ လေးခုသည် လက်တင်အမေရိကနှင့် ကာရေဘီယန်မှ ဖြစ်ပြီး ငါးခုမှာ အာရှအလယ်ပိုင်းနှင့် တောင်ပိုင်း၊ ရှစ်ခုမှာ အာရှပစိဖိတ်နှင့် သမုဒ္ဒရာပိုင်း၊ ၈၁ ခုမှာ ဥရောပနှင့် ၈၃ ခုမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှ အသီးသီးဖြစ်ကြသည်။ ဘုတ်အဖွဲ့သည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ သို့မဟုတ် အာဖရိက ဆာဟာရဒေသငယ်မှ အများမြင် မှတ်ချက်တစ်ခုမျှ မရရှိခဲ့ပါ။
၃၂။ တင်ပြချက်များ၌ ခြုံငုံဖော်ပြခဲ့သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်ခဲ့သည်-
- မလေးရှားရှိ မူဝါဒ သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Khazanah Research Institute ၏ တင်ပြချက် (PC-၁၀၇၀၃) တွင် မတူညီသောနိုင်ငံများ၌ ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက် ရရှိခွင့်အဆင့်များ ကွဲပြားခြင်းနှင့် သတင်းအချက်အလက်အမှားများကို မစိစစ်ဘဲထားခြင်းမှ ဖြစ်ပေါ်လာသည့် ကွဲပြားသော အန္တရာယ်အဆင့်များကို ဦးစားပေးဖော်ပြခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု ရှိရမည်ဆိုပါက Meta အနေဖြင့် အန္တရာယ်ပိုကင်းသည့်ဘက်ကို ရွေးပြီး အန္တရာယ်ရှိသော COVID-19 သတင်းအချက်အလက်အမှားကို ဆက်လက်ဖယ်ရှားရန် တင်ပြချက်က အကြံပြုသည်။ တင်ပြချက်သည် "ဖြစ်အံ့ဆဲဆဲ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှု" ၏ ရှင်းလင်းမှုမရှိသော အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ဤစံနှုန်းအသုံးပြုမှုကို ထိရောက်စွာ အကဲဖြတ်နိုင်ကြောင်း သေချာစေရန် ဆက်စပ်အကြောင်းအရာကို နားလည်ခြင်း၊ အဆက်မပြတ် စောင့်ကြည့်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိခြင်းတို့၏ အရေးပါမှုအပေါ်လည်း မှတ်ချက်ပေးခဲ့သည်။
- American Civil Liberties Union ၏ တင်ပြချက် (PC-၁၀၇၅၉) သည် အမှန်တရားနှင့် စိတ်ကူးယဉ်အကြားနှင့် အမြင်၊ အတွေ့အကြုံနှင့် အမှန်တရားကို အခိုင်အမာပြောဆိုခြင်းအကြား အတိုင်းအတာဖြင့် ခွဲခြားရာတွင် ခက်ခဲမှု၊ ဆိုလိုသည်မှာ ခွင့်ပြုသင့်သော ပြောဆိုမှုအား Meta အနေဖြင့် ထိန်းချုပ်ထားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။
- အမေရိကန်ပြည်ထောင်စု အကျိုးအမြတ်မယူသော အဖွဲ့အစည်း Asian Americans Advancing Justice ၏ တင်ပြချက် (PC-၁၀၇၅၁) တွင် အာရှအမေရိကန်သားများအား ဗိုင်းရပ်စ်ပိုးကို အမေရိကန်ပြည်ထောင်စုသို့ သယ်ဆောင်လာခြင်းအတွက် တာဝန်ရှိသည်ဟူ၍ "တစ်ပါးသူအပေါ် အပြစ်ဖို့ခြင်း" ကို မှတ်ချက်ပြုခဲ့သည်။
- 'Edinburgh တက္ကသိုလ်၏ ပါမောက္ခ Simon Wood ထံမှ တင်ပြချက် (PC-၁၀၇၁၃) တွင် အချက်အလက် စစ်ဆေးသူများအနေဖြင့် ရှုပ်ထွေးသော သိပ္ပံနည်းကျ စာရွက်စာတမ်းများနှင့် သက်သေအထောက်အထားကို ထိရောက်စွာ အချက်အလက်စစ်ဆေးရန် လုံလောက်သော နည်းပညာဗဟုသုတ မရှိကြောင်း စိုးရိမ်မှုများကို ဦးစားပေးဖော်ပြခဲ့သည်။
- Media Matters for America ၏ တင်ပြချက် (PC-၁၀၇၅၈) သည် သတင်းအချက်အလက်အမှားများအား ဖြေရှင်းရန် ကြိုးပမ်းမှုများကို အားနည်းစေသည့် Meta ၏ အပြန်အလှန်စစ်ဆေးမှုစနစ်၏ အကျိုးသက်ရောက်မှုကို အာရုံစိုက်စေခဲ့သည်။ ထင်ရှားကျော်ကြားသူများ၊ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များနှင့် အခြားလူသိများသည့် အသုံးပြုသူများသည် အကြောင်းအရာ ချိုးဖောက်မှုများအတွက် “ပိုမိုနှောင့်နှေးသော သို့မဟုတ် ပိုမိုသက်ညှာသော စည်းကမ်းထိန်းသိမ်းမှုကိုသာ ခံစားခဲ့ရသောကြောင့်” သတင်းအချက်အလက်မှားများသည် ပလက်ဖောင်းပေါ်တွင် ဆက်လက်ရှိနေခဲ့သည်။
- သတင်းအချက်အလက်အမှားကို ပိုမိုချဲ့ကားစေသည့် ၎င်း၏ ပျံ့နှံ့ရောက်ရှိမှုနှင့် ၎င်း၏ စနစ်များ၏ အခန်းကဏ္ဍများကို ထည့်သွင်းစဉ်းစားပါက အများပြည်သူ အန္တရာယ်ကင်းရှင်းရေးအတွက် အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် Meta အနေဖြင့် တာဝန်ရှိကြောင်း တင်ပြချက်များစွာတွင် မှတ်ချက်ပြုခဲ့သည်။ အန္တရာယ်ဖြစ်နိုင်ခြေကို ကိုင်တွယ်ဖြေရှင်းရာတွင် အညွှန်းများနှင့် အဆင့်လျှော့ချခြင်း၏ လုံလောက်တိကျမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို တင်ပြခဲ့သည်။ ဥပမာအားဖြင့် Center of Internet and International Studies (အင်တာနက်နှင့် နိုင်ငံတကာ လေ့လာမှုများဌာန) ၏ အကြီးတန်း ဒုဥက္ကဋ္ဌ၏ တင်ပြချက် C-၁၀၆၇၃) တွင် အညွှန်းများသည် နိုင်ငံရေးသမားများနှင့် လူသိများသော ဩဇာလွှမ်းမိုးသူများက ဖြန့်သော သတင်းအချက်အလက်အမှားကို ကိုင်တွယ်ဖြေရှင်းရန် မလုံလောက်ကြောင်း စိုးရိမ်မှုများကို ဦးစားပေးဖော်ပြခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ "ပို့စ်တင်ခြင်းကို အညွှန်းတပ်ရုံသည် အလားအလာရှိသော အန္တရာယ်ဖြစ်နိုင်ခြေကို ဖြေရှင်းရန် မလုံလောက်သောကြောင့် ဖြစ်သည်။ သေဆုံးနိုင်ခြေ သို့မဟုတ် ပြင်းထန်သော နာမကျန်းမှုဖြစ်နိုင်ခြေ ပိုမိုမြင့်မားစေသည့် မှားယွင်းသော အချက်အလက် ထုတ်ပြန်မှုကို ခွင့်ပြုခြင်းသည် တာဝန်ကိုဥပေက္ခာပြုမှုတစ်ခု ဖြစ်သည်။"
- သတင်းအချက်အလက်အမှားကို ဖယ်ရှားမည့်အစား အညွှန်းများနှင့် အဆင့်လျှော့ချခြင်းများကို အမှီပြုရန် တင်ပြချက်များစွာတွင် အကြံပြုခဲ့သည်။ Northeastern University နှင့် Universidad Nacional Autónoma de (UNAM) ၏ လက်ထောက်ပါမောက္ခ Saiph Savage ၏ တင်ပြချက်တစ်ခု (PC-၁၀၅၁၉) တွင် ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများသည် "၎င်းတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များကြောင့် COVID-19 ကို ကုသရန် အကောင်းဆုံး ကျင့်ထုံးများနှင့်ပတ်သက်၍ ၎င်းတို့ကိုယ်ကို မတူကွဲပြားစွာ ဖော်ပြခဲ့သည်" ကို မှတ်ချက်ပြုလျက် ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်းများနှင့် သဘောထားများအပေါ် ဖယ်ရှားမှု မူဝါဒနှင့် ဆက်စပ်ပြစ်ဒဏ်များ၏ အကျိုးသက်ရောက်မှုကို အာရုံစိုက်စေခဲ့သည်။
၃၃။ ဤမူဝါဒအကြံပေး သဘောထားအမြင်များအတွက် ပေးပို့ထားသော အများမြင်မှတ်ချက်များကို ဖတ်ရှုရန် ဤနေရာ ကို နှိပ်ပါ။
ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေးပွဲများ
၃၄။ ဘုတ်အဖွဲ့သည် ဒေသဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အပြန်အလှန်ဆွေးနွေးပွဲများ ဆက်တိုက်ပြုလုပ်ခြင်းဖြင့် သက်ဆိုင်သူများနှင့် နောက်ထပ်တိုင်ပင်ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်။ ဘုတ်အဖွဲ့သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ မြောက်အမေရိက၊ လက်တင်အမေရိက၊ အာဖရိက၊ အာရှနှင့် ဥရောပမှ သက်ဆိုင်သူများနှင့် အပြန်အလှန်ဆွေးနွေးပွဲ ခြောက်ခုကို ပြုလုပ်သည်။ ဤအပြန်အလှန် ဆွေးနွေးပွဲများမှတစ်ဆင့် ဘုတ်အဖွဲ့သည် အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၊ သတင်းအချက်အလက်အမှား သုတေသီများ၊ အိုင်တီနှင့်အင်တာနက် တတ်မြောက်မှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေး ထောက်ခံသူများကို ကိုယ်စားပြုသော ပုဂ္ဂိုလ်အယောက် ၁၀၀ ခန့်နှင့် စကားပြောခဲ့သည်။ ပွင့်လင်းစွာ ဆွေးနွေးနိုင်စေရန်နှင့် ပါဝင်ဆွေးနွေးသူများအား အကာအကွယ်ပေးရန်အတွက် Chatham House စည်းမျဉ်းအရ ဤဆွေးနွေးပွဲများကို ကျင်းပခဲ့ပါသည်။
၃၅။ အောက်ပါအကြောင်းအရာများနှင့် ပြဿနာများသည် ဤတိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် ပေါ်ထွက်လာခဲ့သည်-
- ဒေသအသီးသီးရှိ အတွေ့များသော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်- Meta ၏ အချက်အလက်နှင့် ကုမ္ပဏီတွင်း သုတေသနဒေတာများကို ရယူသုံးစွဲခွင့် မရှိခြင်းကြောင့် အချက်အလက် ကင်းမဲ့ခြင်းအပြင် နိုင်ငံများရှိ သတင်းအချက်အလက်အမှား၏ အတိုင်းအတာနှင့် Meta ၏ ရှိပြီးသားမူဝါဒများ၏ အကျိုးသက်ရောက်မှုများ နှစ်မျိုးလုံးကို တိုင်းတာရာတွင် စိန်ခေါ်မှု၊ ဗိုင်းရပ်စ်၏ ပြင်းထန်မှုအဆင့်၊ အိမ်တွင်းကုထုံးများ သို့မဟုတ် အခြားကုသနည်းများ (အရောင်ချွတ်ဆေး ကြော်ငြာအစီအစဉ်အပါအဝင်) ပတ်သက်၍ သိသာသော သတင်းအချက်အလက်အမှား ပမာဏ၊ ကမ္ဘာ့ကပ်ရောဂါ အစီအမံများနှင့် 5G နည်းပညာနှင့် ဆက်စပ်မှုအကြောင်းနှင့် ကာကွယ်ရေးဆန့်ကျင်ရေးဆိုင်ရာ သတင်းအချက်အလက်အမှားများ၊ ဖယ်ရှားမှု မူဝါဒက ပြောဆိုမှုကို ကန့်သတ်နိုင်သော စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း စိုးရိမ်မှုများ၊ သတင်းအချက်အလက်အမှားကို ပိုမိုပျံ့နှံ့စေသည့် Facebook ၏ အခြေခံဖွဲ့စည်းပုံကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မှု၊ ငွေရေးကြေးရေးနှင့်/သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ထိုအကြောင်းအရာမျိုးကို ကြော်ငြာသော အဓိက သတင်းအချက်အလက်အမှား ဖြန့်သူများ။ COVID-19 သတင်းအချက်အလက်အမှားသည် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကို ပိုမိုဆိုးဝါးစေရုံသာမက အဖွဲ့အစည်းများ၊ သိပ္ပံနည်းကျ ဆက်သွယ်ပြောဆိုမှုနှင့် ကာကွယ်ဆေးကဲ့သို့ သိပ္ပံနည်းကျ ဆေးကုသမှုများတွင် လူများ၏ ယုံကြည်မှုကိုလည်း လျော့ပါးစေသည်။
- လက်တင်အမေရိကရှိ သက်ဆိုင်သူများက ခွဲခြားဖော်ထုတ်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်- အချက်အလက်စစ်ဆေးခြင်းသည် ထိရောက်မှုရှိနိုင်သော်လည်း အကြောင်းအရာက ရည်မှန်းထားသော ပရိသတ်သို့ ပျံ့နှံ့ရောက်ရှိပြီးမှသာ သတင်းအချက်အလက် အမှားအဖြစ် အညွှန်းတပ်လေ့ရှိသည်၊ အချက်အလက်စစ်ဆေးခြင်းကို အတိုင်းအတာသတ်မှတ်၍ မရနိုင်ကြောင်းနှင့် အင်္ဂလိပ်မှလွဲ၍ အခြားဘာသာစကားများတွင် အကျုံးဝင်မှု သိသိသာသာနည်းကြောင်း တင်ပြခဲ့သော စိုးရိမ်မှုများ၊ သတင်းအချက်အလက်အမှားကို မယုံမကြည်ဖြစ်သည့် သိပ္ပံပညာရှင်များအပေါ် စီစဉ်ထားသော နှောင့်ယှက်မှု၊ တစ်ဦးချင်း အချက်အလက်စစ်ဆေးသူများ ခြိမ်းခြောက်ခံရပြီး နှောင့်ယှက်ခံရမှု၊ အချို့မှာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ကျရောက်မည်ကို ကြောက်ရွံ့သောကြောင့် နိုင်ငံများ သို့မဟုတ် ဒေသများမှ ထွက်ပြေးခဲ့ကြသည်၊ အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများသည် အချက်အလက်စစ်ဆေးမှုအတွက် တရားစွဲဆိုခံရပြီး ၎င်းတို့အတွက် ကန့်သတ်ထားပြီးဖြစ်သော အကူအညီရင်းမြစ်များ နည်းပါးစွာဖြင့် အဆိုပါတရားစွဲဆိုမှုများကို ခုခံခဲ့ရသည်၊ နိုင်ငံရေးသမားများနှင့် ထင်ရှားသောပုဂ္ဂိုလ်များသည် အချက်အလက်စစ်ဆေးခြင်း မခံရပါ၊ COVID-19 အတွက် ထိရောက်မှုမရှိသော အခြားဆေးဝါးကို ကြော်ငြာခြင်းကဲ့သို့ သတင်းအချက်အလက်အမှား ကမ်ပိန်းများ၊ အထူးသဖြင့် နိုင်ငံရေး သို့မဟုတ် စီးပွားရေး အကျိုးစီးပွားများရှိသည့် နာမည်ဆိုးဖြင့် ကျော်စောသော ဩဇာလွှမ်းမိုးသူများ သို့မဟုတ် သရုပ်ဆောင်များက ကြော်ငြာသည့် အရာများကို ထိရောက်စွာ တန်ပြန်ရန် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းများတွင် ဗဟုသုတ သို့မဟုတ် လုပ်နိုင်စွမ်းမရှိပါ။
- မြောက်အမေရိကရှိ သက်ဆိုင်သူများက ခွဲခြားဖော်ထုတ်သော ပြဿနာများတွင် အောက်ပါတို့ပါဝင်သည်- ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများအနေဖြင့် သတင်းအချက်အလက်အမှားကို ကိုင်တွယ်ဖြေရှင်းရန် အလွန်များပြားလှသော အချိန်နှင့် ရင်းမြစ်များလိုအပ်ပြီး ကိုယ်အားစိတ်အား ချုံးချုံးကျစေကာ သိသိသာသာ စိတ်ပင်ပန်းမှုကို ခံစားရကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အစီရင်ခဲ့သည်၊ အကြောင်းအရာ ဖယ်ရှားခံခဲ့ရသော အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်ပြီး ပိုမိုတရားမျှတသော အယူခံဝင်ခြင်း နည်းလမ်းများ လိုအပ်မှု၊ သတင်းအချက်အလက်အမှား ပျံ့နှံ့မှုနှင့် ကြားဝင်ဖြေရှင်းမှုအမျိုးမျိုး၏ ထိရောက်မှုကို စစ်ဆေးသော သုတေသနအတော်များများက အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပအပေါ် အလေးထားကြောင်း စိုးရိမ်မှု၊ အချက်အလက်စစ်ဆေးခြင်းကို အတိုင်းအတာသတ်မှတ်၍ မရနိုင်ဘဲ ၎င်းသည် အင်္ဂလိပ်မဟုတ်သော အခြားဘာသာစကားများတွင် အကျုံးဝင်မှု သိသိသာသာပိုနည်းကြောင်း တင်ပြခဲ့သော စိုးရိမ်မှုများ၊ ပိုမိုထိရောက်သော အကောင့်ပြစ်ဒဏ်များ လိုအပ်မှု၊ သတင်းအချက်အလက်အမှား ဖယ်ရှားရာတွင် တစ်သမတ်တည်းမရှိမှုများက ရှိပြီးသား လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် သီအိုရီများကို ထပ်လောင်းအတည်ပြုနိုင်ကြောင်း စိုးရိမ်မှုများ၊ ဗီဒီယိုပုံစံများကို အကြောင်းအရာ စိစစ်ရာတွင် ခက်ခဲမှုများ။
- အာရှရှိ သက်ဆိုင်သူများက ခွဲခြားဖော်ထုတ်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်- သတင်းအချက်အလက်အမှားသည် ကမ္ဘာ့ကပ်ရောဂါအစတွင် ပျံ့နှံ့ခဲ့ပြီး လူမှုကွန်ရက်အပြင် သမားရိုးကျမီဒီယာတစ်လျှောက် ပျံ့နှံ့ခဲ့ခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ သို့မဟုတ် ဘာသာရေးကိုင်းရှိုင်းသော လူနည်းစုများကဲ့သို့ လူနည်းစုများ သိုမဟုတ် အားနည်းသောလူဦးရေများအား ဗိုင်းရပ်စ်ဖြန့်သူများအဖြစ် ပစ်မှတ်ထားသော နိုင်ငံအများအပြားရှိ သတင်းအချက်အလက်အမှား ဇာတ်လမ်းများ၊ အချက်အလက်စစ်ဆေးခြင်းကို သတင်းအချက်အလက်အမှား ပျံ့နှံ့သည့် အရှိန်အတိုင်း မဆောင်ရွက်နိုင်ခြင်းနှင့် အလွန်နောက်ကျမှ လုပ်ဆောင်လေ့ရှိခြင်း၊ အစိုးရများသည် မီဒီယာအေဂျင်စီများကို ပစ်မှတ်ထားရန်နှင့် အမြင်မတူသော သဘောထားများကို ပိတ်ရန် သတင်းအချက်အလက်အမှားများမှ ခြိမ်းခြောက်မှုများကို အသုံးပြုခဲ့ခြင်း၊ အချက်အလက်စစ်ဆေးထားသော ဆောင်းပါးများကို သတင်းအချက်အလက်အမှား ပါရှိသော အကြောင်းအရာများလောက် ဝင်ရောက်မကြည့်ရှုနိုင်ခြင်း သို့မဟုတ် ၎င်းတို့မှာ ဆွဲဆောင်မှု မရှိခြင်း၊ ဒေသအတွင်းရှိ အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများအကြား ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံသို့ ပျံ့နှံ့သည့် တူညီသော သို့မဟုတ် အလားတူသော ဇာတ်လမ်းများကဲ့သို့ အသုံးဝင်မည်၊ အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများတွင် နိုင်ငံအများစု၌ ပြောသော ဘာသာစကားအမျိုးမျိုးဖြင့် အချက်အလက်စစ်ဆေးထားသော ဆောင်းပါးများကို ပံ့ပိုးပေးရန် ရင်းမြစ်များ မရှိခြင်း။
- အာဖရိကရှိ သက်ဆိုင်သူများက ခွဲခြားဖော်ထုတ်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်- အာဖရိကရှိ ဘာသာရေးခေါင်းဆောင်များသည် ထင်ရှားသော သတင်းအချက်အလက်အမှား ဖြန့်သူများဖြစ်ခဲ့ခြင်း၊ အစိုးရများနှင့် အတိုက်အခံပါတီများက ထင်ရှားသော COVID-19 သတင်းအချက်အလက်အမှား ဖြန့်သူများဖြစ်ခဲ့ခြင်း၊ အစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများအပေါ် မယုံကြည်မှုသည် သတင်းအချက်အလက်အမှားကို ဆက်ရှိနေစေရန် အကြောင်းပြချက်များစွာကို ဖြစ်ပေါ်စေခဲ့ခြင်း၊ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ၎င်းတို့၏ ပြည်သူ့ဆက်ဆံရေးတွင် သိသာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများ၏ ထိရောက်မှုနှင့် ရင်းမြစ်များ ရရှိနိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံများအကြား ကွဲပြားမှုများစွာရှိခြင်း၊ အချက်အလက်စစ်ဆေးခြင်းကို ဘာသာစကားအားလုံးဖြင့် မရနိုင်သဖြင့် ယင်းက ၎င်း၏ထိရောက်မှုကို အကန့်အသတ်ဖြစ်စေခြင်း။
- ဥရောပရှိ သက်ဆိုင်သူများက ခွဲခြားဖော်ထုတ်သော ပြဿနာများတွင် အောက်ပါတို့ ပါဝင်သည်- သတင်းအချက်အလက်အမှား၏ သက်ရောက်မှုသည် အိုင်တီနှင့် အင်တာနက် တတ်မြောက်မှုအဆင့်များ၊ အစိုးရနှင့် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများအပေါ် ယုံကြည်မှုနှင့် ပွင့်လင်းသော မီဒီယာပတ်ဝန်းကျင်ပေါ် မူတည်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားပါမည်၊ တချို့က သတင်းအချက်အလက်အမှား ဖယ်ရှားမှုသည် အများပြည်သူအလေးထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပွင့်ပွင်းလင်းလင်း ငြင်းခုံမှုကို အနှောင့်အယှက်ဖြစ်စေမည်ဟု စိုးရိမ်မှုကို တင်ပြခဲ့သည်၊ ခုခံနိုင်စွမ်းအားနည်းသူများ၊ ကလေးများ၊ အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု အားနည်းသူများ၊ မီဒီယာအမျိုးမျိုးကို အသုံးပြုခွင့် ရရှိမှုနည်းပါးသူများနှင့် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုသို့ လက်လှမ်းမီမှုမရှိသောလူများကဲ့သို့ အားအနည်းဆုံးလူများသည် သတင်းအချက်အလက်အမှားကြောင့် အထိခိုက်ခံရဆုံးဖြစ်ကြောင်း အချို့က ငြင်းခုံသည်၊ လူများ၏ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်အပေါ် သတင်းအချက်အလက်အမှား၏ အဟန့်အတားဖြစ်သော အကျိုးသက်ရောက်မှုများ၊ လူများအား နှာခေါင်းစည်းများအသုံးပြုမှု သို့မဟုတ် တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်းကဲ့သို့ ပြည်သူ့ကျန်းမာရေး အစီအမံများကို ပွင့်လင်းစွာ ဆွေးနွေးခွင့်ပြုသည့် ဆောင်ရွက်ချက်များကို အသုံးပြုရန် လိုအပ်မှုကို အခြားသူများက ပြောခဲ့သည်၊ ပလက်ဖောင်းတစ်ခုမှ ဖယ်ရှားခဲ့သော သတင်းအချက်အလက်အမှားသည် အခြားတစ်ခုသို့ အလွယ်တကူ ရွေ့သွားကြောင်း၊ ညှိနှိုင်းဆောင်ရွက်သော ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လိုအပ်ကြောင်း အချို့က ထောက်ပြခဲ့သည်၊ လုပ်ကြံသတင်းအတွက် အလိုက်သင့်တုံ့ပြန်မည့်အစား ကြိုတင်ကာကွယ်သော ကိုင်တွယ်ဖြေရှင်းနည်းကို ရေးဆွဲဖော်ဆောင်ရန် လိုအပ်မှု၊ Meta ၏ ပလက်ဖောင်းများတွင် ကောင်းမွန်ပြီး တိကျမှန်ကန်သော အချက်အလက်များ ပိုမိုရှိနေစေရန် လိုအပ်မှု။
Meta ထိတွေ့ဆောင်ရွက်မှု
၃၆။ Meta က ဤမူဝါဒအကြံပေး သဘောထားအမြင်များအတွက် ၎င်း၏ တောင်းဆိုချက်ကို ပေးပို့ပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် ဒီဇင်ဘာလအကြားတွင် ဘုတ်အဖွဲ့သည် ကုမ္ပဏီသို့ စာဖြင့်ရေးသားထားသော မေးခွန်း ၅၀ ကို ပေးပို့ခဲ့သည်။ ၎င်းတို့ကို Meta က အမေးအဖြေ ကဏ္ဍသုံးခုဖြင့် စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ဖြေရှင်းပေးခဲ့သည်။ မေးခွန်းအခု လေးဆယ်ကို အပြည့်အစုံဖြေကြားခဲ့ပြီး ၁၀ ခုကို တစ်ဝက်တစ်ပျက် ဖြေကြားခဲ့သည်။ တစ်ဝက်တစ်ပျက် ဖြေကြားချက်များသည် ဒေသနှင့် ဘာသာစကားအလိုက် အချက်အလက်ကို ခွဲခြမ်းစိတ်ဖြာပေးရန် တောင်းဆိုမှုများ၊ စည်းကမ်းထိန်းသိမ်းမှု အစီအမံအမျိုးမျိုး၏ ထိရောက်မှုအပေါ် ကုမ္ပဏီတွင်း သုတေသနလုပ်ဆောင်စေခြင်းနှင့် ကုမ္ပဏီက ၎င်း၏ မူဝါဒကို ဖန်တီးရာတွင် အချေအတင်ဖြစ်နေသော ထည့်သွင်းစဉ်းစားစရာများနှင့် ကျွမ်းကျင်သူအကြံဉာဏ်ကို ချိန်ဆပုံတို့နှင့် ပတ်သက်ခဲ့သည်။ ဘုတ်အဖွဲ့သည် အောက်ပါတို့နှင့်ပတ်သက်သော မေးခွန်းများကို ပေးပို့ခဲ့သည်- ကမ္ဘာတစ်ဝှမ်းလုံးနှင့် နိုင်ငံနှင့် ဘာသာစကားအလိုက် ခွဲခြမ်းစိတ်ဖြာထားသော Meta ၏ ပလက်ဖောင်းများပေါ်ရှိ COVID-19 သတင်းအချက်အလက်အမှားများ ပျံ့နှံ့မှုနှင့်ပတ်သက်၍ Meta ၏ ကုမ္ပဏီတွင်း အချက်အလက် သို့မဟုတ် သုတေသနလုပ်ဆောင်မှု၊ ဖယ်ရှားခြင်း မူဝါဒကို ပြဋ္ဌာန်းရာတွင် သုံးသော လုပ်ငန်းစဉ်နှင့် အစီအမံများနှင့် ဖယ်ရှားသည့် အရေအတွက်ဆိုင်ရာ အချက်အလက်၊ သတင်းအချက်အလက်အမှား လူမှုစံနှုန်းအတွက် စည်းကမ်းထိန်းသိမ်းမှု အချက်အလက်နှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန် အစီရင်ခံခြင်း၊ ဖယ်ရှားခြင်း မူဝါဒကို ရေးဆွဲပြီး ကျင့်သုံးရာတွင် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများနှင့် ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍ၊ COVID-19 သတင်းအချက်အလက်အမှား ဖယ်ရှားခြင်း၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုအပေါ် လုပ်ဆောင်သည့် မည်သည့်သုတေသနမဆို၊ အချက်အလက်စစ်ဆေးခြင်း၊ ကြားနေ အညွှန်းများနှင့် အဆင့်လျှော့ချခြင်းများအပါအဝင် အခြားအစီအမံများ၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုအပေါ် လုပ်ဆောင်သည့် မည်သည့်သုတေသနမဆို၊ ကြားခံပြင်ပ အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ COVID-19 သတင်းအချက်အလက်အမှားအတွက် အသုံးချသော ပြစ်ဒဏ်များ၊ COVID-19 သတင်းအချက်အလက်အမှား မူဝါဒကို အကောင်အထည်ဖော်သော ကုမ္ပဏီတွင်း လမ်းညွှန်ချက်များ၊ COVID-19 သတင်းအချက်အလက်အမှား မူဝါဒ၏ ထိရောက်မှုနှင့်ပတ်သက်၍ အပြန်အလှန်စစ်ဆေးမှု အစီအစဉ်၏ အကျိုးသက်ရောက်မှုကို ကုမ္ပဏီက အကဲဖြတ်ခဲ့ခြင်းရှိ/မရှိ၊ သက်ဆိုင်သူများနှင့် ထိတွေ့ဆောင်ရွက်မှု လုပ်ငန်းစဉ်နှင့် ဤမူဝါဒကို ဖော်ဆောင်စဉ်အတွင်း တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူများနှင့် Meta က လက်ခံရရှိသော အကြံပြုချက်များကို အကဲဖြတ်ခဲ့ပုံ၊ အချို့နိုင်ငံများတွင် ဖယ်ရှားမှုကို ကျင့်သုံးသော်လည်း အခြားနိုင်ငံများတွင် ဖယ်ရှားမှုကို မကျင့်သုံးသော မူဝါဒဆိုင်ရာ စည်းကမ်းတင်းကျပ်မှုကို နှစ်ပိုင်းခွဲ၍ အသုံးပြုရနိုင်ခြေ အလားအလာ၊ အိုင်တီနှင့်အင်တာနက် တတ်မြောက်စေရေး ရင်းနှီးမြှုပ်နှံမှုများအပါအဝင် နောက်ထပ်အခြားအစီအမံများ။
၅။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒ၏ ဘုတ်အဖွဲ့ ဆန်းစစ်လေ့လာမှုနှင့် အကဲဖြတ်မှုအတွက် မူဘောင်
၃၇။ Meta သည် ၎င်း၏ တောင်းဆိုချက်တွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အမှား မူဝါဒအောက်တွင် COVID-19 အကြောင်းအရာကို ဆက်လက်ဖယ်ရှားသင့်၊ မသင့် သို့မဟုတ် ကန့်သတ်မှုနည်းသော ကိုင်တွယ်ဖြေရှင်းနည်းက ကုမ္ပဏီ၏ စံတန်ဖိုးများ၊ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ပိုမိုကိုက်ညီမှုရှိ၊ မရှိကို ဘုတ်အဖွဲ့အား မေးမြန်းခဲ့သည်။ ဤမေးခွန်းကို ဖြေရန် ဘုတ်အဖွဲ့က မူဝါဒသည် လက်ရှိအချိန်တွင် လိုအပ်ပြီး အချိုးကျမျှတမှုရှိ၊ မရှိ သို့မဟုတ် ကုမ္ပဏီက COVID-19 ဆိုင်ရာ သတင်းအချက်အလက်အမှားကို စီမံရန် ကန့်သတ်မှုနည်းသော ကိုင်တွယ်ဖြေရှင်းနည်းတစ်ခုကို အသုံးပြုသင့်၊ မသင့် အပါအဝင် ထိုမူဝါဒသည် Meta ၏ စံတန်ဖိုးများနှင့် လူ့အခွင့်အရေး ကတိကဝတ်များနှင့် တစ်သမတ်တည်းရှိ၊ မရှိ ဆန်းစစ်လေ့လာသည်။ ဤဆန်းစစ်လေ့လာမှုမှ ရရှိသော အကြံပြုချက်များကို ဤမူဝါဒအကြံပေး သဘောထားအမြင်များ၏ နောက်ဆုံးကဏ္ဍတွင် ဖော်ပြထားသည်။
၃၈။ Meta က ၎င်း၏ COVID-19 သတင်းအချက်အလက်အမှားဆိုင်ရာ မူဝါဒကို ရေးဆွဲစဉ် Meta ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာကို အကြမ်းဖျင်းဖော်ပြ ရာတွင် Meta သည် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများနှင့် မတူညီသောဒေသများရှိ သက်ဆိုင်သူများအကြား အန္တရာယ်အကဲဖြတ်မှုနှင့် လျှော့ချခြင်း အစီအမံများတွင် သိသာသော ခြားနားချက်ကို အာရုံစိုက်စေခဲ့သည်။ ဘုတ်အဖွဲ့သည် ၎င်း၏ ကိုယ်ပိုင်သုတေသန လုပ်ဆောင်မှုနှင့် သက်ဆိုင်သူများနှင့် ထိတွေ့ဆောင်ရွက်မှုတို့ဖြင့် ပလက်ဖောင်းများတွင် COVID-19 သတင်းအချက်အလက်အမှားများ ချန်ထားခြင်းနှင့် ဆက်စပ်နိုင်သော အန္တရာယ်များနှင့် ထိုအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် အစီအမံအမျိုးမျိုး၏ ထိရောက်မှုနှင့်ပတ်သက်၍ ကွဲပြားခြားနားပြီး အငြင်းပွားသော ရပ်တည်ချက်များကိုလည်း ကြားသိခဲ့သည်။
၃၉။ COVID-19 သတင်းအချက်အလက်အမှား ပြဿနာနှင့် ၎င်းက လူ့အခွင့်အရေး၊ အသက်ရှင်ရပ်တည်မှုနှင့် ကျန်းမာရေး၊ အထူးသဖြင့် အားအနည်းဆုံး လူပုဂ္ဂိုလ်များပေါ်တွင် သက်ရောက်နိုင်သော အန္တရာယ်များအတွက် သဘောတူညီသော ဖြေရှင်းနည်းတစ်ခုမျှမရှိပါ။ ဒေသအလိုက် ပိုမိုအခြေခံသော ကိုင်တွယ်ဖြေရှင်းနည်းတစ်ခုက သတင်းအချက်အလက်အမှားနှင့် ဖြစ်အံ့ဆဲဆဲ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုအကြား လိုအပ်သော ဆက်စပ်မှုကို ပိုမိုကောင်းစွာ အခြေခိုင်စေမည်ဖြစ်သည်။ သို့သော် ရှိပြီးသားစနစ်အပေါ် လက်ရှိပြုလုပ်ထားသော ကန့်သတ်ချက်များနှင့် ပတ်သက်ပြီး Meta ၏ ကိုယ်စားပြုမှုများနှင့် COVID-19 သတင်းအချက်အလက်အမှား ဇာတ်လမ်းများက ကမ္ဘာအနှံ့ ရွေ့လျားပျံ့နှံ့ပုံကို ဘုတ်အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားခဲ့ရသည်။ ဘုတ်အဖွဲ့ဝင်များသည် ဤစိုးရိမ်မှုများကို ကွဲပြားစွာ တုံ့ပြန်ခဲ့ကြပြီး မူဝါဒအကြံပေး သဘောထားအမြင်များသည် ဘုတ်အဖွဲ့ရှိ အမြင်အမျိုးမျိုးကို အတတ်နိုင်ဆုံး စေ့စပ်ညှိနှိုင်းပေးသည်။ ၎င်းသည် Meta ၏ အဆိုပြုထားသော နည်းပညာကန့်သတ်ချက်များကို လက်ခံစဉ်းစားလျက် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း ကမ္ဘာတစ်ဝှမ်းမှ COVID-19 သတင်းအချက်အလက်အမှားများအတွက် မတူညီသော ကိုင်တွယ်ဖြေရှင်းနည်းများကို ထည့်တွက်ရန် ခက်ခဲသော လိုအပ်ချက်ကို ဂရုတစိုက်ချိန်ဆခြင်း၏ ရလဒ်ပင်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ဘုတ်အဖွဲ့ဝင်တစ်ဦးစီ၏ ကိုယ်ပိုင်အမြင်များကို ကိုယ်စားမပြုနိုင်ပါ။
Meta ၏ စံတန်ဖိုးများ
၄၀။ Meta ၏ စံတန်ဖိုးများကို Facebook ၏ လူမှုစံနှုန်းများ မိတ်ဆက်တွင် အကျဉ်းချုပ်ဖော်ပြထားပြီး "သဘောထား ထုတ်ဖော်ခွင့်" စံနှုန်းကို "ပဓာန" အနေဖြင့် သတ်မှတ်ဖော်ပြထားသည်။ Meta သည် "သဘောထား ထုတ်ဖော်ခွင့်” ကို အခြားသော စံတန်ဖိုးလေးမျိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင်သာ အသုံးချရန် ကန့်သတ်ထားပြီး ဤနေရာတွင် ဆက်စပ်သက်ဆိုင်မှုရှိသော စံတန်ဖိုးနှစ်မျိုးမှာ- "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" တို့ဖြစ်သည်။ "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးကို ကာကွယ်ရန် Meta သည် “လူပုဂ္ဂိုလ်များ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကို အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းအရာကို ဖယ်ရှားပါသည်။” "လူအားလုံးသည် ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို တန်းတူညီမျှရရှိသင့်ကြောင်း" နှင့် အသုံးပြုသူများအနေဖြင့် "အခြားသူများ၏ ဂုဏ်သိက္ခာကို လေးစားပြီး အခြားသူများကို နှောင့်ယှက်ခြင်း သို့မဟုတ် သိက္ခာချခြင်း ပြုလုပ်မည်မဟုတ်" ဟု မျှော်လင့်ကြောင်း "ဂုဏ်သိက္ခာ" စံတန်ဖိုးတွင် ဖော်ပြထားသည်။
၄၁။ Meta ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒသည် Meta ၏ "သဘောထားထုတ်ဖော်ခွင့်"၊ "အန္တရာယ်ကင်းရှင်းရေး" နှင့် "ဂုဏ်သိက္ခာ" စံတန်ဖိုးများနှင့် ကိုက်ညီကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း အန္တရာယ်ဖြစ်နိုင်ခြေသည် သိသာထင်ရှားပြီး "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သော" ကျန်းမာရေး သတင်းအချက်အလက်အမှားအတွက် "အန္တရာယ်ကင်းရှင်းရေး" စံတန်ဖိုးကို ဖြည့်ဆည်းရန် "သဘောထားထုတ်ဖော်ခွင့်" စံတန်ဖိုးကို ကန့်သတ်နိုင်သည်။ COVID-19 သတင်းအချက်အလက်အမှားကြောင့် ဖြစ်အံ့ဆဲဆဲ အန္တရာယ်များသည် ခုခံအားနည်းသူများနှင့် အခြားနောက်ခံ ကျန်းမာရေး အခြေအနေများရှိသည့်လူများ၊ မသန်စွမ်းသောသူများ၊ ဆင်းရဲသော အသိုင်းအဝိုင်းများနှင့် သက်ကြီးရွယ်အိုများအပြင် ကျန်းမာရေးဝန်ထမ်းများအပါအဝင် အားအနည်းဆုံးသူများအပေါ် အချိုးမညီမျှစွာ ကျရောက်ပါမည်။
Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများ
၄၂။ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်တွင် Meta သည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်မူများ (UNGP များ) နှင့်အညီ အခွင့်အရေးများကို အလေးထားရန် ၎င်း၏ သန္နိဋ္ဌာန်အား အကျဉ်းချုပ်ဖော်ပြခဲ့သည့် ၎င်း၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒ ကို ကြေညာခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်တွင် အတည်ပြုပေးထားသည့် UNGP များတွင် ပုဂ္ဂလိက လုပ်ငန်းများ၏ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအတွက် မိမိသဘောဆန္ဒအလျောက် လိုက်နာရမည့် မူဘောင်တစ်ရပ် ချမှတ်ထားသည်။
၄၃။ UNGP များ၏ အခြေခံမူ ၁၂ အရ လူ့အခွင့်အရေးကို လေးစားရန် လုပ်ငန်းများ၏ တာဝန်ဝတ္တရားသည် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေမူကြမ်းတွင် ရည်ညွှန်းထားသည်များကဲ့သို့ အနည်းဆုံး နားလည်သဘောပေါက်ထားသည့် နိုင်ငံတကာမှ အသိအမှတ်ပြုထားသော လူ့အခွင့်အရေးကို ရည်ညွှန်းသည်။ ၎င်းတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICCPR) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာပဋိညာဉ် (ICESCR) တို့ပါဝင်သည်။ ဤတာဝန်ဝတ္တရားအရ ကုမ္ပဏီများသည် “အခြားသူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်သင့်ပြီး ၎င်းတို့နှင့် ပတ်သက်နေသည့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းသင့်သည်” (အခြေခံမူ ၁၁)။ ကုမ္ပဏီများအနေဖြင့် “(က) ၎င်းတို့၏ ကိုယ်ပိုင် လုပ်ငန်းဆောင်ရွက်ချက်များကြောင့် ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်စေခြင်း သို့မဟုတ် ပံ့ပိုးကူညီခြင်းမှ ရှောင်ကြဉ်ရန်နှင့် ၎င်းတို့ဖြစ်ပေါ်လာသည့်အခါတွင် ယင်းကဲ့သို့သော သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ (ခ) ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ၎င်းတို့၏လုပ်ငန်းဆက်ဆံရေးအရ ပံ့ပိုးထားသည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများက အဆိုပါ အကျိုးသက်ရောက်မှုများကို မဖြစ်စေသည့်တိုင် ၎င်းတို့နှင့် တိုက်ရိုက်ဆက်စပ်နေသည့် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို တားဆီးရန် သို့မဟုတ် လျော့ပါးသက်သာစေရန်အတွက် ကြိုးပမ်းမည်" ဟု မျှော်လင့်သည် (အခြေခံမူ ၁၃)။
၄၄။ အခြေခံမူ ၁၇ တွင် “ကုမ္ပဏီများသည် ၎င်းတို့၏ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ဖော်ထုတ်ရန်၊ တားဆီးရန်၊ လျှော့ချရန်နှင့် အကဲဖြတ်နိုင်ရန်" အတွက် ၎င်းတို့အနေဖြင့် "လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်ချက်တစ်ရပ်ကို လုပ်ဆောင်သင့်သည်" ဟု ထပ်မံဖော်ပြထားသည်။ ဤလုပ်ငန်းစဉ်တွင် အမှန်တကယ်ဖြစ်နေသည်များနှင့် ဖြစ်လာနိုင်ခြေရှိသော လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း၊ တွေ့ရှိချက်များကို ပေါင်းစပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊ တုံ့ပြန်မှုများကို မှတ်တမ်းတင်ခြင်းနှင့် သက်ရောက်မှုများအား ကိုင်တွယ်ဖြေရှင်းပုံကို ဆက်သွယ်ပြောခြင်းတို့ ပါဝင်သင့်သည်။ စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ငန်းလည်ပတ်မှုအခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ လူ့အခွင့်အရေးအန္တရာယ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲနိုင်သည်ကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်မှုကို ဆက်လက်လုပ်ဆောင်ရန် တာဝန်ဝတ္တရားရှိသည်။ နောက်ဆုံးအနေဖြင့် စီးပွားရေးလုပ်ငန်းများသည် သင့်လျော်သော အရည်အသွေးဆိုင်ရာနှင့် အရေအတွက်ဆိုင်ရာ အညွှန်းများပေါ်အခြေခံ၍ ၎င်းတို့၏တုံ့ပြန်မှုများ ထိရောက်မှုကို မှတ်တမ်းတင်သင့်ပြီး ထိခိုက်ခံရသော သက်ဆိုင်သူများအပါအဝင် ကုမ္ပဏီတွင်းနှင့် ပြင်ပ ရင်းမြစ်နှစ်မျိုးလုံးမှ သဘောထားမှတ်ချက်ကို ထုတ်သုံးသင့်ကြောင်း အခြေခံမူ ၂၀ တွင် ပြဋ္ဌာန်းထားသည်။
၄၅။ ဤမူဝါဒအကြံပေး သဘောထားအမြင်များတွင် ဘုတ်အဖွဲ့၏ ဆန်းစစ်လေ့လာချက်ကို အောက်ပါ လူ့အခွင့်အရေး စံနှုန်းများဖြင့် အသိပေးတင်ပြခဲ့သည် -
- ICCPR ၏ ပုဒ်မ ၁၉၊ အပိုဒ်ခွဲ ၂ အောက်တွင် ကာကွယ်ထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်။ ဤပုဒ်မသည် မည်သည့်မီဒီယာမှမဆို နယ်စည်းမခြားဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးထားပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အချက်အလက်အမျိုးအစား အားလုံးကို တောင်းခံခွင့်၊ လက်ခံရယူခွင့်နှင့် ဖန်တီးပေးပိုင်ခွင့်အထိ အကျုံးဝင်ပါသည်။
- အသက်ရှင်ရပ်တည်ခွင့် (ပုဒ်မ ၆၊ ICCPR)- လူတိုင်းတွင် မွေးရာပါ အသက်ရှင်ရပ်တည်ခွင့်ရှိသည်။
- ကျန်းမာစွာနေထိုင်ခွင့် (ပုဒ်မ ၂ နှင့် ၁၂၊ ICESCR)- လူတိုင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစံနှုန်းအရ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိခံစားခွင့်။ ပိုဒ်ခွဲ ၁၂ (၂) တွင် ဤအခွင့်အရေးကို နားလည်သဘောပေါက်ခြင်း၌ "ဖျားနာခဲ့လျှင် ဆေးကုသရေး ဝန်ဆောင်မှုနှင့် ဆေးကုသမှုခံယူမှုအားလုံးကို ရရှိကြောင်း သေချာစေမည့် အခြေအနေများကို ဖန်တီးခြင်း" ပါဝင်သည်ဟု ဖော်ပြထားသည်။ ၎င်းသည် ကျန်းမာရေးဆိုင်ရာ အသိပညာနှင့် အချက်အလက်များ လက်လှမ်းမီခွင့်အပြင် "အသိုင်းအဝိုင်း၊ နိုင်ငံတော်နှင့် နိုင်ငံတကာအဆင့်များတွင် ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းအားလုံး၌ လူများပါဝင်ဆောင်ရွက်ခွင့်" ကဲ့သို့ ကျန်းမာရေးအတွက် အခြေခံအကျဆုံး အဆုံးအဖြတ်များ" အကျုံးဝင်စေသည် (အထွေထွေမှတ်ချက် အမှတ် ၁၄၊ ICESCR၊ အပိုဒ်ခွဲ ၁၁။) အချက်အလက် လက်လှမ်းမီမှုတွင် ကျန်းမာရေးပြဿနာများနှင့် သက်ဆိုင်သော အချက်အလက်များနှင့် အကြံဉာဏ်များကို တောင်းခံခွင့်၊ လက်ခံရယူခွင့်နှင့် ဖန်တီးပေးနိုင်ခွင့် ပါဝင်သည်။ ကျန်းမာစွာနေထိုင်ခွင့်ကို လေးစားခြင်းသည် ပြည်သူ့ကျန်းမာရေး ပြဿနာများအကြောင်း တရားဝင်ဆွေးနွေးမှုအား ကာကွယ်ခြင်းကို ဆိုလိုသည်။
- သိပ္ပံနည်းကျ တိုးတက်မှုနှင့် ၎င်းကို အသုံးချမှုများကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ခံစားခွင့် (ပုဒ်မ ၁၅(၁)(ခ)၊ ICESCR)။
- ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ခွင့် (ပုဒ်မ ၂၆၊ ICCPR)- ပိုဒ်ခွဲ ၂၆ သည် ခွဲခြားဆက်ဆံခြင်းကို တားမြစ်ပြီး နှိမ့်ချခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ထားသည့် အချက်တစ်ခုခုပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမခံရစေရန် လူအားလုံးကို တန်းတူညီမျှ ထိရောက်သော ကာကွယ်မှုပေးရန် အာမခံပါသည်။
- ထိရောက်သော ကုစားမှု ရပိုင်ခွင့် (ပုဒ်မ ၂၊ ICCPR)။
၄၆။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က COVID-19 ကမ္ဘာ့ကပ်ရောဂါအခြေအနေတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး “သတင်းအချက်အလက် ပိုမိုလက်လှမ်းမီမှုရှိခြင်းသည် ကျန်းမာရေး၊ အသက်ရှင်ရပ်တည်မှု၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်နှင့် ကောင်းမွန်သော ထိန်းချုပ်လိုက်နာမှုကို တိုးတက်စေ" ပြီး “ထင်မြင်ယူဆချက်အရ ခွဲခြားဆက်ဆံခြင်းကို လက်မခံကြောင်း မှတ်ချက်ပြုခဲ့သည်။" ( က/HRC/၄၄/၄၉၊ အပိုဒ်ခွဲ ၂၊ ၅၂။) ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း သတင်းအချက်အလက်အမှားသည် ကျန်းမာစွာနေထိုင်ခွင့်နှင့် အသက်ရှင်ရပ်တည်ခွင့်အား ကာကွယ်ပေးမှုအတွက် မရှိမဖြစ်လိုအပ်သည့် ယုံကြည်စိတ်ချရသော အချက်အလက်နှင့် ကျန်းမာရေး လမ်းညွှန်နှင့် ရင်းမြစ်များသို့ လူများ၏ လက်လှမ်းမီခွင့်အပေါ် သိသိသာသာ အကျိုးသက်ရောက်နိုင်သည်။ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က မှတ်ချက်ပြုထားသည့်အတိုင်း "လိမ်ညာမှုများနှင့် ဝါဒဖြန့်မှုများသည် တစ်ဦးချင်းအား ကိုယ်ပိုင်လုပ်ပိုင်ခွင့်၊ ဝေဖန်ပိုင်းခြား၍ စဉ်းစားနိုင်စွမ်း သို့မဟုတ် မိမိကိုယ်ကိုနှင့် အချက်အလက် မူလရင်းမြစ်များအပေါ် ယုံကြည်မှုနှင့် လူမှုရေးအခြေအနေများကို တိုးတက်စေသည့် ငြင်းခုံမှုအမျိုးအစားတွင် ပါဝင်ခွင့်ကို ပိတ်ပင်သည်။" (က/HRC/၄၄/၄၉၊ အပိုဒ်ခွဲ ၆၀။) "အသုံးပြုသူများကို ပလက်ဖောင်းများတွင် စဉ်ဆက်မပြတ် ထိတွေ့တုံ့ပြန်မှုရှိစေသည့် စိတ်လှုပ်ရှားဖွယ် အကြောင်းအရာကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသော အယ်လ်ဂိုရီသမ်နှင့် လုပ်ငန်းမော်ဒယ်များက သတင်းအချက်အလက်အမှားများကို ပိုမိုပျံ့နှံစေပုံ" ကိုလည်း အထူးသတင်းထောက် ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့ပြီး ကုမ္ပဏီများအား "၎င်းတို့၏ လုပ်ငန်းမော်ဒယ်များကို သုံးသပ်ရန် အကြောင်းအရာ စိစစ်ခြင်းကို မြှင့်တင်ခြင်းထက် ပိုမိုအလေးထားသောပုံစံဖြင့် ဤစိုးရိမ်မှုများကို တုံ့ပြန်ရန်" တောင်းဆိုခဲ့သည် (က/HRC/၄၇/၂၅၊ အပိုဒ်ခွဲ ၁၆၊ ၉၅။)
၄၇။ အပိုဒ် ၁၉ သည် အချိုးကျမှုအား အကဲဖြတ်ခြင်းလည်း အပါအဝင် တရားဥပဒေနှင့် ညီညွတ်မှု (ရှင်းလင်းပြတ်သားမှု)၊ တရားဝင်မှုနှင့် မရှိမဖြစ်လိုအပ်ချက်တို့ ပါဝင်သည့် အပိုင်းသုံးပိုင်းခွဲ စစ်ဆေးမှုအဖြစ် သိထားကြသော ဘောင်ကျဉ်း၍ အကန့်အသတ်ရှိသည့် အခြေအနေအချို့အောက်တွင် လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ခွင့်ပြုထားသည်။ ICCPR ၏ အပိုဒ် ၁၉၊ ပိုဒ်ခွဲ ၃ သည် ပလက်ဖောင်းများ၏ အကြောင်းအရာ စိစစ်မှု ဆောင်ရွက်ချက်များကို လမ်းညွှန်ရန် အသုံးဝင်သော မူဘောင်တစ်ရပ်ကို ပံ့ပိုးပေးကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို လူ့အခွင့်အရေး အခြေခံမူများနှင့် ဆက်စပ်သုံးသပ်သင့်ကြောင်း လွတ်လပ်စွာ ထင်မြင်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဖော်ပြထားသည် ( က/HRC/၃၈/၃၅၊ ပိုဒ်ခွဲ ၁၀-၁၁၊က/၇၄/၄၈၆၊ ပိုဒ်ခွဲ ၅၈)။ ICCPR သည် ပြည်နယ်များအတွက် တာဝန်ဝတ္တရားများ ဖန်တီးပေးသကဲ့သို့ Meta အတွက် တာဝန်ဝတ္တရားများ ဖန်တီးမထားသော်ငြားလည်း Meta သည် UNGP များတွင် သတ်မှတ်ထားသည့်အတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သန္နိဋ္ဌာန်ပြုသည်ကို ဘုတ်အဖွဲ့က အသိအမှတ်ပြုထားသည်။ ( က/၇၄/၄၈၆၊ အပိုဒ်ခွဲ ၄၇ - ၄၈)။ ထို့ကြောင့် ကုမ္ပဏီ၏ မူဝါဒများက ပြောဆိုမှုအပေါ် ကန့်သတ်ချက်များကို တရားမျှတကြောင်း ပြသရန် ပြည်နယ်များ ပြည့်မီရမည့် မြင့်မားသော စံနှုန်းနှင့် ကွဲပြားသည့်အခါ Meta သည် ၎င်းတို့အလေးထားရန် သန္နိဋ္ဌာန်ပြုထားသော လူ့အခွင့်အရေးစံနှုန်းများနှင့် တစ်သမတ်တည်းဖြစ်သော မူဝါဒခြားနားချက်ဆိုင်ရာ ကျိုးကြောင်းဆီလျော်သော ရှင်းလင်းဖော်ပြချက်တစ်ခု ပေးရမည် (ပိုဒ်ခွဲ ၄၇ - ၄၈)။
တရားဥပဒေနှင့်ညီညွတ်မှု (စည်းမျဉ်းများ၏ ရှင်းလင်းပြတ်သားမှုနှင့် နားလည်ရလွယ်မှု)
၄၈။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကန့်သတ်ချက်မှန်သမျှသည် ပလက်ဖောင်းပေါ်တွင် ခွင့်ပြုထားသော အရာနှင့် ခွင့်မပြုထားသောအရာတို့နှင့် စပ်လျဉ်း၍ အသုံးပြုသူများနှင့် အကြောင်းအရာ စိစစ်သုံးသပ်သူများအား လမ်းညွှန်မှုပေးနိုင်ရန်အတွက် အတိုင်းအတာ၊ အဓိပ္ပာယ်နှင့် သက်ရောက်မှုတို့တွင် နားလည်ရလွယ်ကူပြီး လုံလောက်သော ရှင်းလင်းပြတ်သားမှု ရှိသင့်သည်။ ရှင်းလင်းပြတ်သားမှု သို့မဟုတ် တိကျမှုမရှိခြင်းသည် စည်းမျဉ်းများ ကွဲလွဲမှုနှင့် ထင်သလိုကျင့်သုံးခြင်းတို့ ဖြစ်စေနိုင်သည်။ ( A/HRC/၄၇/၂၅၊ ပိုဒ်ခွဲ ၄၀)။
၄၉။ ၎င်း၏ "အဆိုပြုထားသော COVID ကုသမှု" ဆုံးဖြတ်ချက် [၂၀၂၀-၀၀၆-FB-FBR] တွင် ဘုတ်အဖွဲ့သည် Meta အနေဖြင့် "(သတင်းအချက်အလက်အမှားများ ကဲ့သို့သော အဓိကဝေါဟာရများကို အဓိပ္ပါယ်သတ်မှတ်ခြင်းအပါအဝင်) တစ်နေရာတည်းတွင် ရှိနေပြီးသား စည်းမျဉ်းများကို စုစည်းခြင်း၊ အကျယ်ချဲ့ရှင်းပြခြင်းအားဖြင့် ရှင်းလင်းပြတ်သား၍ နားလည်ရလွယ်သော ကျန်းမာရေး သတင်းအချက်အလက်အမှားဆိုင်ရာ လူမှုစံနှုန်းကို စီစဉ်တင်ပြသင့်ကြောင်း အကြံပြုသည်။ ယင်းသို့သော စည်းမျဉ်းချမှတ်သည့်အခါတွင် အသုံးပြုသူများ ပိုမိုရှင်းလင်းစေရန်အတွက် [ဤ] စည်းမျဉ်းများကို အဓိပ္ပာယ်ကောက်ယူခြင်းနှင့် ကျင့်သုံးမှုတို့၏ မသိမသာကွဲပြားမှုများကို ရည်ညွှန်းသည့် အသေးစိတ်ကျသော ဖော်ပြချက်များ' အား ယှဉ်တွဲဖော်ပြသင့်ပါသည်။" ဘုတ်အဖွဲ့၏ အကြံပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် Meta သည် သတင်းအချက်အလက်အမှား လူမှုစံနှုန်းကို ဖန်တီးခဲ့သည်။ ၎င်းသည် ဖယ်ရှားခံရသည့် ပြောဆိုချက်စာရင်းအပြင် ကုမ္ပဏီက မူဝါဒအောက်ရှိ ဟာသ၊ သရော်စာနှင့် ကိုယ်ပိုင်ဖြစ်ရပ်များအား ကိုင်တွယ်ဖြေရှင်းပုံအပါအဝင် မူဝါဒ ကျင့်သုံးပုံနှင့်ပတ်သက်၍ အမေးများသောမေးခွန်းများကို ဖော်ပြထားသည့် ဆောင်းပါးတစ်ခုကိုလည်း ၎င်း၏ အကူအညီစင်တာ တွင် ဖြန့်ချိခဲ့သည်။ ဘုတ်အဖွဲ့သည် ကုမ္ပဏီအား အဆိုပါအဆင့်များကို ဆောင်ရွက်သည့်အတွက် ချီးကျူးဂုဏ်ယူသည်။
၅၀။ ဤမူဝါဒအရ ဖယ်ရှားခံရသော ပြောဆိုချက်များသည် ၎င်းတို့ မည်မျှကျယ်ပြန့်သည် သို့မဟုတ် တိကျသည်နှင့်စပ်လျဉ်း၍ အမျိုးမျိုးကွဲပြားနေသည်။ ဥပမာအားဖြင့် လောလောဆယ် ဖယ်ရှားခံရသော ပြောဆိုချက်များစွာကို Meta က ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည် (ဥပမာ- "COVID-19 တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်း ညွှန်ကြားချက်များသည် 5G ကြိုးမဲ့ ဆက်သွယ်ရေးနည်းပညာ အခြေခံအဆောက်အဦကို တပ်ဆင်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်ဟူသော ပြောဆိုချက်များ")။ သို့သော် အခြားပြောဆိုချက်များကိုမူ ပို၍ကျယ်ပြန့်စွာ ပြောကြားထားသည် (ဥပမာ- "လူမှုရေး/တွေ့ဆုံဆက်ဆံမှု လျှော့ချခြင်းသည် COVID-19 ပျံ့နှံ့မှုကို တားဆီးရန် အထောက်အကူမဖြစ်ဟူသော ပြောဆိုချက်များ")။ တိကျ၍ ရှင်းလင်းပြတ်သားမှုရှိစေရန် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားမှာ Meta နှင့် ကနဦးသက်ဆိုင်မှုရှိသောကြောင့် အဆိုပါ ပြောဆိုချက်တစ်ခုစီရှိ ကန့်သတ်ချက်များက အလုံအလောက် ရှင်းလင်းပြတ်သားမှုရှိ၊ မရှိကို ဘုတ်အဖွဲ့က ဆန်းစစ်လေ့လာခြင်း မလုပ်ခဲ့ပါ။ Meta အနေဖြင့် သက်ဆိုင်ရာ မရေရာသောပြဿနာများကို ညွှန်ပြနိုင်သည့် မည်သည့်ပြောဆိုချက်များက စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းနှင့် လွန်ကဲခြင်း ပြဿနာများကို စနစ်တကျ ဖြစ်ပေါ်စေခဲ့သည်နှင့် ပတ်သက်သည့် အချက်အလက်များကို လက်ဝယ်ရှိသင့်ကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ထို့အပြင် COVID-19 သတင်းအချက်အလက်အမှား မူဝါဒအရ ဖယ်ရှားခံရသော ပြောဆိုချက်အတိအကျကို အကူအညီစင်တာ စာမျက်နှာတွင် ဖော်ပြထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ စာမျက်နှာတွင် ပြောဆိုချက်တစ်ခုကို ထည့်သည့်အခါ၊ ဖယ်ရှားသည့်အခါ သို့မဟုတ် ပြင်ဆင်သည့်အခါတွင် အသုံးပြုသူများက မြင်နိုင်မည့် ပြောင်းလဲမှုမှတ်တမ်းတစ်ခု မရှိပါ။
၅၁။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒကို တရားဥပဒေနှင့်ညီညွတ်ခြင်း စံနှုန်းများနှင့် ပိုမိုကောင်းမွန်စွာ ချိန်ညှိရန် ဘုတ်အဖွဲ့သည် အောက်ရှိ ကဏ္ဍ ၆ တွင် အသေးစိတ်ရှင်းပြထားသော အကြံပြုချက် ၁၊ ၂၊ ၃၊ ၄ နှင့် ၁၁ တို့ကို ထုတ်ပြန်သည်။
တရားဝင် ရည်ရွယ်ချက်
၅၂။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များသည် အခြားရည်ရွယ်ချက်များအနက် တစ်ပါးသူများ၏ အခွင့်အရေးများနှင့် ပြည်သူ့ကျန်းမာရေးအား ကာကွယ်မှု အပါအဝင် တရားဥပဒေနှင့်ကိုက်ညီသော ရည်ရွယ်ချက်ကို လက်ကိုင်ပြုရမည်။ လူ့အခွင့်အရေးကော်မတီသည် ICCPR နှင့် ယေဘုယျအားဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေထဲတွင် အသိအမှတ်ပြုထားသည့်အတိုင်း လူ့အခွင့်အရေးများကို ထည့်သွင်းရန် "အခွင့်အရေးများ" ဟူသည့် အသုံးအနှုန်းကို အဓိပ္ပာယ်ကောက်ယူထားသည် ( အထွေထွေ မှတ်ချက် ၃၄၊ ပိုဒ်ခွဲ ၂၈)။
၅၃။ Meta ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒသည် ကျန်းမာရေး အကျပ်အတည်းတစ်ခု ဖြစ်ပွားစဉ် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ခြင်းအပြင် တစ်ဦးချင်း၏ အချက်အလက် ရယူခွင့်၊ အသက်ရှင်နေထိုင်ခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်၊ သိပ္ပံနည်းပညာတိုးတက်မှုနှင့် ၎င်းကိုအသုံးချမှုကြောင့် အကျိုးကျေးဇူးများကို ရရှိခံစားခွင့်နှင့် ခွဲခြားဆက်ဆံခံရခြင်းမှ ကင်းလွတ်ပိုင်ခွင့်ကို ကာကွယ်ခြင်းဆိုင်ရာ တရားဝင်ရည်ရွယ်ချက်များသို့ ဦးတည်သည်။
လိုအပ်မှုနှင့် အချိုးကျမျှတမှု
ခြုံငုံသုံးသပ်ချက်
၅၄။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်အပေါ် ချမှတ်သည့် မည်သည့်ကန့်သတ်မှုမဆိုသည် "၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက် အောင်မြင်စေရေးအတွက် သင့်လျော်မှန်ကန်မှုရှိရမည် ဖြစ်သကဲ့သို့ ၎င်းတို့၏ အကာကွယ်ပေးရန် အခြေခံလုပ်ဆောင်ချက်များ အောင်မြင်နိုင်စေမည့် အရာများအနက် စွက်ဖက်မှု အနည်းဆုံး နည်းလမ်းလည်း ဖြစ်ရမည့်အပြင် အကာအကွယ်ပေးရမည့် အကျိုးစီးပွားအတွက် အချိုးကျမျှတမှုလည်း ရှိရမည်" (အထွေထွေမှတ်ချက် ၃၄၊ အပိုဒ် ၃၄)။
၅၅။ အောက်တွင် ရှင်းပြထားသော အကြောင်းရင်းများကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သော" COVID-19 သတင်းအချက်အလက်အမှားအား ဖယ်ရှားရန် Meta ကို ခွင့်ပြုချက်ပေးသော မူဝါဒသည် လိုအပ်ပြီး အချိုးကျမျှတကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ထို့ကြောင့် အခြေခံသဘောအရ ၎င်းသည် ကုမ္ပဏီ၏ စံတန်ဖိုးများနှင့် ၎င်း၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများနှင့် ကိုက်ညီသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုကို ကြေညာခြင်းဖြင့် ကုလသမဂ္ဂ၏ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီသည် နိုင်ငံတကာတွင် ရောဂါကူးစက်ပြန့်ပွားခြင်းကြောင့် အများပြည်သူကျန်းမာရေး သို့မဟုတ် လူသားများ၏ အသက်ရှင်ရပ်တည်မှုအပေါ် ထိခိုက်နိုင်စေပြီး "ပြင်းထန်ပြီး တိုက်ရိုက်ကျရောက်နိုင်သော အန္တရာယ်တစ်ခု" ရှိသည့် ထူးခြားသောဖြစ်ရပ်တစ်ခု ပေါ်ပေါက်နေကြောင်း သတ်မှတ်ပါသည် (WHO နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်း ၂၀၀၅)။ ကူးစက်ခံရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အလွန်မသေချာမရေရာသော၊ ပြင်းထန်ပြီး သေဆုံးစေနိုင်သော ရောဂါတစ်မျိုးဖြစ်သည့် COVID-19 နှင့်ပတ်သက်၍ WHO က ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုကို ကြေညာထားသောကြောင့် Meta ၏ တုံ့ပြန်မှုသည် အချိုးကျမျှတကြောင်း ဘုတ်အဖွဲ့က တွေ့ရှိသည်။ ယင်းကဲ့သို့ အရေးပေါ် အခြေအနေများအောက်တွင် အချို့သော အန္တရာယ်ရှိသည့် ကျန်းမာရေး သတင်းအချက်အလက် အမှားများကို အထူးသဖြင့် အလွန်များပြားစွာ ဖြန့်ဝေသောအခါ သို့မဟုတ် ထင်ရှားသော ဩဇာလွှမ်းမိုးသူများက ဖြန့်ဝေသောအခါတွင် ပြင်းထန်သော ပြည်သူ့ကျန်းမာရေး အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ပြီး Meta ၏ ပလက်ဖောင်းများပေါ်နှင့် ပြင်ပရှိ လူတစ်ဦးချင်း၏ အခွင့်အရေးများကို ပြင်းထန်စွာ ထိခိုက်နိုင်ကြောင်း ကြီးကြပ်ရေးဘုတ်အဖွဲ့က သိရှိနားလည်ပါသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခု၏ အပြင်းထန်ဆုံးအဆင့်အတွင်း သတင်းအချက်အလက်အမှား ပြောဆိုချက်တစ်ခုစီနှင့် ပတ်သက်၍ ကျွမ်းကျင်သူအများအပြားနှင့် ခိုင်မာသော ကြိုတင်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် မဖြစ်နိုင်ကြောင်းကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ Meta ကိုင်တွယ်ဖြေရှင်းနည်း၏ အချိုးကျမျှတမှုကို အကဲဖြတ်ရာတွင် COVID-19 သတင်းအချက်အလက်အမှားကို ဒေသအလိုက် ကိုင်တွယ်ဖြေရှင်းခြင်းက ဖြစ်နိုင်ခြေမရှိခဲ့ပါဟူသော ကုမ္ပဏီ၏ ရပ်တည်ချက်ကိုလည်း ဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစားခဲ့သည်။
၅၆။ သို့သော် COVID-19 အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ လိုအပ်မှုနှင့် အချိုးကျတရားမျှတမှု တွက်ချက်မှုသည်လည်း သေချာပေါက် ပြောင်းလဲလာသည်။ COVID-19 ၏ သက်ရောက်မှုက ကမ္ဘာအနှံ့ ကွဲပြားကြောင်းကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ ၎င်းသည် အခြားအရာများအနက် ဗိုင်းရပ်ပျံ့နှံ့မှု၊ နိုင်ငံတစ်ခု၏ ကျန်းမာရေးစနစ်များနှင့် လူများအား COVID-19 နှင့်ပတ်သက်သော အချက်အလက်များ လက်ခံခွင့်နှင့် မျှဝေခွင့်ပြုသည့် လူမှုအသိုင်းအဝိုင်းနေရာ၏ အရည်အသွေးတို့အပေါ် မူတည်သည်။ WHO ၏ အရေးပေါ် COVID-19 ကြေညာချက်သည် အကျိုးသက်ရောက်နေဆဲ ဖြစ်သော်လည်း (၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ၎င်းကို ထပ်လောင်းပြောဆိုခဲ့သည်) ကမ္ဘာ့စိတ်အပိုင်းများစွာတွင် COVID-19 ရောဂါဖြစ်ပွားမှုများသည် လျော့နည်းလာသောကြောင့် အရေးပေါ်အစီအမံများကိုလည်း သိသိသာသာ လျှော့ချခဲ့သည်။ ၎င်းသည် အချိုးကျမျှတမှု စမ်းသပ်ချက်နှင့် ကိုက်ညီသည့် ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းကို အကောင်အထည်ဖော်ရာတွင် ခက်ခဲစေသည်။ အောက်ရှိ အကြံပြုချက် ၁ တွင် ဖော်ပြထားသည့်အတိုင်း Meta အနေဖြင့် ဖယ်ရှားခံရသည့် ပြောဆိုချက် ၈၀ အနက်မှ တစ်ခုခုသည် မှားယွင်းခြင်း သို့မဟုတ် "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြင်း" ရှိ၊ မရှိ ဆုံးဖြတ်ရန် ပွင့်လင်းမြင်သာပြီး တန်းတူညီမျှပါဝင်နိုင်သော လုပ်ငန်းစဉ်တစ်ခုကို စတင်သင့်သည်။ လုပ်ငန်းစဉ်တွင် နားထောင်ပြီး လက်ခံစဉ်းစားရမည့် ကွဲလွဲသောအမြင်များအတွက် လုပ်ထုံးလုပ်နည်းတစ်ခု ပါဝင်သင့်သည်။ ၎င်းတို့တွင် သိပ္ပံပညာအသိုင်းအဝိုင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကျွမ်းကျင်သူများအကြားနှင့် သတင်းအချက်အလက်အမှားက အွန်လိုင်းတွင်အဆင့်ဆင့်ပျံ့နှံ့ပုံနှင့် ၎င်း၏သက်ရောက်မှုများနှင့် ပတ်သက်၍ သေချာသိနားလည်သူ၏ ကွဲပြားခြားနားသောအမြင်များ ပါဝင်သင့်သည်။ အချို့နိုင်ငံများတွင် ဆက်လက်ရှိနိုင်သည့် လူ့အခွင့်အရေးအန္တရာယ်များကို ခွဲခြားဖော်ထုတ်ရန်အတွက် လုပ်ငန်းစဉ်တစ်ခု စတင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ အဆုံးသတ်ပြီးနောက် အဆိုပါအန္တရာယ်များကို လျော့ပါးစေရန် ဒေသအလိုက်ပိုမိုသင့်လျော်သော ကိုင်တွယ်ဖြေရှင်းနည်းတစ်ရပ်ကိုပြင်ဆင်ရန် ဘုတ်အဖွဲ့က အောက်ပါအကြံပြုချက် ၄ တွင်လည်း Meta ကို တောင်းဆိုသည်။
သက်ဆိုင်သူများ၏ ပါဝင်အကြံပြုချက်
၅၇။ နိုင်ငံရေးသမားများ၊ ဘာသာရေးခေါင်းဆောင်များ၊ သြဇာလွှမ်းမိုးသူများနှင့် ဆေးဘက်ဆိုင်ရာ အာဏာပိုင်များသည် သတင်းအချက်အလက်အမှားများကို သိသာထင်ရှားစွာ အားပေးမြှင့်တင်ခဲ့ကြောင်းနှင့် အချက်အလက်စစ်ဆေးသူများ၊ သိပ္ပံပညာကျွမ်းကျင်မှုများနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက ထိုသူတို့နောက်မှ အလျင်မီအောင် ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ခဲ့ကြောင်း ကမ္ဘာတစ်ဝှမ်းရှိ ဒေသအမျိုးမျိုးမှ သက်ဆိုင်သူများက ဘုတ်အဖွဲ့ကို ပြောကြားခဲ့သည်။ သတင်းအချက်အလက်အမှားများသည် လူများကို အခြားကုသနည်းများ ပြောင်းလဲခံယူစေခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးနှံခံရန် ၎င်းတို့၏ဆန္ဒရှိမှုအပေါ် သက်ရောက်မှုရှိကြောင်းကိုလည်း ဒေသအသီးသီးမှ သက်ဆိုင်သူများက ပြောကြားခဲ့သည်။ သတင်းအချက်အလက်အမှားသည် ပြည်သူ့ကျန်းမာရေး လမ်းညွှန်ချက်ကို လိုက်နာရန် သို့မဟုတ် ကြိုတင်ကာကွယ်ရေး အစီအမံများကို လက်ခံကျင့်သုံးရန် တစ်ဦးချင်း၏ ဆန္ဒရှိမှုအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ၎င်းတို့က မှတ်ချက်ပြုခဲ့သည်။ ဤကဲ့သို့သော သတင်းအချက်အလက်အမှား အမျိုးအစားများသည် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အန္တရာယ်ထိန်းချုပ်ရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်းနှင့် အပြန်အလှန်အားဖြင့် အထွေထွေ လူဦးရေအပေါ် သက်ရောက်မှုရှိစေခဲ့ကာ ခုခံနိုင်စွမ်းအားနည်းသူများ၊ မသန်စွမ်းသူများ၊ ယခင်ရောဂါဝေဒနာ ခံစားနေရသူများ၊ သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပြီး အဖယ်ကျဉ်ခံထားရသော အသိုင်းအဝိုင်းများကဲ့သို့ အားနည်းသော လူအုပ်စုများအပေါ် အချိုးမမျှတစွာ ထိခိုက်စေခဲ့ကြောင်း သက်ဆိုင်သူများက အသားပေးဖော်ပြခဲ့သည်။ (COVID-19 အချက်အလက်နှင့် ပတ်သက်၍ ပိုမိုသိရှိရန် WHO ဒက်ရှ်ဘုတ် ကို ကြည့်ပါ။) အွန်လိုင်း သတင်းအချက်အလက်အမှား၏ သက်ရောက်မှုအပေါ် ခိုင်မာသော လေ့လာမှုများ ၏ တွေ့ရှိချက်များအရ ပြည်သူ့ကျန်းမာရေး လမ်းညွှန်ချက်ကို လျစ်လျူရှုမှု တိုးလာပြီး အနာဂတ် ရောဂါရှာဖွေစမ်းသပ်မှုများ သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှု တို့ကို လက်ခံနိုင်ခြေ လျော့နည်းလာကြောင်း ပြသသည်။ သိပ္ပံပညာနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများကို ယုံကြည်မှုလျော့ပါးလာခြင်း အပါအဝင် COVID-19 သတင်းအချက်အလက်အမှားကြောင့် ဖြစ်ပေါ်လာသည့် အခြားအစီရင်ခံထားသော အန္တရာယ်များကိုလည်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ၎င်းသည် COVID-19 အတွက်နှင့် အခြားပြည်သူ့ကျန်းမာရေး အကျပ်အတည်းများအတွက် ပြည်သူ့ကျန်းမာရေး အစီအမံများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စွမ်းအား နှောင့်ယှက်ဟန့်တားသည်။ COVID-19 သတင်းအချက်အလက်အမှားကြောင့် ဖြစ်ပေါ်လာသည့် အခြားအစီရင်ခံထားသော အန္တရာယ်များတွင် အချက်အလက်စစ်ဆေးခြင်း အဖွဲ့အစည်းများနှင့် တစ်ဦးချင်း အချက်အလက်စစ်ဆေးသူများအပေါ် တိုက်ရိုက်တိုက်ခိုက်မှုများ၊ ထိပါးနှောင့်ယှက်မှုနှင့် စနစ်တကျ တရားစွဲဆိုမှုများ ပါဝင်သည်။
၅၈။ COVID-19 သတင်းအချက်အလက်အမှားကို Meta က စတင်ဖယ်ရှားပြီးနောက် ပလက်ဖောင်းပေါ်ရှိ သတင်းအချက်အလက်အမှား အရေအတွက် စုစုပေါင်းသည် သိသိသာသာ လျော့ကျခဲ့ကြောင်းကို ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့ပြီး အဆိုပါအစီအမံများမရှိလျှင် သတင်းအချက်အလက်အမှားသည် ထပ်မံမြင့်တက်လာမည် ဖြစ်ကာ Facebook ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းများပေါ်ရှိ ကာကွယ်ဆေးဆန့်ကျင်ရေး အကြောင်းအရာများသည် အကျယ်တဝင့် ပြောဆိုရေးသားချက်အပေါ် လွှမ်းမိုးသွားမည်ဟု ဆိုခဲ့သည်။ Meta ၏ အချက်အလက် သို့မဟုတ် ကုမ္ပဏီတွင်း သုတေသနလုပ်ဆောင်မှုဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် ယင်းနှင့်ပတ်သက်သော ဒေတာများကို မရယူနိုင်ခြင်းက သတင်းအချက်အလက်အမှားကို ဖယ်ရှားခြင်းအပါအဝင် ယင်းကို ကိုင်တွယ်ဖြေရှင်းရန် အစီအမံများ ထိရောက်ကြောင်း ရှင်းလင်းသော အထောက်အထားရှာရန် ကြိုးပမ်းအားထုတ်မှုများကို ဟန့်တားစေကြောင်း အဆိုပါကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့သည်။ သို့သော် လူ့အသက်ဆုံးရှုံးမှု အင်မတန်များလာခြင်းနှင့် လူများစွာတွင် ကျန်းမာရေးထိခိုက်နိုင်ဖွယ် အန္တရာယ်တို့ ဆက်လက်ဖြစ်ပွားနေသရွေ့ ကုမ္ပဏီအနေဖြင့် အရေးပေါ်အစီအမံများကို ဆက်လက်လုပ်ဆောင်ပြီး မည်သည့်အမှားမဆိုသည် ရောဂါဝေဒနာခံစားနိုင်ခြေရှိသူများ၊ အထူးသဖြင့် အားအနည်းဆုံး လူပုဂ္ဂိုလ်များ၏ အသက်များကို ကယ်တင်ရန် လုပ်ဆောင်ခြင်းအတွက်သာ ဖြစ်ရမည်ဟု ကမ္ဘာတစ်ဝှမ်းရှိ သက်ဆိုင်သူများက ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။ COVID-19 နှင့်ပတ်သက်၍ ယုံကြည်စိတ်ချရသော သိပ္ပံနည်းကျအချက်အလက်များ၏ ရနိုင်ခြေသည် ကမ္ဘာ့ကပ်ရောဂါ စတင်ကတည်းက သိသိသာသာ မြင့်တက်လာသော်လည်း အဆိုပါအချက်အလက်များကို ရယူသုံးစွဲနိုင်မှုသည် နိုင်ငံများနှင့် အသိုင်းအဝိုင်းများအကြား ကွဲပြားမှုရှိသည့်အပြင် မှားယွင်းပြီး နားလည်မှုလွဲစေသော အချက်အလက်များ၏ အတိုင်းအတာသည် ရယူအသုံးပြုခွင့်များကို လျော့ပါးစေသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိလူများအတွက် ရှိပြီးသား သိပ္ပံနည်းကျ အချက်အလက်များအား အကဲဖြတ်ခြင်းနှင့် ဆန်းစစ်ခြင်းကို ခက်ခဲစေခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဥပမာအားဖြင့် မလေးရှားရှိ မူဝါဒ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်သည့် Khazanah Research Institute ၏ တင်ပြချက် (PC-၁၀၇၀၃) တွင် မတူညီသောနိုင်ငံများ၌ ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက် ရယူအသုံးပြုခွင့် အဆင့်များခြားနားခြင်းနှင့် သတင်းအချက်အလက်အမှားကို မစိစစ်ဘဲထားခြင်းကြောင့် ဖြစ်လာနိုင်သည့် ကွဲပြားသော အန္တရာယ်အမျိုးမျိုးကို ဦးစားပေးဖော်ပြခဲ့သည်။ မတူညီသော ကမ္ဘာ့အစိတ်အပိုင်းအသီးသီးမှ၊ အထူးသဖြင့် ဝင်ငွေနိမ့်သောအဆင့်ရှိသည့် နိုင်ငံများမှ အခြားသော ကျွမ်းကျင်ပညာရှင်များနှင့် သက်ဆိုင်သူက တူညီသော ရပ်တည်ချက်တစ်ခုကို ထောက်ခံခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု ရှိရမည်ဆိုပါက Meta အနေဖြင့် အန္တရာယ်ပိုကင်းသည့်ဘက်ကို ရွေးပြီး အန္တရာယ်ရှိသော COVID-19 သတင်းအချက်အလက်အမှားကို ဆက်လက်ဖယ်ရှားရန် Khazanah Research Institute ၏ တင်ပြချက်တွင် အကြံပြုထားပါသည်။
၅၉။ Meta က ဘုတ်အဖွဲ့ထံ ၎င်း၏တောင်းဆိုချက်တွင် အသိအမှတ်ပြုထားသည့်အတိုင်း ကမ္ဘာ့ကပ်ရောဂါဖြစ်စဉ်သည် ကမ္ဘာတစ်ဝှမ်းတွင် ကွဲပြားခဲ့ပြီး ဆက်လက်၍လည်း ကွဲပြားမှုရှိပါမည်။ ကာကွယ်ဆေးထိုးနှုန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ လုပ်နိုင်စွမ်းနှင့် ရင်းမြစ်များ၊ ယုံကြည်စိတ်ချရသော လမ်းညွှန်ချက်အပေါ် ယုံကြည်အားထားမှုတို့နှင့် ပတ်သက်၍ အရေးကြီးသော ကွဲပြားခြားနားမှုများရှိသည်။ ၎င်းတို့သည် မတူညီသောနိုင်ငံများရှိ အားအနည်းဆုံးလူများအပေါ် အချိုးမညီမျှသော ဗိုင်းရပ်စ်ကူးစက်ခံရမှုကို ဖြစ်ပေါ်စေသည်။ ကာကွယ်ဆေးများကို တီထွင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများတွင် အဆင်သင့်ရရှိနိုင်သော်လည်း ကမ္ဘာလုံးဆိုင်ရာ အလားအလာများဖြင့် ကြည့်လျှင် ထိုသို့မရရှိနိုင်သေးပါ။ Meta ၏ စကားများတွင်- "ဝင်ငွေမြင့်သော နိုင်ငံများရှိ နေထိုင်သူ ရှစ်ဆယ်ရာခိုင်နှုန်းသည် အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားပြီး ဆန့်ကျင်ဘက်အနေဖြင့် ဝင်ငွေနိမ့်သောနိုင်ငံများတွင် နေထိုင်သူ ၁၃ ရာခိုင်နှုန်းသာ ထိုးနှံထားပါသည်။ ဝင်ငွေနိမ့်သောနိုင်ငံများသည် စွမ်းဆောင်ရည်အားနည်းသော၊ ခိုင်မာမှုနည်းပါးသော စီးပွားရေးဖြင့် ထောက်ပံ့ထားသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များကို ရရှိနိုင်ဖွယ် အလားအလာနှင့် အစိုးရ၏လမ်းညွှန်မှုကို ယုံကြည်မှုနည်းပါးနိုင်ဖွယ် အလားအလာလည်း ပိုမိုမြင့်မားပါသည်။ ယင်းအချက်အလက်အားလုံးသည် ပြည်သူများကို ကာကွယ်ဆေးထိုးနှံရာတွင်နှင့် COVID-19 နှင့် ထိတွေ့မှုရှိသူများအား ကုသရာတွင် စိန်ခေါ်မှုများကို တိုးလာစေမည်။ (Meta မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်၊ စာမျက်နှာ ၁၅၊ ဇူလိုင်လ ၂၀၂၂)။ ကာကွယ်ဆေးထိုးနှုန်းများ တွင် သိသာသော ခြားနားမှုကို ပြသည့် အမှုအနည်းငယ်ကို ကိုးကားရမည်ဆိုလျှင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အီရတ်နိုင်ငံရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းအောက်သည် ပထမအကြိမ် ကာကွယ်ဆေးကို ထိုးနှံပြီးစီးခဲ့ပြီး ၁ ရာခိုင်နှုန်းအောက်သာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခဲ့သည်။ ဘူဂေးရီးယားနိုင်ငံတွင် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းသည် ပထမအကြိမ် ကာကွယ်ဆေးကို ထိုးနှံပြီးစီးခဲ့သည်။ ဆီးရီယားတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သူ ၁၃ ရာခိုင်နှုန်းနှင့် ပါပူဝါနယူးဂီနီနှင့် ဟေတီတို့တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သူ ၅ ရာခိုင်နှုန်းအောက် ရှိပါသည်။ ဘုတ်အဖွဲ့က တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူအများအပြားသည် ကမ္ဘာလုံးဆိုင်ရာ မူဝါဒနှင့် ကိုင်တွယ်ဖြေရှင်းနည်းအတွက် အနောက်နိုင်ငံများအပေါ် လွန်ကဲစွာ အလေးထားသည့် အချက်အလက်နှင့် ဒေတာပေါ် အားကိုးအားထားပြုနိုင်ခြေ အန္တရာယ်ကို သတိပေးခဲ့သည်။ ဤကျွမ်းကျင်သူများသည် သတင်းအချက်အလက်အမှားနှင့် လုပ်ကြံသတင်းအပေါ် ကိုယ်တိုင်အကြုံရဆုံး ဖြစ်ရပ်များဖြင့် လေ့လာမှုများတွင် မြေပြင်တည်နေရာအလိုက် လေ့လာသတ်မှတ်မှု ကျဉ်းမြောင်းကြောင်း ရှုထောင့်ကိုလည်း မှတ်ချက်ပြုခဲ့သည်။
၆၀။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တွင် "ကမ္ဘာကြီးသည် လွန်ခဲ့သောတစ်နှစ်က အိုမီခရွန် ကူးစက်မှုအများဆုံးသို့ ရောက်ခဲ့သည့်အချိန်ထက် ပိုကောင်းသောအနေအထားတွင် ရှိနေသော်လည်း လွန်ခဲ့သော ရှစ်ပတ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ဆက်စပ်သေဆုံးမှု ၁၇၀,၀၀၀ ကျော်ကို အစီရင်ခံခဲ့" ပြီး ကျန်းမာရေးစနစ်များသည် "လောလောဆယ် COVID-19 နှင့် ပတ်သက်၍ တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပိုး (RSV) ရှိသော လူနာများအား ပြုစုစောင့်ရှောက်ခြင်း၊ လုပ်သားအင်အား ရှားပါးမှုများနှင့် ကျန်းမာရေးဝန်ထမ်းများ ပင်ပန်းအားနည်းလာခြင်းကြောင့် အခက်အခဲကြုံနေရသည်" ဟု WHO က မှတ်ချက်ပြုခဲ့သည်။ "COVID-19 တုံ့ပြန်မှုသည် အလိုအပ်ဆုံးလူများ၊ အသက်အရွယ်ကြီးသူများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် [ကာကွယ်ဆေးများ၊ ကုထုံးများနှင့် ရောဂါရှာဖွေမှု] ပံ့ပိုးပေး၍မရသော နိုင်ငံများစွာတွင် ဆက်လက်၍ ခက်ခဲကျပ်တည်းနေဆဲဖြစ်သည်" ဟုလည်း WHO က ဦးစားပေးဖော်ပြခဲ့သည်။ "[ကာ]ကွယ်ဆေးထိုးရန် တုံ့ဆိုင်းမှုနှင့် သတင်းအချက်အလက်အမှားများ အဆက်မပြတ်ပျံ့နှံ့မှုသည် အရေးကြီးသော ပြည်သူ့ကျန်းမာရေး ကြားဝင်ဖြေရှင်းမှုများကို အကောင်အထည်ဖော်ရန် ထပ်ဆောင်းအခက်အခဲအဖြစ် ဆက်လက်ရှိနေပါသည်" ဟု WHO ကော်မတီက မှတ်ချက်ပြုခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းတစ်ခုကို Meta ၏ တောင်းဆိုမှု
၆၁။ "ဖွံ့ဖြိုးပြီး" နှင့် "ဖွံ့ဖြိုးမှုနည်းသော" နိုင်ငံများအကြားတွင် အထင်ရှားဆုံးသော ပုံစံကွဲနှင့်အတူ ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ အသိပညာသင်တန်းသည် ကမ္ဘာတစ်ဝှမ်းတွင် ကွဲပြားကြောင်း Meta က အသိအမှတ်ပြုပါသည်။ ဘုတ်အဖွဲ့၏လမ်းညွှန်မှုကို ရယူရာတွင် ကုမ္ပဏီသည် ဒေသအလိုက် ကိုင်တွယ်ဖြေရှင်းနည်းအားလုံးကို ငြင်းဆိုထားပြီး ထိုကဲ့သို့သော စည်းကမ်းထိန်းသိမ်းမှု အစီအမံများကို အသုံးချခြင်းဖြင့် "သိသာထင်ရှားသော ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေကာ ရလဒ်အနေဖြင့် သုံးစွဲသူများအတွက် ဆိုးရွားသော အတွေ့အကြုံကို ရရှိစေပြီး ယင်းအစီအမံများမှာ အကောင်အထည်ဖော်၍ မဖြစ်နိုင်ကြောင်း" ဖော်ပြထားသည်။ Meta ၏ အဆိုအရ ဒေသဆိုင်ရာ (သို့) နိုင်ငံအလိုက် အတိုင်းအတာဖြင့် စည်းကမ်းထိန်းသိမ်းမှု အစီအမံများကို ကျင့်သုံးခြင်းသည် အသုံးပြုသူများနှင့် သတင်းအချက်အလက်များက နယ်စပ်ဖြတ်ကျော်၍ ပျံ့နှံ့တည်ရှိနိုင်ပုံကို ထည့်သွင်းစဉ်းစားပါက အကြောင်းအရာအစိတ်အပိုင်း တစ်ခုတွင် သက်ရောက်မည့် မူဝါဒများ၊ ပြစ်ဒဏ်များနှင့် ပတ်သက်ပြီး အသုံးပြုသူများအတွက် ရှင်းလင်းပြတ်သားမှု ကင်းမဲ့စေလိမ့်မည်။ ဤကိုင်တွယ်ဖြေရှင်းနည်းသည် "မည်သည့်နေရာနှင့် မည်သည့် အခြေအနေများအောက်တွင် မတူညီသော ပြောဆိုချက်များကို ဖယ်ရှားမည် ၊ အဆင့်လျှော့ချမည် (သို့) အခြားသော စည်းကမ်းထိန်းသိမ်းမှု ပြုလုပ်မည်ဟူ၍ အကျဉ်းချုပ်ဖော်ပြထားသော" ပိုမိုရှုပ်ထွေးပြီး ရှည်လျားသောမူဝါဒ တစ်ခုကိုပင် လိုအပ်ပါသည်။ ကုမ္ပဏီ၏အဆိုအရ ၎င်းသည် လတ်တလောတွင် ဒေသအလိုက် ကိုင်တွယ်ဖြေရှင်းနည်းကို ကျင့်သုံးနိုင်ခြင်းမရှိသေးဘဲ ယင်းကဲ့သို့ဖြေရှင်းနည်းကို ဖော်ဆောင်မည်ဆိုပါက အလွန်များပြားလှသော ရင်းမြစ်များနှင့် အချိန်များကို လိုအပ်မည်ဖြစ်သောကြောင့် ထိုကဲ့သို့သော ကိုင်တွယ်ဖြေရှင်းနည်းကို မကြာသေးခင် အနာဂတ်တွင် အကောင်အထည်ဖော်ရန် မဖြစ်နိုင်ပါ။ "ဈေးကွက်စိစစ်သုံးသပ်သူ အုပ်စုတစ်စုက နိုင်ငံများစွာတွင် ခြုံငုံပါဝင်နေသောအခါ နိုင်ငံအဆင့်တွင် မူဝါဒများ [ကျင့်]သုံးခြင်းသည် စည်းကမ်းထိန်းသိမ်းမှု လွန်ကဲခြင်းကို ဖြစ်ပေါ်စေနိုင်ရုံသာမက အကြောင်းအရာသည် နိုင်ငံနှင့်ဒေသအသီးသီးတွင် ပျံ့နှံ့နေနိုင်သောကြောင့် စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်" ဟု ပြောကြားထားပါသည်။ ဤအချက်ကိုထည့်သွင်းစဉ်းစားလျှင် အဆိုပြုထားသော မူဝါဒကို "ကမ္ဘာတစ်ဝှမ်းတွင် တစ်သမတ်တည်း အကောင်အထည်ဖော်နေစဉ်" ၎င်းသည် ဒေသအားလုံးအတွက်လည်း သင့်လျော်ကိုက်ညီမှုရှိသင့်ကြောင်း Meta က ဖော်ပြထားပါသည်။
ဆန်းစစ်လေ့လာချက်
၆၂။ အချိုးကျမျှတမှု ကိစ္စရပ်နှင့်ပတ်သက်််််၍ ၎င်း၏ဆုံးဖြတ်ချက်ကို ချမှတ်ရာတွင် ဘုတ်အဖွဲ့သည် (၁) ဆက်လက်ဖြစ်ပွားနေဆဲ ပြည့်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေတွင် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုဖြစ်နိုင်ခြေ အလားအလာများ၊ (၂) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ တာဝန်များ၊ (၃) ဖယ်ရှားရမည့် အကြောင်းအရာသည် မှားယွင်းကြောင်းနှင့် ကြီးမားသော ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်ကြောင်း နှစ်မျိုးစလုံးကို ထည့်သွင်းစဉ်းစားရမည့် သက်ဆိုင်ရာ လူမှုစံနှုန်း သတ်မှတ်ချက်၊ (၄) အချို့သော ကျွမ်းကျင်သူများ၏အဆိုအရ အန္တရာယ်ရှိသော အကြောင်းအရာများကို ပိုမိုပျံ့နှံ့စေနိုင်သည့် ပလက်ဖောင်း၏ဖွဲ့စည်းပုံ (ပလက်ဖောင်း ဒီဇိုင်းရွေးချယ်မှုများအပေါ် လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုကို ဆန်းစစ်အကဲဖြတ်ရန် လိုအပ်မှုကို အကြံပြုချက် ၁၀ တွင် ကြည့်ပါ)၊ (၅) ဖယ်ရှားမှုများကို လျော့ပါးစေသော အကြောင်းအရာ စိစစ်မှု အစီအမံများ (အောက်ပါစာပိုဒ်များတွင် ရှင်းပြထားသည့်အတိုင်း အချက်အလက် စစ်ဆေးမှု၊ အဆင့်လျှော့ချခြင်းများနှင့် အညွှန်းတပ်ခြင်းဆိုင်ရာ အကြောင်းအရာများ) ၏ အတိုင်းအတာနှင့် ထိရောက်မှုအပေါ် သိသာထင်ရှားသော စိုးရိမ်ပူပန်မှုများ မြင့်မားလာခြင်းနှင့် (၆) ၎င်း၏မူဝါဒကို အကောင်အထည်ဖော်ရာတွင် အတိုင်းအတာသတ်မှတ်ထားသော ဒေသအလိုက် ကိုင်တွယ်ဖြေရှင်းနည်းက မဖြစ်နိုင်ပါဟူသော Meta ၏ တင်ပြချက်အပါအဝင် အမျိုးမျိုးသောအချက်များကို ထည့်သွင်းစဉ်းစားပါသည်။
၆၃။ ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု ဖော်ဆောင်ရန် Meta က တောင်းဆိုထားပြီး COVID-19 ကို "နိုင်ငံတကာတွင် အလေးထားစရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ" အဖြစ် WHO က ဆက်လက်၍ သတ်မှတ်ထားသော်လည်း ဘုတ်အဖွဲ့အနေဖြင့် Meta က ထပ်လောင်းလုံ့လစိုက်ထုတ်ခြင်း မရှိဘဲ ၎င်း၏ကမ္ဘာလုံးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်ပုံနှင့် ၎င်း၏မူဝါဒများနှင့် အမျိုးမျိုးသော စည်းကမ်းထိန်းသိမ်းမှု ကိရိယာများကို ကုမ္ပဏီက ပြုလုပ်ထားသော အကဲဖြတ်ချက်အပေါ် ပြောင်းလဲမှုလုပ်ရန် အကြံပြုမပေးနိုင်ပါ။ ဤအခြေအနေများတွင် ပြောင်းလဲမှုတစ်ခုကို အကြံပြုခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ အားအနည်းဆုံးလူအုပ်စုများအား အချိုးမညီမျှစွာ ထိခိုက်စေနိုင်ပါသည်။ ၎င်းတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ခံအားနည်းသူများ၊ နဂိုရောဂါအခံရှိထားသူများအပြင် ပိုမိုနည်းပါးသော အားထားစရာရင်းမြစ်များ၊ ပိုမိုထိခိုက်လွယ်သော လူမှုရပ်ဝန်းများဖြင့် ဖွဲ့စည်းထားသော၊ ယုံကြည်စိတ်ချရသော အချက်အလက်ရင်းမြစ်များ မရှိသော၊ ကျန်းမာရေးစနစ်များ ညံ့ဖျင်းသော (သို့) ကျန်းမာရေးဝန်ဆောင်မှုများကို ရယူခွင့်မရှိသော ဆင်းရဲနွမ်းပါးသည့် အဖယ်ကြဉ်ခံ အသိုင်းအဝိုင်းများ ပါဝင်ပါသည်။ အထက်တွင် မှတ်ချက်ပြုခဲ့သည့်အတိုင်း ပြည်သူ့ကျန်းမာရေး အကျပ်အတည်း၏ အပြင်းထန်ဆုံးအဆင့်အတွင်း Meta အနေဖြင့် ခြွင်းချက်အစီအမံများ အသံုးပြုခဲ့ရသည်ကို ဘုတ်အဖွဲ့က နားလည်ပါသည်။ ဤအမှုတွင်ကဲ့သို့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု ကြေညာထားသည့် ကာလအတွင်းတွင် ကုမ္ပဏီသည် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေကို ရှောင်လွှဲရန် ရည်ရွယ်ချက်ဖြင့် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီက ပံ့ပိုးပေးထားသည့် အကဲဖြတ်မှုအပေါ်အခြေခံ၍သာ သတင်းအချက်အလက်အမှား အမျိုးအစားအားလုံးကို ဖယ်ရှားခြင်းဖြင့် ခြွင်းချက်အစီအမံများအား လုပ်ဆောင်ရန် လိုအပ်သည်ကို ဘုတ်အဖွဲ့က နားလည်ပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ သီးခြားအခြေအနေများကို ထည့်သွင်းစဉ်းစားလျှင် အဆိုပါအစီအမံများမှာ အချိုးကျမျှတမှုရှိခဲ့ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိထားပါသည်။
၆၄။ သို့ရာတွင် ထိုခြွင်းချက်အစီအမံများသည် ယာယီသာဖြစ်ရမည့်အပြင် အခြေအနေများ၏ အရေးပေါ်လိုအပ်ချက်များအလိုက် ၎င်းတို့ကို တိကျစွာ ချိန်ညှှိကာ အများသိရှိအောင် ထုတ်ဖော်ပြရမည်ဖြစ်သည်။ အခြေအနေများ ပြောင်းလဲလာမှုနှင့်အတူ လိုအပ်ချက်နှင့် အချိုးကျတရားမျှတမှုအပေါ် ဆန်းစစ်လေ့လာချက်ကလည်း ပြောင်းလဲလာပါသည်။ ကမ္ဘာ့ကပ်ရောဂါ၏ ဆင့်ကဲပြောင်းလဲလာသော သဘောသဘာဝအရ ယခုအခါတွင် Meta သည် တိကျသောပြောဆိုချက်များကို အလိုအလျောက်ဖယ်ရှားခြင်းက အများပြည်သူအတွက် အကျိုးရှိသည့် ကိစ္စရပ်များအပေါ် အချေအတင်ငြင်းခုံမှုအား ဟန့်တားမှုမရှိကြောင်း သို့မဟုတ် Meta ၏ အကြောင်းအရာ စိစစ်မှုအပေါ် လွန်ကဲသော အစိုးရလွှမ်းမိုးထိန်းချုပ်မှု မရှိကြောင်း သေချာစေရန်အတွက် ပိုမိုခိုင်မာသော ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်သည်နှင့် ချက်ချင်းလုပ်ဆောင်ရပါမည်။ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်ကို (အောက်ပါ အကြံပြုချက် ၁ တွင် ဖော်ပြထားသည့်အတိုင်း) သဘောထားကွဲလွဲမှုများ အပါအဝင် ပိုမိုမတူကွဲပြားသော သက်ဆိုင်သူအဖွဲ့အသီးသီး၏ ကျွမ်းကျင်မှုအပေါ် အမှီပြုလုပ်ဆောင်သင့်သည်။ UNGP များ၏ စည်းမျဉ်းနံပါတ် ၁၇ တွင် "၎င်းတို့၏ ဆိုးရွားသော လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများကို ဖော်ထုတ်ရန်၊ တားဆီးရန်၊ လျှော့ချရန်နှင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းနည်းအား ထည့်သွင်းစဉ်းစားရန်" လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် "အမှန်တကယ်ဖြစ်နေသည်များနှင့် ဖြစ်လာနိုင်ခြေရှိသော လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို အကဲဖြတ်ခြင်း၊ တွေ့ရှိချက်များကို ပေါင်းစည်း၍ အရေးယူဆောင်ရွက်ခြင်း၊ တုံ့ပြန်မှုများကို ခြေရာခံခြင်းနှင့် သက်ရောက်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းသည်ကို ဆက်သွယ်ပြောပြခြင်း" တို့ပါဝင်သည့် ဆက်လက်လုပ်ဆောင်နေသော လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်မှုကို ပြုလုပ်ရမည်ဟု ဖော်ပြထားကြောင်း ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ထို့အပြင် UNGP များ၏ စည်းမျဉ်းနံပါတ် ၂၀ တွင် ဖော်ပြထားသည့်အတိုင်း ကုမ္ပဏီသည် "သင့်လျော်သော အရည်အသွေးဆိုင်ရာနှင့် အရေအတွက်ဆိုင်ရာ အညွှန်းများပေါ်အခြေခံ၍ ၎င်း၏တုံ့ပြန်မှုများ ထိရောက်မှုကို မှတ်တမ်းတင်သင့်ပြီး ထိခိုက်ခံရသော သက်ဆိုင်သူများအပါအဝင် ကုမ္ပဏီတွင်းနှင့် ပြင်ပ ရင်းမြစ်နှစ်မျိုးလုံးမှ သဘောထားမှတ်ချက်ကို အသုံးချသင့်သည်။"
၆၅။ အထက်တွင် မှတ်ချက်ပြုထားသည့်အတိုင်း ဘုတ်အဖွဲ့သည် ၎င်း၏ကောက်ချက်ချမှုကို ပြုလုပ်ရာတွင် အကြောင်းအရာဖယ်ရှားမှုများကို လျော့ပါးစေသည့် စွက်ဖက်နှောင့်ယှက်မှုနည်းသော အစီအမံများက သတင်းအချက်အလက်အမှားများ၏ အတိုင်းအတာကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း အများပြည်သူ၏ ကျန်းမာရေးအပြင် ပလက်ဖောင်းပေါ်တွင်နှင့် ပြင်ပရှိ လူများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ခြင်းရှိ၊ မရှိကို ထည့်သွင်းစဉ်းစားခဲ့သည်။ ပထမဦးစွာ အကြောင်းအရာတွင် အချက်အလက်စစ်ဆေးရန် အညွှန်းများ ထည့်သွင်းခြင်းသည် ၎င်းကိုဖယ်ရှားခြင်းမပြုဘဲ အချက်အလက်ကို ပြင်ဆင်ရန် နည်းလမ်းအား ပံ့ပိုးပေးသော်လည်း ဤကိရိယာသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း အန္တရာယ်ဖြစ်နိုင်ခြေရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား၏ ပျံ့နှံ့မှုမြန်နှုန်းနှင့် အတိုင်းအတာကို ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်ရှိကြောင်း သက်ဆိုင်သူအများအပြားနှင့် Meta က ပေးအပ်ထားသော အချက်အလက်များက ဖော်ပြသည်။ အချက်အလက်စစ်ဆေးသူများသည် ၎င်းတို့၏ကြည့်ရှုမည့်စာရင်းရှိ အလွန်များပြားလှသော အကြောင်းအရာအများစုကို စိစစ်မသုံးသပ်နိုင်ကြောင်း Meta က ဘုတ်အဖွဲ့အား အသိပေးခဲ့ပါသည်။ ၎င်းတို့သည် Meta က ထိန်းချုပ်မထားသော သို့မဟုတ် ပိုင်ဆိုင်ခြင်းမရှိသော ကြားခံပြင်ပ အဖွဲ့အစည်းများဖြစ်သောကြောင့် အချက်အလက်စစ်ဆေးခြင်း အစီအစဉ်ကို တိုးတက်အောင် မလုပ်ဆောင်နိုင်ကြောင်းလည်း Meta က ဖော်ပြထားပါသည်။ ထို့အပြင် အစီအစဉ်တွင် ထည့်သွင်းထားသော ကန့်သတ်ချက်သည် ဤအစီအမံကို ထိရောက်မှုနည်းစေပါသည်။ Meta သည် ရာထူးနေရာအတွက် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၊ လက်ရှိရာထူးတွင် ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ ခန့်အပ်ခံရသူများ၊ နိုင်ငံရေးပါတီများနှင့် ၎င်းတို့၏ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးသမားများက မျှဝေထားသည့် အကြောင်းအရာကို စိစစ်သုံးသပ်ရန် ၎င်း၏အချက်အလက်စစ်ဆေးသူများကို ခွင့်ပြုမထားပါ။ ဒေသတစ်ခုစီမှ သက်ဆိုင်သူများစွာက အစီရင်ခံ၍ အတည်ပြုထားသည့်အတိုင်ပင် ဤကဲ့သို့သော အသုံးပြုသူမျိုးသည် သတင်းအချက်အလက်အမှားကို ထင်ထင်ရှားရှား ဖြန့်ဝေနေသူများဖြစ်ကြသည်။ အချက်အလက်စစ်ဆေးသူများ၏ စိစစ်အတည်ပြုမှုသည် အတိုင်းအတာအလိုက် အလိုအလျောက်စနစ်သုံး ဖယ်ရှားမှုထက် အချိန်ပိုမိုကြာမြင့်နိုင်ပြီး ၎င်းသည် ပြည်သူ့ကျန်းမာရေး အကျပ်အတည်းအခြေအနေတွင် အန္တရာယ်ရှိသော သတင်းအချက်အလက်အမှားကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ဆုံးဖြတ်စဉ်းစားရသော အချက်တစ်ချက်ဖြစ်နိုင်သည်။ ဤအစီအမံသည် အများအားဖြင့် ပလက်ဖောင်းပြင်ပရှိ ဆောင်းပါးတစ်ခုကို အသုံးပြုသူအား ထပ်ဆောင်းရည်ညွှန်းပေးသည် (ထို့ကြောင့် ထပ်ဆောင်းအချက်အလက်ကို အသုံးပြုရန် ရင်းမြစ်များမရှိသည့် လူများအတွက် ရယူသုံးစွဲခွင့် နည်းပါးပါသည်)။ ဤဆောင်းပါးများကို ရေးသားထားသော အသုံးအနှုန်းများသည် အထူးသဖြင့် နည်းပညာပိုင်းနှင့် ဆက်စပ်နေတတ်ပြီး တစ်ခါတစ်ရံ ရှုပ်ထွေးနေသောကြောင့် ၎င်းတို့သည် သတင်းအချက်အလက်အမှားများကို ပျံ့နှံစေသည့် စိတ်ကိုထိိခိုက်လှုပ်ရှားစေသော မက်ဆေ့အတိုများနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ Edinburgh တက္ကသိုလ်၏ ပါမောက္ခ Simon Wood ထံမှ တင်ပြချက် (PC-၁၀၇၁၃) တွင် အချက်အလက် စစ်ဆေးသူများအနေဖြင့် ရှုပ်ထွေးသော သိပ္ပံနည်းကျ စာရွက်စာတမ်းများနှင့် သက်သေအထောက်အထားကို ထိရောက်စွာ အချက်အလက်စစ်ဆေးရန် နည်းပညာဗဟုသုတ အလုံအလောက်မရှိကြောင်း စိုးရိမ်မှုများကို ဦးစားပေးဖော်ပြခဲ့သည်။
၆၆။ ဒုတိယအနေဖြင့် အဆင့်လျှော့ချခြင်းများသည် အသုံးပြုသူ၏သတင်းစဥ်တွင် အကြောင်းအရာ အစိတ်အပိုင်းများ ပေါ်လာမည့်နေရာအား သက်ရောက်မှုရှိသော်လည်း အသုံးပြုသူ သတင်းစဥ်တစ်ခုစီကို တစ်ဦးချင်းစိတ်ကြိုက် သတ်မှတ်ထားနိုင်သည့် သဘောသဘာဝရှိသောကြောင့် အကြောင်းအရာအစိတ်အပိုင်းတစ်ခု၏ ပျံ့နှံနှုန်း သို့မဟုတ် ရောက်ရှိနှုန်းအပေါ် ဤအစီအမံ၏ သက်ရောက်မှုကို ဆုံးဖြတ်ရန် ခက်ခဲနိုင်သည့် သဘောရှိသည်။ အကြောင်းအရာတစ်ခုကို အဆင့်သတ်မှတ်ထားသော ရမှတ်သည် အသုံးပြုသူများအား ၎င်းတို့ "စိတ်အဝင်စားဆုံး ဖြစ်နိုင်သည့်" အကြောင်းအရာကို ပြသရန် ရည်ရွယ်ပြီး အဖွဲ့တစ်ဖွဲ့တွင် (သို့) အသုံးပြုသူ စောင့်ကြည့်နေသော စာမျက်နှာတစ်ခုတွင် မျှဝေထားသော အကြောင်းအရာသည် အဆင့်သတ်မှတ်ချက် ပိုမြင့်နိုင်ဖွယ်ရှိသည်။ ရလဒ်အနေဖြင့် အဆင့်လျှော့ချခြင်းသည် စောင့်ကြည့်သူများပြားသည့် အသုံးပြုသူများက မျှဝေထားသော အကြောင်းအရာ သို့မဟုတ် အဖွဲ့ထဲတွင် မျှဝေထားသော အကြောင်းအရာ၏ ပျံ့နှံ့ရောက်ရှိမှုကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိမှာ ရှင်းလင်းမှုမရှိပါ။ COVID-19 သတင်းအချက်အလက်အမှားကို ပုံမှန်မျှဝေသည့် အမျိုးအစားစုံလင်သော အကောင့်များ၊ စာမျက်နှာများ သို့မဟုတ် အဖွဲ့များကို စောင့်ကြည့်ထားသော အသုံးပြုသူများ၏ သတင်းစဉ်တွင် အကြောင်းအရာအမျိုးအစား အားလုံးရှိနေသောကြောင့် အဆင့်လျှော့ချခြင်းသည် ထိုအသုံးပြုသူများအတွက် သက်ရောက်မှုအနည်းဆုံး ဖြစ်နိုင်ဖွယ်ရှိသည်။ အကြောင်းအရာသည် သိသိသာသာ အဆင့်နိမ့်သွားသည့်တိုင် အဆင့်လျှော့ချခံထားရသော အကြောင်းအရာကို အသုံးပြုသူမည်မျှ ဝင်ရောက်ကြည့်ရှုနိုင်ခြေ နည်းသွားမည်နှင့် ပတ်သက်သော အချက်အလက်များလည်း ကုမ္ပဏီတွင် ရှိဟန်မတူပါ။ အဆင့်လျှော့ချခြင်းတစ်ခုတည်းတွင် သတိပေးချက်များနှင့် ပြစ်ဒဏ်များ မပါဝင်ပါ။ နောက်ဆုံးတွင် အသုံးပြုသူများသည် ၎င်းတို့၏အကြောင်းအရာအား အဆင့်လျှော့ချခြင်းများကို အယူခံမဝင်နိုင်သောကြောင့် ဤရွေးချယ်မှုသည် အသုံးပြုသူများအား မျှတစွာဆက်ဆံခြင်းနှင့် ပတ်သက်၍ သိသာထင်ရှားသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေပါသည်။
၆၇။ တတိယအနေဖြင့် ကုမ္ပဏီ၏ လုပ်ငန်းတွင်းသုတေသနအရ ကြားနေအညွှန်းများသည် အသုံးပြုသူများထံ အတိုင်းအတာတစ်ခုအထိ ပျံ့နှံ့ရောက်ရှိခြင်းနှင့် အသုံးပြုသူများကို အသိပညာ သို့မဟုတ် သဘောထားအမြင်များပေးခြင်းတွင် ထိရောက်မှုရှိသည်ဟူသော အထောက်အထားမရှိပါ။ Meta သည် ပို့စ်တစ်ခုတွင် COVID-19 အကြောင်းအရာကို ထောက်လှမ်းသည့် အလိုအလျောက်စနစ်မှတစ်ဆင့် NIT များ (ကြားနေအညွှန်းများ) ကို အသုံးပြုပါသည်။ ဤအညွှန်းများသည် COVID-19 နှင့် ပတ်သက်သော ယုံကြည်စိတ်ချရသည့် အချက်အလက်များကို ပေးသည့် COVID-19 သတင်းအချက်အလက်စင်တာသို့ သွားရောက်နိုင်သော လင့်ခ်တစ်ခုကို ပံ့ပိုးပေးပါသည်။ ဤအညွှန်းများအပေါ် ကုမ္ပဏီ၏ ပဏာမသုတေသနလုပ်ဆောင်မှု၌ "ကြည့်ရှုနှုန်း" (အသုံးပြုသူများက အညွှန်းကို နှိပ်၍ ယုံကြည်စိတ်ချရသော အချက်အလက်အား ကြည့်ရှုသည့်နှုန်း) တွင် အသုံးပြုသူတစ်ဦး မြင်တွေ့ရသော NIT များ ပိုမိုလျော့နည်းလာကြောင်း Meta က ဆိုထားသည်။ ကုမ္ပဏီသည် COVID-19 NIT များ အသုံးပြုခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း Meta က ဘုတ်အဖွဲ့အား ထပ်မံအသိပေးခဲ့သည်။ Meta ၏ အဆိုအရ ဤအညွှန်းများတွင် အချက်အလက်စစ်ဆေးထားပြီးသော သတင်းအချက်အလက်အမှား သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော ကာကွယ်ဆေးအကြောင်းအရာကို အသုံးပြုသူများ ဖတ်ရှုနိုင်ခြေ၊ ဖန်တီးနိုင်ခြေ သို့မဟုတ် ပြန်လည်မျှဝေနိုင်ခြေ အလားအလာအပေါ် မည်သည့်သက်ရောက်မှုကိုမျှ မတွေ့ရှိရပါ။ နောက်ဆုံးတွင် ကနဦးသုတေသနလုပ်ဆောင်မှုအရ ဤအညွှန်းများသည် အသုံးပြုသူများ၏ အသိပညာနှင့် ကာကွယ်ဆေးဆိုင်ရာ သဘောထားအမြင်များအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ကြောင်း ပြသခဲ့သည်ဟု ကုမ္ပဏီက အစီရင်ခံထားပါသည်။
၆၈။ အချုပ်အားဖြင့် COVID-19 သတင်းအချက်အလက်အမှားအတွက် ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းကို Meta ၏ တောင်းဆိုမှုနှင့် WHO က အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာထားမှုကို ထည့်သွင်းစဉ်းစားလျက် Meta အနေဖြင့် ရုပ်ပိိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်သော COVID-19 သတင်းအချက်အလက်အမှားအပေါ် ၎င်း၏မူဝါဒကို ဆက်လက်ကျင့်သုံးသင့်ကြောင်း ဘုတ်အဖွဲ့က ကောက်ချက်ချထားပါသည်။ တစ်ချိန်တည်းတွင် ၎င်းသည် လက်ရှိဖယ်ရှားထားသည့် ပြောဆိုချက်များအတွက် ခိုင်မာပြီး တန်းတူညီမျှမှုရှိသော ကြိုတင်ဆန်းစစ်မှု လုပ်ငန်းစဉ်တစ်ခုကို စတင်လုပ်ဆောင်သင့်ပါသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒ ကို လိုအပ်မှုနှင့် အချိုးကျမျှတမှု စံနှုန်းများနှင့် ပိုမိုကောင်းမွန်စွာ ချိန်ညှိရန် ဘုတ်အဖွဲ့သည် အောက်ရှိ ကဏ္ဍ ၆ တွင် အသေးစိတ်ရှင်းပြထားသော အကြံပြုချက် ၁၊ ၄၊ ၅၊ ၉၊ ၁၀၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ နှင့် ၁၈ တို့ကို ထုတ်ပြန်သည်။
၆။ အကြံပြုချက်များ
အကြောင်းအရာမူဝါဒဆိုင်ရာ အကြံပြုချက်များ
69. အကြံပြုချက် ၁- COVID-19 သည် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ကြေညာချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းနည်းကို Meta ၏ တောင်းဆိုမှုတို့အား ထည့်သွင်းစဉ်းစားလျှင် Meta သည် "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သော" COVID-19 နှင့်ပတ်သက်သည့် ကမ္ဘာလုံးဆိုင်ရာမှားယွင်းသော အကြောင်းအရာများကို ဖယ်ရှားရန် ၎င်း၏လက်ရှိ ကိုင်တွယ်ဖြေရှင်းနည်းအတိုင်း ဆက်လုပ်သင့်ပါသည်။ တစ်ချိန်တည်းတွင် ၎င်းသည် အောက်ပါအတိုင်း သေချာစေရန်အတွက် ဖယ်ရှားမည့် ပြောဆိုချက်ပေါင်း ၈၀ ထဲမှ တစ်ခုချင်းစီကို အခါသင့်သလို ခိုင်ခိုင်မာမာ ပြန်လည်အကဲဖြတ်ရန် ပွင့်လင်းမြင်သာပြီး တန်းတူညီမျှသော လုပ်ငန်းစဉ်ကို စတင်သင့်သည်- (၁) ဖယ်ရှားရမည့် COVID-19 နှင့်ပတ်သက်သည့် သီးခြားပြောဆိုချက် တစ်ခုစီသည် မှားယွင်းနေပြီး "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သော" ပြောဆိုချက်များဖြစ်ကြောင်းနှင့် (၂) Meta ၏ လူ့အခွင့်အရေး ကတိကဝတ်များ (ဥပမာ- တရားဥပဒေနှင့်ညီညွတ်မှုနှင့် လိုအပ်မှု အခြေခံသဘောတရားများ) ကို မှန်ကန်စွာ အကောင်အထည်ဖော်ကြောင်း။ ဤပြန်လည်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ပေါ်မူတည်၍ Meta သည် ပြောဆိုချက်မှန်သမျှက မှားယွင်းမှုမရှိတော့ခြင်း (သို့) "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ မဖြစ်စေနိုင်တော့ခြင်း" ရှိ၊ မရှိ အကဲဖြတ်သင့်သည်။ ပြောဆိုချက်တစ်ခုခုသည် မှားယွင်းမှုမရှိတော့ခြင်း (သို့) "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ မဖြစ်စေနိုင်တော့ခြင်း" ကို Meta က တွေ့ရှိပါက ထိုသို့သော ပြောဆိုချက်များကို ဤမူဝါဒအောက်တွင် ဖယ်ရှားခြင်းမပြုသင့်တော့ပါ။ Meta သည် ပြန်လည်အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို ကြေညာပြီး အကူအညီစင်တာစာမျက်နှာရှိ ပြောဆိုချက်ပေါင်း ၈၀ တွင် ပြုလုပ်ထားသည့် ပြောင်းလဲမှုမှန်သမျှကို ပြန်ကြားသည့်အခါတွင် ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၇၀။ အောက်ဖော်ပြပါ အပိုင်းခွဲများသည် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒအောက်တွင် ဖယ်ရှားခံရသည့် ပြောဆိုချက်များကို ပြန်လည်အကဲဖြတ်ရန် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများအပေါ် ဘုတ်အဖွဲ့၏ အကြံပြုချက်များကို အကြမ်းဖျင်းဖော်ပြထားသည်။ အကြံပြုချက်အခွဲတစ်ခုစီကို အကြံပြုချက် ၁ မှ သီးခြားအကြံပြုချက်များအဖြစ် ယူဆပါမည်။ ဆိုလိုသည်မှာ ဘုတ်အဖွဲ့သည် အကြံပြုချက်များကို သီးခြားအကောင်အထည်ဖော်ရန် Meta ၏ လုပ်ဆောင်မှုများကို စိစစ်သုံးသပ်မည်ဖြစ်သည်။
အကြုံပြုချက် ၁ (က)- ပိုမိုကျယ်ပြန့်သော ကျွမ်းကျင်သူနှင့် သက်ဆိုင်သူတို့နှင့် တိုင်ပင်ဆွေးနွေးခြင်း
၇၁။ ကုမ္ပဏီသည် အခြေအနေ၏ အရေးကြီးမှုအလိုက် ပြောဆိုချက်တစ်ခုစီကို ဖယ်ရှားရန် လိုအပ်ခြင်းရှိ၊ မရှိကို အကဲဖြတ်ရာတွင် ပိုမိုကျယ်ပြန့်သော ရှုထောင့်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားရန်အတွက် လုပ်ငန်းစဉ်တစ်ခုကို တတ်နိုင်သမျှအမြန်ဆုံး အကောင်အထည်ဖော်ရမည်။ တိုင်ပင်ဆွေးနွေးထားသော ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကိုယ်ခံအားပညာရှင်များ၊ ရောဂါပိုးဗေဒပညာရှင်များ၊ ကူးစက်ရောဂါ သုတေသီများ၊ သတင်းအချက်အလက်အမှားနှင့် လုပ်ကြံသတင်းဆိုင်ရာ သုတေသီများ၊ နည်းပညာမူဝါဒကျွမ်းကျင်သူများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အချက်အလက်စစ်ဆေးသူများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သင့်ပါသည်။ Meta က ၎င်း၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒနှင့် ပတ်သက်၍ မတူကွဲပြားသော ကျွမ်းကျင်သူအုပ်စုနှင့် တိုင်ပင်ဆွေးနွေးရန်အတွက် ၎င်း၏လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အချက်အလက်များအပြင် ၎င်း၏မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးမှုများ၏ သက်ရောက်မှုအကြောင်း အချက်အလက်များ ကို ဖြန့်ချိသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၇၂။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ဤအမှုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု ကြေညာထားသည့် ကာလအတွင်း ကုမ္ပဏီသည် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီတစ်ဦးက ပံ့ပိုးပေးထားသည့် အကဲဖြတ်မှုအပေါ်အခြေခံ၍ သတင်းအချက်အလက်အမှား အမျိုးအစားအားလုံးကို ဖယ်ရှားခြင်းဖြင့် ခြွင်းချက်အစီအမံများအား လုပ်ဆောင်ရန် လိုအပ်သည်ကို ဘုတ်အဖွဲ့က လက်ခံပါသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွင်း ပြောဆိုချက်တစ်ခုစီနှင့် ပတ်သက်၍ ကျွမ်းကျင်သူအများအပြားနှင့် ခိုင်မာသော ကြိုတင်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် ချက်ချင်းလက်ငင်း မဖြစ်နိုင်ကြောင်းကို ဘုတ်အဖွဲ့က အသိအမှတ်ပြုသည်။ သို့သော်လည်း ဆန်းသစ်သော ကမ္ဘာ့ကပ်ရောဂါနှင့် ပတ်သက်ပြီး စဉ်ဆက်မပြတ် ဖြစ်ပျက်ပြောင်းလဲနေသော အချက်အလက်များနှင့် ကမ္ဘာ့ကပ်ရောဂါနှင့်ဆက်စပ်သော သတင်းအချက်အအလက်အမှားကို စီမံရန် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနည်းနှင့် ပတ်သက်သည့် အမျိုမျိုးသော သဘောထားအမြင်များကို ရရှိရန် ပိုမိုကျယ်ပြန့်သော ကျွမ်းကျင်သူများနှင့် သက်ဆိုင်သူများပါဝင်သော အဖွဲ့နှင့် တတ်နိုင်သမျှ အမြန်ဆုံး တိုင်ပင်ဆွေးနွေးရပါမည်။ ကုမ္ပဏီကဆိုထားသည့်အတိုင်း ၎င်းသည် ယခင်က ဖယ်ရှားခံရသည့် အနည်းဆုံး ပြောဆိုချက်နှစ်ခုအပေါ် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့ရသည်။ တစ်ခုမှာ ဗိုင်းရပ်စ်၏ မူလရင်းမြစ်နှင့် ပတ်သက်သော ပြောဆိုချက်ဖြစ်ပြီး အခြားတစ်ခုမှာ COVID-19 ကြောင့် လူသေဆုံးနှုန်းနှင့် ပတ်သက်သော ပြောဆိုချက်ဖြစ်သည်။ ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်ချရန်နှင့် တရားမျှတမှုမရှိသော ဆင်ဆာဖြတ်တောက်မှုကို တားဆီးကာကွယ်ရန်အတွက် အဆိုပါအကြံပြုချက်နှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ရန်နှင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရန်မှာ အရေးကြီးသည်။
၇၃။ ဘုတ်အဖွဲ့က Meta အား (ပြောဆိုချက်များသည် မှားယွင်းပြီး "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည်" ဟု ယူဆသောကြောင့်) ၎င်း၏ "ပို့စ်မတင်ရ" စာရင်းတွင် ထည့်သွင်းထားသော ပြောဆိုချက်များကို ကုမ္ပဏီ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည့် ပြောင်းလဲမှုသုံးခု၏ သက်ရောက်မှုကို ထည့်သွင်းစဉ်းစားရန်အတွက် ပြန်လည်အကဲဖြတ်ထားခြင်းရှိ၊ မရှိ မေးမြန်းခဲ့သည်။ ဖယ်ရှားခံရသော လက်ရှိပြောဆိုချက်များသည် မမှားယွင်းတော့ကြောင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ မဖြစ်စေနိုင်တော့ကြောင်း ကောက်ချက်ချမှုကို ပံ့ပိုးနိုင်သည့် အချက်အလက်များ ၎င်းတွင်မရှိကြောင်း Meta က ဘုတ်အဖွဲ့အား အသိပေးခဲ့သည်။ သို့သော် ကုမ္ပဏီသည် ပြောဆိုချက်များကို ပြန်လည်အကဲဖြတ်စေရန်အတွက် ၎င်းတို့အား သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများထံ ပြန်လည်ပေးပို့ထားခြင်း မရှိသေးပါ။ ထို့အပြင် ကုမ္ပဏီသည် ပြောဆိုချက်တစ်ခုချင်းစီ သို့မဟုတ် မူဝါဒတစ်ခုလုံးကို ခြုံငုံ၍ ပြန်လည်အကဲဖြတ်ရန် သက်ဆိုင်သူများ သို့မဟုတ် ကျွမ်းကျင်သူများနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုကိုလည်း ပြုလုပ်ခဲ့ခြင်းမရှိပါ။ Meta ၏ အဆိုအရ ကုမ္ပဏီသည် တောင်းဆိုချက်ကို မနှောင့်နှေးစေရန်အတွက် ၎င်း၏မူဝါဒ ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ပြင်ပကျွမ်းကျင်ပညာရှင်နှင့် ထိတွေ့ဆောင်ရွက်မည့်အစား မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုချက်ဖြင့် ဘုတ်အဖွဲ့ကို အားကိုးအားထားပြုရန် ရွေးချယ်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအတွင်း ဖော်ဆောင်ခဲ့သော မူဝါဒနှင့်ပတ်သက်၍ ပြင်ပမှ ပါဝင်အကြံပြုချက်ကို တောင်းခံခြင်းနှင့် ပြန်လည်အကဲဖြတ်ရန်လိုအပ်မှုကို နားလည်သဘောပေါက်ခြင်းအတွက် ဘုတ်အဖွဲ့က Meta ကို ချီးကျူးသည်။ သို့သော် လူ့အခွင့်အရေးကို အလေးထားရန် ကုမ္ပဏီ၏ တာဝန်မှာ ထိုနေရာတွင်ပင် မရပ်တန့်သွားပါ။ ပြောဆိုချက်တစ်ခုစီကို ဆက်လက်ဖယ်ရှားရန် လိုအပ်ခြင်းရှိ၊ မရှိကို အကဲဖြတ်ရန်အတွက် လုပ်ငန်းစဉ်တစ်ခု သတ်မှတ်ထားခြင်းက ကုမ္ပဏီအနေဖြင့် UNGP များနှင့်အညီ သက်ဆိုင်ရာ ကြိုတင်ဆန်းစစ်မှုကို လုပ်ဆောင်ကြောင်း သေချာစေမည်ဖြစ်သည်။
အကြံပြုချက် ၁ (ခ)- စိစစ်သုံးသပ်ရန် အချိန်ကာလ
၇၄။ Meta သည် ဤစိစစ်သုံးသပ်ချက်အတွက် အချိန်ကာလ (ဥပမာ- သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်) ကို သတ်မှတ်သင့်ပြီး ၎င်းကို အများပြည်သူ သတိပြုမိစေရန်နှင့် ပါဝင်အကြံပြုနိုင်ရန်အတွက် လူသိရှင်ကြား ကြေညာသင့်သည်။ Meta က စိစစ်သုံးသပ်မှု အစည်းအဝေးမှတ်တမ်းကို ၎င်း၏ပွင့်လင်းမြင်သာမှုစင်တာတွင် ၎င်း၏ အများပြည်သူမူဝါဒ ဖိုရမ်မှတ်တမ်းကို ဖြန့်ချိသကဲ့သို့ အလားတူပုံစံဖြင့် လူသိရှင်ကြား ဖြန့်ချိသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
အကြံပြုချက် ၁ (ဂ)- အများသူငှာ ထည့်သွင်းအကြံပြုချက်ကို စုဆောင်းရန် လုပ်ထုံးလုပ်နည်းများ
၇၅။ Meta အနေဖြင့် တိကျသော ပြောဆိုချက်တစ်ခုအပေါ် လုပ်ဆောင်ထားသည့် အကဲဖြတ်မှုကို စောဒကတက်လိုသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် နည်းလမ်းများ (ဥပမာ- အများမြင် သဘောထားမှတ်ချက်များနှင့် အွန်လိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်သော လင့်ခ်တစ်ခုကို အကူအညီစင်တာ စာမျက်နှာတွင် ပံ့ပိုးပေးခြင်းဖြင့်) အပါအဝင် ပုံမှန်စိစစ်သုံးသပ်မှုအတွက် ရှင်းလင်းသော လုပ်ငန်းစဉ်တစ်ခုကို အကျယ်တဝင့် ထုတ်ဖော်ပြောဆိုသင့်သည်။ Meta သည် အများမြင် သဘောထားမှတ်ချက် ပေးနိုင်သော နည်းလမ်းတစ်ခု ဖန်တီးပြီး ၎င်း၏ ကုမ္ပဏီတွင်း လုပ်ငန်းစဉ်များအပေါ် ထိုသဘောထားမှတ်ချက်၏ သက်ရောက်မှုဆိုင်ရာ အချက်အလက်ကို ဘုတ်အဖွဲ့နှင့် မျှဝေသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
အကြံပြုချက် ၁(ဃ)- လက်ခံစဉ်းစားပြီး အကဲဖြတ်ရမည့် အချက်အလက် အမျိုးအစားဆိုင်ရာ လမ်းညွှန်ချက်
၇၆။ ပြောဆိုချက်များအပေါ် Meta ၏ စိစစ်သုံးသပ်မှုတွင် ယင်းကဲ့သို့ အွန်လိုင်းကျန်းမာရေး သတင်းအချက်အလက်အမှားများ၏ ပျံ့နှံမှုနှင့် အကျိုးသက်ရောက်မှုအပေါ် နောက်ဆုံး အချိန်နှင့်တစ်ပြေးညီ သုတေသနလုပ်ဆောင်မှု ပါဝင်သင့်သည်။ ၎င်းတွင် ဖယ်ရှားခြင်း၊ အချက်အလက်စစ်ဆေးခြင်း၊ အဆင့်လျှော့ချခြင်းနှင့် ကြားနေအညွှန်းများအပါအဝင် Meta အသုံးပြုနိုင်သော အစီအမံအမျိုးမျိုး၏ နှိုင်းယှဉ်နိုင်သော ထိရောက်မှုအပေါ် ကုမ္ပဏီတွင်း သုတေသနလုပ်ဆောင်မှု ပါဝင်သင့်သည်။ ကုမ္ပဏီသည် ၎င်းလုပ်ငန်းလည်ပတ်သည့် ဒေသအားလုံး၊ အထူးသဖြင့် ၎င်း၏ ပလက်ဖောင်းများကို အချက်အလက်များ၏ အဓိက မူလရင်းမြစ်တစ်ခုအဖြစ် အားကိုးအားထားပြုနေရသော ဒေသများနှင့် အိုင်တီနှင့် အင်တာနက် တတ်မြောက်မှုနည်းသော အသိုင်းအဝိုင်းများ၊ ပိုမိုခုခံနိုင်စွမ်းအားနည်းသော လူမှုရပ်ဝန်းများ၊ ယုံကြည်စိတ်ချရသော အချက်အလက်မူလရင်းမြစ်များ ကင်းမဲ့ပြီး အားနည်းသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ ရှိသည့်ဒေသများရှိ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကို ထည့်သွင်းစဉ်းစားသင့်သည်။ Meta သည် ဤပြောဆိုချက်များအပေါ် ၎င်း၏စည်းကမ်းတင်းကျပ်မှု၏ ထိရောက်မှုကိုလည်း အကဲဖြတ်သင့်သည်။ Meta အနေဖြင့် ၎င်းတွင် မည်သည့်ပြောဆိုချက်များက စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းနှင့် လွန်ကဲခြင်း ပြဿနာများကို စနစ်တကျ ဖြစ်ပေါ်စေခဲ့ခြင်းနှင့်ပတ်သက်၍ အချက်အလက်များ မရှိသေးပါက စုဆောင်းသင့်သည်။ ဤအချက်အလက်သည် ပြောဆိုချက်တစ်ခုကို ဆက်လက်ဖယ်ရှားသင့်၊ မသင့် သို့မဟုတ် အခြားအစီအမံများမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းသင့်၊ မသင့်ကို အသိပေးတင်ပြရမည်။ Meta က ၎င်း၏ မူဝါဒ ထိန်းသိမ်းတင်းကျပ်ရေး စိစစ်သုံးသပ်မှုတွင် အချက်အလက်များ မျှဝေပြီး ဤအချက်အလက်ကို လူသိရှင်ကြား ဖြန့်ချိသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
အကြံပြုချက် ၁ (င)- ဆုံးဖြတ်ချက်ချခြင်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိစေရေးဆိုင်ရာလမ်းညွှန်ချက်
၇၇။ တိုင်ပင်ဆွေးနွေးခဲ့သော ကျွမ်းကျင်သူအမျိုးအစားများ၊ ၎င်းတို့၏ ပါဝင်အကြံပြုချက်၊ လက်ခံစဉ်းစားခဲ့သော ကုမ္ပဏီတွင်းနှင့်ပြင်ပမှ သုတေသနလုပ်ဆောင်မှုနှင့် အချက်အလက်က ဆန်းစစ်လေ့လာမှု၏ ရလဒ်အပေါ် သက်ရောက်ခဲ့ပုံတို့နှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် Meta သည် ပြောဆိုချက် တစ်ခုစီအပေါ် ၎င်းဆုံးဖြတ်ချက်ချရသည့် အခြေခံအကြောင်းရင်း အကျဉ်းချုပ်ကို ဘုတ်အဖွဲ့ထံ ပံ့ပိုးပေးသင့်သည်။ အကျဉ်းချုပ်တွင် အထူးသဖြင့် ပြောဆိုချက်တစ်ခုကို ဆက်လက်ဖယ်ရှားရန် ကုမ္ပဏီက ဆုံးဖြတ်ရသည့် အခြေခံအကြောင်းရင်း တိတိကျကျ ပါဝင်သင့်သည်။ Meta သည် သက်ဆိုင်ပါက ၎င်း၏ ဆုံးဖြတ်ချက်ချခြင်း လုပ်ငန်းစဉ်တွင် အစိုးရအမှုထမ်းများ သို့မဟုတ် အဖွဲ့အစည်းများ ပါဝင်ခဲ့သည့် အခန်းကဏ္ဍကိုလည်း ထုတ်ဖော်ပြောကြားသင့်သည်။ ကုမ္ပဏီက တိကျသော ပြောဆိုချက်တစ်ခုအား ဖယ်ရှားခြင်းကို ရပ်စဲရန် ဆုံးဖြတ်ပါက ကုမ္ပဏီသည် အဆိုပါဆုံးဖြတ်ချက်၏ အခြေခံအကြောင်းရင်း (ပါဝင်သည်များမှာ- (က) မည်သည့်ထင်မြင်ချက်ကြောင့် ပြောဆိုချက်သည် မှားယွင်းမှုမရှိတော့ဟု ကုမ္ပဏီက ဆုံးဖြတ်ခဲ့ကြောင်း၊ (ခ) မည်သည့်ထင်မြင်ချက်၊ မည်သည့်မူလရင်းမြစ်ကြောင့် ပြောဆိုချက်သည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ မရှိတော့ဟု ကုမ္ပဏီက ဆုံးဖြတ်ခဲ့ကြောင်းနှင့် အဆိုပါအကဲဖြတ်ချက်က ကာကွယ်ဆေးထိုးနှုန်းနည်းပါးပြီး ရင်းမြစ်လုံလောက်မှုမရှိသော ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အဦရှိရာ နိုင်ငံများတွင် သက်ရောက်မှုရှိ/မရှိ၊ (ဂ) ၎င်း၏ စည်းကမ်းတင်းကျပ်မှုစနစ်က ပြောဆိုချက်တစ်ခုအပေါ် စည်းကမ်းတင်းကျပ်မှုလွန်ကဲခြင်း ဖြစ်ပေါ်စေခဲ့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့ခြင်းရှိ/မရှိ၊ (ဃ) ပြောဆိုချက်က ပလက်ဖောင်းပေါ်တွင် မပျံ့နှံ့တော့ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့ခြင်းရှိ/မရှိ) တို့ကို ရှင်းပြသင့်ပါသည်။ Meta သည် ၎င်း၏ မူဝါဒ ဆန်းစစ်မှု လုပ်ငန်းစဉ်၏ အကဲဖြတ်ချက်ကို ဘုတ်အဖွဲ့နှင့် မျှဝေသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။ ဤအချက်အလက်သည် ဤအကြံပြုချက်၏ ပထမစာပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း မူဝါဒတွင်ပြုလုပ်သော မည်သည့်ပြောင်းလဲမှုမဆိုအတွက် အကူအညီစင်တာ ပို့စ်တင်ကြေညာချက်တွင် လူသိရှင်ကြား စာရင်းပြုစုထားသော အကြောင်းရင်းများနှင့် ကိုက်ညီသင့်သည်။
၇၈။ အကြံပြုချက် ၂-Meta သည် ဖယ်ရှားနိုင်သော ပြောဆိုချက် အမျိုးအစားတစ်ခုစီက "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သည်" ဟူသော အကြောင်းရင်းများနှင့်ပတ်သက်၍ သိသာထင်ရှားသော ရှင်းလင်းချက်တစ်ခုကို ချက်ချင်းပံ့ပိုးပေးသင့်သည်။ Meta က ဤရှင်းလင်းချက်ကို ဖော်ပြပေးရန် အကူအညီစင်တာ စာမျက်နှာကို ပြင်ဆင်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၇၉။ လက်ရှိတွင် အကူအညီစင်တာ စာမျက်နှာ၌ တိကျသော ပြောဆိုချက်တစ်ခုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်သည့် အကြောင်းရင်းနှင့် မည်သို့ဖြစ်နိုင်သည်တို့အကြား ဆက်စပ်မှုဥပမာတစ်ခုကို "ဗိုင်းရပ်စ်နှင့်ထိတွေ့မှု သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ခြေ မြင့်တက်ခြင်း သို့မဟုတ် ပြည်သူ့ကျန်းမာရေးစနစ်၏ ကမ္ဘာ့ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ် ဆိုးရွားသော သက်ရောက်မှုများရှိခြင်း" ဟူ၍ ဖော်ပြပေးထားသည်။ ထို့နောက် ယင်းစာမျက်နှာတွင်ပင် Meta ၏ အဆိုအရ "ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်ကို တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်ခြေ" စံနှုန်းနှင့် ကိုက်ညီသည့် အချက်အလက်မှား၏ အမျိုးအစားငါးခုကို ခွဲခြားသတ်မှတ်သည်။ သို့သော် အကူအညီစင်တာ စာမျက်နှာသည် ဖယ်ရှားနိုင်သော ပြောဆိုချက် အမျိုးအစားတစ်ခုစီက ပြဌာန်းထားသောစံနှုန်းနှင့် မည်သို့မည်ပုံ ကိုက်ညီသည်ကို စနစ်တကျရှင်းပြထားခြင်း မရှိပါ။ Meta အနေဖြင့် ပြောဆိုချက် အမျိုးအစားတစ်ခုစီက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ မည်သို့ဖြစ်စေနိုင်ပုံနှင့် ထိုသို့ကောက်ချက်ချ သုံးသပ်ရန် ကုမ္ပဏီက အမှီပြုသည့် အချက်အလက်များ၏ မူလရင်းမြစ်များကို အတိအလင်း ရှင်းပြသင့်သည်။
၈၀။ အကြံပြုချက် ၃- Meta သည် မူဝါဒကို နောက်ဆုံး ပြန်လည်ဆန်းစစ်ခဲ့ချိန်တွင် အကောင်းဆုံးရရှိနိုင်သော အထောက်အထားအရ အချက်အလက်သည် "မှားယွင်းကြောင်း" သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းက အချက်အလက်မှားကို ရည်ညွှန်းကြောင်း ရှင်းပြခြင်းဖြင့် ၎င်း၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒကို ရှင်းလင်းဖော်ပြသင့်သည်။ Meta က သက်ဆိုင်ရာ အကူအညီစင်တာ စာမျက်နှာတွင် မူဝါဒကို ရှင်းလင်းဖော်ပြသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၈၁။ Meta သည် သိထားသော အချက်အလက်များ ပြောင်းလဲသွားသည့်အခါ သို့မဟုတ် ရောဂါ၏ ပြောင်းလဲဖြစ်ပေါ်မှုက ပြောဆိုချက်တစ်ခုကို မတိကျ သို့မဟုတ် မပြည့်စုံစေခဲ့သည့်အခါ ဖယ်ရှားရမည့် ပြောဆိုချက်များကို အနည်းဆုံးနှစ်ကြိမ် ပြင်ဆင်ခဲ့ရသည်။ အမှားလုပ်ကောင်း လုပ်မိနိုင်သလို အချက်အလက် သို့မဟုတ် သုတေသနဆောင်ရွက်ချက် အသစ်ကလည်း ရှိပြီးသား အများသဘောတူညီချက်ကို သဘောထားကွဲလွဲနိုင်သည် သို့မဟုတ် ပြောဆိုချက်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို မွမ်းမံပြင်ဆင်ရန် လိုအပ်နိုင်သည်။ ဤလက်တွေ့ဖြစ်ရပ်များကို ထည့်သွင်းစဉ်းစားလျက် Meta အနေဖြင့် ၎င်း၏မူဝါဒထဲရှိ ပိုမိုကျယ်ပြန့်သော စံနှုန်းနှင့် ကိုက်ညီသည့် တိကျသော ပြောဆိုချက်များ၏ အကဲဖြတ်ချက်ကို ပြန်လည်ဆန်းစစ်ရန် တာဝန်ရှိသည်ကို နားလည်ကြောင်း ပိုမိုရှင်းလင်းစေရန်အတွက် Meta သည် အဆိုပါအကဲဖြတ်ချက်က ထိုအချိန်တွင် အကောင်းဆုံးရနိုင်သော အထောက်အထားပေါ် အခြေခံထားပြီး ပြောင်းလဲကောင်း ပြောင်းလဲနိုင်ကြောင်း ထင်ထင်ရှားရှားသိစေရန် မူဝါဒကို အသေးစိတ်ရှင်းပြသင့်ပါသည်။
စည်းကမ်းထိန်းသိမ်းမှုအပေါ် အကြံပြုချက်များ
၈၂။ အကြံပြုချက် ၄- Meta အနေဖြင့် WHO က COVID-19 အတွက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေကို ရုပ်သိမ်းသော်လည်း အခြား ဒေသတွင်း ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီများက COVID-19 ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတစ်ခုအဖြစ် ဆက်လက်သတ်မှတ်သည့်အခါ ဤမူဝါဒ ဆုံးဖြတ်ချက်နှင့် ဤမူဝါဒအကြံပေး သဘောထားအမြင်များတွင် ပြုလုပ်သော အခြားအကြံပြုချက်များနှင့်အညီ ၎င်းလုပ်ဆောင်သင့်သည့် လိုအပ်ပြီး အချိုးကျမျှတသော အစီအမံများကို ခွဲခြားဖော်ထုတ်ရန် အန္တရာယ် အကဲဖြတ်မှု လုပ်ငန်းစဉ်တစ်ခုကို ချက်ချင်းအစပြုသင့်သည်။ ဤလုပ်ငန်းစဉ်သည် ကမ္ဘာတစ်ဝန်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေခြင်းမရှိဘဲ လက်တွေ့ဘဝတွင် ကြီးမားသောထိခိုက်မှု တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေရှိသော သတင်းအချက်အလက်အမှားများကို ကိုင်တွယ်ဖြေရှင်းရာ၌ အစီအမံများကို ကျင့်သုံးရန် ရည်ရွယ်သင့်ပါသည်။ အန္တရာယ်ဖြစ်နိုင်ခြေကို အကဲဖြတ်ခြင်းတွင် အောက်ပါတို့ ပါဝင်သင့်သည်- (၁) ဒီဇိုင်းဆုံးဖြတ်ချက်များနှင့် မူဝါဒနှင့် အကောင်ဖော်ထည်ခြင်းဆိုင်ရာ အခြားရွေးချယ်စရာအမျိုးမျိုးအပေါ် ခိုင်မာသော အကဲဖြတ်ဆန်းစစ်မှု။ (၂) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်၊ အသက်ရှင်ရပ်တည်ခွင့်နှင့် အခြားလူ့အခွင့်အရေးများအပေါ် ၎င်းတို့၏ သက်ဆိုင်ရာ သက်ရောက်မှုများနှင့် (၃) ဒေသအလိုက် စည်းကမ်းတင်းကျပ်သော ကိုင်တွယ်ဖြေရှင်းနည်း လုပ်ဆောင်နိုင်ခြေကို အကဲဖြတ်ခြင်း။ Meta က အန္တရာယ် အကဲဖြတ်မှုကို မည်သို့ဆောင်ရွက်မည်နှင့် ပတ်သက်၍ ၎င်း၏ အစီအစဉ်များကို လူသိရှင်ကြား ဆက်သွယ်ပြောပြပြီး အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခြင်းနှင့် လျှော့ချခြင်းအတွက် အကဲဖြတ်မှု လုပ်ငန်းစဉ်ကို ဖော်ပြကာ ဤအချက်အလက်ဖြင့် အကူအညီစင်တာ စာမျက်နှာကို အပ်ဒိတ်လုပ်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၈၃။ အကြံပြုချက် ၅- Meta သည် ကုမ္ပဏီတွင်း အကောင်အထည်ဖော်ခြင်း လမ်းညွှန်ချက်များကို ကုမ္ပဏီ၏ ပလက်ဖောင်းများတွင် အသုံးပြုနေသော ဘာသာစကားများသို့ ဘာသာပြန်ဆိုသင့်သည်။ Meta က ၎င်း၏ ကုမ္ပဏီတွင်း အကောင်အထည်ဖော်ခြင်း လမ်းညွှန်ချက်များကို ဘာသာပြန်ဆိုပြီး ယင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးရ အချက်အလက်များကို ဘုတ်အဖွဲ့ကို အသိပေးသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၈၄။ အကြောင်းအရာ စိစစ်သူများသည် ချိုးဖောက်ထားသည့် အကြောင်းအရာနှင့် ပြဌာန်းထားသောခြွင်းချက်များ (ဥပမာ- ဟာသ၊ သရော်စာ၊ ကိုယ်ပိုင်ဖြစ်ရပ်၊ ထင်မြင်ချက်) မှ တစ်ခုအရ ပလက်ဖောင်းပေါ်တွင် ဆက်ရှိသင့်သည့် အကြောင်းအရာကို ခွဲခြားဖော်ထုတ်နည်းနှင့်ပတ်သက်၍ ထပ်ဆောင်းအချက်အလက် ပံ့ပိုးပေးသည့် အသေးစိတ် ကုမ္ပဏီတွင်း အကောင်အထည်ဖော်ခြင်း လမ်းညွှန်ချက်များကို ရယူအသုံးပြုခွင့်ရှိသည်။ မတူညီသော ကမ္ဘာ့အစိတ်အပိုင်းများတွင် စည်းကမ်းထိန်းသိမ်းမှု တစ်သမတ်တည်းရှိကြောင်း သေချာစေရန် Meta အနေဖြင့် ဤလမ်းညွှန်ချက်များကို စိစစ်သူများအား ပံ့ပိုးပေးပြီး သူတို့လုပ်ဆောင်နေသည့် ဘာသာစကားဖြင့် ရယူအသုံးပြုနိုင်ကြောင်း သေချာအောင်လုပ်ရန် လိုအပ်သည်။
၈၅။ Meta အနေဖြင့် စိစစ်သူများထံ ပေးအပ်ထားသည့် ၎င်း၏ ကုမ္ပဏီတွင်း အကောင်အထည်ဖော်ခြင်း လမ်းညွှန်ချက်ကို ထိုသူတို့ အကြောင်းအရာ စိစစ်သုံးသပ်သည့် ဘာသာစကားသို့ ဘာသာပြန်ဆိုပေးရန် ဘုတ်အဖွဲ့က ယခင်က အကြံပြုခဲ့သည် ( “အာရဗီစကားလုံးများကို ပြန်လည်ပြင်ဆင်အသုံးပြုခြင်း”၊ [ ၂၀၂၂-၀၀၃-IG-UA] နှင့် "မြန်မာဘော့"၊ [ ၂၀၂၁-၀၀၇-FB-UA] အမှုဆုံးဖြတ်ချက်များကို ကြည့်ပါ)။ ဘုတ်အဖွဲ့ထံ ၎င်း၏ တုံ့ပြန်ချက် ထဲတွင် Meta က ဖော်ပြထားသည်မှာ “ကျွန်ုပ်တို့၏အကြောင်းအရာ စိစစ်သုံးသပ်သူအားလုံး ကျွမ်းကျင်စွာပြောဆိုနိုင်သော ဘာသာစကားဖြင့် ကုမ္ပဏီတွင်း မူဝါဒလမ်းညွှန်ချက်တစ်စုံကို [ထားရှိခြင်း]... က ကျွန်ုပ်တို့၏ လျင်မြန်စွာပြောင်းလဲနေသော မူဝါဒများ၏ စံသတ်မှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှုနှင့် ကိုက်ညီကြောင်း သေချာစေရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်... ဤလမ်းညွှန်ချက်သည် လျင်မြန်စွာ ပြောင်းလဲနေခြင်း (၎င်းကို ဈေးကွက်အလိုက် စွပ်စွဲပြောဆိုချက်များအပါအဝင် ရှင်းလင်းချက်၊ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ဘာသာစကားအသစ်များဖြင့် အဆက်မပြတ် အပ်ဒိတ်လုပ်ခြင်း) ရှိသောကြောင့် ဘာသာပြန်ဆိုချက်များအပေါ် အားထားခြင်းသည် ပုံမှန်မဟုတ်သော နှောင့်နှေးကြန့်ကြာမှုများနှင့် ယုံကြည်စိတ်ချမှုမရှိသော အဓိပ္ပာယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေနိုင်သည်။"
၈၆။ Meta က အထက်ပါရှင်းလင်းဖော်ပြချက်ကို ပေးခဲ့သောကြောင့် အစ္စရေးနှင့် ပါလက်စတိုင်းတွင် Meta ၏ မူဝါဒများအား တင်းကျပ်မှုအပေါ် သီးခြားလွတ်လပ်သော အကဲဖြတ်မှု ပြုလုပ်ရာတွင် အာရဗီဘာသာစကား၌ Meta ၏ မူဝါဒများကို လွန်ကဲစွာ စည်းကမ်းတင်းကျပ်သည့် အကြောင်းရင်းတစ်ခုအနေဖြင့် အကြောင်းအရာစိစစ်သူများ၏ ဘာသာစကားစွမ်းရည် ကင်းမဲ့မှုကို ခွဲခြားဖော်ထုတ်ခဲ့သည် (လုပ်ငန်းများအတွက် လူမှုရေးဆိုင်ရာ တာဝန်ဝတ္တရားများရှိ “ ၂၀၂၁ ခုနှစ် မေလတွင် အစ္စရေးနှင့် ပါလက်စတိုင်းတို့၌ Meta ၏ လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်ဆန်းစစ်ချက်၏ အကျိုးသက်ရောက်မှုများ” ကို ကြည့်ပါ)။ ဤတွေ့ရှိချက်နှင့် ကုမ္ပဏီတွင်း လမ်းညွှန်ချက်များ၏ ရှုပ်ထွေးမှုနှင့် အကြောင်းအရာ စိစစ်သူများထံ ၎င်းတို့ပေးထားသည့် မသိမသာကွဲပြားသော အဓိပ္ပာယ်ကောက်ယူမှုကို ထည့်သွင်းစဉ်းစားလျှင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒ၏ စည်းကမ်းတင်းကျပ်မှု လွန်ကဲခြင်း သို့မဟုတ် အားနည်းခြင်းဖြစ်နိုင်ခြေ အန္တရာယ်မှာ အမှန်တကယ်ရှိကြောင်း ဘုတ်အဖွဲ့က ယုံကြည်သည်။ Meta အနေဖြင့် ၎င်း၏ မူဝါဒ အသုံးချမှုသည် ဘာသာစကားနှင့် ဒေသအသီးသီးတွင် တစ်သမတ်တည်းဖြစ်ကြောင်း သေချာစေရန် ဤအန္တရာယ်များကို လျှော့ချသင့်သည်။
၈၇။ အကြံပြုချက် ၆- အချက်အလက်စစ်ဆေးခြင်း အညွှန်းတစ်ခုအတွက် အသုံးပြုသူ၏ အယူခံဝင်မှုများကို ပထမဆုံး အကဲဖြတ်ခဲ့သူမဟုတ်ဘဲ အခြားအချက်အလက်စစ်ဆေးသူတစ်ဦးက စိစစ်သုံးသပ်သင့်သည်။ တရားမျှတမှုရှိစေရန်နှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ အကြောင်းအရာကို အချက်အလက်စစ်ဆေးပေးသည့် ကုစားဖြေရှင်းခွင့်ကို ပိုမိုရရှိစေရန်အတွက် Meta အနေဖြင့် ပြောဆိုချက်တစ်ခုအပေါ် အကဲဖြတ်စိစစ်ခြင်း မပြုရသေးသည့် အခြားအချက်အလက် စစ်ဆေးသူတစ်ဦးက အညွှန်းသတ်မှတ်ရန် ဆုံးဖြတ်ချက်ကို ဆန်းစစ်နိုင်ကြောင်း သေချာစေရန် ၎င်း၏လုပ်ငန်းစဉ်ကို ပြင်ဆင်သင့်သည်။Meta က အသုံးပြုသူများအတွက် အခြားအချက်အလက်စစ်ဆေးသူတစ်ဦးသို့ အယူခံဝင်ရန် နည်းလမ်းတစ်ခုကို ပံ့ပိုးပေးသည့်အခါနှင့် ၎င်းက ဤအယူခံဝင်ရန် နည်းလမ်းအသစ်ဖြင့် ၎င်း၏ အချက်အလက်စစ်ဆေးခြင်း မူဝါဒများကို အပ်ဒိတ်လုပ်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၈၈။ အကြံပြုချက် ၇- Meta အနေဖြင့် ၎င်း၏ သတင်းအချက်အလက်အမှား မူဝါဒကို ကျင့်သုံးလျက် ပြင်ပအဖွဲ့အစည်း အချက်အလက်စစ်ဆေးသူများက အညွှန်းတပ်ထားသော အကြောင်းအရာရှိသည့် (စာမျက်နှာများနှင့် အဖွဲ့များသာမက) ပရိုဖိုင်များအား ထုတ်ကုန်တွင်း အယူခံဝင်ခြင်း လုပ်ဆောင်ချက်မှတစ်ဆင့် အခြားအချက်အလက် စစ်ဆေးသူထံ အညွှန်းတပ်ခြင်းအပေါ် အယူခံဝင်ခွင့်ပြုသင့်သည်။ Meta က ဈေးကွက်အားလုံးရှိ ပရိုဖိုင်များအတွက် အယူခံဝင်ခြင်း လုပ်ဆောင်ချက်ကို ဖြန့်ချိပြီး အသုံးပြုသူများသည် စည်းကမ်းထိန်းသိမ်းမှု အချက်အလက်မှတစ်ဆင့် အချက်အလက်စစ်ဆေးခြင်း အညွှန်းများကို အယူခံဝင်နိုင်ကြောင်း လက်တွေ့ပြသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၈၉။ အသုံးပြုသူ အယူခံလွှာများသည် အမှားပြင်ဆင်မှုအတွက်နှင့် အသုံးပြုသူများ၏ ကုစားမှုရရှိခွင့်ကို သေချာစေရန်အတွက် အဓိက လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ အချက်အလက် စစ်ဆေးသူများသည် ရှုပ်ထွေးမှုပိုင်း၊ နည်းပညာဆိုင်ရာ အကြောင်းအရာနှင့် ဆက်စပ်အခြေအနေတို့တွင် သိသိသာသာ ကွဲပြားနေသော အကြောင်းအရာမျိုးကို စိစစ်သုံးသပ်သည်။ အချို့သောမှားယွင်းမှုများကို ရှောင်လွှဲ၍မရနိုင်ပါ။ အချက်အလက် စစ်ဆေးသူများသည် ပလက်ဖောင်းတွင် မျှဝေထားသည့် ရှုပ်ထွေးသော သိပ္ပံပညာဆောင်းပါးများကို အချက်အလက်စစ်ဆေးရန် သိပ္ပံအသိပညာနှင့် နည်းပညာ ဗဟုသုတမရှိသည်ကို စိုးရိမ်ပူပန်ကြောင်း အများမြင်မှတ်ချက်တစ်ခုက တင်ပြခဲ့သည်။ အချက်အလက်စစ်ဆေးခြင်း အညွှန်းများသည် အသုံးပြုသူများအတွက် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်စေသည်။ အချက်အလက်စစ်ဆေးသူတစ်ဦးက အကြောင်းအရာတွင် အညွှန်းတစ်ခုသုံးလိုက်ချိန် အကြောင်းအရာကို "မှားယွင်းသည်" သို့မဟုတ် "ပြင်ဆင်ထားသည်" ဟု အညွှန်းတပ်ထားပါက ယင်းအညွှန်းသည် သတိပေးချက်တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ သတိပေးချက်များ စုပုံလာလျှင် လုပ်ဆောင်ချက် ကန့်သတ်ခံရခြင်းများနှင့် ယင်းပရိုဖိုင်က မျှဝေထားသော အကြောင်းအရာများ အဆင့်လျှော့ချခံရခြင်းကို ဖြစ်စေလိမ့်မည်။ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပါက အသုံးပြုသူများအနေဖြင့် မှားယွင်းမှုတစ်စုံတစ်ရာရှိသည်ဟု ယူဆသည့်အခါ အချက်အလက်စစ်ဆေးသူများကို အသိပေးနိုင်စေပြီး စိစစ်သုံးသပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ထပ်ဆောင်းအချက်အလက်များ မျှဝေပေးနိုင်စေသည်။
၉၀။ အကြံပြုချက် ၈- Meta အနေဖြင့် မီဒီယာလွတ်လပ်ခွင့် အညွှန်းများ (ဥပမာ- Freedom House မှ သတင်းလွတ်လပ်ခွင့် ရမှတ်) လျော့ပါးပြီး အစိုးရ၏ လူမှုကွန်ရက် ထိုးဖောက်နှောင့်ယှက်နိုင်ခြေ များသော နိုင်ငံများကို ဦးစားပေးကာ ကမ္ဘာတစ်ဝှမ်းရှိ အိုင်တီနှင့်အင်တာနက် တတ်မြောက်မှု အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်သင့်သည်။ ဤရင်းနှီးမြှုပ်နှံမှုများတွင် ကိုက်ညီအောင် ပြင်ဆင်ပေးထားသော တတ်မြောက်မှုသင်တန်းများ ပါဝင်သင့်သည်။ Meta က အစီအစဉ်များ၏ သဘောသဘာဝနှင့် သက်ရောက်မှုရှိခဲ့သော နိုင်ငံများကို ဖော်ပြလျက် ၎င်း၏ တိုးမြှင့်ထားသော ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ ဆောင်းပါးတစ်ပုဒ်နှင့် ယင်းကဲ့သို့အစီအစဉ်များ၏ သက်ရောက်မှုများနှင့်ပတ်သက်၍ ၎င်းတွင်ရှိသော အချက်အလက်များကို ဖြန့်ချိသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၉၁။ Meta သည် မေးခွန်းတစ်ခုကို တုံ့ပြန်သည့်အနေဖြင့် လွန်ခဲ့သောသုံးနှစ်အတွင်း ကုမ္ပဏီက "လူများအား မီဒီယာအသုံးချ ကျွမ်းကျင်မှု တိုးတက်စေရန်နှင့် မျှဝေထားသည့် သတင်းအချက်အလက်အမှား ပမာဏကို လက်ဦးမှုယူ၍ လျှော့ချရန်" အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ Meta က ပံ့ပိုးပေးသည့်ရင်းမြစ်အချက်အလက်များ အရ ဤရင်းနှီးမြှုပ်နှံမှုအများစုကို အမေရိကန်ပြည်ထောင်စုတွင် အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ Meta သည် လူမှုကွန်ရက် ကမ်ပိန်းများ သို့မဟုတ် မီဒီယာအသုံးချ ကျွမ်းကျင်မှုအပေါ် အလေးပေးသည့် ကြော်ငြာများကို ပေးပို့ရန် အခြားနိုင်ငံများရှိ အဖွဲ့အစည်းများနှင့် လက်တွဲခဲ့သည်။
၉၂။ အမေရိကန်ပြည်ထောင်စုရှိ မီဒီယာအသုံးချ ကျွမ်းကျင်မှု အစီအစဉ်များ (PEN America နှင့်လက်တွဲသော အစီအစဉ်တစ်ခုနှင့် Poynter Institute နှင့်လက်တွဲသော အခြားအစီအစဉ်တစ်ခု) တွင် Meta ၏ ရင်းနှီးမြှုပ်နှံမှုများ၏ သက်ရောက်မှုကို ဆန်းစစ်သောလေ့လာမှုများ အရ ယင်းအစီအစဉ်များတွင် ပါဝင်သူများသည် အွန်လိုင်းအချက်အလက်များကို အကဲဖြတ်နိုင်စွမ်းတွင် သိသိသာသာ တိုးတက်လာခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ဥပမာအားဖြင့် အစီအစဉ်တွင်ပါဝင်သူများ၏ COVID-19 သတင်းအချက်အလက်အမှားကို ရှာဖွေဖော်ထုတ်နိုင်စွမ်းသည် ကြားဝင်မကူညီခင် ပျမ်းမျှ ၅၃ ရာခိုင်နှုန်းမှ ကြားဝင်ကူညီပေးပြီးနောက် ပျမ်းမျှ ၈၂ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ သက်ကြီးရွယ်အိုများအတွက် မီဒီယာအသုံးချ ကျွမ်းကျင်မှု အစီအစဉ်တစ်ခုသည် သင်တန်းတက်ပြီးနောက် အဆိုပါသင်တန်းတွင် ပါဝင်တက်ရောက်သူများက ခေါင်းစီးများကို မှန်သည် သို့မဟုတ် မှားသည်အဖြစ် တိကျမှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းတွင် ၂၂ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့သည်။
၉၃။ အကြံပြုချက် ၉- Meta အဖွဲ့အစည်းများရှိ သတင်းအချက်အလက်အမှား မူဝါဒကို ထပ်ခါတလဲလဲ ချိုးဖောက်သည့် အကောင့်များနှင့် ကွန်ရက်များအတွက် Meta သည် ဤချိုးဖောက်မှုများကို တားဆီးရန် ဤစနစ်ကို ရေးဆွဲထားပုံနှင့် ပတ်သက်သည့် အချက်အလက်မှန်သမျှ အပါအဝင် ၎င်း၏ အသစ်ကြေညာထားသော ပြစ်ဒဏ်စနစ်၏ သက်ရောက်မှုများနှင့်ပတ်သက်၍ သုတေသန ပြုလုပ်သင့်သည် သို့မဟုတ် ရှိပြီးသား သုတေသနအချက်အလက်ကို မျှဝေသင့်သည်။ ဤသုတေသနတွင် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား လှုံ့ဆော်မှုများကို ပိုမိုပျံ့နှံ့စေသော သို့မဟုတ် ညှိနှိုင်းဆောင်ရွက်သော အကောင့်များကို လေ့လာဆန်းစစ်မှု ပါဝင်သင့်သည်။ အကဲဖြတ်မှုသည် အန္တရာယ်ရှိပြီးမှားယွင်းသော သို့မဟုတ် နားလည်မှုလွဲစေသော အချက်အလက်များကို မျှဝေခြင်းကြောင့် ငွေကြေးဆိုင်ရာ ရည်ရွယ်ချက်များ/အကျိုးခံစားခွင့်များ ရရှိခြင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် Meta လောလောဆယ် အသုံးပြုနေသည့် အကြောင်းအရာဖြင့် ဝင်ငွေရှာခြင်းမှ ပိတ်ပင်ခြင်းပြစ်ဒဏ်၏ ထိရောက်မှုကို ဆန်းစစ်သင့်သည်။ Meta အနေဖြင့် ဤသုတေသန၏ ရလဒ်ကို ဘုတ်အဖွဲ့နှင့် မျှဝေပြီး ရလဒ်များ၏ အကျဉ်းချုပ်ကို ပွင့်လင်းမြင်သာမှု စင်တာတွင် အစီရင်ခံသောအခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
ပွင့်လင်းမြင်သာမှုဆိုင်ရာ အကြံပြုချက်များ
၉၄။ အကြံပြုချက် ၁၀- Meta သည် Meta ၏အလင်းစဉ်၊ အကြံပြုချက် အယ်လ်ဂိုရီသမ်များနှင့် အခြားလုပ်ဆောင်ချက်များက အန္တရာယ်ရှိသော ကျန်းမာရေး သတင်းအချက်အလက်မှားများနှင့် ၎င်း၏သက်ရောက်မှုများကို ပိုမိုမြင့်မားစေနိုင်ခြင်းရှိ၊ မရှိ လူ့အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှု အကဲဖြတ်ချက်ကို လုပ်ဆောင်စေသင့်သည်။ ဤအကဲဖြတ်မှုသည် အန္တရာယ်ရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားကို ပိုမိုပျံ့နှံ့စေသည့် အလင်းစဉ်အဆင့်သတ်မှတ် အယ်လ်ဂိုရီသမ်ရှိ အဓိကအချက်များ၊ Meta ၏ အယ်လ်ဂိုရီသမ်များကြောင့် ပိုမိုပျံ့နှံ့နိုင်သည့် သတင်းအချက်အလက်အမှား အမျိုးအစားများနှင့် ဤသတင်းအချက်အလက်အမှား အမျိုးအစားကို အယုံလွယ်ဆုံးအဖွဲ့များ (နှင့် Meta ၏ ဒီဇိုင်းရွေးချယ်မှုကြောင့် ၎င်းတို့သည် အဓိကအားဖြင့် ပစ်မှတ်ထားခံရခြင်းရှိ၊ မရှိ) နှင့်ပတ်သက်သော အချက်အလက်များကို ပံ့ပိုးသင့်သည်။ အကဲဖြတ်မှုသည် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားကို ပိုမိုပျံ့နှံ့စေသော ၎င်း၏ အယ်လ်ဂိုရီသမ်များနှင့် ဒီဇိုင်းရွေးချယ်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်သည့် Meta ပြုလုပ်ခဲ့သော ယခင်သုတေသန မှန်သမျှကိုလည်း အများသိရှိအောင် ကြေညာသင့်သည်။ Meta က ယင်းကဲ့သို့ဆန်းစစ်လေ့လာမှု အပါအဝင် လူ့အခွင့်အရေးအပေါ် သက်ရောက်မှု အကဲဖြတ်ချက်ကို ထုတ်ပြန်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၉၅။ Meta ၏ သတင်းအချက်အလက်အမှား ဖယ်ရှားခြင်းနှင့် ပြင်ပအဖွဲ့အစည်း အချက်အလက်စစ်ဆေးခြင်း အစီအစဉ်အပါအဝင် COVID-19 နှင့်ဆက်စပ်သော သတင်းအချက်အလက်အမှားအတွက် လူမှုကွန်ရက် ပလက်ဖောင်းများ၏ တုံ့ပြန်မှုများသည် "ယေဘုယျအားဖြင့် အပြုသဘောဆောင်" သော်လည်း လုပ်ကြံသတင်းများက ဖြစ်ပေါ်စေသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် "မလုံလောက်" ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဖော်ပြခဲ့သည်။ အထူးသတင်းထောက် ကိုယ်စားလှယ်သည် "လုပ်ကြံသတင်းနှင့် သတင်းအချက်အလက်အမှားကို လှုံ့ဆော်ပေးသောအရာများစွာအား ကျောထောက်နောက်ခံပြုထားသည့် လုပ်ငန်းမော်ဒယ်အပေါ် လေးနက်သော စိစစ်သုံးသပ်မှု" တစ်ခု ဆောင်ရွက်ရန် လိုအပ်ချက်ကို ဦးစားပေးဖော်ပြခဲ့သည်။" (က/HRC/၄၇/၂၅၊ ပိုဒ်ခွဲ ၆၅-၆၇။)
၉၆။ Meta သည် ၎င်း၏ပလက်ဖောင်းများ၏ ဒီဇိုင်းလုပ်ဆောင်ချက်များနှင့် လက်ရှိအစီအမံများက အသက်ရှင်ရပ်တည်ခွင့်၊ ကျန်းမာစွာနေထိုင်ခွင့်၊ သတင်းအချက်အလက် ရရှိခွင့်နှင့် ကမ္ဘာ့ကပ်ရောဂါနှင့် ဆက်စပ်သော ပြည်သူ့ကျန်းမာရေး အစီအမံများနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် အမြင်များကို ထုတ်ဖော်ပြောဆိုခွင့်ကဲ့သို့ ပြည်သူ့ကျန်းမာရေးနှင့် လူ့အခွင့်အရေးအပေါ် မည်သို့သက်ရောက်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ချက်အား မလုပ်ဆောင်ထားသည်ကို ဘုတ်အဖွဲ့က စိုးရိမ်လျက်ရှိသည်။ Meta အနေဖြင့် ၎င်းသည် လူ့အခွင့်အရေးအပေါ် အလားအလာရှိသော သက်ရောက်မှုများကို မှန်ကန်စွာ အကဲဖြတ်ရန် လိုအပ်သော အချက်အလက်အားလုံးကို ရယူအသုံးပြုခွင့်ရှိကြောင်း သေချာအောင်လုပ်သင့်သည်။ လုံလောက်ပြည့်စုံပြီး ရယူအသုံးပြုနိုင်သော အချက်အလက်များ၊ အရေးကြီးသော ကာကွယ်ဆေးများ၊ ဆေးဝါးများနှင့် ကုသမှုများကို လက်လှမ်းမီမှုနှင့် ကမ္ဘာတစ်ဝှမ်း၌ အကြောင်းအရာစိစစ်ခြင်းအတွက် ရင်းမြစ်စီမံပေးမှုတို့တွင် ကွဲပြားခြားနားမှုများကြောင့် ကမ္ဘာတစ်ဝှမ်းရှိ Meta ၏ ထုတ်ကုန်များတွင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်စေနိုင်သော COVID-19 ဆိုင်ရာ သတင်းအချက်အလက်အမှား ပျံ့နှံ့မှုမှ ပေါ်ပေါက်လာသည့် အန္တရာယ်များကို အကဲဖြတ်ရန် လူ့အခွင့်အရေးအပေါ် သက်ရောက်မှု အကဲဖြတ်ချက်သည် အရေးပါလှသည်။
၉၇။ အကြံပြုချက် ၁၁- Meta အနေဖြင့် ကုမ္ပဏီ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒအရ ဖယ်ရှားခံရသည့် ပြောဆိုချက်များ၏ စာရင်းအပြည့်အစုံကို ဖော်ပြထားသော အကူအညီစင်တာ စာမျက်နှာတွင် ပြောင်းလဲမှုမှတ်တမ်း ထည့်သွင်းသင့်သည်။အကူအညီစင်တာ စာမျက်နှာတွင် ပြောင်းလဲမှု မှတ်တမ်းတစ်ခု ထည့်သွင်းသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၉၈။ လူမှုစံနှုန်းများသည် စည်းကမ်းတင်းကျပ်လျက်ရှိသော မူဝါဒများရှိ ပြောင်းလဲမှုများကို အသုံးပြုသူများအား သတိပေးရန် ပြောင်းလဲမှု မှတ်တမ်းတစ်ခု ပံ့ပိုးပေးသည်။ သို့သော် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒအရ ဖယ်ရှားခံရသည့် တိကျသော ပြောဆိုချက်များ ပါရှိသည့် အကူအညီစင်တာ စာမျက်နှာသည် ပြောဆိုချက်များစာရင်းကို အပ်ဒိတ်လုပ်ချိန် သို့မဟုတ် ပြင်ဆင်ချိန်ကို ဆုံးဖြတ်နိုင်စေရန် နည်းလမ်းတစ်ခုခု သို့မဟုတ် ပြောင်းလဲမှုမှတ်တမ်းကို အသုံးပြုသူများအား မပံ့ပိုးပေးပါ။ ထို့ကြောင့် ဖယ်ရှားခံရသည့် ပြောဆိုချက်များတွင် ပြုလုပ်သည့် ဖြည့်စွက်ချက်များ သို့မဟုတ် ပြောင်းလဲမှုများကို ခြေရာခံရန် ခက်ခဲသည်။
၉၉။ ၂၀၂၀ ခုနှစ် မတ်လနှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ပြည်သူ့ကျန်းမာရေး အရေးပေါ်ကာလများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒအရ ဖယ်ရှားခံရသော ပြောဆိုချက်များစာရင်းတွင် ပြောဆိုချက်အမျိုးမျိုးကို ထည့်သွင်းခဲ့ပြီး အချို့သောပြောဆိုချက်များကို ဖယ်ရှား သို့မဟုတ် ပြင်ဆင်ခဲ့ကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။
၁၀၀။ လူတိုင်းတွင် "ပြည်သူ့ကျန်းမာရေး အကျပ်အတည်းအကြောင်း လေ့လာရန် လိုအပ်သော ဆက်သွယ်ရေးကိရိယာများကို အမှန်တကယ် ဝင်ရောက်အသုံးပြုခွင့်ရှိသင့်သည်" ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က ဆိုခဲ့သည် (က/HRC/၄၄/၄၉၊ ပိုဒ်ခွဲ ၆၃(ခ))။ အကူအညီစင်တာတွင် ပြောင်းလဲမှုမှတ်တမ်း ထည့်သွင်းခြင်းသည် သီးခြားပြောဆိုချက်များကို ဖယ်ရှားသည့်အခါ အသုံးပြုသူများကို ရှင်းလင်းစွာ အသိပေးကာ ဥပဒေနှင့်ညီညွတ်မှုဆိုင်ရာ အခြေခံမူနှင့် တစ်သမတ်တည်း ကိုက်ညီမှုရှိရမည်။ သိပ္ပံပညာဆိုင်ရာ အများသဘောတူညီချက်နှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုအား နားလည်မှုသည် ဆက်လက်၍ ပြောင်းလဲဖြစ်ပေါ်နေသောကြောင့် ပြောဆိုချက်များစာရင်းကို ပြောင်းလဲပြင်ဆင်ပုံနှင့် ပတ်သက်၍ ပိုမိုပွင့်လင်းမြင်သာမှု ရှိစေခြင်းသည် အသုံးပြုသူများအတွက် အကျိုးရှိပါမည်။
၁၀၁။ အကူအညီစင်တာတွင် ပြောင်းလဲမှုမှတ်တမ်း ထည့်သွင်းခြင်းသည် အကြံပြုချက်တစ်နှင့် နှစ်တို့နှင့် ဆက်စပ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ် တိုက်ရိုက်ကျရောက်အံ့ဆဲဆဲ ဖြစ်နိုင်ခြေ သို့မဟုတ် အလားအလာအပေါ် ပြည်သူ့ကျန်းမာရေး တာဝန်ခံအေဂျင်စီက ပြုလုပ်သည့် အကဲဖြတ်ချက်ကို အမြင်မတူသောအသုံးပြုသူများ စောဒကတက်နိုင်စေရန်လည်း ကူညီပေးပါမည်။ ဤကိုင်တွယ်ဖြေရှင်းနည်းသည် ကွဲလွဲသော သဘောထားများဖြင့် ၎င်းတို့ သဘောမတူသည့် ပြောဆိုချက်များကို မဟုတ်မမှန်ကြောင်း ငြင်းဆိုနိုင်စဉ် ပြည်သူ့ကျန်းမာရေးနှင့် စပ်လျဉ်း၍ Meta ၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားကို စီမံလုပ်ဆောင်နိုင်ပါမည်။
၁၀၂။ အကြံပြုချက် ၁၂- Meta အနေဖြင့် သုံးလပတ် စည်းကမ်းထိန်းသိမ်းရေး အစီရင်ခံစာတွင် သတင်းအချက်အလက်အမှား အမျိုးအစား (ဆိုလိုသည်မှာ ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု သို့မဟုတ် အကြမ်းဖက်မှု၊ အန္တရာယ်ရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား၊ မဲဆန္ဒရှင် သို့မဟုတ် သန်းခေါင်စာရင်းဆိုင်ရာ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခံထားရသော မီဒီယာ) နှင့် နိုင်ငံနှင့် ဘာသာစကားအလိုက် ခွဲခြမ်းစိတ်ဖြာထားသော သတင်းအချက်အလက်အမှားနှင့် ပတ်သက်သည့် သုံးလပတ် စည်းကမ်းထိန်းချုပ်မှု အချက်အလက်ကို ပံ့ပိုးပေးသင့်သည်။ ဤအချက်အလက်တွင် အယူခံအရေအတွက်နှင့် ပြန်ထည့်သွင်းထားသော အကြောင်းအရာအစိတ်အပိုင်း အရေအတွက်ဆိုင်ရာ အချက်အလက် ပါဝင်သင့်သည်။ Meta က ကုမ္ပဏီ၏ စည်းကမ်းထိန်းသိမ်းရေး အစီရင်ခံစာများတွင် သတင်းအချက်အလက်အမှား မူဝါဒဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှု အချက်အလက်ကို စတင်ထည့်သွင်းသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၀၃။ Meta က သုံးလပတ်တစ်ကြိမ် ထုတ်ပြန်သည့် လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ (CSER) တွင် လူမှုစံနှုန်းအမျိုးမျိုးအရ အရေးယူဆောင်ရွက်ထားသော အကြောင်းအရာ အစိတ်အပိုင်း ပမာဏကို ပြသသည်။ သို့သော် ဤအစီရင်ခံစာတွင် ကုမ္ပဏီ၏ သတင်းအချက်အလက်အမှား မူဝါဒဆိုင်ရာ စည်းကမ်းထိန်းသိမ်းမှု အချက်အလက်တစ်ခုမျှ မပါရှိပါ။ သတင်းအချက်အလက်အမှား လူမှုစံနှုန်းကို ၂၀၂၂ ခုနှစ် မတ်လတွင် တရားဝင်ပြဋ္ဌာန်းခဲ့သောကြောင့် တစ်စိတ်တစ်ဒေသအားဖြင့် ဤသို့ဖြစ်ရသည်ကို ဘုတ်အဖွဲ့က နားလည်သည်။ ကုမ္ပဏီတွင် ၎င်း၏ ပလက်ဖောင်းများပေါ်ရှိ COVID-19 သတင်းအချက်အလက်အမှား ပျံ့နှံ့မှုဆိုင်ရာ အချက်အလက်မရှိကြောင်း Meta က ဘုတ်အဖွဲ့ကို အသိပေးခဲ့သည်။ Meta ၏ အဆိုအရ ဤသို့ဖြစ်ရခြင်းမှာ မည်သည်က COVID-19 သတင်းအချက်အလက်အမှားနှင့်ညီမျှကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပြောင်းလဲခြင်းအပြင် မူဝါဒအရ စည်းကမ်းမထိန်းသိမ်းမီနှင့် မူဝါဒအရ စည်းကမ်းထိန်းသိမ်းပြီးချိန် အချက်အလက်ပျံ့နှံ့မှုအကြား အဓိပ္ပာယ်ပြည့်ဝသော နှိုင်းယှဉ်မှုတစ်ခုကို သတ်မှတ်ရာ၌ ခက်ခဲမှုတို့ကြောင့်ဖြစ်သည်။
၁၀၄။ သို့သော် Meta သည် ပိုမိုသေးငယ်သော အပိုင်းခွဲများအတွက် အချိန်ကာလခဏကြာ ပျံနှံ့မှုကို တိုင်းတာနိုင်ခဲ့သည်။ ကုမ္ပဏီ၏ အဆိုအရ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်အကြား COVID-19 နှင့်ဆက်စပ်သော အကြောင်းအရာသည် အမေရိကန်ပြည်ထောင်စုတွင် Facebook ပို့စ်များကြည့်ရှုမှု ၁-၂ ရာခိုင်နှုန်းတွင် ပါဝင်သည်။ ဤကြည့်ရှုမှုများအနက် ၀.၁ ရာခိုင်နှုန်းခန့်သည် သတင်းအချက်အလက်အမှားနှင့် အန္တရာယ် မူဝါဒများကို ချိုးဖောက်သည့် အကြောင်းအရာများနှင့် သက်ဆိုင်ခဲ့ကြောင်း Meta က ခန့်မှန်းသည်။
၁၀၅။ အခြားသက်ဆိုင်ရာ အချက်အလက်အမှတ်များအနက် သတင်းအချက်အလက်အမှား မူဝါဒအရ အရေးယူဆောင်ရွက်ခဲ့သော အကြောင်းအရာအစိတ်အပိုင်း အရေအတွက်နှင့် စပ်လျဉ်း၍ အများသူငှာ ဝင်ကြည့်နိုင်သော အချက်အလက်များမရှိခြင်းသည် COVID-19 သတင်းအချက်အလက် အမှားအပေါ် Meta ၏ ရှိပြီးသား တုံ့ပြန်မှုများ၏ ထိရောက်မှုကို ဆန်းစစ်ရန် သုသေသီများနှင့် ကျွမ်းကျင်သူများ၏ စွမ်းဆောင်ရည်ကို လျော့ပါးစေကြောင်း ဦးစားပေးဖော်ပြသည့် ကမ္ဘာအနှံ့ရှိ သက်ဆိုင်သူများထံမှ မှတ်ချက်များစွာကို ဘုတ်အဖွဲ့က လက်ခံရရှိခဲ့သည်။ မူဝါဒ တင်းကျပ်မှုက မှားယွင်းဆုံးဖြတ်မှု မြောက်မြားစွာကို ဖြစ်ပေါ်စေခြင်းရှိ၊ မရှိနှင့် စည်းကမ်းတင်းကျပ်မှု လွန်ကဲခြင်းအန္တရာယ်ကို လျော့နည်းစေရန် မူဝါဒကို ပြင်ဆင်သင့်၊ မသင့် ဆန်းစစ်ရန် Meta အနေဖြင့် အချက်အလက်များ ပံ့ပိုးပေးရမည်။ ယင်းနှင့်စပ်လျဉ်း၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အွန်လိုင်းရှိ လုပ်ကြံသတင်းများကို တန်ပြန်ဖြေရှင်းရန် လက်ခံကျင့်သုံးထားသော "အစီအမံများ၏ ထိရောက်မှုအပေါ် ဘက်မလိုက်သော အကဲဖြတ်ချက်တစ်ခုကို ဟန့်တားသည့် ပွင့်လင်းမြင်သာမှုနှင့် အချက်အလက် ဝင်ရောက်အသုံးပြုခွင့် ကင်းမဲ့ခြင်း" ကို ဦးစားပေးဖော်ပြခဲ့သည်။ ၎င်းသည် ကမ္ဘာအနှံ့တွင် မူဝါဒများအား တစ်သမတ်တည်း ကျင့်သုံးခဲ့ခြင်းရှိ၊ မရှိကို သက်ဆိုင်သူများ မသိရှိနိုင်အောင်လည်း တားဆီးသည်။ ( က/HRC/၄၇/၂၅၊ ပိုဒ်ခွဲ ၆၅)။
၁၀၆။ Meta အနေဖြင့် နိုင်ငံနှင့် ဘာသာစကားအလိုက် ၎င်း၏ လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်မှု အစီရင်ခံစာ အချက်အလက်ကို ခွဲခြားရန် ဘုတ်အဖွဲ့က ယခင်က အကြံပြုခဲ့သည် (“အိန္ဒိယရှိ RSS အပေါ် ပန်ချာပီစိုးရိမ်ပူပန်မှု၊ ” [ ၂၀၂၁-၀၀၃-FB-UA] အမှုဆုံးဖြတ်ချက်၊ အကြံပြုချက် တစ်)။ Meta က တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ မက်ထရစ်များကို ပြောင်းလဲရန် ကတိကဝတ်ပြုခဲ့ပြီး ၂၀၂၃ ခုနှစ်အကုန် နောက်ဆုံးထားပြီး ၎င်းတို့ကို စတင်ဖြန့်ချိရန် လျာထားချက်ကို သတ်မှတ်ခဲ့သည်။ နိုင်ငံ သို့မဟုတ် ဘာသာစကားအလိုက် စည်းကမ်းထိန်းသိမ်းရေး အချက်အလက်ကို ခွဲခြားခြင်းသည် မတူညီသော ကမ္ဘာ့အစိတ်အပိုင်းများရှိ ပြဿနာ၏ အတိုင်းအတာနှင့် ကုမ္ပဏီ၏ စည်းကမ်းထိန်းသိမ်းရေး အစီအမံများ၏ နှိုင်းယှဉ်နိုင်သောထိရောက်မှုကို နားလည်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ အရေးကြီးသည်မှာ ကုမ္ပဏီ၏ ကြိုးပမ်းအားထုတ်မှုများကို သုတေသီများနှင့် အရပ်ဘက်အဖွဲ့အစည်းက ဆန်းစစ်လေ့လာနိုင်စေမည့် သက်ဆိုင်ရာ အချက်အလက် မရှိသောကြောင့် ဘုတ်အဖွဲ့နှင့် Meta ရှိ သက်ဆိုင်သူများအနေဖြင့် COVID-19 သတင်းအချက်အလက်အမှားကို ရင်ဆိုင်ဖြေရှင်းရန် ကုမ္ပဏီ၏ လက်ရှိကျင့်သုံးနေသော ကမ္ဘာလုံးဆိုင်ရာ မူဝါဒနှင့် စည်းကမ်းထိန်းသိမ်းမှု ကိုင်တွယ်ဖြေရှင်းနည်းတို့၏ ထိရောက်မှုကို အပြည့်အဝနှင့် အဓိပ္ပာယ်ရှိစွာ နားလည်ရာတွင် အဟန့်အတားဖြစ်နေသည်။
၁၀၇။ အကြံပြုချက် ၁၃-Meta အနေဖြင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှားမူဝါဒချိုးဖောက်မှုများအတွက် အကြောင်းအရာကို စိစစ်သုံးသပ်ပေးရန် အစိုးရအရာရှိ၏ တောင်းဆိုချက်များကို အစီရင်ခံရန် ၎င်း၏ "လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ" တွင် ကဏ္ဍတစ်ခု ဖန်တီးသင့်သည်။ အစီရင်ခံစာတွင် နိုင်ငံနှင့် အစိုးရအေဂျင်စီတို့၏ စိစစ်သုံးသပ်ပေးရန်နှင့် ဖယ်ရှားပေးရန် တောင်းဆိုမှုအရေအတွက်နှင့် Meta ၏ ပယ်ချမှုနှင့် အတည်ပြုမှု အရေအတွက်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါဝင်သင့်သည်။ Meta က ၎င်း၏ “လူမှုစံနှုန်း ထိန်းသိမ်းတင်းကျပ်ရေးဆိုင်ရာ အစီရင်ခံစာ” တွင် အစိုးရအရာရှိများထံမှ ဤမူဝါဒချိုးဖောက်မှု အမျိုးအစားကြောင့် ဖယ်ရှားပေးစေလိုသည့် တောင်းဆိုမှုများနှင့် ပတ်သက်၍ သီးခြားကဏ္ဍတစ်ခုကို ထုတ်ပြန်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၀၈။ "ယူကေ လမ်းဘေးရက်ပ်ဂီတ" အမှု [ ၂၀၂၂-၀၀၇-IG-MR] တွင် "လူမှုစံနှုန်း ချိုးဖောက်မှုများအတွက် အကြောင်းအရာကို စိစစ်သုံးသပ်၍ ဖယ်ရှားပေးရန် အစိုးရအဖွဲ့၏ တောင်းဆိုချက်များနှင့် ပတ်သက်သည့် အချက်အလက်များကို ဖြန့်ချိရန်" ဘုတ်အဖွဲ့က Meta ကို အကြံပြုခဲ့သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါ အပြင်းထန်ဆုံးအချိန်တွင် အစိုးရများ၏ ညွှန်ကြားချက်ဖြင့် COVID-19 ဆိုင်ရာ အကြောင်းအရာများကို Meta က ပြန်လည်သုံးသပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ အစိုးရမူဝါဒများကို ဝေဖန်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ သို့မဟုတ် လူ့အခွင့်အရေး ကာကွယ်သူများကို နှိမ်နှင်းရန် သို့မဟုတ် လူထုအငြင်းပွားမှုကို နှုတ်ပိတ်ရန် အစိုးရများက ယင်းကဲ့သို့တောင်းဆိုချက်များကို ပြုလုပ်သည့် နိုင်ငံများတွင် ဤအလားအလာသည် ပိုမိုဆိုးဝါးနိုင်သည်။ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း လွတ်လပ်စွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်သည် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများက ကမ္ဘာ့ကပ်ရောဂါကို နိုင်ငံတော်အရေးပေါ် အခြေအနေတစ်ခု ပြဋ္ဌာန်းရန် သို့မဟုတ် အခြားတစ်နည်းအားဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် ရှိရင်းစွဲဖြစ်သည့် လျော်ကန်သော လုပ်ငန်းစဉ် လိုအပ်ချက်များနှင့် အဖွဲ့အစည်းဆိုင်ရာ စစ်ဆေးမှုများနှင့် ချိန်ညှိမှုများကို ရှောင်တိမ်းရန် မူမမှန်သော အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခြင်းနှင့်ပတ်သက်၍ စိုးရိမ်မှုများကို တင်ပြခဲ့သည်။ ၎င်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကဲ့သို့ အခြေခံ လူ့အခွင့်အရေးများကို ထိခိုက်စေခဲ့သည် ( က/HRC/၅၀/၄၂၊ ပိုဒ်ခွဲ ၁၈၊ က/၇၇/၁၇၁၊ ပိုဒ်ခွဲ ၄၀၊ ၆၇)။ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွင်း ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒအရ အကြောင်းအရာကို စိစစ်သုံးသပ်ပေးရန် အစိုးရအရာရှိ၏ တောင်းဆိုချက်များဆိုင်ရာ အသေးစိတ် အစီရင်ခံစာတစ်ခုသည် အသုံးပြုသူများ၊ အထူးသဖြင့် ခုခံနိုင်စွမ်းအားနည်းသော အရပ်ဘက်နေရာများရှိသည့် ထိခိုက်ခံစားရနိုင်ခြေများသော နိုင်ငံများမှ အသုံးပြုသူများအတွက် လျော်ကန်သောလုပ်ငန်းစဉ်ကို ပံ့ပိုးပေးပါမည်။
၁၀၉။ နည်းပညာကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို "ရပိုင််ခွင့်များ ထောက်ခံအားပေးသော လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်တက်ကြွကြွပါဝင်သူများ" ကို စောင့်ကြည့်ရန် သို့မဟုတ် ထိန်းချုပ်ရန် အစိုးရများက အသုံးမပြုကြောင်း သေချာအောင်လုပ်ရမည်ဟု ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က အကြံပြုခဲ့သည် (က/၇၇/၁၇၁၊ ပိုဒ်ခွဲ ၇၁)။ ကုမ္ပဏီ၏ ကော်ပိုရိတ် လူ့အခွင့်အရေး မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း အစိုးရများထံမှ အွန်လိုင်းနှောင့်ယှက်မှု၊ စောင့်ကြည့်မှုနှင့် ဆင်ဆာဖြတ်တောက်ပေးရန် တောင်းဆိုမှုများကို ဆန့်ကျင်သော လူ့အခွင့်အရေး ကာကွယ်သူများအား လုပ်ပိုင်ခွင့်အာဏာပေးရန် Meta ၏ ကတိကဝတ်ကို ဘုတ်အဖွဲ့က ချီးကျူးသည်။ Meta ၏ သတင်းအချက်အလက်အမှား လူမှုစံနှုန်းအရ အကြောင်းအရာကို စိစစ်သုံးသပ်ပေးရန်နှင့်/သို့မဟုတ် ဖယ်ရှားပေးရန် အစိုးရတောင်းဆိုချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ခြင်းက ဤကတိကဝတ်ကို လက်တွေ့ပြသနိုင်ပါမည်။
၁၁၀။ အကြံပြုချက် ၁၄- Meta အနေဖြင့် CrowdTangle နှင့် Facebook Open Research and Transparency (FORT) ကဲ့သို့ ရှိပြီးသား သုတေသနကိရိယာများကို သုတေသနပညာရှင်များ ဆက်လက်အသုံးပြုနိုင်အောင် သေချာလုပ်ပေးသင့်သည်။ Meta က သုတေသနပညာရှင်များထံ ဤကိရိယာများမှတစ်ဆင့် အချက်အလက် မျှဝေရန် ၎င်း၏ ကတိကဝတ်ကို လူသိရှင်ကြား ကြေညာသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၁၁။ အကြံပြုချက် ၁၅- Meta အနေဖြင့် ဤလမ်းကြောင်းများက Meta အသုံးပြုသူ၏ ကိုယ်ရေးလုံခြုံမှု ရပိုင်ခွင့်နှင့် ပလက်ဖောင်းပြင်ပရှိ လူများ၏ လူ့အခွင့်အရေးများကို ကာကွယ်ပေးကြောင်း သေချာအောင် လုပ်ဆောင်စဉ် COVID-19 သတင်းအချက်အလက်အမှား ဖယ်ရှားခြင်းနှင့် ပျံ့နှံ့မှုလျှော့ချခြင်းနှင့် ဆက်စပ်သည့် မူဝါဒဆိုင်ရာ ကြားဝင်ဖြေရှင်းမှုများ၏ သက်ရောက်မှုများကို သီးခြားလွတ်လပ်စွာ လေ့လာနိုင်စေရန် အများသူငှာမသိနိုင်သော အချက်အလက်များကို ပြင်ပမှသုတေသီများ ဝင်သုံးခွင့်ရစေရန် လမ်းကြောင်းတစ်ခုကို အကောင်အထည်ဖော်သင့်သည်။ ဤအချက်အလက်များတွင် COVID-19 သတင်းအချက်အလက်အမှားဆိုင်ရာ ကြားဝင်ဖြေရှင်းမှုများနှင့် ပတ်သက်ပြီး ပြစ်မှုပြန်လည်ကျူးလွန်နှုန်း အပါအဝင် ယခင်က ရရှိနိုင်အောင် မလုပ်ပေးထားသည့် တိုင်းတာမှုများ ပါဝင်သင့်သည်။ Meta က ဤဒေတာအစုများကို ပြင်ပမှသုတေသီများ အသုံးပြုနိုင်အောင် လုပ်ပေးပြီး ၎င်းကို ဘုတ်အဖွဲ့နှင့် အတည်ပြုသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၁၂။ တစ်စိတ်တစ်ပိုင်းအားဖြင့် အသုံးပြုသူများ၊ သုတေသီများနှင့် တက်ကြွလှုပ်ရှားသူများအား ပြဿနာ၏ သဘောသဘာဝကို နားလည်သဘောပေါက်အောင် ရှင်းပြနိုင်သည့် အများအသုံးပြုနိုင်သော အချက်အလက်များ မရှိခြင်းကြောင့် လုပ်ကြံသတင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲရှိမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့သည် ( က/HRC/၄၇/၂၅၊ စာပိုဒ် ၃၊ ၆၇၊ ၈၁)။ ထို့အတွက်ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က "သုတေသနပြုခြင်း၊ မူဝါဒဖန်တီးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း" တို့အတွက် အချက်အလက်များကို အသုံးပြုနိုင်အောင် လုပ်ပေးရန် အကြံပြုထားသည် (က/HRC/၄၇/၂၅၊ စာပိုဒ် ၁၀၄)။
၁၁၃။ CrowdTangle သည် "Facebook နှင့် Instagram အားလုံးရှိ ဩဇာလွှမ်းမိုးသော အများမြင်အကောင့်များနှင့် အဖွဲ့များ" ကို ခြေရာခံစောင့်ကြည့်ရန်နှင့် သတင်းအချက်အလက်အမှား အပါအဝင် သက်ဆိုင်ရာ အလားအလာများကို ပိုင်းခြားစိစစ်ရန်အတွက် ပြင်ပသုတေသီများ အသုံးပြုနိုင်သော ကိရိယာတစ်ခုဖြစ်သည်။ ကိရိယာ၏ ဒေတာဘေ့စ်တွင် အတည်ပြုစစ်ဆေးထားသော/အများမြင် အသုံးပြုသူများ၊ ပရိုဖိုင်များနှင့် အကောင့်များအားလုံး ပါဝင်ပြီး ယင်းတို့မှာ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များ၊ မီဒီယာနှင့် ထုတ်ဝေသူများ၊ နာမည်ကြီးအနုပညာရှင်များ၊ အားကစားအသင်းများနှင့် အခြားလူသိများသော ပုဂ္ဂိုလ်များ အသုံးပြုနေကြသည်များဖြစ်သည်။ ၎င်းတွင် နိုင်ငံအလိုက် သီးခြားအရွယ်အစား သတ်မှတ်အဆင့်အထက်ရှိ အများဆိုင်အဖွဲ့များနှင့် စာမျက်နှာများလည်း ပါဝင်သည်။ ၎င်းသည် ပို့စ်တင်ထားသော အကြောင်းအရာ၏ ရက်စွဲနှင့်အမျိုးအစား၊ အကြောင်းအရာကို မျှဝေခဲ့သော စာမျက်နှာ၊ အကောင့် သို့မဟုတ် အဖွဲ့၊ အကြောင်းအရာနှင့် တုံ့ပြန်ဆက်သွယ်မှုများ လုပ်ခဲ့သည့် အကြိမ်ရေနှင့် တုံ့ပြန်ဆက်သွယ်မှု အမျိုးအစားအပြင် ၎င်းကို မျှဝေခဲ့သည့် အခြားအများမြင် စာမျက်နှာများ သို့မဟုတ် အကောင့်များနှင့် ပတ်သက်သည့် အချက်အလက်ကို မျှဝေသည်။ ၎င်းသည် အကြောင်းအရာ၏ ပျံ့နှံ့ရောက်ရှိမှု၊ သီးသန့်အကောင့်များက တင်ထားသော အချက်အလက် သို့မဟုတ် အကြောင်းအရာ၊ အခပေး သို့မဟုတ် ကြော်ငြာထားသော အကြောင်းအရာ သို့မဟုတ် အကြောင်းအရာနှင့် တုံ့ပြန်ဆက်သွယ်သော အသုံးပြုသူများ၏ လူမှုအချက်အလက်များကို ခြေရာမခံပါ။ CrowdTangle တွင် Facebook စာမျက်နှာ၊ အဖွဲ့နှင့် အတည်ပြုထားသည့် ပရိုဖိုင်ပေါင်း ခုနစ်သန်းကျော်နှင့် အများမြင် Instagram အကောင့် နှစ်သန်းကျော်နှင့် ပတ်သက်သော အချက်အလက်များရှိသည်။
၁၁၄။ ၂၀၂၂ ခုနှစ်တွင် Meta သည် CrowdTangle ကို အသုံးပြုခြင်းအား ရပ်ဆိုင်းရန် စီစဉ်နေကြောင်း သတင်းအစီရင်ခံချက်များက ဆိုထားသည်။ Meta က ဤအကြောင်းအရာကို လူသိရှင်ကြား အတည်မပြုထားသော်လည်း သုတေသနသုံး ကိရိယာများကို ကုမ္ပဏီအနေဖြင့် ရပ်ဆိုင်းခြင်းထက် ပိုမိုခိုင်မာအောင် လုပ်ဆောင်သင့်သည်ဟု ဘုတ်အဖွဲ့က အလေးပေးပြောကြားခဲ့သည်။ ဤနည်းအားဖြင့် ပြင်ပသုတေသီများက COVID-19 သတင်းအချက်အလက်အမှား၏ သက်ရောက်မှု အပါအဝင် Meta ထုတ်ကုန်များ၏ သက်ရောက်မှုကို နားလည်စေပါမည်။
၁၁၅။ ပညာရှင်များနှင့် သုတေသီများအတွက် ကိုယ်ရေးလုံခြုံမှု ကာကွယ်ထားသော ဒေတာအစုအမျိုးမျိုးကို ပံ့ပိုးပေးသည့် Facebook Open Research and Transparency (FORT) ကိရိယာကို သတ်မှတ်လုပ်ဆောင်ရန် Meta ၏ ကြိုးပမ်းအားထုတ်မှုများကို ဘုတ်အဖွဲ့က မှတ်ချက်ပြုသည်။ ကုမ္ပဏီ၏ အဆိုအရ FORT ၏ သုတေသီပလက်ဖောင်းက လူမှုသိပ္ပံပညာရှင်များအား "လူမှုရေးဖြစ်စဉ်ကို လေ့လာပြီး ရှင်းပြနိုင်ရန်အတွက် အပြုအမူဆိုင်ရာဒေတာများစွာ" နှင့် ပတ်သက်ပြီး ထိခိုက်လွယ်သော အချက်အလက်များကို ထိန်းချုပ်ထားသော ပတ်ဝန်းကျင်တစ်ခုတွင် ဝင်သုံးခွင့် ပေးအပ်သည်။ သို့သော် Meta ၏ "အသုံးပြုမှုဆိုင်ရာ ကန့်သတ်ထားသော စည်းမျဉ်းများ" သို့မဟုတ် အဓိပ္ပာယ်ပြည့်ဝသော ဆန်းစစ်လေ့လာမှု ဆောင်ရွက်ရန် သုတေသီများအား အချက်အလက်ပံ့ပိုးမှု မလုံလောက်ခြင်း ကဲ့သို့ ပညာရပ်ဆိုင်ရာ သုတေသနအတွက် ကိရိယာ၏ ချို့ယွင်းချက်များသည် အစီရင်ခံစာများတွင် ဖော်ပြထားသည်။ ထိုသို့ဆိုထားသော်ငြားလည်း အခြားလူမှုကွန်ရက် ကုမ္ပဏီများ၏ အခြေအနေနှင့်ယှဉ်လျှင် Meta သည် ပြင်ပသုတေသီများထံ အချက်အလက်များ မျှဝေရန် သိသာသော အဆင့်များ ဆောင်ရွက်ခဲ့သည်ကို ဘုတ်အဖွဲ့က အသိအမှတ်ပြုပြီး ထို့ထက်ပို၍ပင် လုပ်ဆောင်ရန် ဘုတ်အဖွဲ့က Meta အား တိုက်တွန်းထားသည်။
၁၁၆။ ဤမူဝါဒအကြံပေး သဘောထားအမြင်အတွက် ဆောင်ရွက်ခဲ့သော ကျွမ်းကျင်ပညာရှင်များနှင့် ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ချက်များ တစ်လျှောက်လုံးတွင် သုတေသီများသည် COVID-19 သတင်းအချက်အလက်အမှားနှင့် ပတ်သက်သော အလားအလာများကို ခြေရာခံစောင့်ကြည့်ရန် ဤကိရိယာများ၏ လိုအပ်မှုကို ထပ်ခါတလဲလဲ ထောက်ခံပြောဆိုခဲ့သည်။ မူဝါဒအကြံပေး သဘောထားအမြင် တောင်းဆိုမှု၏ ကောင်းကွက်များကို အကဲဖြတ်သည့်အခါတွင် သက်ဆိုင်ရာ အချက်အလက်များကို ဝင်သုံးခွင့်မရှိခြင်းကလည်း ဘုတ်အဖွဲ့အတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဘုတ်အဖွဲ့ နားလည်စေရန်အလို့ငှာ ဤအချက်အလက်အချို့ကို ကုမ္ပဏီကိုယ်တိုင်ပင် အသုံးပြု၍မရနိုင်သည့်အပြင် အချို့ကို အသုံးပြုနိုင်သော်လည်း ဘုတ်အဖွဲ့အပါအဝင် ပြင်ပကျွမ်းကျင်ပညာရှင်များနှင့် မျှဝေ၍ မရနိုင်ပါ။ Meta အနေဖြင့် သုတေသီများအား ပလက်ဖောင်းပေါ်ရှိ COVID-19 သတင်းအချက်အလက်အမှား ပျံ့နှံ့မှုနှင့် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် သီးခြားအစီအမံများ၏ ထိရောက်မှုကို ခြေရာခံရန် သက်ဆိုင်ရာအချက်အလက်သို့ ဝင်သုံးခွင့် ပေးသင့်သည်။ ယင်းကဲ့သို့ အချက်အလက်များသည် အထက်တွင် ဆွေးနွေးထားသော လူ့အခွင့်အရေးအပေါ် သက်ရောက်မှုအကဲဖြတ်ချက် ပြုလုပ်ရန်လည်း မရှိမဖြစ်လိုအပ်သည်။
၁၁၇။ အကြံပြုချက် ၁၆- Meta အနေဖြင့် COVID-19 မူဝါဒအကြံပေး သဘောထားအမြင် လုပ်ငန်းစဉ်အတွင်း ဘုတ်အဖွဲ့ထံ ၎င်းမျှဝေခဲ့သည့် ကြားနေအညွှန်းနှင့် အချက်အလက်စစ်ဆေးခြင်း အညွှန်းဆိုင်ရာ ၎င်း၏သုတေသနလုပ်ဆောင်မှုမှ တွေ့ရှိချက်များကို ထုတ်ပြန်သင့်သည်။ Meta က ဤသုတေသနကို ၎င်း၏ ပွင့်လင်းမြင်သာမှုစင်တာတွင် လူသိရှင်ကြား ထုတ်ပြန်သည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၁၈။ NIT များ၏ စဉ်ဆက်မပြတ် ထိရောက်မှုကို အကဲဖြတ်ရန် ကုမ္ပဏီက လုပ်ဆောင်ခဲ့သော စမ်းသပ်ချက်များ၏ ရလဒ်များကဲ့သို့ NIT များနှင့် အကြောင်းအရာ အဆင့်လျှော့ချခြင်းတို့၏ ထိရောက်မှုနှင့် ပတ်သက်ပြီး Meta က ဘုတ်အဖွဲ့ထံ မျှဝေပေးခဲ့သော အချက်အလက်များကို ဘုတ်အဖွဲ့က အသိအမှတ်ပြုပါသည်။ ဤစမ်းသပ်လေ့လာမှုများမှ တွေ့ရှိချက်များအား COVID-19 သတင်းအချက်အလက်အမှားအတွက် ကုမ္ပဏီ၏ တုံ့ပြန်မှုများ၏ အကျိုးသက်ရောက်မှုကို နားလည်ရန် ကြိုးပမ်းနေသော ပြင်ပသုတေသီများနှင့် ပိုမိုကျယ်ပြန့်စွာ မျှဝေသင့်ကြောင့် ဘုတ်အဖွဲ့က ယူဆသည်။
၁၁၉။ အကြံပြုချက် ၁၇- Meta အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သုတေသနပညာရှင်များအတွက် သာတူညီမျှဖြစ်သော အချက်အလက်အသုံးပြုခွင့်ကို သေချာအောင် လုပ်ပေးသင့်သည်။ ဥရောပရှိ သုတေသနပညာရှင်များတွင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ အက်ဥပဒေ (DSA) ဖြင့် အချက်အလက်အသုံးပြုခွင့် လျှောက်ထားရန် လမ်းစတစ်ခုရှိသော်လည်း ၎င်းသည် Global North သုတေသနတက္ကသိုလ်များမှ သုတေသနပညာရှင်များအပေါ် သတ်မှတ်အညွှန်းကိန်းထက် မကျော်စေရန် Meta က သေချာလုပ်ဆောင်သင့်သည်။ COVID-19 သတင်းအချက်အလက်အမှား၏ ပျံ့နှံ့မှုနှင့် Meta ၏ မူဝါဒများဆိုင်ရာ အကျိုးသက်ရောက်မှုအပေါ် သုတေသနလုပ်ခြင်းဖြင့် ယခုအရေးပေါ်အခြေအနေများနှင့် နောင်လာမည့် အရေးပေါ်အခြေအနေများတွင် အန္တရာယ်ရှိသော ကျန်းမာရေး သတင်းအချက်အလက်အမှားကို ယေဘုယျအားဖြင့် နားလည်သဘောပေါက်မှုနှင့် အနာဂတ်တုံ့ပြန်မှုများကို ပုံဖော်ပေးပါမည်။ အဆိုပါသုတေသနကို Global North တွင် အချိုးမညီမျှစွာ အလေးပေးပါက တုံ့ပြန်မှုသည်လည်း အလားတူပင်ဖြစ်ပါမည်။ Meta က DSA အရ EU နိုင်ငံများသို့ ပံ့ပိုးပေးသည်နှင့် အလားတူသော အချက်အလက်အသုံးပြုခွင့်ကို ကမ္ဘာတစ်ဝှမ်းလုံးရှိ သုတေသနပညာရှင်များအား ပံ့ပိုးပေးရန် ၎င်း၏အစီအစဉ်ကို မျှဝေသည့်အခါ ဤအကြံပြုချက်ကို အကောင်အထည်ဖော်လိုက်ပြီဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၂၀။ လုပ်ကြံသတင်းစီးဆင်းမှုများဆိုင်ရာ သုတေသနအများစုသည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပအနောက်ပိုင်းတွင် ဖြစ်ပွားသည့် အလားအလာများနှင့် ပုံစံများကို အချိုးမညီမျှစွာ ထည့်တွက်သည်။ ၎င်းသည် ဤမြေပြင်တည်နေရာများ၏ သီးခြားပြဿနာများအလိုက် အကြောင်းအရာဆိုင်ရာ မူဝါဒ ကြားဝင်ဆောင်ရွက်မှုများကို ဘောင်ခတ်မိစေနိုင်သည်။ အီသီယိုးပီးယားနှင့် မြန်မာနိုင်ငံရှိ လူမျိုးရေးပဋိပက္ခများကို မီးလောင်ရာ လေပင့်သည့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အခြေခံသည့် မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများကို ကိုးကားကာ “ထိခိုက်လွယ်သူများနှင့် လူနည်းစုအသိုင်းအဝိုင်းများ" ပေါ်တွင် မဟုတ်မမှန် လုပ်ကြံသတင်းများ၏ သက်ရောက်မှုအပေါ် နောက်ထပ် သုတေသနလုပ်ဆောင်ပေးရန် အရပ်ဘက်အဖွဲ့အစည်း၏ တောင်းဆိုမှုများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးသတင်းထောက် ကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့သည် ( က/HRC/၄၇/၂၅၊ ပိုဒ်ခွဲ ၂၆)။ Meta က ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ အက်ဥပဒေနှင့်အညီ၊ ၎င်း၏ ကိုယ်ပိုင် FORT ကို ဆက်လက်အသုံးပြုလျက် ပြင်ပသုတေသီများ ဝင်သုံးခွင့်ကို တိုးချဲ့ပေးထားစဉ် ကုမ္ပဏီသည် ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်များနှင့် သုတေသီများကို ကိုယ်စားပြုမှုရှိစေရန် သေချာအောင် လုပ်သင့်သည်။
၁၂၁။ အကြံပြုချက် ၁၈- Meta သည် သတင်းအချက်အလက်အမှား မူဝါဒကို ကျင့်သုံးခြင်း၏ ထိရောက်မှုအပေါ် အပြန်အလှန်စစ်ဆေးသည့် အစောပိုင်းတုံ့ပြန်မှု ဆင့်ပွားစိစစ ်သုံးသပ်ရေး (ERSR) စနစ်၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်သင့်ပြီး Meta ၏ အပြန်အလှန်စစ်ဆေးခြင်း အစီအစဉ်အပေါ် ဘုတ်အဖွဲ့၏ မူဝါဒအကြံပေး သဘောထားအမြင်ရှိ အကြံပြုချက် ၁၆ နှင့် ၁၇ သည်ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်ကာလအတွင်း ကျန်းမာရေးနှင့် ပတ်သက်သော သတင်းအချက်အလက်အမှားများဆိုင်ရာ မူဝါဒကို ချိုးဖောက်သည့် အကြောင်းအရာများကို တင်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ကြောင်း သေချာစေသင့်သည်။ Meta သည် ၎င်း၏တွေ့ရှိချက်များကို ဘုတ်အဖွဲ့နှင့် မျှဝေပြီး ၎င်းကို လူသိရှင်ကြား ထုတ်ပြန်သောအခါတွင် ဤအကြံပြုချက်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု ဘုတ်အဖွဲ့က ယူဆပါမည်။
၁၂၂။ Meta ၏အဆိုအရ အန္တရာယ်အများဆုံး ချိုးဖောက်မှုရှိကြောင်း မှားယွင်းအချက်ပြခြင်းအပေါ် စိစစ်မှု အမှားအယွင်းများကို လျှော့ချရန် အပြန်အလှန်စစ်ဆေးခြင်း အစီအစဉ်ကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ အပြန်အလှန်စစ်ဆေးခြင်း အစီအစဉ်၏ ပထမပိုင်းသည် အကျိုးခံစားခွင့်ရှိသော အဖွဲ့အစည်းများမှ တင်ထားသော ချိုးဖောက်နိုင်ခြေရှိသည့် အကြောင်းအရာများကို ထပ်မံ၍ လူကိုယ်တိုင် စိစစ်သုံးသပ်ကြောင်း အာမခံပေးသော အစောပိုင်းတုံ့ပြန်မှု ဆင့်ပွား စိစစ်သုံးသပ်ရေး (ERSR) စနစ်ဖြစ်သည်။ Meta သည် ERSR မှ ထွက်ပေါ်လာသည့် အကျိုးကျေးဇူးများကို ရရှိပိုင်ခွင့်ရှိသည်ဟု ကုမ္ပဏီက ဆုံးဖြတ်ထားသူများအပေါ် အခြေခံ၍ အကျိုးခံစားခွင့်ရှိသော အဖွဲ့အစည်းများ၏ စာရင်းများကို ထိန်းသိမ်းထားသည်။ အဖွဲ့အစည်းများသည် Facebook စာမျက်နှာများ၊ Facebook ပရိုဖိုင်များနှင့် Instagram အကောင့်များ ဖြစ်နိုင်ပြီး လူတစ်ဦးချင်းစီနှင့် အဖွဲ့များ သို့မဟုတ် အဖွဲ့အစည်းများကို ကိုယ်စားပြုနိုင်သည်။ ဤစာရင်းများတွင် ပါဝင်သော အသုံးပြုသူအများစုမှာ ထင်ရှားကျော်ကြားသူများ၊ ကုမ္ပဏီကြီးများ၊ အစိုးရခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများ ဖြစ်ကြသည်။
၁၂၃။ Meta ၏ အပြန်အလှန်စစ်ဆေးခြင်း အစီအစဉ်နှင့်ပတ်သက်၍ ၎င်း၏ မူဝါဒအကြံပေး သဘောထားအမြင်တွင် Meta အနေဖြင့် “၎င်းတို့၏ ထုတ်ဖော်တင်ပြမှုသည် လူ့အခွင့်အရေးရှုထောင့်မှကြည့်လျှင် ထပ်လောင်း ကာကွယ်မှုရထိုက်သည့် အသုံးပြုသူများ” နှင့် “စီးပွားရေးလုပ်ငန်း အကြောင်းကိစ္စများအရ ပါဝင်သည့်” အသုံးပြုသူများအကြား ကွဲပြားစေမည့် “အဖွဲ့အစည်းအခြေခံ အမှားအယွင်း ကာကွယ်မှုဆိုင်ရာ သတ်မှတ်ချက်ပြည့်မီမှုအတွက် ရှင်းလင်း၍ အများသိအောင် ထုတ်ပြန်ထားသော စံနှုန်းများ” ကို သတ်မှတ်ရန် ဘုတ်အဖွဲ့က အကြံပြုထားသည်။
၁၂၄။ နိုင်ငံရေးသမားများသည် ကုမ္ပဏီ၏ ကြားခံပြင်ပ အချက်အလက်စစ်ဆေးမှု အစီအစဉ်မှ ကင်းလွတ်ခွင့်ရှိသည်။ ဆိုလိုသည်မှာ အန္တရာယ်ရှိသော ကျန်းမာရေး သတင်းအချက်အလက်အမှား မူဝါဒအရ ဖယ်ရှားထားခြင်း မဟုတ်သော နိုင်ငံရေးသမားများမှ မျှဝေထားသည့် အချက်အလက်မှားများကို ကြားခံပြင်ပ အချက်အလက်စစ်ဆေးသူများက စိစစ်သုံးသပ်ပြီး အညွှန်းတပ်ခြင်းမပြုနိုင်ပါ။ ERSR သည် အသိုင်းအဝိုင်းစံနှုန်းတစ်ခု၏ ထိရောက်မှုကို အကဲဖြတ်မည့်အစား စည်းကမ်းထိန်းသိမ်းမှုတွင် အမှားများမဖြစ်အောင် ကာကွယ်ရန်အတွက် သတ်မှတ်ထားခြင်းဖြစ်သောကြောင့် COVID-19 သတင်းအချက်အလက်အမှား မူဝါဒ၏ ထိရောက်မှုအပေါ် ERSR စနစ်၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ခြင်း မပြုထားကြောင်းလည်း Meta က ရှင်းပြခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီတွင်းရှိအဖွဲ့များသည် COVID-19 သတင်းအချက်အလက်အမှား မူဝါဒအပေါ် ၎င်း၏သက်ရောက်မှုနှင့် ပတ်သက်သည့် ဒေတာကို ခြေရာခံခြင်း သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်းမပြုပါ။
၁၂၅။ ဤ COVID-19 မူဝါဒ အကြံပေး သဘောထားအမြင်အတွက် ဌာနတွင်း သုတေသနပြုလုပ်ခြင်းအပြင် သက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံမှုအပေါ် အခြေခံ၍ သတင်းအချက်အလက်အမှား ဖြန့်ဝေသူ အများအပြားသည် ထင်ရှားကျော်ကြားသူများ၊ နိုင်ငံရေးသမားများ၊ နိုင်ငံတော်အာဏာပိုင်များနှင့် ERSR အစီအစဉ်၏ အကျိုးကျေးဇူးများကို ခံစားခွင့်ရရှိနိုင်သော အဖွဲ့အစည်းများ ဖြစ်နိုင်သည့် ဘာသာရေးဆိုင်ရာ ထင်ရှားသည့် ပုဂ္ဂိုလ်များကဲ့သို့ ထင်ရှားသည့် ဟောပြောသူများဖြစ်ကြောင်း ဘုတ်အဖွဲ့က တွေ့ရှိရသည်။ ဥပမာအားဖြင့် Media Matters for America (PC-၁၀၇၅၈) မှ တင်ပြချက်သည် သတင်းအချက်အလက်အမှားများအား ဖြေရှင်းရန် ကြိုးပမ်းမှုများကို အားနည်းစေသည့် Meta ၏ အပြန်အလှန်စစ်ဆေးမှုစနစ်၏ အကျိုးသက်ရောက်မှုကို အာရုံစိုက်စေခဲ့သည်။ ထင်ရှားကျော်ကြားသူများ၊ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များနှင့် အခြားထင်ရှားသည့် အသုံးပြုသူများကို အကြောင်းအရာ ချိုးဖောက်မှုများအတွက် “စည်းကမ်းထိန်းသိမ်းမှုပြုလုပ်ရာတွင် ပိုမိုနှေးကွေးသောကြောင့် သို့မဟုတ် ပိုမိုသက်ညှာပေးသောကြောင့်” သတင်းအချက်အလက်အမှားများသည် ပလက်ဖောင်းပေါ်တွင် ဆက်ရှိနေခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က “သိသာထင်ရှားသော ပလက်ဖောင်းများရှိသည့် ပုဂ္ဂိုလ်များ” က ဖြန့်သည့် “မယုံကြည်ရသော အချက်အလက်” နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အလားတူ ပြောကြားခဲ့ပြီး ၎င်းသည် “မလိုတမာစိတ်ဖြင့် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်ဘဲလုပ်သည်ဖြစ်စေ ဆိုးရွားစွာထိခိုက်စေနိုင်သည်” ဟု ပြောကြားထားသည်။ နိုင်ငံတော်အာဏာပိုင်များသည် ဗိုင်းရပ်စ်၏ဇာစ်မြစ်၊ ရောဂါလက္ခဏာများကို ကုသရန် ဆေးဝါးများရရှိနိုင်မှုနှင့် ၎င်းတို့နိုင်ငံရှိ COVID-19 အခြေအနေ အစရှိသည်တို့နှင့် ပတ်သက်၍ “မကြာခဏ မဆင်မခြင် ပြောဆိုမှုများ” ကိုလည်း ဖြန့်ဝေခဲ့ကြသည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြည်သူ့ဝန်ထမ်းများကို ၎င်းတို့၏ ထုတ်ပြန်ချက်များနှင့် လုပ်ရပ်များအတွက် တာဝန်ခံရန် အကြံပြုထားသည်။ ( A/HRC/၄၄/၄၉၊ အပိုဒ် ၄၁၊ ၄၅၊ ၆၃(ဂ)၊ A/HRC/၄၇/၂၅၊ အပိုဒ် ၁၈ ယေဘုယျအားဖြင့် ထင်ရှားကျော်ကြားသူများကို သတင်းအချက်အလက်အမှားများကို ဖြန့်ချိသူများအဖြစ် ဖော်ထုတ်တွေ့ရှိခြင်းကိုလည်း ကြည့်ပါ။)
၁၂၆။ ERSR အစီအစဉ်အရ အကျိုးခံစားခွင့်ရှိသော အဖွဲ့အစည်းများမှ တင်ထားသည့် အများပြည်သူကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးကို တိုက်ရိုက် ထိခိုက်စေနိုင်သော ဖြစ်အံ့ဆဲဆဲ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိစေနိုင်သည့် သတင်းအချက်အလက်အမှားကို အန္တရာယ်ရှိသော ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်အမှား မူဝါဒနှင့်အညီ ဖယ်ရှားမည်ဖြစ်သည်။ သို့သော် သတင်းအချက်အလက်အမှားသည် သာမန်အားဖြင့် အချက်အလက်စစ်ဆေးခြင်း သို့မဟုတ် အညွှန်းတပ်ခြင်း ပြုလုပ်သင့်သော်လည်း ၎င်းကို နိုင်ငံရေးသမားများကဲ့သို့ အကျိုးခံစားခွင့်ရှိသည့် အဖွဲ့အစည်းများက တင်ထားသောကြောင့် ကြားခံပြင်ပအဖွဲ့၏ အချက်အလက်စစ်ဆေးမှုမှ ကင်းလွတ်ခွင့်ရရုံသာမက ERSR စနစ်မှ ပံ့ပိုးပေးသော ချိုးဖောက်နိုင်ခြေရှိသည့် အကြောင်းအရာကို နောက်ထပ်လူကိုယ်တိုင် စိစစ်သုံးသပ်မှုကြောင့် စည်းကမ်းထိန်းသိမ်းမှုကို အချိန်ဆွဲထားနိုင်သည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်။ ဆိုလိုသည်မှာ အကျိုးခံစားခွင့်ရှိသည့် အဖွဲ့အစည်းများက တင်ထားသော သတ်မှတ်ထားသည့် ပြောဆိုချက် ၈၀ တွင် မပါဝင်သည့် COVID-19 သတင်းအချက်အလက်အမှားသည် အချက်အလက်စစ်ဆေးမှု အညွှန်းမပါဘဲ ပလက်ဖောင်းပေါ်တွင် ရှိနေနိုင်ပြီး စိစစ်သုံးသပ်ခြင်း လုံးဝမခံရဘဲ ရှိနိုင်သည်။
*လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ မှတ်ချက်-
ကြီးကြပ်ရေးဘုတ်အဖွဲ့၏ မူဝါဒအကြံပေး သဘောထားအမြင်များကို အဖွဲ့ဝင်ငါးဦးပါ အဖွဲ့များက ပြင်ဆင်ပေးပြီး ဘုတ်အဖွဲ့၏ အဖွဲ့ဝင်အများစုက အတည်ပြုသည်။ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်များသည် အဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးကိုယ်တာ အမြင်များကို မဖြစ်မနေ ကိုယ်စားပြုထင်ဟပ်ရန် မလိုအပ်ပါ။
ဤမူဝါဒအကြံပေး သဘောထားအမြင်အတွက် ဘုတ်အဖွဲ့ကိုယ်စား လွတ်လပ်သော သုတေသနကို ဆောင်ရွက်ရန် တာဝန်ပေးခဲ့သည်။ ဂိုသန်ဘတ်တက္ကသိုလ်တွင် အခြေစိုက်ထားပြီး တိုက်ကြီး ခြောက်တိုက်မှ လူမှုရေးသိပ္ပံပညာရှင်ပေါင်း ငါးဆယ်ကျော်အပြင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်ပေါင်း ၃,၂၀၀ ကျော် ပါဝင်သော အဖွဲ့ဖြစ်သည့် လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုက ဘုတ်အဖွဲ့ကို ကူညီပေးခဲ့သည်။ ပထဝီဝင် နိုင်ငံရေးပညာ၊ ယုံကြည်မှုနှင့် အန္တရာယ်ကင်းရှင်းရေးနှင့် နည်းပညာတို့ ပေါင်းဆုံမှုအပေါ် အာရုံစိုက်သည့် အကြံပေးကုမ္ပဏီ Duco Advisers ကလည်း ဘုတ်အဖွဲ့ကို ကူညီခဲ့သည်။ လူမှုကွန်ရက် အလားအလာများနှင့် ပတ်သက်၍ အများသိ အချက်အလက်များပေါ် အခြေခံသည့် သုတေသနကို ဆောင်ရွက်ပေးပြီး လေ့လာဆန်းစစ်မှုလည်း ပြုလုပ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော Memetica ကလည်း ဘုတ်အဖွဲ့ကို ကူညီပေးခဲ့ပါသည်။
Retour aux décisions de cas et aux avis consultatifs politiques